Premier League

၁၈.၂.၂၀၂၀ တစ္ေန႔တာ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ားစုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားက အသင္းက ထြက္ခြာဖို႔ ခ်ိတ္ဆက္မွဳေတြ ျပဳလုပ္ေနတယ္ဆုိတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာဟာ သူတို႔အသင္းပိုင္ကစားသမားတစ္ဦးျဖစ္ၿပီး ေအးဂ်င့္ ရိုင္အိုလာပိုင္တာ မဟုတ္ဘူးလို႔ ေျပာၾကားလိုက္ပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ စေမာလင္းကို စပါးစ္နဲ႔ အဲဗာတန္တို႔က ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚထားခဲ့ၿပီးတဲ့ေနာက္မွာ ဂ်ဴဗင္တပ္စ္ကလည္း ဆက္သြယ္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။

– တနလၤာေန႔နံနက္ပိုင္းက အသက္(၈၇)ႏွစ္ အရြယ္မွာ ကြယ္လြန္သြားခဲ့ရတဲ့ ဂိုးသမားေဟာင္း ဟယ္ရီ ဂရက္ခ္ အတြက္ ၀မ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္ ခ်ဲလ္ဆီးန႔ဲပြဲမွာ လက္ပတ္အမည္းကို ၀တ္ဆင္ကစားခဲ့ပါတယ္။ ဟယ္ရီ ဂရက္ခ္ဟာ ျမဴးနစ္ေလယာဥ္ပ်က္က်မႈမွာ အသက္ရွင္က်န္ရစ္သူေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး ယူႏိုက္တက္အတြက္ ပြဲေပါင္း(၂၄၇)ပြဲကစားေပးခဲ့ပါတယ္။

– စပါးစ္အသင္းရဲ႕ အဂၤလန္ကြင္းလယ္လူ ဟာရီ ၀င့္ခ္စ္ကို မန္ခ်က္စတာယူႏိုက္တက္က ေခၚယူဖို႔ ပစ္မွတ္ထားလာတယ္လို႔ သတင္းထြက္လာပါတယ္။ ဟယ္ရီ၀င့္ခ္ဟာ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွား စိတ္ႀကိဳက္ကစားသမားမ်ိဳး ျဖစ္တယ္လို႔လည္း ေမရာေန႔စဥ္သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

– အီတလီက လာတဲ့ သတင္းေတြအရေတာ့ အင္တာမီလန္အသင္းဟာ မန္ခ်က္စတာယူႏုိက္တက္ကစားသမားေတြကို ေခၚယူလို႔ မၿပီးေသးဘဲ ဒီေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးမယ့္ ဝါရင့္ဆားဘီးယားကြင္းလယ္လူ နီမန္ဂ်ာ မာတစ္ခ်္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ ဆုိပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက အသင်းက ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ သူတို့အသင်းပိုင်ကစားသမားတစ်ဦးဖြစ်ပြီး အေးဂျင့် ရိုင်အိုလာပိုင်တာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

– မန်ချက်စတာယူနိုက်တက်နောက်ခံလူ စမောလင်းကို စပါးစ်နဲ့ အဲဗာတန်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့ပြီးတဲ့နောက်မှာ ဂျူဗင်တပ်စ်ကလည်း ဆက်သွယ်နေတယ်လို့ သတင်းထွက်နေပါတယ်။

– တနင်္လာနေ့နံနက်ပိုင်းက အသက်(၈၇)နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ရတဲ့ ဂိုးသမားဟောင်း ဟယ်ရီ ဂရက်ခ် အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ချဲလ်ဆီးနဲ့ပွဲမှာ လက်ပတ်အမည်းကို ဝတ်ဆင်ကစားခဲ့ပါတယ်။ ဟယ်ရီ ဂရက်ခ်ဟာ မြူးနစ်လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ယူနိုက်တက်အတွက် ပွဲပေါင်း(၂၄၇)ပွဲကစားပေးခဲ့ပါတယ်။

– စပါးစ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဟာရီ ဝင့်ခ်စ်ကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ သတင်းထွက်လာပါတယ်။ ဟယ်ရီဝင့်ခ်ဟာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား စိတ်ကြိုက်ကစားသမားမျိုး ဖြစ်တယ်လို့လည်း မေရာနေ့စဉ်သတင်းစာက ဖော်ပြခဲ့ပါတယ်။

– အီတလီက လာတဲ့ သတင်းတွေအရတော့ အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကစားသမားတွေကို ခေါ်ယူလို့ မပြီးသေးဘဲ ဒီနွေရာသီမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဝါရင့်ဆားဘီးယားကွင်းလယ်လူ နီမန်ဂျာ မာတစ်ချ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.