International World Cup

ပြိုင်ပွဲက ထွက်ခဲ့ရစေတဲ့ ဂျပန်ရဲ့ ပင်နယ်တီကန်ပုံကန်နည်းကို ရှုတ်ချလိုက်တဲ့ ရှီးရား

ဘီဘီစီရဲ့ ကမ္ဘာ့ဖလားတင်ဆက်မှု အစီအစဉ်မှာ ပင်တိုင်ဆောင်ရွက်နေခဲ့တဲ့ အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးကြီး အလန် ရှီးရားက ဂျပန်အသင်းရဲ့ ဆိုးရွားလွန်းတဲ့ ပင်နယ်တီ ကန်သွင်းပုံ နည်းစနစ်တွေကို ရှုတ်ချပြောဆိုလိုက်ပြီး ခရိုအေးရှားတို့ရဲ့ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ကို သဘောကောင်းပြီး လက်ဆောင်ပေးလိုက်သလိုမျိုးပဲလို့လည်း ဝေဖန်သွားခဲ့ပါတယ်။

ဂျပန်အသင်းအနေနဲ့ အုပ်စုအဆင့်ကို ကစားခဲ့စဉ်က ပွဲတွေမှာ ဂျာမနီနဲ့ စပိန်အသင်းတွေကို တစ်ဂိုးနဲ့ ဦးဆောင်တာ ခံခဲ့ရပြီးမှ ဒုတိယပိုင်းမှာ တစ်ဂိုးရတာနဲ့ အလျင်အမြန် ဖိတိုက်ပြီး အချိန်တိုအတွင်းမှာ အနိုင်ယူတဲ့ ပုံစံကို သုံးစွဲခဲ့ပြီး ဒီနေ့မှာတော့ ခရိုအေးရှားတို့ဘက်က ပထမပိုင်း မပြီးခင်မှာပဲ အဖွင့်ဂိုး ရခဲ့တာကြောင့် ဥရောပအသင်းတွေကို သူတို့တွေ အနိုင်ယူနေကျ ပုံစံနဲ့ မတူညီဘဲ ဖြစ်သွားခဲ့တာပါ။

တာကဲဟီရို တိုမီယာစု၊ မာယာ ယိုရှီဒါနဲ့ ရှိုဂို တာနီဂူချီတို့ကို ပွဲစပွဲဆုံး အသုံးပြုခဲ့တဲ့ ဂျပန်ခံစစ်အနေနဲ့ ဒီနေ့မှာ ပြီးခဲ့တဲ့ပွဲတွေကလို မကျစ်လျစ်ခဲ့ဘဲ ကစားအားကောင်းတဲ့ ကွင်းလယ်လူ အာအို တာနာကားကိုလည်း နောက်ကျမှ ထည့်သွင်းခဲ့တာက သူတို့တွေကို ဒုက္ခတွေ့စေခဲ့ပြီး ခံစစ်ကို အားပြုလွန်းမှုကလည်း ကောင်တာတွေကနေ ဂိုးသွင်းဖို့ ဂိုးရှေ့မှာ လုံလောက်တဲ့ လူအင်အား မရှိခဲ့တာကြောင့် တစ်ဂိုးထက် ပိုမရဘဲဖြစ်ခဲ့ရတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဂျပန်အသင်းရဲ့ တိုက်စစ်မှာ စိတ်ဓာတ်ပြင်းထန် ကောင်းမွန်တဲ့ ဒါအီဇင် မာအဲဒါကို အထောင်တိုက်စစ်မှူးအဖြစ် သုံးစွဲခဲ့တာ မှန်ကန်ခဲ့ပေမယ့် အုပ်စုပွဲတွေကတည်းက ခြေစွမ်းလုံးဝ မပြနိုင်တဲ့ ဖရန့်ဖတ်တောင်ပံသမား ဒါအိချိ ကာမာဒါနဲ့ အရွယ်လွန်နောက်ခံလူ ယူနို နာဂါတိုမိုတို့ကို ဘယ်ခြမ်းမှာ သုံးစွဲခဲ့တာတွေက မှားယွင်းမှုသက်သက်ပဲဖြစ်ခဲ့ရတာပါ။

အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့တဲ့ ဂျပန်အသင်းဟာ ပင်နယ်တီ ကန်သွင်းချိန်မှာတော့ ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ချ်ဆီကို လွယ်ကူတဲ့ ပင်နယ်တီသုံးလုံးကို ကန်ပေးခဲ့မိပြီး အထူးသဖြင့်တော့ ညာဘက်တိုင်ခြေကို ကန်သွင်းခဲ့ကြတဲ့ ခါအိုရု မီတိုမာနဲ့ ယိုရှီဒါတို့ရဲ့ ကန်ချက်တွေကတော့ အပျော်တမ်း ရပ်ကွက်ဂိုးသမားတစ်ယောက်တောင် ဖမ်းနိုင်မယ့် ပုံစံမျိုးပဲဖြစ်ခဲ့ပါတယ်။

အလန် ရှီးရားကတော့ “သူတို့ကြည့်ရတာ ပင်နယ်တီကို အပျော်ကန်နေတာလားဗျာ”လို့ မေးခွန်းထုတ်လိုက်ပြီး ဂျပန်သားတွေအနေနဲ့ သူတို့ရဲ့ ပင်နယ်တီတွေမှာ ဂိုးရချင်စိတ်ရော ရှိရဲ့လားလို့ သံသယဝင်စရာဖြစ်ပြီး ဘောလုံးကို သေချာမတည်၊ ပြင်းပြင်းမကန်ဘဲ ဘာလုပ်နေကြတာလဲလို့ အပြစ် တင်သွားခဲ့တာဖြစ်ပါတယ်။

သူနဲ့ တွဲဖက်ဆွေးနွေးတဲ့ နောက်ခံလူဟောင်း အက်ရှ်လီ ဝီလီယမ်စ်ကတော့ “ကျွန်တော့်အမြင်မှာ ဂျပန်အသင်းအနေနဲ့ ပင်နယ်တီ ကန်သွင်းဖို့ အတွေ့အကြုံနည်းမှုက ဒီအခြေအနေကို ဘယ်လို ကျော်ဖြတ်ရမယ်ဆိုတာ မသိဘဲဖြစ်စေပြီး ဂိုးရှေ့က အမှတ်အသားမှာ တည်ပြီး ကန်သွင်းဖို့အတွက် ယုံကြည်မှု နည်းနေခဲ့သလို ခရိုအေးရှားတွေလိုမျိုး လုပ်သင့်လုပ်ထိုက်တာကို မလုပ်နိုင်ခဲ့ဘူး”လို့ မှတ်ချက်ပေးသွားခဲ့တာပါ။

ရှီးရားကတော့ ဂျပန်တွေအနေနဲ့ ပင်နယ်တီကိုရော လေ့ကျင့်ဖူးရဲ့လားလို့ပါ သံသယဖြစ်နေခဲ့ပြီး ခရိုအေးရှားတို့ရဲ့ အတွေ့အကြုံကတော့ ဒီနေ့ပွဲမှာ စကားပြောခဲ့တာ အသေအချာပဲဖြစ်တယ်လို့ ဝန်ခံသွားခဲ့သလို ပထမပိုင်းတစ်ပိုင်းလုံး‌ ကောင်းခဲ့တဲ့ အာရှသားတွေရဲ့ ဒုတိယပိုင်းကစလို့ ကစားပုံက မထိုက်တန်ခဲ့ဘူးလို့လည်း သုံးသပ်သွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့သူကတော့ ခရိုအေးရှားတို့ရဲ့ ပွဲထွက်ဂိုးသမား‌ ဒေါမနစ်ခ် လီဗာကိုဗစ်ချ်ဖြစ်ပြီး သူ့အနေနဲ့ မိုနာကိုတိုက်စစ်မှူး တာကူမီ မီနာမီနိုရဲ့ လှည့်စားမှု ပါဝင်တဲ့ အဖွင့်ပင်နယ်တီကို မှန်မှန်ကန်ကန် ခန့်မှန်းကာကွယ်ခဲ့ပြီး ဂျပန်တို့ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးခဲ့သလို ကျန်တဲ့ မီတိုမာနဲ့ ယိုရှီဒါတို့ရဲ့ ပင်နယ်တီတွေကိုပါ သုံးလုံးအထိ ကာကွယ်ပေးခဲ့တာပါ။

ခရိုအေးရှားတို့အနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာတုန်းကလည်း ရှုံးထွက် ၁၆ သင်းအဆင့်မှာ အိမ်ရှင်ရုရှားကို အနိုင်ယူခဲ့ဖူးတာဖြစ်ပြီး ဒီနေ့ပွဲမှာတော့ အဲဒီတုန်းက ကန်သွင်းခဲ့တဲ့ ကရာမာရစ်ချ်နဲ့ မိုဒရစ်ချ်တို့ကတော့ ဒုတိယပိုင်းနဲ့ အချိန်ပိုမှာ လူစားလဲခံခဲ့ရလို့ ကန်ခွင့်မရခဲ့ဘဲ ဗလာရှစ်ချ်၊ ဘရိုဇိုဗစ်ချ်နဲ့ ပါဆာလစ်ချ်တို့ရဲ့ သုံးဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘီဘီစီရဲ႕ ကမာၻ႔ဖလားတင္ဆက္မႈ အစီအစဥ္မွာ ပင္တိုင္ေဆာင္႐ြက္ေနခဲ့တဲ့ အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးႀကီး အလန္ ရွီးရားက ဂ်ပန္အသင္းရဲ႕ ဆိုး႐ြားလြန္းတဲ့ ပင္နယ္တီ ကန္သြင္းပုံ နည္းစနစ္ေတြကို ရႈတ္ခ်ေျပာဆိုလိုက္ၿပီး ခ႐ိုေအးရွားတို႔ရဲ႕ ကြာတားဖိုင္နယ္ တက္ေရာက္ခြင့္ကို သေဘာေကာင္းၿပီး လက္ေဆာင္ေပးလိုက္သလိုမ်ိဳးပဲလို႔လည္း ေဝဖန္သြားခဲ့ပါတယ္။

ဂ်ပန္အသင္းအေနနဲ႔ အုပ္စုအဆင့္ကို ကစားခဲ့စဥ္က ပြဲေတြမွာ ဂ်ာမနီနဲ႔ စပိန္အသင္းေတြကို တစ္ဂိုးနဲ႔ ဦးေဆာင္တာ ခံခဲ့ရၿပီးမွ ဒုတိယပိုင္းမွာ တစ္ဂိုးရတာနဲ႔ အလ်င္အျမန္ ဖိတိုက္ၿပီး အခ်ိန္တိုအတြင္းမွာ အႏိုင္ယူတဲ့ ပုံစံကို သုံးစြဲခဲ့ၿပီး ဒီေန႔မွာေတာ့ ခ႐ိုေအးရွားတို႔ဘက္က ပထမပိုင္း မၿပီးခင္မွာပဲ အဖြင့္ဂိုး ရခဲ့တာေၾကာင့္ ဥေရာပအသင္းေတြကို သူတို႔ေတြ အႏိုင္ယူေနက် ပုံစံနဲ႔ မတူညီဘဲ ျဖစ္သြားခဲ့တာပါ။

တာကဲဟီ႐ို တိုမီယာစု၊ မာယာ ယိုရွီဒါနဲ႔ ရႈိဂို တာနီဂူခ်ီတို႔ကို ပြဲစပြဲဆုံး အသုံးျပဳခဲ့တဲ့ ဂ်ပန္ခံစစ္အေနနဲ႔ ဒီေန႔မွာ ၿပီးခဲ့တဲ့ပြဲေတြကလို မက်စ္လ်စ္ခဲ့ဘဲ ကစားအားေကာင္းတဲ့ ကြင္းလယ္လူ အာအို တာနာကားကိုလည္း ေနာက္က်မွ ထည့္သြင္းခဲ့တာက သူတို႔ေတြကို ဒုကၡေတြ႕ေစခဲ့ၿပီး ခံစစ္ကို အားျပဳလြန္းမႈကလည္း ေကာင္တာေတြကေန ဂိုးသြင္းဖို႔ ဂိုးေရွ႕မွာ လုံေလာက္တဲ့ လူအင္အား မရွိခဲ့တာေၾကာင့္ တစ္ဂိုးထက္ ပိုမရဘဲျဖစ္ခဲ့ရတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

ဂ်ပန္အသင္းရဲ႕ တိုက္စစ္မွာ စိတ္ဓာတ္ျပင္းထန္ ေကာင္းမြန္တဲ့ ဒါအီဇင္ မာအဲဒါကို အေထာင္တိုက္စစ္မႉးအျဖစ္ သုံးစြဲခဲ့တာ မွန္ကန္ခဲ့ေပမယ့္ အုပ္စုပြဲေတြကတည္းက ေျခစြမ္းလုံးဝ မျပႏိုင္တဲ့ ဖရန႔္ဖတ္ေတာင္ပံသမား ဒါအိခ်ိ ကာမာဒါနဲ႔ အ႐ြယ္လြန္ေနာက္ခံလူ ယူႏို နာဂါတိုမိုတို႔ကို ဘယ္ျခမ္းမွာ သုံးစြဲခဲ့တာေတြက မွားယြင္းမႈသက္သက္ပဲျဖစ္ခဲ့ရတာပါ။

အခ်ိန္ပိုမွာလည္း ဂိုးမသြင္းႏိုင္ခဲ့တဲ့ ဂ်ပန္အသင္းဟာ ပင္နယ္တီ ကန္သြင္းခ်ိန္မွာေတာ့ ခ႐ိုေအးရွားဂိုးသမား လီဗာကိုဗစ္ခ်္ဆီကို လြယ္ကူတဲ့ ပင္နယ္တီသုံးလုံးကို ကန္ေပးခဲ့မိၿပီး အထူးသျဖင့္ေတာ့ ညာဘက္တိုင္ေျခကို ကန္သြင္းခဲ့ၾကတဲ့ ခါအို႐ု မီတိုမာနဲ႔ ယိုရွီဒါတို႔ရဲ႕ ကန္ခ်က္ေတြကေတာ့ အေပ်ာ္တမ္း ရပ္ကြက္ဂိုးသမားတစ္ေယာက္ေတာင္ ဖမ္းႏိုင္မယ့္ ပုံစံမ်ိဳးပဲျဖစ္ခဲ့ပါတယ္။

အလန္ ရွီးရားကေတာ့ “သူတို႔ၾကည့္ရတာ ပင္နယ္တီကို အေပ်ာ္ကန္ေနတာလားဗ်ာ”လို႔ ေမးခြန္းထုတ္လိုက္ၿပီး ဂ်ပန္သားေတြအေနနဲ႔ သူတို႔ရဲ႕ ပင္နယ္တီေတြမွာ ဂိုးရခ်င္စိတ္ေရာ ရွိရဲ႕လားလို႔ သံသယဝင္စရာျဖစ္ၿပီး ေဘာလုံးကို ေသခ်ာမတည္၊ ျပင္းျပင္းမကန္ဘဲ ဘာလုပ္ေနၾကတာလဲလို႔ အျပစ္ တင္သြားခဲ့တာျဖစ္ပါတယ္။

သူနဲ႔ တြဲဖက္ေဆြးေႏြးတဲ့ ေနာက္ခံလူေဟာင္း အက္ရွ္လီ ဝီလီယမ္စ္ကေတာ့ “ကြၽန္ေတာ့္အျမင္မွာ ဂ်ပန္အသင္းအေနနဲ႔ ပင္နယ္တီ ကန္သြင္းဖို႔ အေတြ႕အႀကဳံနည္းမႈက ဒီအေျခအေနကို ဘယ္လို ေက်ာ္ျဖတ္ရမယ္ဆိုတာ မသိဘဲျဖစ္ေစၿပီး ဂိုးေရွ႕က အမွတ္အသားမွာ တည္ၿပီး ကန္သြင္းဖို႔အတြက္ ယုံၾကည္မႈ နည္းေနခဲ့သလို ခ႐ိုေအးရွားေတြလိုမ်ိဳး လုပ္သင့္လုပ္ထိုက္တာကို မလုပ္ႏိုင္ခဲ့ဘူး”လို႔ မွတ္ခ်က္ေပးသြားခဲ့တာပါ။

ရွီးရားကေတာ့ ဂ်ပန္ေတြအေနနဲ႔ ပင္နယ္တီကိုေရာ ေလ့က်င့္ဖူးရဲ႕လားလို႔ပါ သံသယျဖစ္ေနခဲ့ၿပီး ခ႐ိုေအးရွားတို႔ရဲ႕ အေတြ႕အႀကဳံကေတာ့ ဒီေန႔ပြဲမွာ စကားေျပာခဲ့တာ အေသအခ်ာပဲျဖစ္တယ္လို႔ ဝန္ခံသြားခဲ့သလို ပထမပိုင္းတစ္ပိုင္းလုံး‌ ေကာင္းခဲ့တဲ့ အာရွသားေတြရဲ႕ ဒုတိယပိုင္းကစလို႔ ကစားပုံက မထိုက္တန္ခဲ့ဘူးလို႔လည္း သုံးသပ္သြားခဲ့ပါတယ္။

ဒီေန႔ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့သူကေတာ့ ခ႐ိုေအးရွားတို႔ရဲ႕ ပြဲထြက္ဂိုးသမား‌ ေဒါမနစ္ခ္ လီဗာကိုဗစ္ခ်္ျဖစ္ၿပီး သူ႔အေနနဲ႔ မိုနာကိုတိုက္စစ္မႉး တာကူမီ မီနာမီႏိုရဲ႕ လွည့္စားမႈ ပါဝင္တဲ့ အဖြင့္ပင္နယ္တီကို မွန္မွန္ကန္ကန္ ခန႔္မွန္းကာကြယ္ခဲ့ၿပီး ဂ်ပန္တို႔ရဲ႕ စိတ္ဓာတ္ကို ႐ိုက္ခ်ိဳးခဲ့သလို က်န္တဲ့ မီတိုမာနဲ႔ ယိုရွီဒါတို႔ရဲ႕ ပင္နယ္တီေတြကိုပါ သုံးလုံးအထိ ကာကြယ္ေပးခဲ့တာပါ။

ခ႐ိုေအးရွားတို႔အေနနဲ႔ ၂၀၁၈ ကမာၻ႔ဖလားမွာတုန္းကလည္း ရႈံးထြက္ ၁၆ သင္းအဆင့္မွာ အိမ္ရွင္႐ုရွားကို အႏိုင္ယူခဲ့ဖူးတာျဖစ္ၿပီး ဒီေန႔ပြဲမွာေတာ့ အဲဒီတုန္းက ကန္သြင္းခဲ့တဲ့ ကရာမာရစ္ခ်္နဲ႔ မိုဒရစ္ခ်္တို႔ကေတာ့ ဒုတိယပိုင္းနဲ႔ အခ်ိန္ပိုမွာ လူစားလဲခံခဲ့ရလို႔ ကန္ခြင့္မရခဲ့ဘဲ ဗလာရွစ္ခ်္၊ ဘ႐ိုဇိုဗစ္ခ်္နဲ႔ ပါဆာလစ္ခ်္တို႔ရဲ႕ သုံးဂိုးနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.