International Premier League World Cup

ဂက်ခ်ပိုကို စိတ်ဝင်စားနေတဲ့ မန်ယူနိုက်တက်ကို ဝေဖန်လိုက်တဲ့ ဗန်ဒိုက်

နယ်သာလန်လက်ရွေးစင်နောက်ခံကစားသမား ဗန်ဒိုက်ဟာ မန်ချက်စတာယူနိုက်တက်ကို ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်လိုက်ပြီး ဂက်ခ်ပိုသာ ဒတ်ချ်လိဂ်ကို စွန့်ခွာဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် သရဲနီတွေအနေနဲ့ ပီအက်စ်ဗွီကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး အနည်းငယ်သာရှိတယ်လို့ အရိပ်အမြွက်ပြောကြားလိုက်တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ ကမ္ဘာ့ဖလားမှာ တောက်ပနေတဲ့ ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပြီး ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူပြီးနောက် ၎င်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်ထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။

ဂက်ခ်ပိုဟာ ယူအက်စ်အေကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့်လည်း လူးဝစ္စ ဗန်ဟားလ်ရဲ့အသင်းဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ် တောက်ပတဲ့ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဂက်ခ်ပိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း အဲရစ် တန်ဟက်က အိုင်းယက်စ်ကြယ်ပွင့် အန်တိုနီကို အာရုံပြောင်းသွားခဲ့ပြီးနောက် ပီအက်စ်ဗွီမှာပဲ ဆက်နေခဲ့တာဖြစ်ပါတယ်။

နေရာစုံကစားနိုင်တဲ့ ပီအက်စ်ဗွီကြယ်ပွင့်ရဲ့ တန်ဖိုးဟာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း တဟုန်ထိုး မြင့်တက်လာခဲ့တာဖြစ်ပြီး ဗန်ဒိုက်က မန်ယူနိုက်တက်ဟာ ဂက်ခ်ပိုကို ဥရောပထိပ်သီးအသင်းကြီးတွေသာ ခေါ်ယူဖို့ ကြိုးပမ်းလာမယ်ဆိုရင် ခေါ်ယူနိုင်ဖို့ အခွင့်အရေး အနည်းငယ်သာရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်က တူညီတဲ့အဆင့်အတန်းမှာရှိလို့လား”လို့ ဗန်ဒိုက်က ဂက်ခ်ပိုကို ဥရောပဟဲဗီးဝိတ်အသင်းတွေဆီကနေ စိတ်ဝင်စားမှု မြင့်တက်နေတဲ့အကြောင်း အသိပေးခြင်းခံခဲ့ရချိန်မှာ ပြောကြားခဲ့ပြီး “မလေးမစားလုပ်တာတော့မဟုတ်ပါဘူး။ လုံးဝ အဆင့်အတန်းချင်းမတူပါဘူး။ သူ့မှာ နောက်ထပ် ခြေလှမ်းရှိတယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါက ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ကျိန်းသေပါက် ခံစားနေရတယ်။ အဲဒါက ဆောင်းရာသီ ဒါမှမဟုတ် နွေရာသီလား ဒါမှမဟုတ် နောက်နှစ်လားဆိုတာတော့ အချိန်ကပဲ စကားပြောသွားပါလိမ့်မယ်”

“သူက အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားတဲ့ အရမ်းတော်တဲ့ ကောင်လေးပါ။ အရမ်းလည်း အရည်အချင်းရှိပြီး သူ့ဆီမှာ နောက်ထပ် အများကြီးရှိတာ သေချာပါတယ်။ ကျွန်တော်တို့အတွက် သူ ကောင်းကောင်းလုပ်ပေးနေတာကို စိတ်ကျေနပ်မိပါတယ်။ အဲဒီအတိုင်း ဆက်ပြီး ကြာကြာလုပ်ပေးနိုင်ပါစေ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယ္သာလန္လက္ေ႐ြးစင္ေနာက္ခံကစားသမား ဗန္ဒိုက္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ျပင္းထန္တဲ့ ေဝဖန္မႈေတြ ျပဳလုပ္လိုက္ၿပီး ဂက္ခ္ပိုသာ ဒတ္ခ်္လိဂ္ကို စြန႔္ခြာဖို႔ ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ သရဲနီေတြအေနနဲ႔ ပီအက္စ္ဗြီၾကယ္ပြင့္ကို ေခၚယူႏိုင္ဖို႔ အခြင့္အေရး အနည္းငယ္သာရွိတယ္လို႔ အရိပ္အႁမြက္ေျပာၾကားလိုက္တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ကမာၻ႔ဖလားမွာ ေတာက္ပေနတဲ့ ၾကယ္ပြင့္ေတြထဲက တစ္ဦးျဖစ္ၿပီး ၄ ပြဲမွာ ၃ ဂိုးအထိ သြင္းယူၿပီးေနာက္ ၎ရဲ႕ ဂုဏ္သတင္းကို ျမႇင့္တင္ထားႏိုင္တဲ့ ကစားသမား ျဖစ္ပါတယ္။

ဂက္ခ္ပိုဟာ ယူအက္စ္ေအကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိေပမယ့္လည္း လူးဝစၥ ဗန္ဟားလ္ရဲ႕အသင္းဟာ ကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့တဲ့ပြဲစဥ္မွာ ေနာက္ထပ္ ေတာက္ပတဲ့ေျခစြမ္းျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂက္ခ္ပိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း အဲရစ္ တန္ဟက္က အိုင္းယက္စ္ၾကယ္ပြင့္ အန္တိုနီကို အာ႐ုံေျပာင္းသြားခဲ့ၿပီးေနာက္ ပီအက္စ္ဗြီမွာပဲ ဆက္ေနခဲ့တာျဖစ္ပါတယ္။

ေနရာစုံကစားႏိုင္တဲ့ ပီအက္စ္ဗြီၾကယ္ပြင့္ရဲ႕ တန္ဖိုးဟာ ၿပီးခဲ့တဲ့ ၁၀ ရက္အတြင္း တဟုန္ထိုး ျမင့္တက္လာခဲ့တာျဖစ္ၿပီး ဗန္ဒိုက္က မန္ယူႏိုက္တက္ဟာ ဂက္ခ္ပိုကို ဥေရာပထိပ္သီးအသင္းႀကီးေတြသာ ေခၚယူဖို႔ ႀကိဳးပမ္းလာမယ္ဆိုရင္ ေခၚယူႏိုင္ဖို႔ အခြင့္အေရး အနည္းငယ္သာရွိတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရီးရဲလ္မက္ဒရစ္က တူညီတဲ့အဆင့္အတန္းမွာရွိလို႔လား”လို႔ ဗန္ဒိုက္က ဂက္ခ္ပိုကို ဥေရာပဟဲဗီးဝိတ္အသင္းေတြဆီကေန စိတ္ဝင္စားမႈ ျမင့္တက္ေနတဲ့အေၾကာင္း အသိေပးျခင္းခံခဲ့ရခ်ိန္မွာ ေျပာၾကားခဲ့ၿပီး “မေလးမစားလုပ္တာေတာ့မဟုတ္ပါဘူး။ လုံးဝ အဆင့္အတန္းခ်င္းမတူပါဘူး။ သူ႔မွာ ေနာက္ထပ္ ေျခလွမ္းရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒါက ျဖစ္လာႏိုင္တယ္လို႔ ကြၽန္ေတာ္ က်ိန္းေသပါက္ ခံစားေနရတယ္။ အဲဒါက ေဆာင္းရာသီ ဒါမွမဟုတ္ ေႏြရာသီလား ဒါမွမဟုတ္ ေနာက္ႏွစ္လားဆိုတာေတာ့ အခ်ိန္ကပဲ စကားေျပာသြားပါလိမ့္မယ္”

“သူက အလုပ္ျပင္းျပင္းထန္ထန္ ႀကိဳးစားတဲ့ အရမ္းေတာ္တဲ့ ေကာင္ေလးပါ။ အရမ္းလည္း အရည္အခ်င္းရွိၿပီး သူ႔ဆီမွာ ေနာက္ထပ္ အမ်ားႀကီးရွိတာ ေသခ်ာပါတယ္။ ကြၽန္ေတာ္တို႔အတြက္ သူ ေကာင္းေကာင္းလုပ္ေပးေနတာကို စိတ္ေက်နပ္မိပါတယ္။ အဲဒီအတိုင္း ဆက္ၿပီး ၾကာၾကာလုပ္ေပးႏိုင္ပါေစ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.