International Match Report World Cup

မက်ဆီရဲ့ ရုန်းအားနဲ့ အော်ဆီကို ထိုက်ထိုက်တန်တန် ကျော်ဖြတ်ခဲ့တဲ့ အာဂျင်တီးနား

အာဂျင်တီးနားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ရိုမဲရိုး၊ အော့တာမန်ဒီ၊ မိုလီနာနဲ့ အကူညာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဇို ဖာနန်ဒက်ဇ်၊ ဒီပေါလ်နဲ့ မက္ကယ်လစ္စတာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်ဆီ၊ အယ်လ်ဗာရက်ဇ်နဲ့ ပါပု ဂိုမက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဩစတေးလျအသင်းကတော့ ဂိုးသမား ရိုင်ယန်၊ ခံစစ်မှာ ဆူတာ၊ ရိုးလ်စ်၊ ဒီဂျင်နက်ခ်၊ ဘီဟစ်ချ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မွိုင်း၊ ဘက်ကပ်စ်၊ လက်ကီးနဲ့ မက်ဂရီးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျုခ်နဲ့ အာဗင်းတို့နှစ်ဦးကို တင်ကစားလာခဲ့တာပါ။

ပွဲစတာနဲ့ အာဂျင်တီးနားတို့ ဘောလုံးကိုင်ကစားပြီး တိုက်စစ်ဆင်ခဲ့သလို ဒီမာရီယာ မပါချိန်မှာ တောင်ပံတိုက်စစ်ကို ဘယ်ခြမ်းက ဂိုမက်ဇ်က ဦးဆောင်ခဲ့ပေမယ့် နည်းပြ စကာလိုနီရဲ့ လွဲမှားမှုတစ်ခုဖြစ်ခဲ့တဲ့ အဘိုးကြီးတွေကို တောင်ပံမှာ ရုန်းခိုင်းနေခဲ့ချိန်မျိုးမှာ ဩစတေးလျကတော့ အတင်းဝင် အတင်းဖျက်နဲ့ ကစားခဲ့ပြီး ရပ်တန့်ဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။

အကူညာကို ကြမ်းကြမ်းတမ်းတမ်းဖျက်ခဲ့တဲ့ ဩစတေးလျကွင်းလယ်လူ အာဗင်းကို ပိုလန်ဒိုင်လူကြီး မာစီနီယက်ခ်က အဝါပြခဲ့ပေမယ့် တခြား ကြမ်းတမ်းမှုတွေနဲ့ ဆုံးဖြတ်ချက်တွေမှာ အာဂျင်တီးနားတို့ကို လုံလောက်အောင် အကာအကွယ် မပေးခဲ့လို့ အကောင်သေးတဲ့ တောင်အမေရိကသားတွေ ရုန်းကန်ခဲ့ရပြီး ကွင်းလယ်က ဘေးတိုက်နောက်ပြန် ဒီပေါလ်ရဲ့ ပေးပို့မှုတွေကလည်း တိုက်စစ်ကို အထောက်အကူပြုနိုင်မှု နည်းနေခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ အာဂျင်တီးနားတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရတဲ့ ဖရီးကစ်ကနေ မက်ဆီ စတင်ခဲ့တဲ့ ဘောလုံးကို မက္ကယ်လစ္စတာက ဧရိယာထဲကို ထည့်ပေးရာမှာ အော့တာမန်ဒီက တစ်ချက်ထိန်းပြီး တည်ပေးတာကို အချိန်ကိုက် ရောက်လာခဲ့တဲ့ မက်ဆီက အော်ဆီခံစစ်တွေရဲ့ ခြေထောက်ကြားကနေ ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာ အကူညာကိုပဲ လေထဲမှာ ကြမ်းတမ်းခဲ့တဲ့ အော်ဆီညာနောက်ခံလူ ဒီဂျင်နက်ခ် အဝါထိခဲ့ပြန်ပြီး ဒီအတွက်များ ဒိုင်လူကြီးက အားနာသွားသလား မသိတော့ဘဲ လက်ကျန်ပွဲချိန်တွေမှာ နောက်ထပ် အဝါထိသင့်တဲ့ ဖျက်ထုတ်မှုတွေအားလုံးကို သည်းခံသွားခဲ့တာကတော့ စိတ်ပျက်ဖွယ် တွေ့မြင်ခဲ့ရသလို ပထမပိုင်းမှာတော့ အာဂျင်တီးနားတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် မိနစ် ၅၀ မှာ ပါပု ဂိုမက်ဇ်အစား လီဆန်ဒရို မာတီနက်ဇ်ကို အာဂျင်တီးနားတို့ ထည့်သွင်းလာခဲ့ပြီး အကူညာက တောင်ပံတက်ကစားချိန်မှာ မက်ဆီကတော့ အလယ်ကြောတည့်တည့်ကနေ ထိုးဖောက်ရုန်းပြနေခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာတော့ အော်တာမန်ဒီရဲ့ ရှေ့မကြည့်နောက်မကြည့် ရောင်းချမှုကို ဂိုးသမား မာတီနက်ဇ် ရှင်းထုတ်နိုင်ခဲ့လို့သာ ဂိုးပြန်မပေးခဲ့ရတာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ အာဂျင်တီးနားတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဩစတေးလျခံစစ်က နောက်ပြန်ပေးတာကို စောစောစီးစီး ရှင်းထုတ်ရမယ့်အစား ဆရာကြီးအထာနဲ့ လိမ်ခေါက်ဖို့ ကြိုးစားတဲ့ ဂိုးသမား ရိုင်ယန်ဆီကနေ ဒီပေါလ်က ဝင်လုရာမှာ ပျက်ခါနီးဆဲဆဲ ဘောလုံးကို အယ်လ်ဗာရက်ဇ်က ဖြတ်ယူနိုင်ခဲ့ပြီး အလျင်အမြန် လှည့်ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ ဩစတေးလျဘက်က ဘက်ကပ်စ်၊ မက်ဂရီး၊ လက်ကီး၊ ဂျုခ်နဲ့ ဒီဂျင်နက်ခ်တို့အစား ဂွတ်ဒွင်၊ ဟရူးစတစ်ချ်၊ ကူယိုးလ်၊ မက္ကလာရင်နဲ့ ကာရာချစ်ချ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့သလို အာဂျင်တီးနားတို့ကတော့ ဂိုးသွင်းရှင် အယ်လ်ဗာရက်ဇ်အစား လော်တာရို မာတီနက်ဇ်နဲ့ အကူညာအစား တာဂလီယာဖီကိုတို့ကို ထည့်သွင်းသွားခဲ့ကြပြီး သူတို့ရဲ့ ဘယ်ခြမ်းကတော့ တဖြည်းဖြည်းနဲ့ စိတ်ပျက်စရာဖြစ်လာခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘောလုံးခင်းပေးတဲ့ လော်တာရို မာတီနက်ဇ်ကို တက်နင်းတဲ့ အာဗင်းအနေနဲ့ ဒုတိယအဝါ မထိခဲ့တာက ဒိုင်လူကြီးရဲ့ ရုပ်ပျက်ဆင်းပျက် သက်ညှာမှုဖြစ်ခဲ့ပြီး ဒီဖြစ်ရပ်မှာ မာတီနက်ဇ်နဲ့ တာဂလီယာဖီကိုတို့ နှစ်ဦးတည်း ကောင်တာဖောက်လာချိန်မှာ တိုက်စစ်ဆင်မှုကို ထိခိုက်တဲ့ ဖျက်ထုတ်မှုကို အော်ဆီတို့ ကျူးလွန်ခဲ့ချိန်မှာ ပိုလန်ဒိုင်ကတော့ နှစ်ဝါတစ်နီ မပြဘဲ မျက်ကွယ်ပြုသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ကွင်းထဲမှာ ၁၁ ယောက် ဆက်ရှိခွင့်ရသွားတဲ့ ဩစတေးလျတို့ ချေပဂိုးတစ်ဂိုး ပြန်ရသွားခဲ့ကြပြီး ဘယ်ခြမ်းက ဖြတ်တင်ဘောကို ကလေးအထာနဲ့ လှမ်းတားတဲ့ လီဆန်ဒရို မာတီနက်ဇ်ကြောင့် ပြန်ထွက်လာတဲ့ ဘောလုံးကို တစ်ဖက်က တောင်ပံသမား ဂွတ်ဒွင်က အေးအေးဆေးဆေး စိတ်ကြိုက်ကန်ခွင့်ရသွားခဲ့ချိန်မှာ ကန်ချက်က အန်ဇို ဖာနန်ဒက်ဇ်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ မက်ဆီရဲ့ ဖန်တီးမှုတွေကနေ နှစ်ဂိုးလောက် အနည်းဆုံး ရနိုင်ခဲ့ပေမယ့် ခေါင်းကြီး မက်ဂွိုင်းယားလောက်တောင် မစွမ်းတဲ့ ဘုရားစူးတိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က အကြိမ်ကြိမ် ဖြုန်းတီးပစ်ခဲ့တာကြောင့် အာဂျင်တီးနားတို့ ဂိုးထပ်မရဘဲ စိတ်ပျက်ခဲ့ရသလို တစ်ဂိုးသာ ကွာတော့တဲ့ ဦးဆောင်မှုကို အော်ဆီတို့ ပြန်ချေပမသွားနိုင်အောင် ပွဲချိန်ပြည့်တဲ့အထိ ဝိုင်းဝန်းရုန်းကန်ခဲ့ကြရတာဖြစ်ပါတယ်။

မက်ဆီကို အားနာစရာကောင်းလွန်းခဲ့တဲ့ ဒီနေ့ပွဲရဲ့ နာကျင်အချိန်ပို ၇ မိနစ်အပြီးမှာတော့ အာဂျင်တီးနားတို့က ဩစတေးလျတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံ ကျော်ဖြတ်သွားနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို တစ်ဖက်က စောင့်ကြိုနေတဲ့ နယ်သာလန်တို့နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ တွေ့ဆုံမယ့် ပွဲကျရင်တော့ ဒီနေ့လိုမျိုး ဖြုန်းတီးမှုတွေ ထပ်မမြင်ရဖို့ ဒီဘားလားနဲ့ ကော်ရီးယားတို့လို တိုက်စစ်မှူးတွေရဲ့ တာဝန်ခွဲဝေယူမှုတွေကို ပရိသတ်တွေက မျှော်လင့်နေကြမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီမီ မာတီနက္ဇ္၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ေအာ့တာမန္ဒီ၊ မိုလီနာနဲ႔ အကူညာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဇို ဖာနန္ဒက္ဇ္၊ ဒီေပါလ္နဲ႔ မကၠယ္လစၥတာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီ၊ အယ္လ္ဗာရက္ဇ္နဲ႔ ပါပု ဂိုမက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဩစေတးလ်အသင္းကေတာ့ ဂိုးသမား ႐ိုင္ယန္၊ ခံစစ္မွာ ဆူတာ၊ ႐ိုးလ္စ္၊ ဒီဂ်င္နက္ခ္၊ ဘီဟစ္ခ်္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ မြိဳင္း၊ ဘက္ကပ္စ္၊ လက္ကီးနဲ႔ မက္ဂရီးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ဳခ္နဲ႔ အာဗင္းတို႔ႏွစ္ဦးကို တင္ကစားလာခဲ့တာပါ။

ပြဲစတာနဲ႔ အာဂ်င္တီးနားတို႔ ေဘာလုံးကိုင္ကစားၿပီး တိုက္စစ္ဆင္ခဲ့သလို ဒီမာရီယာ မပါခ်ိန္မွာ ေတာင္ပံတိုက္စစ္ကို ဘယ္ျခမ္းက ဂိုမက္ဇ္က ဦးေဆာင္ခဲ့ေပမယ့္ နည္းျပ စကာလိုနီရဲ႕ လြဲမွားမႈတစ္ခုျဖစ္ခဲ့တဲ့ အဘိုးႀကီးေတြကို ေတာင္ပံမွာ ႐ုန္းခိုင္းေနခဲ့ခ်ိန္မ်ိဳးမွာ ဩစေတးလ်ကေတာ့ အတင္းဝင္ အတင္းဖ်က္နဲ႔ ကစားခဲ့ၿပီး ရပ္တန႔္ဖို႔ ႀကိဳးစားလာခဲ့တာျဖစ္ပါတယ္။

အကူညာကို ၾကမ္းၾကမ္းတမ္းတမ္းဖ်က္ခဲ့တဲ့ ဩစေတးလ်ကြင္းလယ္လူ အာဗင္းကို ပိုလန္ဒိုင္လူႀကီး မာစီနီယက္ခ္က အဝါျပခဲ့ေပမယ့္ တျခား ၾကမ္းတမ္းမႈေတြနဲ႔ ဆုံးျဖတ္ခ်က္ေတြမွာ အာဂ်င္တီးနားတို႔ကို လုံေလာက္ေအာင္ အကာအကြယ္ မေပးခဲ့လို႔ အေကာင္ေသးတဲ့ ေတာင္အေမရိကသားေတြ ႐ုန္းကန္ခဲ့ရၿပီး ကြင္းလယ္က ေဘးတိုက္ေနာက္ျပန္ ဒီေပါလ္ရဲ႕ ေပးပို႔မႈေတြကလည္း တိုက္စစ္ကို အေထာက္အကူျပဳႏိုင္မႈ နည္းေနခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရတဲ့ ဖရီးကစ္ကေန မက္ဆီ စတင္ခဲ့တဲ့ ေဘာလုံးကို မကၠယ္လစၥတာက ဧရိယာထဲကို ထည့္ေပးရာမွာ ေအာ့တာမန္ဒီက တစ္ခ်က္ထိန္းၿပီး တည္ေပးတာကို အခ်ိန္ကိုက္ ေရာက္လာခဲ့တဲ့ မက္ဆီက ေအာ္ဆီခံစစ္ေတြရဲ႕ ေျခေထာက္ၾကားကေန ဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာ အကူညာကိုပဲ ေလထဲမွာ ၾကမ္းတမ္းခဲ့တဲ့ ေအာ္ဆီညာေနာက္ခံလူ ဒီဂ်င္နက္ခ္ အဝါထိခဲ့ျပန္ၿပီး ဒီအတြက္မ်ား ဒိုင္လူႀကီးက အားနာသြားသလား မသိေတာ့ဘဲ လက္က်န္ပြဲခ်ိန္ေတြမွာ ေနာက္ထပ္ အဝါထိသင့္တဲ့ ဖ်က္ထုတ္မႈေတြအားလုံးကို သည္းခံသြားခဲ့တာကေတာ့ စိတ္ပ်က္ဖြယ္ ေတြ႕ျမင္ခဲ့ရသလို ပထမပိုင္းမွာေတာ့ အာဂ်င္တီးနားတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာ ပါပု ဂိုမက္ဇ္အစား လီဆန္ဒ႐ို မာတီနက္ဇ္ကို အာဂ်င္တီးနားတို႔ ထည့္သြင္းလာခဲ့ၿပီး အကူညာက ေတာင္ပံတက္ကစားခ်ိန္မွာ မက္ဆီကေတာ့ အလယ္ေၾကာတည့္တည့္ကေန ထိုးေဖာက္႐ုန္းျပေနခဲ့သလို ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ေအာ္တာမန္ဒီရဲ႕ ေရွ႕မၾကည့္ေနာက္မၾကည့္ ေရာင္းခ်မႈကို ဂိုးသမား မာတီနက္ဇ္ ရွင္းထုတ္ႏိုင္ခဲ့လို႔သာ ဂိုးျပန္မေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဩစေတးလ်ခံစစ္က ေနာက္ျပန္ေပးတာကို ေစာေစာစီးစီး ရွင္းထုတ္ရမယ့္အစား ဆရာႀကီးအထာနဲ႔ လိမ္ေခါက္ဖို႔ ႀကိဳးစားတဲ့ ဂိုးသမား ႐ိုင္ယန္ဆီကေန ဒီေပါလ္က ဝင္လုရာမွာ ပ်က္ခါနီးဆဲဆဲ ေဘာလုံးကို အယ္လ္ဗာရက္ဇ္က ျဖတ္ယူႏိုင္ခဲ့ၿပီး အလ်င္အျမန္ လွည့္ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ဩစေတးလ်ဘက္က ဘက္ကပ္စ္၊ မက္ဂရီး၊ လက္ကီး၊ ဂ်ဳခ္နဲ႔ ဒီဂ်င္နက္ခ္တို႔အစား ဂြတ္ဒြင္၊ ဟ႐ူးစတစ္ခ်္၊ ကူယိုးလ္၊ မကၠလာရင္နဲ႔ ကာရာခ်စ္ခ်္တို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို အာဂ်င္တီးနားတို႔ကေတာ့ ဂိုးသြင္းရွင္ အယ္လ္ဗာရက္ဇ္အစား ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ အကူညာအစား တာဂလီယာဖီကိုတို႔ကို ထည့္သြင္းသြားခဲ့ၾကၿပီး သူတို႔ရဲ႕ ဘယ္ျခမ္းကေတာ့ တျဖည္းျဖည္းနဲ႔ စိတ္ပ်က္စရာျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ေဘာလုံးခင္းေပးတဲ့ ေလာ္တာ႐ို မာတီနက္ဇ္ကို တက္နင္းတဲ့ အာဗင္းအေနနဲ႔ ဒုတိယအဝါ မထိခဲ့တာက ဒိုင္လူႀကီးရဲ႕ ႐ုပ္ပ်က္ဆင္းပ်က္ သက္ညႇာမႈျဖစ္ခဲ့ၿပီး ဒီျဖစ္ရပ္မွာ မာတီနက္ဇ္နဲ႔ တာဂလီယာဖီကိုတို႔ ႏွစ္ဦးတည္း ေကာင္တာေဖာက္လာခ်ိန္မွာ တိုက္စစ္ဆင္မႈကို ထိခိုက္တဲ့ ဖ်က္ထုတ္မႈကို ေအာ္ဆီတို႔ က်ဴးလြန္ခဲ့ခ်ိန္မွာ ပိုလန္ဒိုင္ကေတာ့ ႏွစ္ဝါတစ္နီ မျပဘဲ မ်က္ကြယ္ျပဳသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ကြင္းထဲမွာ ၁၁ ေယာက္ ဆက္ရွိခြင့္ရသြားတဲ့ ဩစေတးလ်တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္ရသြားခဲ့ၾကၿပီး ဘယ္ျခမ္းက ျဖတ္တင္ေဘာကို ကေလးအထာနဲ႔ လွမ္းတားတဲ့ လီဆန္ဒ႐ို မာတီနက္ဇ္ေၾကာင့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို တစ္ဖက္က ေတာင္ပံသမား ဂြတ္ဒြင္က ေအးေအးေဆးေဆး စိတ္ႀကိဳက္ကန္ခြင့္ရသြားခဲ့ခ်ိန္မွာ ကန္ခ်က္က အန္ဇို ဖာနန္ဒက္ဇ္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ မက္ဆီရဲ႕ ဖန္တီးမႈေတြကေန ႏွစ္ဂိုးေလာက္ အနည္းဆုံး ရႏိုင္ခဲ့ေပမယ့္ ေခါင္းႀကီး မက္ဂြိဳင္းယားေလာက္ေတာင္ မစြမ္းတဲ့ ဘုရားစူးတိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္က အႀကိမ္ႀကိမ္ ျဖဳန္းတီးပစ္ခဲ့တာေၾကာင့္ အာဂ်င္တီးနားတို႔ ဂိုးထပ္မရဘဲ စိတ္ပ်က္ခဲ့ရသလို တစ္ဂိုးသာ ကြာေတာ့တဲ့ ဦးေဆာင္မႈကို ေအာ္ဆီတို႔ ျပန္ေခ်ပမသြားႏိုင္ေအာင္ ပြဲခ်ိန္ျပည့္တဲ့အထိ ဝိုင္းဝန္း႐ုန္းကန္ခဲ့ၾကရတာျဖစ္ပါတယ္။

မက္ဆီကို အားနာစရာေကာင္းလြန္းခဲ့တဲ့ ဒီေန႔ပြဲရဲ႕ နာက်င္အခ်ိန္ပို ၇ မိနစ္အၿပီးမွာေတာ့ အာဂ်င္တီးနားတို႔က ဩစေတးလ်တို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံ ေက်ာ္ျဖတ္သြားႏိုင္ခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကသလို တစ္ဖက္က ေစာင့္ႀကိဳေနတဲ့ နယ္သာလန္တို႔နဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ၿပီး ဒီဇင္ဘာ ၉ ရက္ေန႔မွာ ေတြ႕ဆုံမယ့္ ပြဲက်ရင္ေတာ့ ဒီေန႔လိုမ်ိဳး ျဖဳန္းတီးမႈေတြ ထပ္မျမင္ရဖို႔ ဒီဘားလားနဲ႔ ေကာ္ရီးယားတို႔လို တိုက္စစ္မႉးေတြရဲ႕ တာဝန္ခြဲေဝယူမႈေတြကို ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကမွာ ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.