International World Cup

မက်ဆီရဲ့စွမ်းဆောင်ရည်ကြောင့် ရင်သပ်ရှုမောဖြစ်ခဲ့ရတဲ့ တင်းနစ်အကျော်အမော် အန်ဒီ မာရေး

တင်းနစ်အကျော်အမော် အန်ဒီ မာရေးဟာ သြစတြေးလျအသင်းကို ၁၆ သင်းရှုံးထွက်အဆင့်မှာ အာဂျင်တီးနားအသင်းက ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်က မက်ဆီရဲ့ စွမ်းဆောင်ရည်ကြောင့် ရင်သပ်ရှုမောခဲ့ရပါတယ်။

မက်ဆီဟာ စကာလိုနီရဲ့အသင်းက သြစတြေးလျကို အနိုင်ရရှိပြီး ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်မှာ ရှုံးထွက်အဆင့်မှာ ဂိုးမသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ပထမပိုင်း ၃၅ မိနစ်မှာ ပင်နယ်တီဧရိယာထဲမှာ ကန်သွင်းယူနေကျပုံစံအတိုင်း ဂိုးဘယ်ဖက်အောက်ထောင့်ကို ဘယ်ခြေနဲ့ ဝိုက်ကန်သွင်းပြီး အာဂျင်တီးနားအတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ယူလီယန် အဲဗရက်ဇ်ကလည်း ၅၇ မိနစ်မှာ အာဂျင်တီးနားအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ဂိုးကြောင့် သြစတြေးလျအသင်းက ချေပဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ပွဲစဉ်တလျှောက်လုံး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပြီး ကစားသမားဘဝ အကောင်းဆုံးကာလက စွမ်းဆောင်ရည်တွေကို နောက်ထပ်တစ်ကြိမ် ပြန်လည် ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ မှော်ဆန်တဲ့ အလိမ်အခေါက်စွမ်းရည်ကို ပရိသတ်တွေ ပါးစပ်အဟောင်းသားနဲ့ ပြန်လည်မြင်တွေ့ခံစားခဲ့ရပြီး အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ သြစတြေးလျခံစစ်ကို ဖရိုဖရဲဖြစ်အောင် ဖျက်ဆီးပစ်နိုင်ခဲ့တာဖြစ်ပါတယ်။

တင်းနစ်လောကရဲ့ အကြီးမားတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ အန်ဒီ မာရေးက အာဂျင်တီးနားအသင်းခေါင်းဆောင်ရဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းကို မြင်တွေ့ခဲ့ရတာကို ဝမ်းမြောက်ပျော်ရွှင်ခဲ့ပြီး တွစ်တာမှာ ‘မက်ဆီက တကယ့်လူပဲဗျာ’လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

သြစတြေးလျနဲ့ ကစားခဲ့တဲ့ စနေနေ့ညပွဲစဉ်ဟာ လီယွန်နယ် မက်ဆီရဲ့ စီနီယာကစားသမားဘဝ ပွဲ ၁၀၀၀ ပြည့်မြောက်တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး အံ့အားသင့်စရာ မှတ်တမ်းနဲ့အတူ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တင္းနစ္အေက်ာ္အေမာ္ အန္ဒီ မာေရးဟာ ၾသစေၾတးလ်အသင္းကို ၁၆ သင္းရႈံးထြက္အဆင့္မွာ အာဂ်င္တီးနားအသင္းက ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္က မက္ဆီရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ ရင္သပ္ရႈေမာခဲ့ရပါတယ္။

မက္ဆီဟာ စကာလိုနီရဲ႕အသင္းက ၾသစေၾတးလ်ကို အႏိုင္ရရွိၿပီး ၂၀၂၂ ကမာၻ႔ဖလား ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ပြဲစဥ္မွာ ရႈံးထြက္အဆင့္မွာ ဂိုးမသြင္းယူႏိုင္ခဲ့တဲ့ မွတ္တမ္းဆိုးကို ေခ်ဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ ပထမပိုင္း ၃၅ မိနစ္မွာ ပင္နယ္တီဧရိယာထဲမွာ ကန္သြင္းယူေနက်ပုံစံအတိုင္း ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ဘယ္ေျခနဲ႔ ဝိုက္ကန္သြင္းၿပီး အာဂ်င္တီးနားအတြက္ အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ယူလီယန္ အဲဗရက္ဇ္ကလည္း ၅၇ မိနစ္မွာ အာဂ်င္တီးနားအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး အန္ဇို ဖာနန္ဒက္ဇ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ဂိုးေၾကာင့္ ၾသစေၾတးလ်အသင္းက ေခ်ပဂိုး ရရွိခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ ပြဲစဥ္တေလွ်ာက္လုံး ရင္သပ္ရႈေမာဖြယ္ေကာင္းတဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့တာျဖစ္ၿပီး ကစားသမားဘဝ အေကာင္းဆုံးကာလက စြမ္းေဆာင္ရည္ေတြကို ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ ေမွာ္ဆန္တဲ့ အလိမ္အေခါက္စြမ္းရည္ကို ပရိသတ္ေတြ ပါးစပ္အေဟာင္းသားနဲ႔ ျပန္လည္ျမင္ေတြ႕ခံစားခဲ့ရၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၾသစေၾတးလ်ခံစစ္ကို ဖ႐ိုဖရဲျဖစ္ေအာင္ ဖ်က္ဆီးပစ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

တင္းနစ္ေလာကရဲ႕ အႀကီးမားတဲ့ ၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ အန္ဒီ မာေရးက အာဂ်င္တီးနားအသင္းေခါင္းေဆာင္ရဲ႕ ကမာၻ႔အဆင့္ ေျခစြမ္းကို ျမင္ေတြ႕ခဲ့ရတာကို ဝမ္းေျမာက္ေပ်ာ္႐ႊင္ခဲ့ၿပီး တြစ္တာမွာ ‘မက္ဆီက တကယ့္လူပဲဗ်ာ’လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ၾသစေၾတးလ်နဲ႔ ကစားခဲ့တဲ့ စေနေန႔ညပြဲစဥ္ဟာ လီယြန္နယ္ မက္ဆီရဲ႕ စီနီယာကစားသမားဘဝ ပြဲ ၁၀၀၀ ျပည့္ေျမာက္တဲ့ပြဲစဥ္ျဖစ္ခဲ့ၿပီး အံ့အားသင့္စရာ မွတ္တမ္းနဲ႔အတူ ထူးျခားေျပာင္ေျမာက္တဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.