International World Cup

ပြင်သစ်နဲ့ပွဲအတွက် မော်ရင်ညိုဆီက အကြံဉာဏ်တောင်းခဲ့တဲ့ ပိုလန်

ပိုလန်လက်ရွေးစင်အသင်းနည်းပြ ချက်စ်ဝါ့ပ် မီညက်ဗိချ်ဟာ ဟိုဆေး မော်ရင်ညိုကို ကာတာမှာ တိုင်ပင်ဆွေးနွေးခဲ့ပေမယ့် ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ဘယ်လိုရပ်တန့်ရမလဲဆိုတာကို အကောင်းဆုံးအကြံကိုတော့ ၎င်းရဲ့ တိုက်စစ်မှူးဆီကနေ ရရှိခဲ့တာဖြစ်ပါတယ်။

“နောက်ခံကစားသမားတွေကို စကူတာတွေ ပေးလိုက်ပါ။ သူ့ကို မော်တော်ဆိုင်ကယ်မပါဘဲနဲ့ ရပ်တန့်ဖို့ဆိုတာက ခက်ခဲပါလိမ့်မယ်။ ဟုတ်ပါတယ်။ အဲဒါက ခက်ခဲပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အသင်းအဖွဲ့လိုက် လုပ်ဆောင်ရပါလိမ့်မယ်”လို့ ပိုလန်တိုက်စစ်မှူး မီလစ်က ပြောကြားခဲ့ပါတယ်။ မီညက်ဗိချ်ဟာ ပိုလန်နိုင်ငံမှာ ပိုလန် မော်ရင်ညိုလို့ လူသိများပြီး ပိုလန်လက်ရွေးစင်နည်းပြချုပ်ဟာ ဥရောပတလွှားက တခြားနည်းပြတွေ အများအပြားနဲ့ စကားပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဟိုဆေး မော်ရင်ညိုက ကာတာမှာ တခြားနည်းပြတွေ အများအပြားနဲ့အတူ ကျွန်တော်တို့ လူကိုယ်တိုင်တွေ့ပြီး စကားပြောခဲ့တဲ့ နည်းပြတွေထဲက တစ်ဦးပါ။ ကျွန်တော်တို့ သူတို့အားလုံးလုပ်ခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်တို့ ဇာဗီ ဟာနန်ဒက်ဇ်၊ မက်စ် အယ်လီဂရီ၊ စတီဗင် ဂျရတ်၊ ကနာဗားရိုးတို့နဲ့ စကားပြောခဲ့တယ်။ ကျွန်တော်တို့ အိတ်တွေက မထုပ်ပိုးထားပါဘူး။ ကျွန်တော်တို့ အိမ်ပြန်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ ကျွန်တော်တို့ ဘောလုံးကစားနိုင်ပြီး ကစားသမားကောင်းတွေရှိတယ်ဆိုတာကို ကမ္ဘာသိအောင် ပြသသွားမှာဖြစ်ပြီး ကွင်းထဲမှာဘာတွေဖြစ်မလဲဆိုတာကို ကြည့်ကြတာပေ့ါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပိုလန်နဲ့ ပြင်သစ်တို့ တွေ့ဆုံမယ့်ပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းက အင်္ဂလန်နဲ့ ဆီနီဂေါတို့ပွဲစဉ်က အနိုင်ရရှိသူနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံသွားရမှာဖြစ်တာကြောင့် မော်ရင်ညိုရဲ့ အကြံကသာ အမ်ဘာပေနဲ့ ပြင်သစ်တို့ကို စောစောစီးစီး အိမ်ပြန်ရအောင် လုပ်နိုင်ခဲ့ရင် ဂါးရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းအတွက် ကြီးမားတဲ့ မျက်နှာပေးမှု ဖြစ်လာမှာ ဖြစ်ပါတယ်။

မီညက်ဗိချ်ရဲ့ ရည်မှန်းချက်က အကန့်အသတ်မရှိဘဲ ပိုလန်သာ လက်ရှိကမ္ဘာ့ချန်ပီယံတွေကို အနိုင်ယူနိုင်ခဲ့ရင်ဆိုရင် ၂၀၂၂ ကမ္ဘာ့ဖလားကို မရရှိစရာ ဘာအကြောင်းအရင်းမှ ရှိတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နဲ့ကစားမယ့်ပွဲစဉ်ဟာ မိုင်းလုပ်သားတွေရဲ့ အားလပ်ရက်နဲ့ တိုက်ဆိုင်နေပြီး အသက်နဲ့ရင်းပြီး အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားနေတဲ့ မိုင်းလုပ်သားတွေရဲ့ ပွဲနေ့မှာ ပိုလန်နည်းပြက အုပ်စုပွဲစဉ် ၃ ပွဲစလုံးကထက် တိုက်စစ်ကို ပိုမို မြှင့်တင်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

“ကျွန်တော် အားနည်းချက်တွေကို ရှာဖွေနေခဲ့တာဖြစ်ပေမယ့် ကျွန်တော် ဘာမှ မတွေ့ခဲ့ဘူး။ ပွဲစဉ်တိုင်းမှာ အမှားတွေ ပြုလုပ်ခဲ့ပြီး အဲဒီအခါကျရင် ပြိုင်ဘက်တွေက အခွင့်ကောင်းရယူဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီအမှားတွေ ပေါ်လာအောင် ကွင်းထဲမှာ သူတို့ကို တစ်ချိန်လုံး ဖိအားပေးဖို့ ကြိုတင်ပြင်ဆင်ရမှာပါ။ ခံစစ်ပဲ ကစားတဲ့သူတွေက အခုဆိုရင် အိမ်က တီဗွီမှာပဲ ပြိုင်ပွဲကို ကြည့်နေရပါပြီ။ အခု ကျွန်တော်တို့ ပိုပြီး တိုက်စစ်ဆင်ချင်နေပြီး ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ကြမယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပိုလန္လက္ေ႐ြးစင္အသင္းနည္းျပ ခ်က္စ္ဝါ့ပ္ မီညက္ဗိခ်္ဟာ ဟိုေဆး ေမာ္ရင္ညိဳကို ကာတာမွာ တိုင္ပင္ေဆြးေႏြးခဲ့ေပမယ့္ ျပင္သစ္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ဘယ္လိုရပ္တန႔္ရမလဲဆိုတာကို အေကာင္းဆုံးအႀကံကိုေတာ့ ၎ရဲ႕ တိုက္စစ္မႉးဆီကေန ရရွိခဲ့တာျဖစ္ပါတယ္။

“ေနာက္ခံကစားသမားေတြကို စကူတာေတြ ေပးလိုက္ပါ။ သူ႔ကို ေမာ္ေတာ္ဆိုင္ကယ္မပါဘဲနဲ႔ ရပ္တန႔္ဖို႔ဆိုတာက ခက္ခဲပါလိမ့္မယ္။ ဟုတ္ပါတယ္။ အဲဒါက ခက္ခဲပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အသင္းအဖြဲ႕လိုက္ လုပ္ေဆာင္ရပါလိမ့္မယ္”လို႔ ပိုလန္တိုက္စစ္မႉး မီလစ္က ေျပာၾကားခဲ့ပါတယ္။ မီညက္ဗိခ်္ဟာ ပိုလန္ႏိုင္ငံမွာ ပိုလန္ ေမာ္ရင္ညိဳလို႔ လူသိမ်ားၿပီး ပိုလန္လက္ေ႐ြးစင္နည္းျပခ်ဳပ္ဟာ ဥေရာပတလႊားက တျခားနည္းျပေတြ အမ်ားအျပားနဲ႔ စကားေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဟိုေဆး ေမာ္ရင္ညိဳက ကာတာမွာ တျခားနည္းျပေတြ အမ်ားအျပားနဲ႔အတူ ကြၽန္ေတာ္တို႔ လူကိုယ္တိုင္ေတြ႕ၿပီး စကားေျပာခဲ့တဲ့ နည္းျပေတြထဲက တစ္ဦးပါ။ ကြၽန္ေတာ္တို႔ သူတို႔အားလုံးလုပ္ခဲ့တဲ့အရာေတြအတြက္ ေက်းဇူးတင္ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ ဇာဗီ ဟာနန္ဒက္ဇ္၊ မက္စ္ အယ္လီဂရီ၊ စတီဗင္ ဂ်ရတ္၊ ကနာဗား႐ိုးတို႔နဲ႔ စကားေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ အိတ္ေတြက မထုပ္ပိုးထားပါဘူး။ ကြၽန္ေတာ္တို႔ အိမ္ျပန္ဖို႔ အဆင္သင့္မျဖစ္ေသးဘူး။ ကြၽန္ေတာ္တို႔ ေဘာလုံးကစားႏိုင္ၿပီး ကစားသမားေကာင္းေတြရွိတယ္ဆိုတာကို ကမာၻသိေအာင္ ျပသသြားမွာျဖစ္ၿပီး ကြင္းထဲမွာဘာေတြျဖစ္မလဲဆိုတာကို ၾကည့္ၾကတာေပ့ါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ပိုလန္နဲ႔ ျပင္သစ္တို႔ ေတြ႕ဆုံမယ့္ပြဲစဥ္မွာ အႏိုင္ရရွိတဲ့အသင္းက အဂၤလန္နဲ႔ ဆီနီေဂါတို႔ပြဲစဥ္က အႏိုင္ရရွိသူနဲ႔ ကြာတားဖိုင္နယ္အဆင့္မွာ ေတြ႕ဆုံသြားရမွာျဖစ္တာေၾကာင့္ ေမာ္ရင္ညိဳရဲ႕ အႀကံကသာ အမ္ဘာေပနဲ႔ ျပင္သစ္တို႔ကို ေစာေစာစီးစီး အိမ္ျပန္ရေအာင္ လုပ္ႏိုင္ခဲ့ရင္ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းအတြက္ ႀကီးမားတဲ့ မ်က္ႏွာေပးမႈ ျဖစ္လာမွာ ျဖစ္ပါတယ္။

မီညက္ဗိခ်္ရဲ႕ ရည္မွန္းခ်က္က အကန႔္အသတ္မရွိဘဲ ပိုလန္သာ လက္ရွိကမာၻ႔ခ်န္ပီယံေတြကို အႏိုင္ယူႏိုင္ခဲ့ရင္ဆိုရင္ ၂၀၂၂ ကမာၻ႔ဖလားကို မရရွိစရာ ဘာအေၾကာင္းအရင္းမွ ရွိေတာ့မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျပင္သစ္နဲ႔ကစားမယ့္ပြဲစဥ္ဟာ မိုင္းလုပ္သားေတြရဲ႕ အားလပ္ရက္နဲ႔ တိုက္ဆိုင္ေနၿပီး အသက္နဲ႔ရင္းၿပီး အလုပ္ျပင္းျပင္းထန္ထန္ ႀကိဳးစားေနတဲ့ မိုင္းလုပ္သားေတြရဲ႕ ပြဲေန႔မွာ ပိုလန္နည္းျပက အုပ္စုပြဲစဥ္ ၃ ပြဲစလုံးကထက္ တိုက္စစ္ကို ပိုမို ျမႇင့္တင္သြားမယ္လို႔ ကတိေပးခဲ့ပါတယ္။

“ကြၽန္ေတာ္ အားနည္းခ်က္ေတြကို ရွာေဖြေနခဲ့တာျဖစ္ေပမယ့္ ကြၽန္ေတာ္ ဘာမွ မေတြ႕ခဲ့ဘူး။ ပြဲစဥ္တိုင္းမွာ အမွားေတြ ျပဳလုပ္ခဲ့ၿပီး အဲဒီအခါက်ရင္ ၿပိဳင္ဘက္ေတြက အခြင့္ေကာင္းရယူဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲဒီအမွားေတြ ေပၚလာေအာင္ ကြင္းထဲမွာ သူတို႔ကို တစ္ခ်ိန္လုံး ဖိအားေပးဖို႔ ႀကိဳတင္ျပင္ဆင္ရမွာပါ။ ခံစစ္ပဲ ကစားတဲ့သူေတြက အခုဆိုရင္ အိမ္က တီဗြီမွာပဲ ၿပိဳင္ပြဲကို ၾကည့္ေနရပါၿပီ။ အခု ကြၽန္ေတာ္တို႔ ပိုၿပီး တိုက္စစ္ဆင္ခ်င္ေနၿပီး ဘာေတြျဖစ္လာမလဲဆိုတာကို ၾကည့္ၾကမယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.