International World Cup

ဆေးရုံကုတင်ပေါ်က ပွဲကြည့်နေတဲ့ ပီလီအတွက် ကြည်နူးဖွယ် ဂုဏ်ပြုပေးခဲ့တဲ့ ဘရာဇီးလ်

ဘရာဇီးလ်အသင်းဟာ တနင်္လာနေ့ညနေက ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ တောင်ကိုရီးယားကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ပီလီရဲ့ရုပ်ပုံပါဝင်တဲ့ ပိုစတာကို ကိုင်ဆောင်ပြီး စိတ်ကြည်နူးဖွယ် အပြုအမူကို ပြုလုပ်ခဲ့ပါတယ်။

တောင်အမေရိကအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် တောင်ကိုရီးယားကို ၄-၁ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့တာဖြစ်ပြီး ပထမပိုင်းမှာတင် ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားအသင်းဟာ ဒုတိယပိုင်းမှာ သိက္ခာဆယ် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပွဲစဉ်အတွင်း ပြန်လည် ဝင်ရောက်နိုင်ခဲ့ခြင်းမရှိတော့တာဖြစ်ပြီး ဘရာဇီးလ်အသင်းက ကွာတားဖိုင်နယ်အဆင့်မှာ ခရိုအေးရှားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် နေမာဟာ နာမကျန်းဖြစ်မှုကြောင့် ဆေးရုံမှာ အထူးကုသမှုတွေ ခံယူနေရတဲ့ ပီလီ ပိုစတာကို ယူဆောင်လာခဲ့တာ ဖြစပါတယ်။

အသက် ၈၂ နှစ်အရွယ် ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးကြီးဟာ ကိုဗစ်ကြောင့် ပိုပြီးဆိုးရွားခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်မှုကို ကုသဖို့ ဆေးရုံတက်ရောက်ခဲ့ရတာဖြစ်ပြီး ဘရာဇီးလ်အသင်းရဲ့ပွဲစဉ်ကို ဆေးရုံကုတင်ပေါ်ကနေသာ ကြည့်ရှုခဲ့ရတယ်လို့ ထင်မြင်ခြင်း ခံခဲ့ရချိန်မှာ ၎င်းရဲ့နိုင်ငံအသင်းက ကမ္ဘာ့ဖလား ၃ ကြိမ်ချန်ပီယံကို အားပေးထောက်ခံမှု ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကစားသမားတွေဟာ ပီလီကို အားပေးထောက်ခံကြောင်း ပြသဖို့အတွက် ကွင်းထဲမှာ ပိုစတာကို ဆွဲကိုင်ခဲ့ကြတာဖြစ်ပြီး ဘရာဇီးလ်အသင်းဟာ လာမယ့် သောကြာနေ့မှာ ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္တဝင်ကြီး ပီလီဟာ တီတီရဲ့အသင်းက ၎င်းတို့ရဲ့ ဆုဖလားသေတ္တာထဲကို နောက်ထပ် ကမ္ဘာ့ဖလားတစ်လုံး ထပ်ထည့်တာကို စောင့်ကြည့်ရဖွယ် ရှိနေတာဖြစ်ပြီး ၎င်းရဲ့ သမီးတွေဖြစ်တဲ့ ကယ်လီနဲ့ ဖလာဗီယာတို့ဟာ အင်တာဗျူးမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးအခြေအနေကို ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ ၃ ပတ်လောက်က သူ ကိုဗစ် ဖြစ်ခဲ့တယ်။ သူက ထိုးဖို့ရှိတဲ့ ကာကွယ်ဆေးတွေ အကုန် ထိုးပြီးသားပါ။ ဒါပေမယ့် ကင်ဆာဆေးတွေ၊ ဓာတ်ရောင်ခြည်ကုထုံးတွေကြောင့် သူ အဆုတ်ပိုးဝင်ခဲ့တယ်။ အဲဒါကြောင့် ဆေးရုံတက်ခဲ့ရတာပါ။ ဘာလို့လဲဆိုတော့ အဆုတ်ပိုးဝင်ခဲ့လို့ပါ။ သူ တော်တော် ပြင်းထန်တဲ့ဝေဒနာခံစားနေရလားဆိုရင် အဲဒါက ပြင်းထန်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အသက်ကလည်း ရနေပြီဖြစ်ပြီး ကင်ဆာရောဂါကိုလည်း ကုသမှု ခံယူနေရလို့ပါ။ ဆေးရုံမှာ သူက ပိုပြီးကောင်းမွန်တဲ့ အထောက်အကူတွေရနေပါတယ်။ ဒါပေမယ့် သူက အထူးကြပ်မတ်ကုသဆောင်ထဲမှာမဟုတ်ပါဘူး။ သူက သာမန်အခန်းထဲမှာပါ။ အဲဒီတော့ သူက အရမ်းတော့ မစိုးရိမ်ရပါဘူး။ ကျန်းမာရေး မကောင်းတဲ့သူဖြစ်တာကြောင့် ဆေးရုံမှာ နေတာက ပိုပြီးတော့ ကောင်းပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္အသင္းဟာ တနလၤာေန႔ညေနက ကမာၻ႔ဖလား ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ေတာင္ကိုရီးယားကို ဂိုးျပတ္အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ပီလီရဲ႕႐ုပ္ပုံပါဝင္တဲ့ ပိုစတာကို ကိုင္ေဆာင္ၿပီး စိတ္ၾကည္ႏူးဖြယ္ အျပဳအမူကို ျပဳလုပ္ခဲ့ပါတယ္။

ေတာင္အေမရိကအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလား ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ ေတာင္ကိုရီးယားကို ၄-၁ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့တာျဖစ္ၿပီး ပထမပိုင္းမွာတင္ ၄ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေတာင္ကိုရီးယားအသင္းဟာ ဒုတိယပိုင္းမွာ သိကၡာဆယ္ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ပြဲစဥ္အတြင္း ျပန္လည္ ဝင္ေရာက္ႏိုင္ခဲ့ျခင္းမရွိေတာ့တာျဖစ္ၿပီး ဘရာဇီးလ္အသင္းက ကြာတားဖိုင္နယ္အဆင့္မွာ ခ႐ိုေအးရွားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ေနမာဟာ နာမက်န္းျဖစ္မႈေၾကာင့္ ေဆး႐ုံမွာ အထူးကုသမႈေတြ ခံယူေနရတဲ့ ပီလီ ပိုစတာကို ယူေဆာင္လာခဲ့တာ ျဖစပါတယ္။

အသက္ ၈၂ ႏွစ္အ႐ြယ္ ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉးႀကီးဟာ ကိုဗစ္ေၾကာင့္ ပိုၿပီးဆိုး႐ြားခဲ့တဲ့ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ပိုးဝင္မႈကို ကုသဖို႔ ေဆး႐ုံတက္ေရာက္ခဲ့ရတာျဖစ္ၿပီး ဘရာဇီးလ္အသင္းရဲ႕ပြဲစဥ္ကို ေဆး႐ုံကုတင္ေပၚကေနသာ ၾကည့္ရႈခဲ့ရတယ္လို႔ ထင္ျမင္ျခင္း ခံခဲ့ရခ်ိန္မွာ ၎ရဲ႕ႏိုင္ငံအသင္းက ကမာၻ႔ဖလား ၃ ႀကိမ္ခ်န္ပီယံကို အားေပးေထာက္ခံမႈ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ကစားသမားေတြဟာ ပီလီကို အားေပးေထာက္ခံေၾကာင္း ျပသဖို႔အတြက္ ကြင္းထဲမွာ ပိုစတာကို ဆြဲကိုင္ခဲ့ၾကတာျဖစ္ၿပီး ဘရာဇီးလ္အသင္းဟာ လာမယ့္ ေသာၾကာေန႔မွာ ခ႐ိုေအးရွားနဲ႔ ဆီမီးဖိုင္နယ္အဆင့္ပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

ဘရာဇီးလ္ဂႏၲဝင္ႀကီး ပီလီဟာ တီတီရဲ႕အသင္းက ၎တို႔ရဲ႕ ဆုဖလားေသတၱာထဲကို ေနာက္ထပ္ ကမာၻ႔ဖလားတစ္လုံး ထပ္ထည့္တာကို ေစာင့္ၾကည့္ရဖြယ္ ရွိေနတာျဖစ္ၿပီး ၎ရဲ႕ သမီးေတြျဖစ္တဲ့ ကယ္လီနဲ႔ ဖလာဗီယာတို႔ဟာ အင္တာဗ်ဴးမွာ ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္တဲ့ ဖခင္ျဖစ္သူရဲ႕ ေနာက္ဆုံးအေျခအေနကို ေျပာၾကားခဲ့ၾကတာျဖစ္ပါတယ္။

“လြန္ခဲ့တဲ့ ၃ ပတ္ေလာက္က သူ ကိုဗစ္ ျဖစ္ခဲ့တယ္။ သူက ထိုးဖို႔ရွိတဲ့ ကာကြယ္ေဆးေတြ အကုန္ ထိုးၿပီးသားပါ။ ဒါေပမယ့္ ကင္ဆာေဆးေတြ၊ ဓာတ္ေရာင္ျခည္ကုထုံးေတြေၾကာင့္ သူ အဆုတ္ပိုးဝင္ခဲ့တယ္။ အဲဒါေၾကာင့္ ေဆး႐ုံတက္ခဲ့ရတာပါ။ ဘာလို႔လဲဆိုေတာ့ အဆုတ္ပိုးဝင္ခဲ့လို႔ပါ။ သူ ေတာ္ေတာ္ ျပင္းထန္တဲ့ေဝဒနာခံစားေနရလားဆိုရင္ အဲဒါက ျပင္းထန္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက အသက္ကလည္း ရေနၿပီျဖစ္ၿပီး ကင္ဆာေရာဂါကိုလည္း ကုသမႈ ခံယူေနရလို႔ပါ။ ေဆး႐ုံမွာ သူက ပိုၿပီးေကာင္းမြန္တဲ့ အေထာက္အကူေတြရေနပါတယ္။ ဒါေပမယ့္ သူက အထူးၾကပ္မတ္ကုသေဆာင္ထဲမွာမဟုတ္ပါဘူး။ သူက သာမန္အခန္းထဲမွာပါ။ အဲဒီေတာ့ သူက အရမ္းေတာ့ မစိုးရိမ္ရပါဘူး။ က်န္းမာေရး မေကာင္းတဲ့သူျဖစ္တာေၾကာင့္ ေဆး႐ုံမွာ ေနတာက ပိုၿပီးေတာ့ ေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.