International World Cup

အာဂျင်တီးနားကို အံ့အားသင့်ဖွယ်ဖျက်ထုတ်မှုနဲ့ကယ်တင်ခဲ့တဲ့ မာတီနက်ဇ်

လီဆန်ဒရို မာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းကို အချိန်ပိုထိ ဆွဲခေါ်သွားနိုင်တဲ့ သြစတြေးလျရဲ့ နောက်ကျ ချေပဂိုးကို ငြင်းပယ်ဖို့ အံ့အားသင့်ဖွယ် ဖျက်ထုတ်မှုကို ပြုလုပ်ခဲ့ပါတယ်။

စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ သြစတြေးလျတို့ရဲ့ ပွဲစဉ်မှာ လီယွန်နယ် မက်ဆီရဲ့ အသင်းဟာ အနိုင်ရရှိဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ပေမယ့်လည်း သြစတြေးလျက ကြောက်ရွံ့ခြင်းမရှိဘဲ မာမာထန်ထန်ပဲ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

မက်ဆီက ၃၅ မိနစ်မှာ အာဂျင်တီးနားအသင်းအတွက် အလွန်လှပတဲ့သွင်းဂိုးနဲ့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ၅၇ မိနစ်မှာ ယူလီယန် အဲဗရက်ဇ်က သြစတြေးလျဂိုးသမား မက်သရူး ရိုင်ယန်ရဲ့ ဆိုးရွားတဲ့အမှားကနေတဆင့် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

သြစတြေးလျအသင်းဟာ ခရိတ်ဂျ် ဂွတ်ဒ်ဝင်းရဲ့ ကန်သွင်းချက်ဟာ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ထိပြီး ဂိုးထဲဝင်သွားခဲ့ပြီးနောက် ချေပဂိုး ရရှိခဲ့တာဖြစ်ပြီး ပွဲပြီးဝီစီမှုတ်ဖို့ နီးကပ်လာတဲ့အချိန်မှာ သြစတြေးလျဟာ အချိန်ပိုထိ ဆက်သွားနိုင်မယ့် ကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ မိနစ် ၈၀ မှာ သြစတြေးလျ ဘယ်နောက်ခံလူ အဇိဇ် ဘီဟစ်ချ်ရဲ့ ပင်နယ်တီဧရိယာအတွင်းက ကန်သွင်းချက်ကို မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ရဲ့ အံ့အားသင့်ဖွယ် ဖျက်ထုတ်နိုင်မှုကြောင့် ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဘီဟစ်ချ်ဟာ ဘောလုံးကို ရယူခဲ့ပြီး အာဂျင်တီးနား ခံစစ်ဧရိယာထဲကို လျင်မြန်တဲ့ ပြေးနှုန်းနဲ့ ထိုးဖောက်လာခဲ့ပြီးနောက် အိုတာမန်ဒီကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း ဂိုးကန်သွင်းဖို့ ကြိုးပမ်းခဲ့ချိန်မှာတော့ မာတီနက်ဇ်က ဂိုးကန်သွင်းချက်ကို ပိတ်ဆို့ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်နောက်ခံလူရဲ့ အံ့အားသင့်ဖွယ် ဖျက်ထုတ်မှုကို လူမှုကွန်ရက်ပေါ်မှာ လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြပြီး “သူ အမြဲတမ်း တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံစံကို နှစ်သက်မိတယ်။ အရမ်းကောင်းတဲ့ကစားသမား”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “သားသတ်သမားကတော့ သားသတ်သမားလုပ်ရမယ့်အရာတွေကို လုပ်နေတာပဲ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ လီဆန်ဒရို မာတီနက်ဇ်ရဲ့ ကယ်တင်မှုကြောင့် သြစတြေးလျကို ၂-၁ နဲ့ ခက်ခက်ခဲခဲအနိုင်ရရှိခဲ့ပြီး လက်ရှိမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ယူအက်စ်အေကို ၃-၁ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်လာတဲ့ နယ်သာလန်နဲ့ နောက်ထပ် ခက်ခဲတဲ့စမ်းသပ်မှုကို ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဆန္ဒ႐ို မာတီနက္ဇ္ဟာ အာဂ်င္တီးနားအသင္းကို အခ်ိန္ပိုထိ ဆြဲေခၚသြားႏိုင္တဲ့ ၾသစေၾတးလ်ရဲ႕ ေနာက္က် ေခ်ပဂိုးကို ျငင္းပယ္ဖို႔ အံ့အားသင့္ဖြယ္ ဖ်က္ထုတ္မႈကို ျပဳလုပ္ခဲ့ပါတယ္။

စေနေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အာဂ်င္တီးနားနဲ႔ ၾသစေၾတးလ်တို႔ရဲ႕ ပြဲစဥ္မွာ လီယြန္နယ္ မက္ဆီရဲ႕ အသင္းဟာ အႏိုင္ရရွိဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ေပမယ့္လည္း ၾသစေၾတးလ်က ေၾကာက္႐ြံ႕ျခင္းမရွိဘဲ မာမာထန္ထန္ပဲ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

မက္ဆီက ၃၅ မိနစ္မွာ အာဂ်င္တီးနားအသင္းအတြက္ အလြန္လွပတဲ့သြင္းဂိုးနဲ႔ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီး ၅၇ မိနစ္မွာ ယူလီယန္ အဲဗရက္ဇ္က ၾသစေၾတးလ်ဂိုးသမား မက္သ႐ူး ႐ိုင္ယန္ရဲ႕ ဆိုး႐ြားတဲ့အမွားကေနတဆင့္ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ၾသစေၾတးလ်အသင္းဟာ ခရိတ္ဂ်္ ဂြတ္ဒ္ဝင္းရဲ႕ ကန္သြင္းခ်က္ဟာ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ ထိၿပီး ဂိုးထဲဝင္သြားခဲ့ၿပီးေနာက္ ေခ်ပဂိုး ရရွိခဲ့တာျဖစ္ၿပီး ပြဲၿပီးဝီစီမႈတ္ဖို႔ နီးကပ္လာတဲ့အခ်ိန္မွာ ၾသစေၾတးလ်ဟာ အခ်ိန္ပိုထိ ဆက္သြားႏိုင္မယ့္ ႀကီးမားတဲ့အခြင့္အေရးႀကီးတစ္ခုကို ဖန္တီးႏိုင္ခဲ့တာျဖစ္ပါတယ္။ မိနစ္ ၈၀ မွာ ၾသစေၾတးလ် ဘယ္ေနာက္ခံလူ အဇိဇ္ ဘီဟစ္ခ်္ရဲ႕ ပင္နယ္တီဧရိယာအတြင္းက ကန္သြင္းခ်က္ကို မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္ရဲ႕ အံ့အားသင့္ဖြယ္ ဖ်က္ထုတ္ႏိုင္မႈေၾကာင့္ ျငင္းပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဘီဟစ္ခ်္ဟာ ေဘာလုံးကို ရယူခဲ့ၿပီး အာဂ်င္တီးနား ခံစစ္ဧရိယာထဲကို လ်င္ျမန္တဲ့ ေျပးႏႈန္းနဲ႔ ထိုးေဖာက္လာခဲ့ၿပီးေနာက္ အိုတာမန္ဒီကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္လည္း ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းခဲ့ခ်ိန္မွာေတာ့ မာတီနက္ဇ္က ဂိုးကန္သြင္းခ်က္ကို ပိတ္ဆို႔ကာကြယ္သြားခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူရဲ႕ အံ့အားသင့္ဖြယ္ ဖ်က္ထုတ္မႈကို လူမႈကြန္ရက္ေပၚမွာ လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကၿပီး “သူ အၿမဲတမ္း တိုက္ပြဲဝင္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ပုံစံကို ႏွစ္သက္မိတယ္။ အရမ္းေကာင္းတဲ့ကစားသမား”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “သားသတ္သမားကေတာ့ သားသတ္သမားလုပ္ရမယ့္အရာေတြကို လုပ္ေနတာပဲ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာ လီဆန္ဒ႐ို မာတီနက္ဇ္ရဲ႕ ကယ္တင္မႈေၾကာင့္ ၾသစေၾတးလ်ကို ၂-၁ နဲ႔ ခက္ခက္ခဲခဲအႏိုင္ရရွိခဲ့ၿပီး လက္ရွိမွာေတာ့ ၂၀၂၂ ကမာၻ႔ဖလား ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီ ျဖစ္ေပမယ့္လည္း ယူအက္စ္ေအကို ၃-၁ နဲ႔ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္တက္လာတဲ့ နယ္သာလန္နဲ႔ ေနာက္ထပ္ ခက္ခဲတဲ့စမ္းသပ္မႈကို ရင္ဆိုင္သြားရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.