International World Cup

လီယွန်နယ် မက်ဆီရဲ့ရှားပါးစကေးကို တထပ်တည်းလုပ်ပြခဲ့တယ်လို့ ချီးကျူးခံနေရတဲ့ နေမာ

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ တောင်ကိုရီးယားနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဖော် မက်ဆီရဲ့ စိတ်လှုပ်ရှားဖွယ် ရှားပါးတဲ့ ဘောလုံးစွမ်းရည်ပြသမှုတွေထဲက တစ်ခုကို တစ်ပုံစံတည်း လိုက်လုပ်ပြခဲ့ပါတယ်။

ဘရာဇီးလ်ဟာ တနင်္လာနေ့ညနေက တောင်ကိုရီးယားကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး တီတီရဲ့အသင်းဟာ တောင်ကိုရီးယားကို ပထမပိုင်းမှာပဲ ၄-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့် နေမာက ပထမပိုင်းမှာ ပင်နယ်တီကနေတဆင့် ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာဖြစ်ပြီး ဗင်နီးရှပ်စ် ဂျူနီယာ၊ ရစ်ချာလီဆန်နဲ့ လူးကပ်စ် ပါကယ်တာတို့ကလည်း ဂိုးတွေ သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟ လက်ရှိမှာတော့ တနင်္လာနေ့ညနေက ဂျပန်ကို ပင်နယ်တီအဆံးုအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ခရိုအေးရှားနဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမြင်စူးရှတဲ့ပရိသတ်တွေဟာ နေမာက တောင်ကိုရီးယားကစားသမား ၂ ဦးကို အရူးလုပ်နိုင်ဖို့အတွက် မက်ဆီရဲ့ သာလွန်တဲ့ ဘောလုံးစွမ်းရည်ကို အသုံးပြုခဲ့တဲ့ အခိုက်အတန့်ကို မြင်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

နေမာဟာ အလွန်ကောင်းမွန်တဲ့ အလိမ်အခေါက်စွမ်းရည်တွေကြောင့် လူသိများ ကျော်ကြားသူဖြစ်ပြီး တောင်ကိုရီးယားနဲ့ပွဲစဉ်အတွင်းမှာ ဒိုင်လူကြီး ကလဲမင့် တာပင်ကို အကာအကွယ်အဖြစ် အသုံးပြုပြီး ဘောလုံးကို နောက်ပြန်ထုတ်သွားခဲ့တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ဘရာဇီးလ်တိုက်စစ်မှူးရဲ့ ဘောလုံးစွမ်းရည်ပြသမှုက လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကြားမှာ ပြောစရာ ဖြစ်ခဲ့ပြီး ဘာစီလိုနာမှာတုန်းက လီယွန်နယ် မက်ဆီ လုပ်ဆောင်ခဲ့တဲ့ ဘောလုံးစွမ်းရည်နဲ့ နှိုင်းယှဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

“မက်ဆီခေတ်မှာ ဒုတိယမြောက် ပါရမီအရှိဆုံးကစားသမားလို့ အလွယ်တကူနဲ့ ပြောနိုင်တယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “အဲဒါက ငါ့ကို ချက်ချင်းပဲ မက်ဆီရဲ့ ဘောလုံးစွမ်းရည်ကို အမှတ်ရသွားစေခဲ့တယ်”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

နေမာဟာ ဆားဘီးယားကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ညာဘက်ခြေကျင်းဝတ် ဒဏ်ရာရရှိသွားခဲ့ပြီးနောက် ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပြီးနောက် တနင်္လာနေ့ညနေ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေနမာဟာ ေတာင္ကိုရီးယားနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းေဖာ္ မက္ဆီရဲ႕ စိတ္လႈပ္ရွားဖြယ္ ရွားပါးတဲ့ ေဘာလုံးစြမ္းရည္ျပသမႈေတြထဲက တစ္ခုကို တစ္ပုံစံတည္း လိုက္လုပ္ျပခဲ့ပါတယ္။

ဘရာဇီးလ္ဟာ တနလၤာေန႔ညေနက ေတာင္ကိုရီးယားကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ၿပီး တီတီရဲ႕အသင္းဟာ ေတာင္ကိုရီးယားကို ပထမပိုင္းမွာပဲ ၄-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္ ေနမာက ပထမပိုင္းမွာ ပင္နယ္တီကေနတဆင့္ ဂိုးအျဖစ္ ေျပာင္းလဲေပးခဲ့တာျဖစ္ၿပီး ဗင္နီးရွပ္စ္ ဂ်ဴနီယာ၊ ရစ္ခ်ာလီဆန္နဲ႔ လူးကပ္စ္ ပါကယ္တာတို႔ကလည္း ဂိုးေတြ သြင္းယူေပးခဲ့ၾကတာ ျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟ လက္ရွိမွာေတာ့ တနလၤာေန႔ညေနက ဂ်ပန္ကို ပင္နယ္တီအဆံးုအျဖတ္နဲ႔ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ ခ႐ိုေအးရွားနဲ႔ ဒီဇင္ဘာ ၉ ရက္ေန႔မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အျမင္စူးရွတဲ့ပရိသတ္ေတြဟာ ေနမာက ေတာင္ကိုရီးယားကစားသမား ၂ ဦးကို အ႐ူးလုပ္ႏိုင္ဖို႔အတြက္ မက္ဆီရဲ႕ သာလြန္တဲ့ ေဘာလုံးစြမ္းရည္ကို အသုံးျပဳခဲ့တဲ့ အခိုက္အတန႔္ကို ျမင္ေတြ႕ခဲ့ၾကတာ ျဖစ္ပါတယ္။

ေနမာဟာ အလြန္ေကာင္းမြန္တဲ့ အလိမ္အေခါက္စြမ္းရည္ေတြေၾကာင့္ လူသိမ်ား ေက်ာ္ၾကားသူျဖစ္ၿပီး ေတာင္ကိုရီးယားနဲ႔ပြဲစဥ္အတြင္းမွာ ဒိုင္လူႀကီး ကလဲမင့္ တာပင္ကို အကာအကြယ္အျဖစ္ အသုံးျပဳၿပီး ေဘာလုံးကို ေနာက္ျပန္ထုတ္သြားခဲ့တာျဖစ္ပါတယ္။ အသက္ ၃၀ အ႐ြယ္ ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ ေဘာလုံးစြမ္းရည္ျပသမႈက လူမႈကြန္ရက္ေပၚက ပရိသတ္ေတြၾကားမွာ ေျပာစရာ ျဖစ္ခဲ့ၿပီး ဘာစီလိုနာမွာတုန္းက လီယြန္နယ္ မက္ဆီ လုပ္ေဆာင္ခဲ့တဲ့ ေဘာလုံးစြမ္းရည္နဲ႔ ႏႈိင္းယွဥ္ခဲ့ၾကတာ ျဖစ္ပါတယ္။

“မက္ဆီေခတ္မွာ ဒုတိယေျမာက္ ပါရမီအရွိဆုံးကစားသမားလို႔ အလြယ္တကူနဲ႔ ေျပာႏိုင္တယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “အဲဒါက ငါ့ကို ခ်က္ခ်င္းပဲ မက္ဆီရဲ႕ ေဘာလုံးစြမ္းရည္ကို အမွတ္ရသြားေစခဲ့တယ္”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ေနမာဟာ ဆားဘီးယားကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အုပ္စုအဖြင့္ပြဲစဥ္မွာ ညာဘက္ေျခက်င္းဝတ္ ဒဏ္ရာရရွိသြားခဲ့ၿပီးေနာက္ ဆြစ္ဇာလန္၊ ကင္မ႐ြန္းတို႔နဲ႔ ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ တနလၤာေန႔ညေန ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ျပန္လည္ပါဝင္ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.