International World Cup

ဥရုဂွေးနဲ့ပွဲစဉ်က လုပ်ရပ်ကြောင့် သစ္စာဖောက်လို့ သတ်မှတ်ခံနေရတဲ့ ပါတေး

သောမတ်စ် ပါတေးဟာ ဥရုဂွေးကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ရန်သူတော်နဲ့ ရှပ်ချင်းလဲခဲ့တဲ့အတွက် ဂါနာပရိသတ်တွေရဲ့ ဒေါသထွက်ခြင်းကို ခံနေရပါတယ်။

ဂါနာအသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် သရေ ၁ မှတ်သာလိုအပ်ခဲ့ပေမယ့်လည်း ရန်သူတော်ဟောင်း ဥရုဂွေးအသင်းကို ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆွာရက်ဇ်က ဂါနာရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ့် အခွင့်အရေးကို ကမ္ဘာကျော် လက်နဲ့ ပုတ်ထုတ်ကာကွယ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဂါနာအသင်းက ပင်နယ်တီ ရရှိခဲ့ပေမယ့်လည်း အဆာမို ဂျန်က လွဲချော်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ဥရုဂွေးအသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ဆွာရက်ဇ်ဟာ သူရဲကောင်းတစ်ဦးလိုမျိုး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်က ၁၂ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့်လည်း ဂါနာပရိသတ်တွေရဲ့ ရင်ထဲမှာ ငြိမ်သက်နေတဲ့ မီးတောင်သေတစ်ခုလို ဖြစ်နေခဲ့တာဖြစ်ပြီး လူးဝစ္စ ဆွာရက်ဇ်က ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဂါနာနဲ့ ယှဉ်ပြိုင်ကစားရမယ့် အုပ်စုနောက်ဆုံးပွဲမတိုင်ခင် ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ဖြစ်စဉ်နဲ့ပတ်သက်ပြီး မတောင်းပန်နိုင်ဘူးလို့ ပြောကြားခဲ့တဲ့အတွက် ဂါနာပရိသတ်တွေရဲ့ ငြိမ်သက်နေတဲ့ ဒေါသတွေဟာ အရှိန်အဟုန်နဲ့ ပြန်လည်တောက်လောင်ခဲ့ရတာ ဖြစ်ပါတယ်။

ဆွာရက်ဇ်ရဲ့ ဥရုဂွေးအသင်းဟာ တောင်ကိုရီးယားက ပေါ်တူဂီကို အံ့အားသင့်ဖွယ် အနိုင်ရရှိသွားခဲ့တာကြောင့် ဂိုးအရေအတွက် အားနည်းချက်ကြောင့် အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာကြောင့် ဂါနာပရိသတ်တွေအတွက် စိတ်ညစ်စရာကြားက အပျော်တစ်ခု ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပါတေးက ပွဲအပြီးမှာ ဂါနာနိုင်ငံရဲ့ နံပါတ်တစ် ရန်သူတော် ဆွာရက်ဇ်နဲ့ ရှပ်ချင်း လဲလှယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဘာစီလိုနာကြယ်ပွင့်ဟောင်းကို ပွေ့ဖက် နှုတ်ဆက်တာမျိုးတောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သောမတ်စ် ပါတေးနဲ့ ဆွာရက်ဇ်တို့ဟာ ဂါနာကွင်းလယ်လူက ၂၀၂၀ နွေရာသီမှာ အာဆင်နယ်ကို မပြောင်းရွှေ့မီ အက်သလက်တီကို မက်ဒရစ်မှာ တိုတောင်းတဲ့အချိန်ကာလတစ်ခုအတွင်း အတူတူ ကစားခဲ့ဖူးသူဖြစ်ပြီး ရန်သူတော်နဲ့မှ ရှပ်ချင်းလဲခဲ့တဲ့ ဂန်းနားကွင်းလယ်ကြယ်ပွင့်ရဲ့ အပြုအမူကြောင့် ဂါနာပရိသတ်တွေဟာ ၎င်းတို့ရဲ့ ဒေါသတွေကို လူမှုကွန်ရက်ပေါ်မှာ ဖွင့်ချခဲ့ကြတာဖြစ်ပါတယ်။

“ဒီကောင်က ငါတို့ရဲ့ နောက်ထပ်အသင်းခေါင်းဆောင် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “သစ္စာဖောက်။ မြွေဟောက်လို လျှာ ၂ ခွနဲ့ကောင်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေသာမတ္စ္ ပါေတးဟာ ဥ႐ုေဂြးကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ရန္သူေတာ္နဲ႔ ရွပ္ခ်င္းလဲခဲ့တဲ့အတြက္ ဂါနာပရိသတ္ေတြရဲ႕ ေဒါသထြက္ျခင္းကို ခံေနရပါတယ္။

ဂါနာအသင္းဟာ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ သေရ ၁ မွတ္သာလိုအပ္ခဲ့ေပမယ့္လည္း ရန္သူေတာ္ေဟာင္း ဥ႐ုေဂြးအသင္းကို ဂိုးမသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၀ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ကြာတားဖိုင္နယ္ပြဲစဥ္မွာ ဆြာရက္ဇ္က ဂါနာရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မယ့္ အခြင့္အေရးကို ကမာၻေက်ာ္ လက္နဲ႔ ပုတ္ထုတ္ကာကြယ္မႈ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဂါနာအသင္းက ပင္နယ္တီ ရရွိခဲ့ေပမယ့္လည္း အဆာမို ဂ်န္က လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ေနာက္ဆုံးမွာေတာ့ ဥ႐ုေဂြးအသင္းက ပင္နယ္တီအဆုံးအျဖတ္နဲ႔ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ ဆြာရက္ဇ္ဟာ သူရဲေကာင္းတစ္ဦးလိုမ်ိဳး ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္က ၁၂ ႏွစ္ၾကာျမင့္ခဲ့ၿပီျဖစ္ေပမယ့္လည္း ဂါနာပရိသတ္ေတြရဲ႕ ရင္ထဲမွာ ၿငိမ္သက္ေနတဲ့ မီးေတာင္ေသတစ္ခုလို ျဖစ္ေနခဲ့တာျဖစ္ၿပီး လူးဝစၥ ဆြာရက္ဇ္က ၂၀၂၂ ကမာၻ႔ဖလားမွာ ဂါနာနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ အုပ္စုေနာက္ဆုံးပြဲမတိုင္ခင္ ၂၀၁၀ ကမာၻ႔ဖလားတုန္းက ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မေတာင္းပန္ႏိုင္ဘူးလို႔ ေျပာၾကားခဲ့တဲ့အတြက္ ဂါနာပရိသတ္ေတြရဲ႕ ၿငိမ္သက္ေနတဲ့ ေဒါသေတြဟာ အရွိန္အဟုန္နဲ႔ ျပန္လည္ေတာက္ေလာင္ခဲ့ရတာ ျဖစ္ပါတယ္။

ဆြာရက္ဇ္ရဲ႕ ဥ႐ုေဂြးအသင္းဟာ ေတာင္ကိုရီးယားက ေပၚတူဂီကို အံ့အားသင့္ဖြယ္ အႏိုင္ရရွိသြားခဲ့တာေၾကာင့္ ဂိုးအေရအတြက္ အားနည္းခ်က္ေၾကာင့္ အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရတာေၾကာင့္ ဂါနာပရိသတ္ေတြအတြက္ စိတ္ညစ္စရာၾကားက အေပ်ာ္တစ္ခု ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပါေတးက ပြဲအၿပီးမွာ ဂါနာႏိုင္ငံရဲ႕ နံပါတ္တစ္ ရန္သူေတာ္ ဆြာရက္ဇ္နဲ႔ ရွပ္ခ်င္း လဲလွယ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ဘာစီလိုနာၾကယ္ပြင့္ေဟာင္းကို ေပြ႕ဖက္ ႏႈတ္ဆက္တာမ်ိဳးေတာင္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေသာမတ္စ္ ပါေတးနဲ႔ ဆြာရက္ဇ္တို႔ဟာ ဂါနာကြင္းလယ္လူက ၂၀၂၀ ေႏြရာသီမွာ အာဆင္နယ္ကို မေျပာင္းေ႐ႊ႕မီ အက္သလက္တီကို မက္ဒရစ္မွာ တိုေတာင္းတဲ့အခ်ိန္ကာလတစ္ခုအတြင္း အတူတူ ကစားခဲ့ဖူးသူျဖစ္ၿပီး ရန္သူေတာ္နဲ႔မွ ရွပ္ခ်င္းလဲခဲ့တဲ့ ဂန္းနားကြင္းလယ္ၾကယ္ပြင့္ရဲ႕ အျပဳအမူေၾကာင့္ ဂါနာပရိသတ္ေတြဟာ ၎တို႔ရဲ႕ ေဒါသေတြကို လူမႈကြန္ရက္ေပၚမွာ ဖြင့္ခ်ခဲ့ၾကတာျဖစ္ပါတယ္။

“ဒီေကာင္က ငါတို႔ရဲ႕ ေနာက္ထပ္အသင္းေခါင္းေဆာင္ ဘယ္လိုနည္းနဲ႔မွ မျဖစ္ႏိုင္ဘူး”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “သစၥာေဖာက္။ ေႁမြေဟာက္လို လွ်ာ ၂ ခြနဲ႔ေကာင္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.