International World Cup

ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ရှုံးထွက်ကထွက်ခဲ့ရတဲ့အပေါ် တုံ့ပြန်ခဲ့တဲ့ မာနေး

ဆာဒီယို မာနေးဟာ ဆီနီဂေါအသင်းရဲ့ ကမ္ဘာ့ဖလား ခရီးလမ်းကို အင်္ဂလန်အသင်းရဲ့ အဆုံးသတ်ခြင်းကို ခံခဲ့ရပြီးနောက် လက်ရွေးစင်အသင်းဖော်တွေအတွက် အရမ်း ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဖရိကချန်ပီယံ ဆီနီဂေါအသင်းဟာ တနင်္ဂနွေနေ့ညက အယ်လ် ဘေ့တ်ကွင်းမှာ အင်္ဂလန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဟန်ဒါဆန်၊ ဟာရီ ကိန်းနဲ့ ဆာကာတို့ဟာ အင်္ဂလန်ကို ကွာတားဖိုင်နယ်တက်ရောက်စေနိုင်မယ့် ဂိုးတွေသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

မာနေးဟာ ဆီနီဂေါရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့်လည်း အင်္ဂလန်ကို မရှုံးနိမ့်ခင်မှာ အုပ်စု A ကနေ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့အတွက် အသင်းဖော်တွေအစား အရမ်းဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ချစ်ခင်ရတဲ့ ညီအစ်ကိုတွေ၊ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားကြပါ။ လူတွေက မင်းတို့ရဲ့ ခရီးလမ်းအတွက် အရမ်းကို ဂုဏ်ယူနေကြပြီး နိုင်ငံတော်အလံကို ဂုဏ်သိက္ခာရှိရှိ ကာကွယ်ပြီး ပရိသတ်တွေအားလုံးနဲ့ ဆီနီဂေါပြည်သူတွေရဲ့ နှလုံးသားကို ကုသပေးခဲ့တယ်။ ဆက်ပြီး လေ့လာသင်ယူပြီး ကံကောင်းကြပါစေ။ ငါတို့တွေ နောက်ထပ် ဆုဖလားတွေ ဆက်ပြီး ရှာဖွေသွားကြမယ်။ အလ္လာရှင်မြတ် အလိုတော်တိုင်းဖြစ်ပါစေ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါနည်းပြ အာလီယူ ဆစ်ဆီကလည်း ၎င်းရဲ့အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ခံစစ်ပိုင်း ပျက်ကွက်မှုတွေကို ညည်းတွားခဲ့ပါတယ်။

“ကျွန်တော်တို့ အရမ်းကောင်းတဲ့အင်္ဂလန်အသင်းနဲ့ ကစားခဲ့ရပြီး ခင်ဗျား အဲဒါကို ဘောလုံးယှဉ်လုတဲ့အချိန်နဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုကို မြင်တွေ့ခဲ့မှာပါ။ အဲဒီအပြင် ကျွန်တော်တို့ကလည်း ကောင်းခဲ့သင့်သလောက် မကောင်းခဲ့ပါဘူး။ ပထမဂိုးအပြီးမှာ ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပြီး ပြီးတဲ့နောက် ကျွန်တော်တို့ ပထမပိုင်းမပြီးခင်မှာ ဒုတိယဂိုးခွင့်ပြုလိုက်ရတယ်။ တတိယဂိုးက အဓိကကျခဲ့ပါတယ်”

“ကျွန်တော်တို့ သင်ခန်းစာယူဖို့လိုအပ်ပြီး အဲဒီအကြောင်းကို စဉ်းစားဖို့လိုပါတယ်။ အဲဒါက အတူတူဆက်ပြီးလုပ်ဆောင်ရမယ့်အရာပါ။ ကျွန်တော်တို့ဒီအဆင့်ကို ရောက်ဖို့ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆာဒီယို မာေနးဟာ ဆီနီေဂါအသင္းရဲ႕ ကမာၻ႔ဖလား ခရီးလမ္းကို အဂၤလန္အသင္းရဲ႕ အဆုံးသတ္ျခင္းကို ခံခဲ့ရၿပီးေနာက္ လက္ေ႐ြးစင္အသင္းေဖာ္ေတြအတြက္ အရမ္း ဂုဏ္ယူမိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဖရိကခ်န္ပီယံ ဆီနီေဂါအသင္းဟာ တနဂၤေႏြေန႔ညက အယ္လ္ ေဘ့တ္ကြင္းမွာ အဂၤလန္ကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဟန္ဒါဆန္၊ ဟာရီ ကိန္းနဲ႔ ဆာကာတို႔ဟာ အဂၤလန္ကို ကြာတားဖိုင္နယ္တက္ေရာက္ေစႏိုင္မယ့္ ဂိုးေတြသြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

မာေနးဟာ ဆီနီေဂါရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ေပမယ့္လည္း အဂၤလန္ကို မရႈံးနိမ့္ခင္မွာ အုပ္စု A ကေန ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့အတြက္ အသင္းေဖာ္ေတြအစား အရမ္းဂုဏ္ယူမိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခ်စ္ခင္ရတဲ့ ညီအစ္ကိုေတြ၊ မင္းတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားၾကပါ။ လူေတြက မင္းတို႔ရဲ႕ ခရီးလမ္းအတြက္ အရမ္းကို ဂုဏ္ယူေနၾကၿပီး ႏိုင္ငံေတာ္အလံကို ဂုဏ္သိကၡာရွိရွိ ကာကြယ္ၿပီး ပရိသတ္ေတြအားလုံးနဲ႔ ဆီနီေဂါျပည္သူေတြရဲ႕ ႏွလုံးသားကို ကုသေပးခဲ့တယ္။ ဆက္ၿပီး ေလ့လာသင္ယူၿပီး ကံေကာင္းၾကပါေစ။ ငါတို႔ေတြ ေနာက္ထပ္ ဆုဖလားေတြ ဆက္ၿပီး ရွာေဖြသြားၾကမယ္။ အလႅာရွင္ျမတ္ အလိုေတာ္တိုင္းျဖစ္ပါေစ”လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဆီနီေဂါနည္းျပ အာလီယူ ဆစ္ဆီကလည္း ၎ရဲ႕အသင္း ကမာၻ႔ဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ ခံစစ္ပိုင္း ပ်က္ကြက္မႈေတြကို ညည္းတြားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ အရမ္းေကာင္းတဲ့အဂၤလန္အသင္းနဲ႔ ကစားခဲ့ရၿပီး ခင္ဗ်ား အဲဒါကို ေဘာလုံးယွဥ္လုတဲ့အခ်ိန္နဲ႔ သူတို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းမႈကို ျမင္ေတြ႕ခဲ့မွာပါ။ အဲဒီအျပင္ ကြၽန္ေတာ္တို႔ကလည္း ေကာင္းခဲ့သင့္သေလာက္ မေကာင္းခဲ့ပါဘူး။ ပထမဂိုးအၿပီးမွာ ကြၽန္ေတာ္တို႔အတြက္ ခက္ခဲခဲ့ၿပီး ၿပီးတဲ့ေနာက္ ကြၽန္ေတာ္တို႔ ပထမပိုင္းမၿပီးခင္မွာ ဒုတိယဂိုးခြင့္ျပဳလိုက္ရတယ္။ တတိယဂိုးက အဓိကက်ခဲ့ပါတယ္”

“ကြၽန္ေတာ္တို႔ သင္ခန္းစာယူဖို႔လိုအပ္ၿပီး အဲဒီအေၾကာင္းကို စဥ္းစားဖို႔လိုပါတယ္။ အဲဒါက အတူတူဆက္ၿပီးလုပ္ေဆာင္ရမယ့္အရာပါ။ ကြၽန္ေတာ္တို႔ဒီအဆင့္ကို ေရာက္ဖို႔ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.