International World Cup

အင်္ဂလန်ကြယ်ပွင့်ကို ကိုယ့်ဘာသာကိုယ်ချန်လှပ်ခဲ့ဖို့ တိုက်တွန်းခဲ့တဲ့ ပေါလ် မာဆန်

အာဆင်နယ်ဂန္တဝင်ပေါလ် မာဆန်က ဟာရီ ကိန်းဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်တွေအတွင်း ကိုယ့်ကိုကိုယ် ချန်လှပ်ခဲ့သင့်တယ်လို့ ယုံကြည်နေပြီး အခုဆိုရင် ပြိုင်ပွဲဆုံးတဲ့အထိ ထက်မြက်မှုမရှိတဲ့ပုံစံနဲ့ ဆက်ကစားသွားရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာရီ ကိန်းဟာ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းအပေါ်မှာ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း အင်္ဂလန်ရဲ့အုပ်စု B ပွဲစဉ် ၃ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ စပါးစ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆုရရှိခဲ့ပေမယ့်လည်း ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပေမယ့်လည်း သွင်းဂိုးမရရှိသေးတာဖြစ်ပါတယ်။

ကိန်းဟာ အီရန်ကို ၆-၂ နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်ရဲ့ အဖွင့်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပေမယ့်လည်း ယူအက်စ်အေနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ မိနစ် ၉၀ အပြည့် ပါဝင်ကစားပေးနိုင်ခဲ့သေးတာဖြစ်ပါတယ်။ စပါးစ်တိုက်စစ်မှူးဟာ ဝေးလ်စ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာလည်း ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အင်္ဂလန်က ဦးဆောင်ထားနိုင်ခဲ့တာကြောင့် ပွဲကစားချိန်ပြည့်ဖို့ နာရီဝက်အလိုမှာ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်ဟာ တနင်္ဂနွေနေ့မှာ ဆီနီဂေါနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မှာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လည်း မာဆန်က ကိန်းရဲ့ ထက်မြက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်နေတာဖြစ်ပါတယ်။

“ဟာရီ ကိန်းက ဘောလုံးကစားချင်ပေမယ့်လည်း သူက ယူအက်စ်အေ ဒါမှမဟုတ် ဝေးလ်စ်နဲ့ပွဲမှာ ဘေးထွက်ထိုင်နေခဲ့ရင် အကျိုးအမြတ် ရရှိခဲ့လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက အခုဆိုရင် တကယ်ကို ထက်မြက်မှု ကင်းမဲ့နေပါပြီ”

“ကမ္ဘာ့ဖလားမှာ သူ ဂိုးဖန်တီးမှုအများဆုံးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အင်္ဂလန်က သူ့ကို ပင်နယ်တီဧရိယာထဲမှာ လိုအပ်ပါတယ်။ ကိန်းရဲ့ ဂိုးတွေ မပါဝင်ဘဲ ဆောက်ဂိတ်ရဲ့ အသင်းက ပြိုင်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိပါဘူး။ ဒါပေမယ့် အခုအချိန်မှာ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ကျွန်တော် ခံစားမိတာက သူ တစ်ခါတရံ ‘ခင်ဗျား သိလား။ ကျွန်တော် ဒီပွဲမှာ မကစားနိုင်ဘူး’လို့ ပြောဖို့ စဉ်းစားဖို့ လိုအပ်ပါတယ်။ ခင်ဗျား နော်တင်ဟမ် ဖောရက်စ်နဲ့ ကစားခဲ့တဲ့ စပါးစ်ရဲ့ လိဂ်ဖလားပွဲစဉ်ကိုပဲ ပြန်ကြည့်လိုက်ရင် ကိန်းက ဘောလုံးပွဲစဉ်တိုးကို ကစားချင်ပေမယ့် သူ့ပုံစံက ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝနေတဲ့ပုံမပေါ်တာကို သိပါလိမ့်မယ်”

“တစ်ခါတရံ ခင်ဗျားက အသင်းထဲမှာ မပါဝင်တဲ့အချိန်မှာ ပိုကောင်းတဲ့ ကစားသမားဖြစ်လာတတ်ပြီး ယူအက်စ်အေ ဒါမှမဟုတ် ဝေးလ်စ်နဲ့ပွဲစဉ်မှာ အဲဒီလို ဖြစ်ခဲ့ရမှာပါ။ ကယ်လမ် ဝီလ်ဆင်ကို ပွဲထွက်ပါဝင်ခွင့်ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက အရန်ခုံမှာ ထက်မြက်နေပုံပေါ်ခဲ့လို့ပါ။ ဝီလ်ဆင်က ကစားသမားကောင်းဖြစ်ပေမယ့် သူက ကိန်းရဲ့အဆင့်အတန်းနီးနီးတောင် မရှိပါဘူး။ အဲဒါက အသင်းခေါင်းဆောင်က ရုန်းကန်နေရတာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂႏၲဝင္ေပါလ္ မာဆန္က ဟာရီ ကိန္းဟာ ကမာၻ႔ဖလားအုပ္စုအဆင့္ပြဲစဥ္ေတြအတြင္း ကိုယ့္ကိုကိုယ္ ခ်န္လွပ္ခဲ့သင့္တယ္လို႔ ယုံၾကည္ေနၿပီး အခုဆိုရင္ ၿပိဳင္ပြဲဆုံးတဲ့အထိ ထက္ျမက္မႈမရွိတဲ့ပုံစံနဲ႔ ဆက္ကစားသြားရေတာ့မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာရီ ကိန္းဟာ ႀကံ့ခိုင္မႈနဲ႔ ေျခစြမ္းအေပၚမွာ စိုးရိမ္မႈေတြ ရွိေနေပမယ့္လည္း အဂၤလန္ရဲ႕အုပ္စု B ပြဲစဥ္ ၃ ပြဲစလုံးမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။ စပါးစ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေ႐ႊဖိနပ္ဆုရရွိခဲ့ေပမယ့္လည္း ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ေပမယ့္လည္း သြင္းဂိုးမရရွိေသးတာျဖစ္ပါတယ္။

ကိန္းဟာ အီရန္ကို ၆-၂ နဲ႔ အႏိုင္ရခဲ့တဲ့ အဂၤလန္ရဲ႕ အဖြင့္ပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့ေပမယ့္လည္း ယူအက္စ္ေအနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္မွာ မိနစ္ ၉၀ အျပည့္ ပါဝင္ကစားေပးႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။ စပါးစ္တိုက္စစ္မႉးဟာ ေဝးလ္စ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အုပ္စုေနာက္ဆုံးပြဲစဥ္မွာလည္း ပြဲထြက္ပါဝင္ကစားေပးခဲ့ေပမယ့္လည္း အဂၤလန္က ဦးေဆာင္ထားႏိုင္ခဲ့တာေၾကာင့္ ပြဲကစားခ်ိန္ျပည့္ဖို႔ နာရီဝက္အလိုမွာ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အဂၤလန္ဟာ တနဂၤေႏြေန႔မွာ ဆီနီေဂါနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပြဲစဥ္မွာ ကမာၻ႔ဖလား ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ေပမယ့္လည္း မာဆန္က ကိန္းရဲ႕ ထက္ျမက္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနတာျဖစ္ပါတယ္။

“ဟာရီ ကိန္းက ေဘာလုံးကစားခ်င္ေပမယ့္လည္း သူက ယူအက္စ္ေအ ဒါမွမဟုတ္ ေဝးလ္စ္နဲ႔ပြဲမွာ ေဘးထြက္ထိုင္ေနခဲ့ရင္ အက်ိဳးအျမတ္ ရရွိခဲ့လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူက အခုဆိုရင္ တကယ္ကို ထက္ျမက္မႈ ကင္းမဲ့ေနပါၿပီ”

“ကမာၻ႔ဖလားမွာ သူ ဂိုးဖန္တီးမႈအမ်ားဆုံးျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ အဂၤလန္က သူ႔ကို ပင္နယ္တီဧရိယာထဲမွာ လိုအပ္ပါတယ္။ ကိန္းရဲ႕ ဂိုးေတြ မပါဝင္ဘဲ ေဆာက္ဂိတ္ရဲ႕ အသင္းက ၿပိဳင္ပြဲမွာ အႏိုင္ရဖို႔ အခြင့္အေရး လုံးဝ မရွိပါဘူး။ ဒါေပမယ့္ အခုအခ်ိန္မွာ သူ႔ရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ ခံစားမိတာက သူ တစ္ခါတရံ ‘ခင္ဗ်ား သိလား။ ကြၽန္ေတာ္ ဒီပြဲမွာ မကစားႏိုင္ဘူး’လို႔ ေျပာဖို႔ စဥ္းစားဖို႔ လိုအပ္ပါတယ္။ ခင္ဗ်ား ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ ကစားခဲ့တဲ့ စပါးစ္ရဲ႕ လိဂ္ဖလားပြဲစဥ္ကိုပဲ ျပန္ၾကည့္လိုက္ရင္ ကိန္းက ေဘာလုံးပြဲစဥ္တိုးကို ကစားခ်င္ေပမယ့္ သူ႔ပုံစံက ၁၀၀ ရာခိုင္ႏႈန္း ႀကံ့ခိုင္မႈျပည့္ဝေနတဲ့ပုံမေပၚတာကို သိပါလိမ့္မယ္”

“တစ္ခါတရံ ခင္ဗ်ားက အသင္းထဲမွာ မပါဝင္တဲ့အခ်ိန္မွာ ပိုေကာင္းတဲ့ ကစားသမားျဖစ္လာတတ္ၿပီး ယူအက္စ္ေအ ဒါမွမဟုတ္ ေဝးလ္စ္နဲ႔ပြဲစဥ္မွာ အဲဒီလို ျဖစ္ခဲ့ရမွာပါ။ ကယ္လမ္ ဝီလ္ဆင္ကို ပြဲထြက္ပါဝင္ခြင့္ေပးဖို႔ ေတာင္းဆိုမႈေတြ ရွိခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက အရန္ခုံမွာ ထက္ျမက္ေနပုံေပၚခဲ့လို႔ပါ။ ဝီလ္ဆင္က ကစားသမားေကာင္းျဖစ္ေပမယ့္ သူက ကိန္းရဲ႕အဆင့္အတန္းနီးနီးေတာင္ မရွိပါဘူး။ အဲဒါက အသင္းေခါင္းေဆာင္က ႐ုန္းကန္ေနရတာေၾကာင့္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.