International World Cup

မာရာဒိုနာရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ရော်နယ်လ်ဒိုထက်သာသွားခဲ့တဲ့ ပွဲ ၁၀၀၀ မက်ဆီ

ပြီးခဲ့တဲ့ ဩစတေးလျနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီအနေနဲ့ စံချိန်သစ်တွေ ရရှိနိုင်ခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့လို့ သူ့အတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့လည်းဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှာ မန်စီးတီးရဲ့ ဟူလီယန် အယ်လ်ဗာရက်ဇ်နဲ့ အတွဲညီခဲ့တဲ့ မက်ဆီအနေနဲ့ ဒီနေ့မှာတော့ တွဲကစားနေကျ အသင်းဖော် အန်ဟဲလ် ဒီမာရီယာ မပါဝင်ဘဲ ကစားခဲ့ရတာဖြစ်ပြီး သူ့အစား ဝင်ကစားတဲ့ အာလေဟန်ဒရို ဂိုမက်ဇ်နဲ့ တွဲဖက်လို့ မရနိုင်တာကြောင့် ပွဲစအပိုင်းမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် လှပတဲ့ သွင်းဂိုးကိုတော့ ရယူပေးနိုင်ခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ဘယ်ခြေကန်ချက်ဟာ သူ့ရဲ့ အဓိက ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ရရှိထားတဲ့ ဂိုးစုစုပေါင်းမှာ တစ်ဂိုးသာလွန်သွားစေခဲ့တာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသားအတွက်တော့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမယ့် ရှုံးထွက်ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ဖို့ ဖိအားတွေပါ ရောက်ရှိလာနိုင်တာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ သူ့ရဲ့ မှတ်တမ်းဆိုးဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အုပ်စုအဆင့်ကို ကျော်တာနဲ့ ဂိုးမသွင်းနိုင်တော့တဲ့ အချက်ကိုလည်း ဒီနေ့မှာ ဩစတေးလျဘက်ကို ဂိုးသွင်းယူပြီး ရှုံးထွက်အဆင့် ပထမဆုံးသွင်းဂိုးကို ရရှိသွားခဲ့သလို ပြိုင်ပွဲ ၅ ကြိမ်မှာ သွင်းဂိုး ၉ ဂိုးအထိ ရှိလာခဲ့တာပါ။

အာဂျင်တီးနားအတွက် ပွဲပေါင်း ၁၆၄ ပွဲ ကစား ၉၄ ဂိုး သွင်းယူထားတဲ့ မက်ဆီဟာ ဒီနေ့မှာ သူ့ရဲ့ ကစားသမားဘဝ ပွဲ ၁၀၀၀ မြောက်ကိုလည်း ကစားခဲ့ရတာဖြစ်ပြီး ဒီပွဲမှာ ဂိုးတစ်ဂိုးနဲ့ အမှတ်အသားလုပ်နိုင်ခဲ့သလို နိုင်ငံရဲ့ နာမည်ကျော် သူရဲကောင်း ဒီယေဂို မာရာဒိုနာရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစံချိန် ကိုလည်း ဖြတ်ကျော်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိကမ္ဘာ့ဖလားမှာ သွင်းဂိုး ၃ ဂိုးနဲ့ အကောင်းဆုံး ကစားသမားဆု ၂ ကြိမ် ရရှိထားခဲ့တဲ့ မက်ဆီအနေနဲ့ သူတို့ရဲ့ အာဂျင်တီးနားအသင်းကို ဗိုလ်စွဲတဲ့အထိ ထမ်းတင်ပေးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေနဲ့ ပရိသတ်အတော်များများကလည်း ချီးကျူးမျှော်လင့်နေကြပြီး တစ်ပွဲထက်တစ်ပွဲ ပုံစံကျလာတဲ့ မိုးပြာနဲ့ အဖြူကျားတွေရဲ့ စွမ်းဆောင်ရည်အရလည်း ရင်ခုန်နိုင်မှာပါ။

အာဂျင်တီးနားတို့အနေနဲ့ လာမယ့် ကွာတားဖိုင်နယ်အဆင့်မှာတော့ ရှုံးထွက်အဆင့်ကို တစ်နေ့တည်း ကစားခဲ့တဲ့ နယ်သာလန်အသင်းနဲ့ တွေ့ဆုံနေပြီး ခြေရည်ချင်း သိပ်မကွာတဲ့ အသင်းကြီးတစ်သင်းနဲ့ ပထမဆုံး ရင်ဆိုင်ရမယ့်အချိန်မှာ မက်ဆီအနေနဲ့ သူ့လူတွေကို ဦးဆောင်ပြီး ဖြတ်ကျော်သွားနိုင်လိမ့်ဦးမယ်လို့လည်း ယုံကြည်နေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ဩစေတးလ်နဲ႔ ၂၀၂၂ ကမာၻ႔ဖလား ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္မွာ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီအေနနဲ႔ စံခ်ိန္သစ္ေတြ ရရွိႏိုင္ခဲ့ၿပီး ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အေကာင္းဆုံး ကစားသမားဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့လို႔ သူ႔အတြက္ မဂၤလာရွိတဲ့ ေန႔တစ္ေန႔လည္းျဖစ္ခဲ့ပါတယ္။

အာဂ်င္တီးနားတိုက္စစ္မွာ မန္စီးတီးရဲ႕ ဟူလီယန္ အယ္လ္ဗာရက္ဇ္နဲ႔ အတြဲညီခဲ့တဲ့ မက္ဆီအေနနဲ႔ ဒီေန႔မွာေတာ့ တြဲကစားေနက် အသင္းေဖာ္ အန္ဟဲလ္ ဒီမာရီယာ မပါဝင္ဘဲ ကစားခဲ့ရတာျဖစ္ၿပီး သူ႔အစား ဝင္ကစားတဲ့ အာေလဟန္ဒ႐ို ဂိုမက္ဇ္နဲ႔ တြဲဖက္လို႔ မရႏိုင္တာေၾကာင့္ ပြဲစအပိုင္းမွာ အနည္းငယ္ ႐ုန္းကန္ခဲ့ရေပမယ့္ လွပတဲ့ သြင္းဂိုးကိုေတာ့ ရယူေပးႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာ သြင္းယူခဲ့တဲ့ ဘယ္ေျခကန္ခ်က္ဟာ သူ႔ရဲ႕ အဓိက ၿပိဳင္ဘက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ရရွိထားတဲ့ ဂိုးစုစုေပါင္းမွာ တစ္ဂိုးသာလြန္သြားေစခဲ့တာျဖစ္ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီသားအတြက္ေတာ့ ဆြစ္ဇာလန္နဲ႔ ရင္ဆိုင္ရမယ့္ ရႈံးထြက္ပြဲစဥ္မွာ ေျခစြမ္းျပႏိုင္ဖို႔ ဖိအားေတြပါ ေရာက္ရွိလာႏိုင္တာျဖစ္ပါတယ္။

မက္ဆီအေနနဲ႔ သူ႔ရဲ႕ မွတ္တမ္းဆိုးျဖစ္တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ အုပ္စုအဆင့္ကို ေက်ာ္တာနဲ႔ ဂိုးမသြင္းႏိုင္ေတာ့တဲ့ အခ်က္ကိုလည္း ဒီေန႔မွာ ဩစေတးလ်ဘက္ကို ဂိုးသြင္းယူၿပီး ရႈံးထြက္အဆင့္ ပထမဆုံးသြင္းဂိုးကို ရရွိသြားခဲ့သလို ၿပိဳင္ပြဲ ၅ ႀကိမ္မွာ သြင္းဂိုး ၉ ဂိုးအထိ ရွိလာခဲ့တာပါ။

အာဂ်င္တီးနားအတြက္ ပြဲေပါင္း ၁၆၄ ပြဲ ကစား ၉၄ ဂိုး သြင္းယူထားတဲ့ မက္ဆီဟာ ဒီေန႔မွာ သူ႔ရဲ႕ ကစားသမားဘဝ ပြဲ ၁၀၀၀ ေျမာက္ကိုလည္း ကစားခဲ့ရတာျဖစ္ၿပီး ဒီပြဲမွာ ဂိုးတစ္ဂိုးနဲ႔ အမွတ္အသားလုပ္ႏိုင္ခဲ့သလို ႏိုင္ငံရဲ႕ နာမည္ေက်ာ္ သူရဲေကာင္း ဒီေယဂို မာရာဒိုနာရဲ႕ ကမာၻ႔ဖလားသြင္းဂိုးစံခ်ိန္ ကိုလည္း ျဖတ္ေက်ာ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိကမာၻ႔ဖလားမွာ သြင္းဂိုး ၃ ဂိုးနဲ႔ အေကာင္းဆုံး ကစားသမားဆု ၂ ႀကိမ္ ရရွိထားခဲ့တဲ့ မက္ဆီအေနနဲ႔ သူတို႔ရဲ႕ အာဂ်င္တီးနားအသင္းကို ဗိုလ္စြဲတဲ့အထိ ထမ္းတင္ေပးႏိုင္လိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြနဲ႔ ပရိသတ္အေတာ္မ်ားမ်ားကလည္း ခ်ီးက်ဴးေမွ်ာ္လင့္ေနၾကၿပီး တစ္ပြဲထက္တစ္ပြဲ ပုံစံက်လာတဲ့ မိုးျပာနဲ႔ အျဖဴက်ားေတြရဲ႕ စြမ္းေဆာင္ရည္အရလည္း ရင္ခုန္ႏိုင္မွာပါ။

အာဂ်င္တီးနားတို႔အေနနဲ႔ လာမယ့္ ကြာတားဖိုင္နယ္အဆင့္မွာေတာ့ ရႈံးထြက္အဆင့္ကို တစ္ေန႔တည္း ကစားခဲ့တဲ့ နယ္သာလန္အသင္းနဲ႔ ေတြ႕ဆုံေနၿပီး ေျခရည္ခ်င္း သိပ္မကြာတဲ့ အသင္းႀကီးတစ္သင္းနဲ႔ ပထမဆုံး ရင္ဆိုင္ရမယ့္အခ်ိန္မွာ မက္ဆီအေနနဲ႔ သူ႔လူေတြကို ဦးေဆာင္ၿပီး ျဖတ္ေက်ာ္သြားႏိုင္လိမ့္ဦးမယ္လို႔လည္း ယုံၾကည္ေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.