International Match Report World Cup

အမေရိကန်ကို ဘောလုံးက ဘာလဲဆိုတာ ပညာပေးပြီး ကွာတားတက်တဲ့ နယ်သာလန်

နယ်သာလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နော့ပတ်၊ ခံစစ်မှာ တင်မ်ဘာ၊ ဗန်ဒိုက်၊ အာကေတို့ကိုပဲ ဆက်လက်အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒီရွန်း၊ ဖရင်ကီ ဒီယုံး၊ ကလာ့စ်ဆန်၊ ဘလင်းဒ်နဲ့ ဒမ်းဖရီးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒီပိုင်းနဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန်အသင်းကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ရင်းမ်၊ ဇင်မာမန်း၊ ဒက်စ်နဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ တိုင်လာ အက်ဒမ်စ်၊ မက်ကင်နီနဲ့ မူဆာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပူလီရှစ်ချ်၊ ဝီယာတို့နဲ့အတူ ရှေ့ပွဲတွေတုန်းက သုံးစားမရတဲ့ နံပါတ် ၉ တိုက်စစ်မှူးတစ်နေရာအတွက် တစ်ပွဲမှ မကစားရသေးတဲ့ ဖာရဲရားကို စမ်းသပ်စွန့်စားလာခဲ့တာပါ။

နယ်သာလန်တို့အနေနဲ့ ဒီနေ့ပွဲမှာ အမေရိကန်တို့ရဲ့ ကစားအားကို ထိန်းချုပ်နိုင်ဖို့နဲ့ အလစ်အငိုက် မခံရစေဖို့ သူတို့ရဲ့ တိုက်စစ်နဲ့ ခံစစ် Unit တွေကို စုစည်းမှုရှိဖို့ အဓိက လုပ်ဆောင်သွားခဲ့ပြီး အထူးသဖြင့် ဂက်ခ်ပို၊ ဒီပိုင်းနဲ့ ကလာ့စ်ဆန်တို့ရဲ့ ပထမစည်းနဲ့ ဒီရွန်း၊ ဒီပိုင်း၊ ဒမ်းဖရီးစ်နဲ့ ဘလင်းဒ်တို့ရဲ့ ဒုတိယစည်းတွေက ပူလီရှစ်ချ်ကို တစ်ကြိမ် အခွင့်အရေးပေးအပြီးမှာ ပိုပြီးဂရုတစိုက် ကစားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ နယ်သာလန်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဂက်ခ်ပိုက ညာခြမ်းကို ချပေးရာမှာ ဒမ်းဖရီးစ်က ဧရိယာအတွင်းကို ပြန်ပြီး အနိမ့်ဘော Cut Back လုပ်ပေးတာကို လူကပ်မခံရဘဲ လွတ်နေတဲ့ ဒီပိုင်းက အနိမ့်ဘောကန်သွင်းပြီး လိမေ္မာ်သီးတွေကို ဦးဆောင်စေခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ ဒီပိုင်းကို လိုက်မကပ်ဘဲ လွှတ်ပေးလိုက်တဲ့ အက်ဒမ်စ်ကတော့ ကျွမ်းကျင်သူတွေရဲ့ ပြစ်တင်မှုကိုလည်း ခံခဲ့ရပြီး အမေရိကန်တစ်သင်းလုံး အနေနဲ့ ကစားပုံ လောကြီးလွန်းနေခဲ့ချိန်မှာ အထူးသဖြင့် တောင်ပံခံစစ်သမားတွေဖြစ်တဲ့ ဒက်စ်က မလိုအပ်ဘဲ အတွင်းကို ဝင်လွန်းသလို ဖူလ်ဟမ်ရဲ့ ရော်ဘင်ဆန်ကလည်း ရှေ့တက်လွန်းလို့ နောက်မှာ နေရာလွတ်တွေ ပေါ်နေခဲ့ပြီး ဒတ်ချ်တွေကို ကြက်ဥတိုက်သလိုဖြစ်နေခဲ့တာပါ။

အထောင်တိုက်စစ်မှူးကောင်း မရှိတဲ့ တိုက်စစ်မှာ ဖာရဲရားကလည်း မမြင်ရသလောက်ဖြစ်နေခဲ့သလို မူဆာနဲ့ မက်ကင်နီတို့ကလည်း ဒီနေ့မှာ ဒတ်ချ်ကွင်းလယ်ရဲ့ လူပြန်စုချိန်မှာ ဂက်ခ်ပိုတစ်ယောက်တည်းကို ရှေ့မှာ ချန်ပြီး ၆ ယောက်အထိ စုစည်းခဲ့တဲ့ အင်အားကို မယှဉ်နိုင်ခဲ့ဘဲ နည်းပြ ဘာဟယ်လ်တာအတွက် ပွဲချိန် ၄၃ မိနစ်က ဝီယာရဲ့ ကန်ချက်ကတော့ မျှော်လင့်ချက်အနည်းငယ် ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒါပေမယ့် နာကျင်အချိန်ပို ၁ မိနစ်မှာတော့ နယ်သာလန်တို့ပဲ နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုးကို ရယူသွားပြန်ပြီး ဒီဂိုးကိုလည်း ဘယ်ခြမ်းခံစစ်မှာ လမ်းလျှောက်ကျင့်နေခဲ့တဲ့ ရော်ဘင်ဆန်ဘက်ကပဲ ထိုးဖောက်သွားခဲ့တဲ့ ဒမ်းဖရီးစ်က ဧရိယာထဲကို အနိမ့်ဘော ချိုးပေးရာမှာ ပထမဂိုးက ဒီပိုင်း ကန်သွင်းသွားတဲ့ နေရာထက် နည်းနည်းပိုနီးတဲ့ ပင်နယ်တီအမှတ်အသားပေါ်ကနေ ဘလင်းဒ်က တစ်ပုံစံတည်းနီးပါး ပိတ်သွင်းသွားခဲ့တာပါ။

ပထမပိုင်းမှာတော့ နယ်သာလန်တို့က နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ ခြေစွမ်းမပြနိုင်တဲ့ ဒီရွန်းနဲ့ ကလာ့စ်ဆန်တို့ အစား ကူးပ်မိန်နာစ်နဲ့ ဘာ့ဂ်ဗိုင်းတို့ကို လဲကစားခဲ့ပြီး အမေရိကန်တို့ကတော့ ဘယ်သူမှ သုံးစားမရတဲ့ နံပါတ် ၉ နေရာက ဖာရဲရားအစား ဒေါ့မွန်မှာ စွယ်စုံရ ကစားသမားအဖြစ် အသုံးပြုနေတဲ့ ဂျိုဗန်နီ ရေးနားကို ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာ နောက်ခံလူ ရင်းမ်ရဲ့ ထောင့်ကန်ဘောက ပိတ်သွင်းဖို့ ကြိုးစားတာကို ဒတ်ချ်တွေ ဂိုးစည်းရှေ့က ရှင်းထုတ်ခဲ့ရသလို နှစ်မိနစ်အကြာမှာတော့ ညာခြမ်းမှာ လုပ်ချင်တိုင်းလုပ်နေခဲ့တဲ့ ဒမ်းဖရီးစ်ရဲ့ အနိမ့်ဘော ချိုးပေးတာကို ဒီပိုင်း ပိတ်သွင်းခဲ့ရာမှာ ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ အမေရိကန်တို့ သက်သာရာရခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာ လုပ်စားမရတော့တဲ့ မက်ကင်နီနဲ့ ဝီယာတို့အစား ဟာဂျီရိုက်နဲ့ အာရွန်ဆန်တို့ ဝင်လာခဲ့ကြပြီး ပွဲချိန် ၇၂ မိနစ်မှာ ကူးပ်မိန်နာစ်ရဲ့ အဝေးကန်ချက်နဲ့ နောက်က ပါလာတဲ့ ဒီပိုင်းရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကို အမေရိကန်ဂိုးသမား မတ်တာနာ မယုံနိုင်လောက်အောင် လက်စွမ်းပြ ကာကွယ်သွားခဲ့သလို ပွဲချိန် ၇၅ မိနစ်မှာတော့ ဟာဂျီရိုက်ရဲ့ ထိုးဖောက်ကန်သွင်းမှုကို ဒမ်းဖရီးစ်က ဂိုးစည်းရှေ့က ရှင်းထုတ်ခဲ့ရတာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ အမေရိကန်တို့ ချေပဂိုးတစ်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ညာခြမ်းကနေ ပူလီရှစ်ချ်က ဆွဲပြေးပြီး ဧရိယာထဲကို အနိမ့်ဘော ဖြတ်ပို့မှုကို ဟာဂျီရိုက်က ခြေထောက်နဲ့ မမီ့တမီ လှမ်းထောက်ခဲ့ရာမှာ ဘောလုံးက မြောက်တက်ပြီး ရည်ရွယ်တဲ့ အနီးတိုင်ထက် အဝေးတိုင်ဘက်ကို ဝင်သွားခဲ့လို့ ဂိုးသမား နော့ပတ် အငိုက်မိပြီး ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ နယ်သာလန်တို့ တတိယဂိုးနဲ့ အမေရိကန်တို့ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဒီယုံးက ဘယ်ခြမ်းကို ချပေးရာမှာ ဘလင်းဒ်က ဖြတ်တင်ပေးခဲ့တာကို ဧရိယာထဲမှာ ရော်ဘင်ဆန်ရဲ့ အားနည်းမှုကြောင့် လူကပ်မခံရဘဲ လွတ်နေခဲ့တဲ့ ဒမ်းဖရီးစ်က သေချာအချိန်ယူပြီးမှ ဘယ်ခြေနဲ့ အပိုင်ပိတ်သွင်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ နယ်သာလန်တို့ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံခဲ့ပြီး ကွင်းလယ်ကစားအားတစ်ပေါက်တည်းနဲ့ ရှုံးထွက်အဆင့်ရောက်လာတဲ့ အမေရိကန်တို့ကို Soccer မဟုတ်တဲ့ Football ရဲ့ တကယ့်ဘောလုံးကစားဟန်က ဘာလဲဆိုတာ ပြသပြီး အနိုင်ယူသွားခဲ့သလို ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ကြပြီး လာမယ့်ပွဲမှာတော့ အာဂျင်တီးနားနဲ့ ဩစတေးလျတို့ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ကစားရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အမေရိကန်အသင်းကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ရင်းမ်၊ ဇင်မာမန်း၊ ဒက်စ်နဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ တိုင်လာ အက်ဒမ်စ်၊ မက်ကင်နီနဲ့ မူဆာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပူလီရှစ်ခ်ျ၊ ဝီယာတို့နဲ့အတူ ရှေ့ပွဲတွေတုန်းက သုံးစားမရတဲ့ နံပါတ် ၉ တိုက်စစ်မှူးတစ်နေရာအတွက် တစ်ပွဲမှ မကစားရသေးတဲ့ ဖာရဲရားကို စမ်းသပ်စွန့်စားလာခဲ့တာပါ။

နယ်သာလန်တို့အနေနဲ့ ဒီနေ့ပွဲမှာ အမေရိကန်တို့ရဲ့ ကစားအားကို ထိန်းချုပ်နိုင်ဖို့နဲ့ အလစ်အငိုက် မခံရစေဖို့ သူတို့ရဲ့ တိုက်စစ်နဲ့ ခံစစ် Unit တွေကို စုစည်းမှုရှိဖို့ အဓိက လုပ်ဆောင်သွားခဲ့ပြီး အထူးသဖြင့် ဂက်ခ်ပို၊ ဒီပိုင်းနဲ့ ကလာ့စ်ဆန်တို့ရဲ့ ပထမစည်းနဲ့ ဒီရွန်း၊ ဒီပိုင်း၊ ဒမ်းဖရီးစ်နဲ့ ဘလင်းဒ်တို့ရဲ့ ဒုတိယစည်းတွေက ပူလီရှစ်ခ်ျကို တစ်ကြိမ် အခွင့်အရေးပေးအပြီးမှာ ပိုပြီးဂရုတစိုက် ကစားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ နယ်သာလန်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဂက်ခ်ပိုက ညာခြမ်းကို ချပေးရာမှာ ဒမ်းဖရီးစ်က ဧရိယာအတွင်းကို ပြန်ပြီး အနိမ့်ဘော Cut Back လုပ်ပေးတာကို လူကပ်မခံရဘဲ လွတ်နေတဲ့ ဒီပိုင်းက အနိမ့်ဘောကန်သွင်းပြီး လိမ္မော်သီးတွေကို ဦးဆောင်စေခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ ဒီပိုင်းကို လိုက်မကပ်ဘဲ လွှတ်ပေးလိုက်တဲ့ အက်ဒမ်စ်ကတော့ ကျွမ်းကျင်သူတွေရဲ့ ပြစ်တင်မှုကိုလည်း ခံခဲ့ရပြီး အမေရိကန်တစ်သင်းလုံး အနေနဲ့ ကစားပုံ လောကြီးလွန်းနေခဲ့ချိန်မှာ အထူးသဖြင့် တောင်ပံခံစစ်သမားတွေဖြစ်တဲ့ ဒက်စ်က မလိုအပ်ဘဲ အတွင်းကို ဝင်လွန်းသလို ဖူလ်ဟမ်ရဲ့ ရော်ဘင်ဆန်ကလည်း ရှေ့တက်လွန်းလို့ နောက်မှာ နေရာလွတ်တွေ ပေါ်နေခဲ့ပြီး ဒတ်ခ်ျတွေကို ကြက်ဥတိုက်သလိုဖြစ်နေခဲ့တာပါ။

အထောင်တိုက်စစ်မှူးကောင်း မရှိတဲ့ တိုက်စစ်မှာ ဖာရဲရားကလည်း မမြင်ရသလောက်ဖြစ်နေခဲ့သလို မူဆာနဲ့ မက်ကင်နီတို့ကလည်း ဒီနေ့မှာ ဒတ်ခ်ျကွင်းလယ်ရဲ့ လူပြန်စုချိန်မှာ ဂက်ခ်ပိုတစ်ယောက်တည်းကို ရှေ့မှာ ချန်ပြီး ၆ ယောက်အထိ စုစည်းခဲ့တဲ့ အင်အားကို မယှဉ်နိုင်ခဲ့ဘဲ နည်းပြ ဘာဟယ်လ်တာအတွက် ပွဲချိန် ၄၃ မိနစ်က ဝီယာရဲ့ ကန်ချက်ကတော့ မျှော်လင့်ချက်အနည်းငယ် ဖြစ်ပေါ်စေခဲ့ပါတယ်။



ပွဲချိန် ၄၉ မိနစ်မှာ နောက်ခံလူ ရင်းမ်ရဲ့ ထောင့်ကန်ဘောက ပိတ်သွင်းဖို့ ကြိုးစားတာကို ဒတ်ခ်ျတွေ ဂိုးစည်းရှေ့က ရှင်းထုတ်ခဲ့ရသလို နှစ်မိနစ်အကြာမှာတော့ ညာခြမ်းမှာ လုပ်ချင်တိုင်းလုပ်နေခဲ့တဲ့ ဒမ်းဖရီးစ်ရဲ့ အနိမ့်ဘော ချိုးပေးတာကို ဒီပိုင်း ပိတ်သွင်းခဲ့ရာမှာ ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ အမေရိကန်တို့ သက်သာရာရခဲ့တာပါ။


ပွဲချိန် ၇၆ မိနစ်မှာတော့ အမေရိကန်တို့ ချေပဂိုးတစ်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ညာခြမ်းကနေ ပူလီရှစ်ခ်ျက ဆွဲပြေးပြီး ဧရိယာထဲကို အနိမ့်ဘော ဖြတ်ပို့မှုကို ဟာဂျီရိုက်က ခြေထောက်နဲ့ မမီ့တမီ လှမ်းထောက်ခဲ့ရာမှာ ဘောလုံးက မြောက်တက်ပြီး ရည်ရွယ်တဲ့ အနီးတိုင်ထက် အဝေးတိုင်ဘက်ကို ဝင်သွားခဲ့လို့ ဂိုးသမား နော့ပတ် အငိုက်မိပြီး ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။



REF: INTERNET SOURCES
SPORTS A2Z.