International Match Report World Cup

ဂျပန်တို့ ကြိုးစားခဲ့ပေမယ့် ပင်နယ်တီမှာ ခရိုအေးရှားကို မယှဉ်နိုင်ဘဲ အိမ်ပြန်ခဲ့ရတဲ့ပွဲ

ခရိုအေးရှားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လီဗာကိုဗစ်ချ်၊ ခံစစ်မှာ လိုဗရန်၊ ဂွါဒီယောလ်၊ ယူရာနိုဗစ်ချ်နဲ့ ဘာရီရှစ်ချ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ ဘရိုဇိုဗစ်ချ်နဲ့ ကိုဗာချစ်ချ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပါရီရှစ်ချ်၊ ပက်ကိုဗစ်ချ်နဲ့ ကရာမာရစ်ချ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ထင်မှတ်မထားတာတွေကို လုပ်ပြနေခဲ့တဲ့ ဂျပန်အသင်းကတော့ ဂိုးသမား ဂွန်ဒါ၊ ခံစစ်မှာ ယိုရှီဒါ၊ တာနီဂူချီနဲ့ တိုမီယာစုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ မိုရီတာ၊ အန်ဒို၊ အီတိုနဲ့ နာဂါတိုမိုတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ကာမာဒါ၊ ဒိုအန်နဲ့ မာအဲဒါတို့ကို ကစားစေခဲ့တာပါ။

ဂျပန်တို့အနေနဲ့ ပွဲစကတည်းက ခရိုအေးရှားတို့ဘက်ကို Pressing ကစားဖို့ လုပ်ဆောင်နေခဲ့ကြသလို ခရိုအေးရှားတို့ရဲ့ ဧရိယာထဲမှာ ဝင်ရောက် ဖိအားပေးခဲ့ကြသလို ပွဲချိန် ၈ မိနစ်မှာတော့ တိုမီယာစုရဲ့ နောက်ပြန်ပေးတာမှာ အားမပါတဲ့ အမှားကနေ ပါရီရှစ်ချ်က ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ကန်ချက်ကို ဂျပန်ဂိုးသမားနဲ့ နောက်ခံလူတွေ ဝိုင်းဝန်းကာကွယ်သွားနိုင်ခဲ့ကြပါတယ်။

ဒီနေ့မှာ ဂျပန်တို့ရဲ့ တောင်ပံတွေက ဖြတ်တင်ဘောတွေ ပြုလုပ်ရာမှာ‌ ကောင်းမွန်ခဲ့ပေမယ့် တိုက်စစ်မှာ အထောင်ကစားတဲ့ မာအဲဒါ တစ်ဦးတည်း ရှိနေပြီး နောက်က လိုက်ပြီး ကူညီမယ့် ကွင်းလယ်တိုက်စစ်လိုမျိုး ကစားသမား မရှိတာကြောင့် ခရိုအေးရှားတို့ ပိတ်ဆို့ဖို့ လွယ်ကူခဲ့သလို ဂိုးရှေ့မှာ လူနည်းနေတာက အာရှသားတွေအတွက် ရသင့်တဲ့ ဂိုးတွေကို ဆုံးရှုံးစေခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ ဂျပန်တို့ အဖွင့်ဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရတဲ့ ထောင့်ကန်ဘောကနေ အတိုပေးပြီး ဒိုအန်က ကန်တင်ပေးတဲ့ ဖြတ်တင်မှုကို နောက်ခံလူ ယိုရှီဒါက ခရိုအေးရှားခံစစ်ကြားကနေ ခေါင်းတိုက်ချပေးခဲ့တာကို တိုက်စစ်မှူး မာအဲဒါက အနီးကပ် ကန်သွင်း ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ခရိုအေးရှားတို့ရဲ့ ဖန်တီးမှုတွေက တေ့လွဲကလေးတွေ လွဲချော်နေခဲ့ကြလို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခြင်း မရှိဘဲ ဂျပန်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားခဲ့ကြသလို ဒုတိယပိုင်းမှာလည်း ဂျပန်တို့ပဲ ကြံ့ကြံ့ခံပြီး ကောင်တာတွေကနေ တိုက်စစ်ပြန်ဆင်ခဲ့ပေမယ့် ဂိုးရှေ့ကို အချိန်မီ လူရောက်မလာတဲ့ ပြဿနာက သူတို့ကို ဖျက်ဆီးခဲ့တာပါ။

ဥရောပအသင်းကြီးနှစ်သင်းဖြစ်တဲ့ ဂျာမနီနဲ့ စပိန်တို့ကို တီးနိုင်ခဲ့တဲ့ ဂျပန်တို့အနေနဲ့ ဒုတိယပိုင်းမှာမှ နောက်ကနေ လိုက်ပြီး ဂိုးတွေ သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ပွဲမှာတော့ ခရိုအေးရှားကို ပထမပိုင်းမှာ ဦးဆောင်ခဲ့ချိန်မှာ နောက်က လိုက်ကစားပြီး အနိုင်ရဖို့ ရုန်းခဲ့ကြတာနဲ့ အနိုင်ဂိုးနဲ့ပွဲကို စီမံခန့်ခွဲဖို့က မတူညီတဲ့ ပြဿနာဖြစ်ခဲ့ပြီး ဒီနေ့မှာတော့ သူတို့တွေ ထင်တိုင်းမပေါက်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ခရိုအေးရှားတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘောလုံးကိုင်ကစားပြီး ကွင်းလယ်မှာ အပေးအယူ လုပ်နေခဲ့တဲ့အထဲက နောက်ခံလူ လိုဗရန်က ဧရိယာဘယ်ခြမ်းကို ဖြတ်တင်ပေးခဲ့ရာမှာ ဂျပန်နောက်ခံလူတွေကြားကနေ ပါရီရှစ်ချ်က ဘယ်ဘက်တိုင်ခြေကို ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား ဂွန်ဒါရဲ့ ကာကွယ်ပုံကပါ နောက်ကျနေခဲ့လို့ ဂိုးပြန်ပေးခဲ့ရတာပါ။

သရေပြန်ဖြစ်နေအပြီးမှာတော့ ခရိုအေးရှားတို့ဘက်က ပက်ကိုဗစ်ချ်နဲ့ ကရာမာရစ်ချ်တို့အစား ဘူဒီမီယာနဲ့ ပါရှာလစ်ချ်တို့ကို လဲကစားသွားခဲ့ပြီး ဂျပန်တို့ဘက်ကတော့ နာဂါတိုမို၊ မာအဲဒါ၊ ကာမာဒါနဲ့ ဒိုအန်တို့အစား မီတိုမာ၊ အာဆာနို၊ ဆာကာအီနဲ့ မီနာမီနိုတို့ကို ထည့်သွင်းသွားခဲ့ပြီး အနိုင်ရဖို့အတွက် အပြိုင်အဆိုင် ကြိုးစားလာခဲ့ကြပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာ မိုဒရစ်ချ်ရဲ့ လှပတဲ့ အစွမ်းပြ ကန်ချက်ကို ဂိုးသမား ဂွန်ဒါ ပုတ်ထုတ်ခဲ့ရပြီး ပါရီရှစ်ချ်ရဲ့ ကန်ချက်ကတော့ တိုင်ဘေးက ထွက်သွားခဲ့သလို ဂျပန်တို့ကတော့ တောင်ပံတွေကနေ တိုက်စစ်ဆင်လာပြီးရင် ခရိုအေးရှားခံစစ်ကို ကျော်ဖြတ်ဖို့ လုံလောက်တဲ့ လူမရှိတာကြောင့် ဘေးနဲ့ နောက်ကိုပဲ ပြန်ပေးခဲ့ရပြီး သာမန်ပွဲကစားချိန်အတွင်းမှာတော့ တစ်ဂိုးစီသရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရတာပါ။

အချိန်ပိုမှာ ခရိုအေးရှားတို့ဘက်က မိုဒရစ်ချ်၊ ကိုဗာချစ်ချ်၊ ပါရီရှစ်ချ်နဲ့ ဘူဒီမီယာတို့အစား မေယာ၊ ဗလာရှစ်ချ်၊ အော်ရှစ်ချ်နဲ့ လီဗာယာတို့ကို လဲကစားသွားခဲ့ပြီး ဂျပန်တို့ကတော့ မိုရီတာအစား တာနာကားကို ထည့်ကစားသွားခဲ့သလို မီတိုမာရဲ့ ကန်ချက်ကို ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ချ် ကာကွယ်ခဲ့ရတာကလွဲလို့ ဒီမိနစ် ၃၀ က အထူးအခြားကြီးတော့ ဖြစ်မလာခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းဖို့ပဲ ဖြစ်လာခဲ့ပါတယ်။


ပင်နယ်တီမှာတော့ ဂျပန်တို့ စိတ်ပျက်စရာကောင်းအောင် ညံ့ဖျင်းခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပြီး ပထမဆုံး ကန်တဲ့ မီနာမီနိုက ဆရာကြီးအထာနဲ့ ကန်သွင်းပြီး ဂိုးသမားကို မလှည့်စားနိုင်ဘဲဖြစ်ခဲ့သလို ဒုတိယ ပင်နယ်တီကလည်း မီတိုမာရဲ့ တိုင်ခြေကန်ချက်က ပျော့လွန်းလို့ လီဗာကိုဗစ်ချ်က နှစ်ကြိမ်ဆက်တိုက် ပုတ်ထုတ်သွားခဲ့ပြီး ခရိုအေးရှားတို့ဘက်ကတော့ ဗလာရှစ်ချ်နဲ့ ဘရိုဇိုဗစ်ချ်တို့က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ နှစ်လုံးစီ ကန်အပြီးမှာ ဂျပန်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနေခဲ့တာပါ။


တတိယ ပင်နယ်တီကိုတော့ အာဆာနိုက ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး ခရိုအေးရှားဘက်ကတော့ လီဗာယာရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့လို့ ဂျပန်တို့ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာပေမယ့် စတုတ္ထပင်နယ်တီကို ဝါရင့်နောက်ခံလူ ယိုရှီဒါက ကန်သွင်းရာမှာ ဘယ်လိုကန်မယ်ဆိုတာကို ဂိုးသမား ကြိုသိနေတဲ့ ပုံစံမို့လို့ လီဗာကိုဗစ်ချ်ပဲ ဒိုက်ပစ်ကာကွယ်သွားခဲ့ပြီး ခရိုအေးရှားတို့ စင်ပေါ်ရောက်သွားခဲ့ပါတယ်။


ဝင်လိုက်တာနဲ့ ပြတ်ပြတ်သားသား အနိုင်ရပြီဖြစ်တဲ့ စတုတ္ထ ပင်နယ်တီကိုတော့ ကွင်းလယ်လူ ပါရှာလစ်ချ်က ဂိုးသမား ဂွန်ဒါကို လှည့်စားကန်သွင်းယူနိုင်ခဲ့လို့ ခရိုအေးရှားတို့ ပင်နယ်တီအဆုံးအဖြတ်မှာ သုံးဂိုး-တစ်ဂိုး (စုစုပေါင်း လေးဂိုး-နှစ်ဂိုး)နဲ့ အနိုင်ရှိသွားခဲ့ကြပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြချိန်မှာ ဂျပန်တို့ကတော့ တတိယမြောက် ဥရောပအသင်းကို မဖြုတ်နိုင်ခဲ့ဘဲ ပြိုင်ပွဲက ထွက်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။


REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရိုအေးရှားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လီဗာကိုဗစ်ခ်ျ၊ ခံစစ်မှာ လိုဗရန်၊ ဂွါဒီယောလ်၊ ယူရာနိုဗစ်ခ်ျနဲ့ ဘာရီရှစ်ခ်ျတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ခ်ျ၊ ဘရိုဇိုဗစ်ခ်ျနဲ့ ကိုဗာချစ်ခ်ျတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပါရီရှစ်ခ်ျ၊ ပက်ကိုဗစ်ခ်ျနဲ့ ကရာမာရစ်ခ်ျတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။


ဂျပန်တို့အနေနဲ့ ပွဲစကတည်းက ခရိုအေးရှားတို့ဘက်ကို Pressing ကစားဖို့ လုပ်ဆောင်နေခဲ့ကြသလို ခရိုအေးရှားတို့ရဲ့ ဧရိယာထဲမှာ ဝင်ရောက် ဖိအားပေးခဲ့ကြသလို ပွဲချိန် ၈ မိနစ်မှာတော့ တိုမီယာစုရဲ့ နောက်ပြန်ပေးတာမှာ အားမပါတဲ့ အမှားကနေ ပါရီရှစ်ခ်ျက ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ကန်ချက်ကို ဂျပန်ဂိုးသမားနဲ့ နောက်ခံလူတွေ ဝိုင်းဝန်းကာကွယ်သွားနိုင်ခဲ့ကြပါတယ်။





ပွဲချိန် ၅၅ မိနစ်မှာတော့ ခရိုအေးရှားတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘောလုံးကိုင်ကစားပြီး ကွင်းလယ်မှာ အပေးအယူ လုပ်နေခဲ့တဲ့အထဲက နောက်ခံလူ လိုဗရန်က ဧရိယာဘယ်ခြမ်းကို ဖြတ်တင်ပေးခဲ့ရာမှာ ဂျပန်နောက်ခံလူတွေကြားကနေ ပါရီရှစ်ခ်ျက ဘယ်ဘက်တိုင်ခြေကို ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား ဂွန်ဒါရဲ့ ကာကွယ်ပုံကပါ နောက်ကျနေခဲ့လို့ ဂိုးပြန်ပေးခဲ့ရတာပါ။

သရေပြန်ဖြစ်နေအပြီးမှာတော့ ခရိုအေးရှားတို့ဘက်က ပက်ကိုဗစ်ခ်ျနဲ့ ကရာမာရစ်ခ်ျတို့အစား ဘူဒီမီယာနဲ့ ပါရှာလစ်ခ်ျတို့ကို လဲကစားသွားခဲ့ပြီး ဂျပန်တို့ဘက်ကတော့ နာဂါတိုမို၊ မာအဲဒါ၊ ကာမာဒါနဲ့ ဒိုအန်တို့အစား မီတိုမာ၊ အာဆာနို၊ ဆာကာအီနဲ့ မီနာမီနိုတို့ကို ထည့်သွင်းသွားခဲ့ပြီး အနိုင်ရဖို့အတွက် အပြိုင်အဆိုင် ကြိုးစားလာခဲ့ကြပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာ မိုဒရစ်ခ်ျရဲ့ လှပတဲ့ အစွမ်းပြ ကန်ချက်ကို ဂိုးသမား ဂွန်ဒါ ပုတ်ထုတ်ခဲ့ရပြီး ပါရီရှစ်ခ်ျရဲ့ ကန်ချက်ကတော့ တိုင်ဘေးက ထွက်သွားခဲ့သလို ဂျပန်တို့ကတော့ တောင်ပံတွေကနေ တိုက်စစ်ဆင်လာပြီးရင် ခရိုအေးရှားခံစစ်ကို ကျော်ဖြတ်ဖို့ လုံလောက်တဲ့ လူမရှိတာကြောင့် ဘေးနဲ့ နောက်ကိုပဲ ပြန်ပေးခဲ့ရပြီး သာမန်ပွဲကစားချိန်အတွင်းမှာတော့ တစ်ဂိုးစီသရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရတာပါ။

အချိန်ပိုမှာ ခရိုအေးရှားတို့ဘက်က မိုဒရစ်ခ်ျ၊ ကိုဗာချစ်ခ်ျ၊ ပါရီရှစ်ခ်ျနဲ့ ဘူဒီမီယာတို့အစား မေယာ၊ ဗလာရှစ်ခ်ျ၊ အော်ရှစ်ခ်ျနဲ့ လီဗာယာတို့ကို လဲကစားသွားခဲ့ပြီး ဂျပန်တို့ကတော့ မိုရီတာအစား တာနာကားကို ထည့်ကစားသွားခဲ့သလို မီတိုမာရဲ့ ကန်ချက်ကို ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ခ်ျ ကာကွယ်ခဲ့ရတာကလွဲလို့ ဒီမိနစ် ၃၀ က အထူးအခြားကြီးတော့ ဖြစ်မလာခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းဖို့ပဲ ဖြစ်လာခဲ့ပါတယ်။


ပင်နယ်တီမှာတော့ ဂျပန်တို့ စိတ်ပျက်စရာကောင်းအောင် ညံ့ဖျင်းခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပြီး ပထမဆုံး ကန်တဲ့ မီနာမီနိုက ဆရာကြီးအထာနဲ့ ကန်သွင်းပြီး ဂိုးသမားကို မလှည့်စားနိုင်ဘဲဖြစ်ခဲ့သလို ဒုတိယ ပင်နယ်တီကလည်း မီတိုမာရဲ့ တိုင်ခြေကန်ချက်က ပျော့လွန်းလို့ လီဗာကိုဗစ်ခ်ျက နှစ်ကြိမ်ဆက်တိုက် ပုတ်ထုတ်သွားခဲ့ပြီး ခရိုအေးရှားတို့ဘက်ကတော့ ဗလာရှစ်ခ်ျနဲ့ ဘရိုဇိုဗစ်ခ်ျတို့က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ နှစ်လုံးစီ ကန်အပြီးမှာ ဂျပန်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနေခဲ့တာပါ။


တတိယ ပင်နယ်တီကိုတော့ အာဆာနိုက ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး ခရိုအေးရှားဘက်ကတော့ လီဗာယာရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့လို့ ဂျပန်တို့ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာပေမယ့် စတုတ္ထပင်နယ်တီကို ဝါရင့်နောက်ခံလူ ယိုရှီဒါက ကန်သွင်းရာမှာ ဘယ်လိုကန်မယ်ဆိုတာကို ဂိုးသမား ကြိုသိနေတဲ့ ပုံစံမို့လို့ လီဗာကိုဗစ်ခ်ျပဲ ဒိုက်ပစ်ကာကွယ်သွားခဲ့ပြီး ခရိုအေးရှားတို့ စင်ပေါ်ရောက်သွားခဲ့ပါတယ်။


ဝင်လိုက်တာနဲ့ ပြတ်ပြတ်သားသား အနိုင်ရပြီဖြစ်တဲ့ စတုတ္ထ ပင်နယ်တီကိုတော့ ကွင်းလယ်လူ ပါရှာလစ်ခ်ျက ဂိုးသမား ဂွန်ဒါကို လှည့်စားကန်သွင်းယူနိုင်ခဲ့လို့ ခရိုအေးရှားတို့ ပင်နယ်တီအဆုံးအဖြတ်မှာ သုံးဂိုး-တစ်ဂိုး (စုစုပေါင်း လေးဂိုး-နှစ်ဂိုး)နဲ့ အနိုင်ရှိသွားခဲ့ကြပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြချိန်မှာ ဂျပန်တို့ကတော့ တတိယမြောက် ဥရောပအသင်းကို မဖြုတ်နိုင်ခဲ့ဘဲ ပြိုင်ပွဲက ထွက်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.