International World Cup

ဘယ်လင်ဟမ်ကို ရွိုင် ကီးန်နဲ့ နှိုင်းယှဉ်ခဲ့တဲ့ နဗီး

ဂယ်ရီ နဗီးဟာ ကမ္ဘာ့ဖလားမှာ တောက်ပတဲ့ စွမ်းဆောင်ရည်ပြသနေတဲ့ ဘယ်လင်ဟမ်ကို ရွိုင် ကီးန်၊ စတီဗင် ဂျရတ်တို့နဲ့ နှိုင်းယှဉ်ပြီး ချီးကျူးပြောဆိုခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ကစားပေးနေတာဖြစ်ပေမယ့်လည်း ဆောက်ဂိတ်ရဲ့ ကွင်းလယ်မှာ အလွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနေသူဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညက ဆီနီဂေါကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော့ အထင်ကြီးစရာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပြီး ဒေါ့မွန်ကြယ်ပွင့်ဟာ ဟန်ဒါဆန်ရဲ့အဖွင့်ဂိုးကို ပြီးပြည့်စုံတဲ့ပုံစံနဲ့ ချိုးပေးခဲ့တာဖြစ်တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ဘယ်လင်ဟမ်ဟာ ဟာရီ ကိန်းရဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးအတွက်လည်း အဓိကဖန်တီးပေးခဲ့သူဖြစ်ပီး ဖိုဒန်က ဆီနီဂေါနဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ရခဲ့ပေမယ့်လည်း မန်စီးတီးကြယ်ပွင့် ဖန်တီးမှု ပြုလုပ်နိုင်အောင် ကွင်းလယ်ကနေ အဓိကမောင်းနှင်ခဲ့သူက ဘယ်လင်ဟမ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘာမင်ဟမ်ကြယ်ပွင့်ဟောင်းဟာ အင်္ဂလန်ရဲ့ အထူးချွန်ဆုံးစွမ်းဆောင်ရည်ပြသနေတဲ့ကစားသမားဖြစ်နေခဲ့တာဖြစ်ပြီး ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားတစ်ဦးပုံစံပေါက်နေခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီ နဗီးက ဒေါ့မွန်ကြယ်ပွင့်ဆီကနေ မြင်တွေ့ခဲ့ရတဲ့အရာတွေကြောင့် အံ့အားသင့်ခဲ့ရပြီး ဘယ်လင်ဟမ်ကို လီဗာပူးလ်ဂန္တဝင် စတီဗင် ဂျရတ်နဲ့ နှိုင်းယှဉ်ခဲ့ပြီးနောက် ကြမ်းကြမ်းတမ်းတမ်း ကစားတတ်တဲ့အပိုင်းမှာလည်း ရွိုင် ကီးန်နဲ့ နည်းနည်းတူတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။ “ကျွန်တော်တို့ ပြီးခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်အတွင်းမှာ ကွင်းလယ်ကစားသမားတိုင်းက ဘယ်လို ကွင်းလယ်ကစားသမားမျိုးလဲဆိုတာကို ဖော်ပြဖို့ ကြိုးပမ်းတာကို စွဲလမ်းလာခဲ့ကြတယ်”

“ခင်ဗျား ကစားသမားတွေကို ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာခဲ့တယ်။ ဘယ်သူက ကွင်းလယ်အထိုင်ကစားသမား၊ ကွင်းလယ်တိုက်စစ်ကစားသမား ဒါမှမဟုတ် ဂိုးသွင်းယူနိုင်တဲ့ ကွင်းလယ်ကစားသမား ဒါမှမဟုတ် ကျောနံပါတ် ၁၀ ကစားသမားဆိုပြီးပေါ့။ ဒီကောင်လေးက အရာအားလုံးကို လုပ်နိုင်တယ်။ လုံးဝကို အရာအားလုံးကို လုပ်နိုင်တာပါ။ သူတို့တွေက အရမ်းကို ထူးခြားတဲ့ကစားသမားတွေပါ။ ကျွန်တော် အရာအားလုံးလုပ်နိုင်တဲ့ ရွိုင် ကီးန်နဲ့ စတူဒီယိုထဲမှာ အတူရှိနေခဲ့ပါတယ်။ စတီဗင် ဂျရတ်ကလည်း အရာအားလုံးလုပ်နိုင်တယ်လို့ ကျွန်တော် ထင်တယ်”

“သူက ခံစစ်ကစားနိုင်တယ်။ ဘောလုံးပေးပို့နိုင်တယ်။ တိုက်စစ်ဆင်နိုင်တယ်။ ဒီဟာတွေက ဘောလုံးကမ္ဘာမှာ အရမ်းကို ထူးခြားတဲ့အရည်အချင်းတွေဖြစ်ပြီး အဲဒီအရည်အချင်းတွေရှိတဲ့သူတစ်ယောက်နဲ့ ကျွန်တော် ကစားခဲ့ရတယ်။ သူ ကျွန်တော့်ကို ပြန်အမှတ်ရစေခဲ့တာက အဲဒါပဲ။ ကျွန်တော့်အတွက်တော့ သူ့ကို အဲဒီလို ကစားသမားအမျိုးအစားထဲထည့်တာက တကယ်ကို အကြီးကြီး ချီးမွမ်းမှုပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျား ဒီလို ကစားသမားမျိုးတွေနဲ့ ကွင်းထဲက မတူညီတဲ့နေရာတွေမှာ ဖြန့်ဝေနိုင်တဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ဘယ်လို မြင့်မားတဲ့ချီးမွမ်းပြောဆိုမှုမျိုး မပြုလုပ်နိုင်စေလို့ပါ”

“ဘယ်လိုတောင်များလဲ။ အသက် ၁၉ နှစ်အရွယ်မှာ သူ အဲဒါကို ပို့ဆောင်ပေးနေတယ်။ အဲဒါက ထူးခြားတဲ့အပိုင်းပဲ။ ရွိုင် ကီးန်က အသက် ၁၉ နှစ်အရွယ်မှာ အဲဒီလို မလုပ်ဆောင်နိုင်ခဲ့သလို စတီဗင် ဂျရတ်လည်း အတူတူပဲ။ အဲဒီလို လုပ်ဖို့က နည်းနည်းလေး နောက်ပိုင်းမှ ဖြစ်ခဲ့တာပါ။ သူ အခု ကမ္ဘာ့ဖလားမှာ လုပ်နေတာတွေက ကျွန်တော် အရင်တုန်းက မမြင်ဖူးခဲ့ဘူး။ အဲဒါက ရင်သပ်ရှုမောစရာပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂယ္ရီ နဗီးဟာ ကမာၻ႔ဖလားမွာ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ျပသေနတဲ့ ဘယ္လင္ဟမ္ကို ႐ြိဳင္ ကီးန္၊ စတီဗင္ ဂ်ရတ္တို႔နဲ႔ ႏႈိင္းယွဥ္ၿပီး ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ ပါဝင္ကစားေပးေနတာျဖစ္ေပမယ့္လည္း ေဆာက္ဂိတ္ရဲ႕ ကြင္းလယ္မွာ အလြန္ေျပာင္ေျမာက္တဲ့ စြမ္းေဆာင္ရည္ကို ျပသေနသူျဖစ္ပါတယ္။ တနဂၤေႏြေန႔ညက ဆီနီေဂါကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာေတာ့ အထင္ႀကီးစရာ အေကာင္းဆုံးစြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ေဒါ့မြန္ၾကယ္ပြင့္ဟာ ဟန္ဒါဆန္ရဲ႕အဖြင့္ဂိုးကို ၿပီးျပည့္စုံတဲ့ပုံစံနဲ႔ ခ်ိဳးေပးခဲ့တာျဖစ္တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ဘယ္လင္ဟမ္ဟာ ဟာရီ ကိန္းရဲ႕ ဒုတိယေျမာက္ဦးေဆာင္ဂိုးအတြက္လည္း အဓိကဖန္တီးေပးခဲ့သူျဖစ္ပီး ဖိုဒန္က ဆီနီေဂါနဲ႔ပြဲမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္အထိ ရခဲ့ေပမယ့္လည္း မန္စီးတီးၾကယ္ပြင့္ ဖန္တီးမႈ ျပဳလုပ္ႏိုင္ေအာင္ ကြင္းလယ္ကေန အဓိကေမာင္းႏွင္ခဲ့သူက ဘယ္လင္ဟမ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဘာမင္ဟမ္ၾကယ္ပြင့္ေဟာင္းဟာ အဂၤလန္ရဲ႕ အထူးခြၽန္ဆုံးစြမ္းေဆာင္ရည္ျပသေနတဲ့ကစားသမားျဖစ္ေနခဲ့တာျဖစ္ၿပီး ၿပီးျပည့္စုံတဲ့ ကြင္းလယ္ကစားသမားတစ္ဦးပုံစံေပါက္ေနခဲ့တာျဖစ္ပါတယ္။

အဂၤလန္ဂႏၲဝင္ေနာက္ခံကစားသမား ဂယ္ရီ နဗီးက ေဒါ့မြန္ၾကယ္ပြင့္ဆီကေန ျမင္ေတြ႕ခဲ့ရတဲ့အရာေတြေၾကာင့္ အံ့အားသင့္ခဲ့ရၿပီး ဘယ္လင္ဟမ္ကို လီဗာပူးလ္ဂႏၲဝင္ စတီဗင္ ဂ်ရတ္နဲ႔ ႏႈိင္းယွဥ္ခဲ့ၿပီးေနာက္ ၾကမ္းၾကမ္းတမ္းတမ္း ကစားတတ္တဲ့အပိုင္းမွာလည္း ႐ြိဳင္ ကီးန္နဲ႔ နည္းနည္းတူတယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။ “ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ ၁၀ ႏွစ္၊ ၁၅ ႏွစ္အတြင္းမွာ ကြင္းလယ္ကစားသမားတိုင္းက ဘယ္လို ကြင္းလယ္ကစားသမားမ်ိဳးလဲဆိုတာကို ေဖာ္ျပဖို႔ ႀကိဳးပမ္းတာကို စြဲလမ္းလာခဲ့ၾကတယ္”

“ခင္ဗ်ား ကစားသမားေတြကို ၾကည့္ၿပီး ခြဲျခမ္းစိတ္ျဖာခဲ့တယ္။ ဘယ္သူက ကြင္းလယ္အထိုင္ကစားသမား၊ ကြင္းလယ္တိုက္စစ္ကစားသမား ဒါမွမဟုတ္ ဂိုးသြင္းယူႏိုင္တဲ့ ကြင္းလယ္ကစားသမား ဒါမွမဟုတ္ ေက်ာနံပါတ္ ၁၀ ကစားသမားဆိုၿပီးေပါ့။ ဒီေကာင္ေလးက အရာအားလုံးကို လုပ္ႏိုင္တယ္။ လုံးဝကို အရာအားလုံးကို လုပ္ႏိုင္တာပါ။ သူတို႔ေတြက အရမ္းကို ထူးျခားတဲ့ကစားသမားေတြပါ။ ကြၽန္ေတာ္ အရာအားလုံးလုပ္ႏိုင္တဲ့ ႐ြိဳင္ ကီးန္နဲ႔ စတူဒီယိုထဲမွာ အတူရွိေနခဲ့ပါတယ္။ စတီဗင္ ဂ်ရတ္ကလည္း အရာအားလုံးလုပ္ႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“သူက ခံစစ္ကစားႏိုင္တယ္။ ေဘာလုံးေပးပို႔ႏိုင္တယ္။ တိုက္စစ္ဆင္ႏိုင္တယ္။ ဒီဟာေတြက ေဘာလုံးကမာၻမွာ အရမ္းကို ထူးျခားတဲ့အရည္အခ်င္းေတြျဖစ္ၿပီး အဲဒီအရည္အခ်င္းေတြရွိတဲ့သူတစ္ေယာက္နဲ႔ ကြၽန္ေတာ္ ကစားခဲ့ရတယ္။ သူ ကြၽန္ေတာ့္ကို ျပန္အမွတ္ရေစခဲ့တာက အဲဒါပဲ။ ကြၽန္ေတာ့္အတြက္ေတာ့ သူ႔ကို အဲဒီလို ကစားသမားအမ်ိဳးအစားထဲထည့္တာက တကယ္ကို အႀကီးႀကီး ခ်ီးမြမ္းမႈပဲ။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ဒီလို ကစားသမားမ်ိဳးေတြနဲ႔ ကြင္းထဲက မတူညီတဲ့ေနရာေတြမွာ ျဖန႔္ေဝႏိုင္တဲ့ အရည္အခ်င္းနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္ကို ဘယ္လို ျမင့္မားတဲ့ခ်ီးမြမ္းေျပာဆိုမႈမ်ိဳး မျပဳလုပ္ႏိုင္ေစလို႔ပါ”

“ဘယ္လိုေတာင္မ်ားလဲ။ အသက္ ၁၉ ႏွစ္အ႐ြယ္မွာ သူ အဲဒါကို ပို႔ေဆာင္ေပးေနတယ္။ အဲဒါက ထူးျခားတဲ့အပိုင္းပဲ။ ႐ြိဳင္ ကီးန္က အသက္ ၁၉ ႏွစ္အ႐ြယ္မွာ အဲဒီလို မလုပ္ေဆာင္ႏိုင္ခဲ့သလို စတီဗင္ ဂ်ရတ္လည္း အတူတူပဲ။ အဲဒီလို လုပ္ဖို႔က နည္းနည္းေလး ေနာက္ပိုင္းမွ ျဖစ္ခဲ့တာပါ။ သူ အခု ကမာၻ႔ဖလားမွာ လုပ္ေနတာေတြက ကြၽန္ေတာ္ အရင္တုန္းက မျမင္ဖူးခဲ့ဘူး။ အဲဒါက ရင္သပ္ရႈေမာစရာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.