International World Cup

ကမ္ဘာ့ဖလားသမိုင်းမှာ အမ်ဘာပေထက် သွင်းဂိုးပိုမိုနည်းပါးတဲ့ ဂန္တဝင် ၅ ဦး

ခီလီယန် အမ်ဘာပေဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် အစွမ်းကုန်တောက်ပနေပြီး ဘလွန်ဒေါဆုရှင် ဘန်ဇီးမား ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ အသင်းရဲ့တိုက်စစ်ကို ပုခုံးထမ်းထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ အမ်ဘာပေဟာ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းဖို့ မျှော်လင့်ချက်ကို အသက်သွင်းပေးနေသူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း ၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုးစုစုပေါင်း ၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တာကြောင့် ကမ္ဘာ့ဖလားသမိုင်းက ဂန္တဝင်ကစားသမားအချို့ရဲ့ စုစုပေါင်းသွင်းဂိုးအရေအတွက်ကိုတောင် ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး အမ်ဘာပေထက် သွင်းဂိုးပိုမိုနည်းပါးခဲ့တဲ့ ဂန္တဝင်ကစားသမား ၅ ဦးက ဘယ်သူတွေများလဲ…

၅။ ရော်ဘင် ဗန်ပါစီ

နယ်သာလန်ဂန္တဝင်တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီဟာ ဥရောပရဲ့ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပါတယ်။ ဒတ်ချ်တိုက်စစ်မှူးရဲ့ဂိုးသွင်းစွမ်းရည်ဟာ ဘယ်သူနဲ့မှမတူခဲ့ဘဲ အဲဒါကို အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့မှာ ပြသခဲ့တာဖြစ်ပါတယ်။ ဗန်ပါစီဟာ နယ်သာလန်လက်ရွေးစင်အသင်းအတွက် အရေးကြီးတဲ့သွင်းဂိုးတွေအများအပြား မသွင်းယူနိုင်ခဲ့ပေမယ့်လည်း ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာ အားလုံးအမှတ်ရကြဦးမှာဖြစ်ပါတယ်။ ဗန်ပါစီဟာ စူပါမန်းခေါင်းတိုက်သွင်းဂိုးအပါအဝင် စပိန်နဲ့ကစားခဲ့တဲ့ အုပ်စုပွဲမှာ မယုံနိုင်ဖွယ်သွင်းဂိုး ၂ ဂိုးကို သွင်းယူပြီး ပြိုင်ပွဲကို စတင်ခဲ့ပြီး သြစတြေးလျနဲ့ပွဲမှာ ၁ ဂိုး၊ ဘရာဇီးလ်နဲ့ တတိယအဆင့်ပွဲစဉ်မှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း ဗန်ပါစီဟာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၁ ဂိုးစီ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အမ်ဘာပေက ဗန်ပါစီရဲ့ သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

၄။ သီယာရီ အွန်နရီ

အိုလီဗီယေး ဂျီရူးဟာ သီယာရီ အွန်နရီရဲ့ တသက်တာထိပ်တန်းဂိုးသွင်းစံချိန်ကို မကြာသေးမီကမှ ကျော်ဖြတ်ခဲ့တာဖြစ်ပေမယ့် ပြင်သစ်ဂန္တဝင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီစံချိန်တစ်ခုတည်းကို ဆုံးရှုံးခဲ့တာမဟုတ်ပါဘူး။ အမ်ဘာပေဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ၅ ဂိုးသွင်းယူထားတာကြောင့် ကမ္ဘာ့ဖလားသမိုင်းမှာ ပြင်သစ်ရဲ့ ဒုတိယသွင်းဂိုးအမြင့်ဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး သီယာရီ အွန်နရီဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သလို ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိရောက်ခဲ့တဲ့ပြိုင်ပွဲမှာလည်း ၃ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီစံချိန်က အမ်ဘာပေရဲ့ ချိုးဖျက်ခြင်းကို ခံခဲ့ရပြီဖြစ်ပြီး ဂျပ်စ် ဖောင်တိန်ရဲ့ ၁၃ ဂိုးစံချိန်ကို ကျော်ဖြတ်ဖို့ ၅ ဂိုးသာ လိုအပ်တောတာဖြစ်ပါတယ်။

၃။ ရီဗယ်လ်ဒို

ရီဗယ်လ်ဒိုဟာ ဘရာဇီးလ်အသင်းဝတ်စုံနဲ့ ဘောလုံးလောကကို တောက်ပစေခဲ့တဲ့ အထင်ကရအဖြစ်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး မကြာခဏ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မထင်မှတ်တာတွေ လုပ်ပြတတ်သူဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကတော့ ဘရာဇီးလ်ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ရီဗယ်လ်ဒိုဟာ ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာသာဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ရီဗယ်လ်ဒိုဟာ ကမ္ဘာ့ဖလားမှာ ၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘရာဇီးလ်အတွက် မယုံနိုင်ဖွယ် ၁၀ နှစ်တာ ကာလနဲ့ နှိုင်းယှဉ်ရင် နည်းပါးခဲ့တာဖြစ်ပါတယ်။

၂။ ခရစ္စတီယာနို ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဒီစာရင်းထဲမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်တော့မယ့် တစ်ဦးတည်းသောကစားသမားဖြစ်ပြီး ပေါ်တူဂီဂန္တဝင်ဟာ တသက်တာအကောင်းဆုံးကစားသမားတစ်ဦးဖြစ်ကြောင်းကို ကမ္ဘာ့အကြီးမားဆုံးပြိုင်ပွဲက သွင်းဂိုး ၈ ဂိုးက သက်သေခံနေတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ခုမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့သူဖြစ်ပေမယ့်လည်း ရှုံးထွက်အဆင့်မှာ ဂိုးမသွင်းယူဖူးသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်လ်ဒိုရဲ့ ဂိုးတွေဟာ အုပ်စုအဆင့်မှာသာ အကန့်အသတ်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ပေါ်တူဂီအသင်းသာ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်နားအထိ ဆက်လက်ရောက်ရှိမယ်ဆိုရင် အဲဒီစံချိန်ဆိုးကို ချေဖျက်နိုင်မှာဖြစ်ပါတယ်။

၁။ ဒီယေဂို မာရာဒိုနာ

ခရစ္စတီယာနို ရော်နယ်လ်ဒိုလိုပဲ မာရာဒိုနာကလည်း ဘောလုံးလောကရဲ့အကြီးကျယ်အခမ်းနားဆုံးကစားသမားလို့ သတ်မှတ်ခြင်းခံခဲ့ရပေမယ့်လည်း အကောင်းဆုံးမဟုတ်ခဲ့တာဖြစ်ပါတယ်။ မာရာဒိုနာရဲ့ ကလပ်အသင်းအဆင့် အောင်မြင်မှုတွေဟာ အံ့အားသင့်ဖွယ်ကောင်းခဲ့ပေမယ့်လည်း အာဂျင်တီးနားအတွက် မယုံနိုင်ဖွယ်စွမ်းဆောင်ရည်က ၁၉၈၆ ကမ္ဘာ့ဖလားအောင်ပွဲအပါအဝင် ၁၉၈၀ ပြည့်နှစ်ကာလတွေမှာ ပြသခဲ့တာဖြစ်ပါတယ်။ မာရာဒိုနာရဲ့ တကိုယ်တော်သွင်းဂိုး၊ သူမတူတဲ့ အလိမ်အခေါက်စွမ်းရည်နဲ့ ပွဲကို အဆုံးအဖြတ်ပေးနိုင်စွမ်းက ဘယ်သူနဲ့မှ မတူတဲ့ ကစားသမားဖြစ်စေခဲ့တာဖြစ်ပါတယ်။ မာရာဒိုနာရဲ့ ၁၉၈၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့် အင်္ဂလန်နဲ့ပွဲက ကမ္ဘာကျော် ဘုရားသခင်ရဲ့လက် သွင်းဂိုးဟာ အာဂျင်တီးနားပရိသတ်တွေရဲ့ မှတ်ဉာဏ်ထဲမှာ တသက်လုံး ထင်ကျန်ရစ်နေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာရာဒိုနာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စုစုပေါင်း ၈ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်တာကြောင့် အမ်ဘာပေရဲ့ ကျော်ဖြတ်ခြင်းကို ခံခဲ့ရပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခီလီယန္ အမ္ဘာေပဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းအတြက္ အစြမ္းကုန္ေတာက္ပေနၿပီး ဘလြန္ေဒါဆုရွင္ ဘန္ဇီးမား ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခ်ိန္မွာ အသင္းရဲ႕တိုက္စစ္ကို ပုခုံးထမ္းထားႏိုင္တဲ့ ကစားသမားျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္သာရွိေသးတဲ့ အမ္ဘာေပဟာ ျပင္သစ္အသင္းရဲ႕ ကမာၻ႔ခ်န္ပီယံဆုကို ဆက္လက္ထိန္းသိမ္းဖို႔ ေမွ်ာ္လင့္ခ်က္ကို အသက္သြင္းေပးေနသူျဖစ္ၿပီး ၂၀၁၈ ကမာၻ႔ဖလားတုန္းကလည္း ၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သြင္းဂိုးစုစုေပါင္း ၅ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္တာေၾကာင့္ ကမာၻ႔ဖလားသမိုင္းက ဂႏၲဝင္ကစားသမားအခ်ိဳ႕ရဲ႕ စုစုေပါင္းသြင္းဂိုးအေရအတြက္ကိုေတာင္ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး အမ္ဘာေပထက္ သြင္းဂိုးပိုမိုနည္းပါးခဲ့တဲ့ ဂႏၲဝင္ကစားသမား ၅ ဦးက ဘယ္သူေတြမ်ားလဲ…

၅။ ေရာ္ဘင္ ဗန္ပါစီ

နယ္သာလန္ဂႏၲဝင္တိုက္စစ္မႉး ေရာ္ဘင္ ဗန္ပါစီဟာ ဥေရာပရဲ႕ေၾကာက္မက္ဖြယ္အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ခဲ့သူျဖစ္ပါတယ္။ ဒတ္ခ်္တိုက္စစ္မႉးရဲ႕ဂိုးသြင္းစြမ္းရည္ဟာ ဘယ္သူနဲ႔မွမတူခဲ့ဘဲ အဲဒါကို အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔မွာ ျပသခဲ့တာျဖစ္ပါတယ္။ ဗန္ပါစီဟာ နယ္သာလန္လက္ေ႐ြးစင္အသင္းအတြက္ အေရးႀကီးတဲ့သြင္းဂိုးေတြအမ်ားအျပား မသြင္းယူႏိုင္ခဲ့ေပမယ့္လည္း ၂၀၁၄ ကမာၻ႔ဖလားတုန္းက ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့တာ အားလုံးအမွတ္ရၾကဦးမွာျဖစ္ပါတယ္။ ဗန္ပါစီဟာ စူပါမန္းေခါင္းတိုက္သြင္းဂိုးအပါအဝင္ စပိန္နဲ႔ကစားခဲ့တဲ့ အုပ္စုပြဲမွာ မယုံႏိုင္ဖြယ္သြင္းဂိုး ၂ ဂိုးကို သြင္းယူၿပီး ၿပိဳင္ပြဲကို စတင္ခဲ့ၿပီး ၾသစေၾတးလ်နဲ႔ပြဲမွာ ၁ ဂိုး၊ ဘရာဇီးလ္နဲ႔ တတိယအဆင့္ပြဲစဥ္မွာ ၁ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ စုစုေပါင္း ဗန္ပါစီဟာ ဖီဖာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ၂၀၀၆ နဲ႔ ၂၀၁၀ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ၁ ဂိုးစီ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ အမ္ဘာေပက ဗန္ပါစီရဲ႕ သြင္းဂိုးအေရအတြက္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

၄။ သီယာရီ အြန္နရီ

အိုလီဗီေယး ဂ်ီ႐ူးဟာ သီယာရီ အြန္နရီရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းစံခ်ိန္ကို မၾကာေသးမီကမွ ေက်ာ္ျဖတ္ခဲ့တာျဖစ္ေပမယ့္ ျပင္သစ္ဂႏၲဝင္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဒီစံခ်ိန္တစ္ခုတည္းကို ဆုံးရႈံးခဲ့တာမဟုတ္ပါဘူး။ အမ္ဘာေပဟာ ၂၀၂၂ ကမာၻ႔ဖလားမွာ ၅ ဂိုးသြင္းယူထားတာေၾကာင့္ ကမာၻ႔ဖလားသမိုင္းမွာ ျပင္သစ္ရဲ႕ ဒုတိယသြင္းဂိုးအျမင့္ဆုံးကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး သီယာရီ အြန္နရီဟာ ၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၃ ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့သလို ၂၀၀၆ ကမာၻ႔ဖလားဗိုလ္လုပြဲအထိေရာက္ခဲ့တဲ့ၿပိဳင္ပြဲမွာလည္း ၃ ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီစံခ်ိန္က အမ္ဘာေပရဲ႕ ခ်ိဳးဖ်က္ျခင္းကို ခံခဲ့ရၿပီျဖစ္ၿပီး ဂ်ပ္စ္ ေဖာင္တိန္ရဲ႕ ၁၃ ဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ဖို႔ ၅ ဂိုးသာ လိုအပ္ေတာတာျဖစ္ပါတယ္။

၃။ ရီဗယ္လ္ဒို

ရီဗယ္လ္ဒိုဟာ ဘရာဇီးလ္အသင္းဝတ္စုံနဲ႔ ေဘာလုံးေလာကကို ေတာက္ပေစခဲ့တဲ့ အထင္ကရအျဖစ္ဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး မၾကာခဏ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မထင္မွတ္တာေတြ လုပ္ျပတတ္သူျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ၁၉၉၈ ကမာၻ႔ဖလားမွာ ၃ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး အေကာင္းဆုံးစြမ္းေဆာင္ရည္ကေတာ့ ဘရာဇီးလ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၀၂ ကမာၻ႔ဖလားမွာ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ရီဗယ္လ္ဒိုဟာ ပြဲစဥ္တိုင္းမွာ ဂိုးသြင္းယူေပးခဲ့တာျဖစ္ၿပီး ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲမွာသာဂိုးမသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ရီဗယ္လ္ဒိုဟာ ကမာၻ႔ဖလားမွာ ၈ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဘရာဇီးလ္အတြက္ မယုံႏိုင္ဖြယ္ ၁၀ ႏွစ္တာ ကာလနဲ႔ ႏႈိင္းယွဥ္ရင္ နည္းပါးခဲ့တာျဖစ္ပါတယ္။

၂။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဒီစာရင္းထဲမွာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးရင္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မပါဝင္ေတာ့မယ့္ တစ္ဦးတည္းေသာကစားသမားျဖစ္ၿပီး ေပၚတူဂီဂႏၲဝင္ဟာ တသက္တာအေကာင္းဆုံးကစားသမားတစ္ဦးျဖစ္ေၾကာင္းကို ကမာၻ႔အႀကီးမားဆုံးၿပိဳင္ပြဲက သြင္းဂိုး ၈ ဂိုးက သက္ေသခံေနတာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ မတူညီတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ ၅ ခုမွာ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံး ကစားသမားျဖစ္လာခဲ့သူျဖစ္ေပမယ့္လည္း ရႈံးထြက္အဆင့္မွာ ဂိုးမသြင္းယူဖူးေသးတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေရာ္နယ္လ္ဒိုရဲ႕ ဂိုးေတြဟာ အုပ္စုအဆင့္မွာသာ အကန႔္အသတ္ရွိခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ေပၚတူဂီအသင္းသာ ၿပိဳင္ပြဲရဲ႕ ေနာက္ဆုံးအဆင့္နားအထိ ဆက္လက္ေရာက္ရွိမယ္ဆိုရင္ အဲဒီစံခ်ိန္ဆိုးကို ေခ်ဖ်က္ႏိုင္မွာျဖစ္ပါတယ္။

၁။ ဒီေယဂို မာရာဒိုနာ

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုလိုပဲ မာရာဒိုနာကလည္း ေဘာလုံးေလာကရဲ႕အႀကီးက်ယ္အခမ္းနားဆုံးကစားသမားလို႔ သတ္မွတ္ျခင္းခံခဲ့ရေပမယ့္လည္း အေကာင္းဆုံးမဟုတ္ခဲ့တာျဖစ္ပါတယ္။ မာရာဒိုနာရဲ႕ ကလပ္အသင္းအဆင့္ ေအာင္ျမင္မႈေတြဟာ အံ့အားသင့္ဖြယ္ေကာင္းခဲ့ေပမယ့္လည္း အာဂ်င္တီးနားအတြက္ မယုံႏိုင္ဖြယ္စြမ္းေဆာင္ရည္က ၁၉၈၆ ကမာၻ႔ဖလားေအာင္ပြဲအပါအဝင္ ၁၉၈၀ ျပည့္ႏွစ္ကာလေတြမွာ ျပသခဲ့တာျဖစ္ပါတယ္။ မာရာဒိုနာရဲ႕ တကိုယ္ေတာ္သြင္းဂိုး၊ သူမတူတဲ့ အလိမ္အေခါက္စြမ္းရည္နဲ႔ ပြဲကို အဆုံးအျဖတ္ေပးႏိုင္စြမ္းက ဘယ္သူနဲ႔မွ မတူတဲ့ ကစားသမားျဖစ္ေစခဲ့တာျဖစ္ပါတယ္။ မာရာဒိုနာရဲ႕ ၁၉၈၆ ကမာၻ႔ဖလား ကြာတားဖိုင္နယ္အဆင့္ အဂၤလန္နဲ႔ပြဲက ကမာၻေက်ာ္ ဘုရားသခင္ရဲ႕လက္ သြင္းဂိုးဟာ အာဂ်င္တီးနားပရိသတ္ေတြရဲ႕ မွတ္ဉာဏ္ထဲမွာ တသက္လုံး ထင္က်န္ရစ္ေနမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မာရာဒိုနာဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စုစုေပါင္း ၈ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာျဖစ္တာေၾကာင့္ အမ္ဘာေပရဲ႕ ေက်ာ္ျဖတ္ျခင္းကို ခံခဲ့ရၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.