International World Cup

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့်အတွက် ဆုရရှိသူများ

လက်ရှိမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့်ပွဲစဉ်တွေအားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ပွဲစဉ်တိုင်းက မထင်မှတ်ထားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့သလို မထင်မှတ်ထားတဲ့အသင်းတွေက ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် ထူးခြားတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုအဆင့်ရဲ့ အကောင်းဆုံးဆုတွေအတွက် 90min က ရွေးချယ်ပေးထားတာကို ဖော်ပြပေးလိုက်ပါတယ်။

အကောင်းဆုံးအသင်း(ကိန်းဂဏန်းအချက်အလက်အရ)

အုပ်စုအဆင့် ရမှတ်၊ ဂိုးကွာခြားချက် စတဲ့ ကိန်းဂဏန်းတွေအရတော့ အုပ်စုအဖွင့် ၃ ပွဲအတွင်း အကောင်းဆုံးအသင်းက အင်္ဂလန်ပါ။ မှတ်မှတ်ရရ ဂုဏ်ပြုသင့်တဲ့အသင်းတွေကတော့ နယ်သာလန်နဲ့ မော်ရိုကိုပါ။

အကောင်းဆုံးအသင်း(အမှန်တကယ် အကောင်းဆုံး)

ဒီအုပ်စုအဆင့်မှာရှိတဲ့ ပြဿနာက ဘယ်အသင်းကမှ ရနိုင်တဲ့ ၉ မှတ်စလုံးမယူနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံဖြစ်နိုင်မယ်လို့ ထင်ကြေးပေးခံထားရတဲ့အသင်းက အသင်းငယ်တွေကို ရှုံးနိမ့်ခဲ့တာတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းခဲ့ပါတယ်။ တကယ်လို့ ၃ ပွဲကနေ ၂ ပွဲအပေါ်မှာ အကောင်းဆုံးအသင်းကို ဆုံးဖြတ်မယ်ဆိုရင် လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ပဲ ဖြစ်ပါလိမ့်မယ်။ ပြင်သစ်အသင်းဟာ ယခုနှစ်မှာ ၃ ကြိမ်ကြိုးပမ်းမှုမှာ ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျနဲ့ ဒိန်းမတ်တို့ကို နောက်ကနေ အနိုင်လိုက်ကစားခဲ့တာဖြစ်ပါတယ်။ မှတ်မှတ်ရရ ဂုဏ်ပြုရမယ့်အသင်းတွေကတော့ ဘရာဇီးလ်၊ ပေါ်တူဂီ၊ အာဂျင်တီးနားတို့ ဖြစ်ပါတယ်။

အကောင်းဆုံးကစားသမား

ယခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အလွှမ်းမိုးနိုင်ဆုံးကစားသမားကို စဉ်းစားကြည့်ရင် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကိုပဲ မြင်မိပါတယ်။ ဒီနောက်ဆုံး ဆု ၂ ခုက ပြင်သစ်ကို အသင်းတိုင်းအနိုင်ယူနိုင်တဲ့ သားရဲတစ်ကောင်ဖြစ်ခဲ့သလို ပုံပေါက်စေပေမယ့်လည်း အဲဒီအတိုင်း မဟုတ်ခဲ့ဘဲ တော်တော်လေးကို ခြေညီတဲ့ပြိုင်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။ မှတ်မှတ်ရရ ဂုဏ်ပြုသင့်တဲ့သူတွေကတော့ ကိုဒီ ဂက်ခ်ပို၊ မိုရာတာ၊ ကက်စမီရိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ဖြစ်ပါတယ်။

အကြီးမားဆုံး အံ့အားသင့်စရာ

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မဖြစ်နိုင်ဆုံး နိုင်ပွဲတွေထဲက တစ်ပွဲလို့ သတ်မှတ်ရမှာက ဆော်ဒီ အာရေဗျက ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃၅ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အာဂျင်တီးနားကို ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တဲ့ပွဲဖြစ်ပါတယ်။ အယ်ဗေး ဟွန်းနာ့ဒ်ဟာ အာဂျင်တီးနားက အပြတ်အသတ် အနိုင်ယူသွားမယ်လို့ ထင်မှတ်ခြင်းခံထားရချိန်မှာ မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေပဲ လုပ်ပြသွားခဲ့တာဖြစ်ပါတယ်။ အခြား အံ့အားသင့်စရာ ပွဲတွေကတော့ ဂျာမန်နဲ့ ဂျပန်၊ ဂျပန်နဲ့ စပိန်၊ ဘယ်လ်ဂျီယမ်နဲ့ မော်ရိုကိုတို့ ပွဲစဉ်တွေဖြစ်ပါတယ်။

အကြီးမားဆုံး ကျရှုံးသူများ

အချိန်အများစုမှာ အင်အားအကောင်းဆုံးအသင်းဟာ အုပ်စုအဆင့်မှာ ကျန်တဲ့အသင်းငယ်တွေကို သက်တောင့်သက်သာအနိုင်ယူပြီး အုပ်စုတက်မှာဖြစ်ပေမယ့်လည်း ဂျာမနီကတော့ အဲဒီလိုမဟုတ်ခဲ့တာဖြစ်ပါတယ်။ အုပ်စုအဖွင့်ပွဲမှာ ဂျပန်ကို ရှုံးပြီးနောက် စပိန်နဲ့ သရေကစားနိုင်ခဲ့ပြီး ကော်စတာရီကာကို အနိုင်ရရှိခဲ့ပေမယ့်လည်း ဂိုးကွာခြားချက်နဲ့ အုပ်စုအဆင့်ကနေ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်တိုက် ထွက်ခဲ့ရတာဖြစ်ပါတယ်။ အခြား အကြီးမားဆုံး ကျရှုံးသူတွေကတော့ ဘယ်လ်ဂျီယမ်နဲ့ ဒိန်းမတ်တို့ ဖြစ်ပါတယ်။

မျှော်မှန်းထားတာထက် အောင်မြင်ခဲ့သူများ

ဒီဆုကို ရသင့်တာက သြစတြေးလျလို့ ငြင်းနိုင်ပေမယ့်လည်း မော်ရိုကိုအသင်းဟာ ခရိုအေးရှား၊ ဘယ်လ်ဂျီယမ်နဲ့ ကနေဒါတို့လိုအသင်းနဲ့ ကျရောက်နေတဲ့ အုပ်စုမှာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်တက်နိုင်ခဲ့တာက တော်တော်လေးကို အထင်ကြီးစရာကောင်းပါတယ်။ မော်ရိုကိုအသင်းကို အုပ်စုပွဲတွေမစတင်ခင်က အားလုံးရဲ့စိတ်ထဲမှာ အစောဆုံး အုပ်စုပြုတ်မယ့်အသင်းလို့ လျှော့တွက်ခဲ့ကြတာဖြစ်ပါတယ်။ မျှော်မှန်းထားတာထက် အောင်မြင်ခဲ့တဲ့ အခြားအသင်းတွေကတော့ သြစတြေးလျနဲ့ ဂျပန်တို့ဖြစ်ပါတယ်။

အကောင်းဆုံးဂိုး

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုအဆင့်ရဲ့ အကောင်းဆုံးသွင်းဂိုးကို စဉ်းစားလိုက်ရင် ဆားဘီးယားနဲ့ပွဲက ရစ်ချာလီဆန်ရဲ့ ကက်ကြေးပုံစံ ကန်ချက်ကိုပဲ တန်းမြင်မိပါတယ်။ ဗင်နီးရှပ်စ် ဂျူနီယာရဲ့ အနိမ့်ဘော ဖြတ်တင်ပေးပို့မှုကို ရယူပြီးနောက် ဘောလုံးကို အပေါ်မြှောက်ပြီး အလွန်ကောင်းမွန်တဲ့ ကန်သွင်းချက်ကို ပြုလုပ်ပြခဲ့တာဖြစ်ပါတယ်။ အခြား အကောင်းဆုံးသွင်းဂိုးတွေကတော့ ဆားဘီးယားဘက်ကို သွင်းခဲ့တဲ အဘူဘာကာရဲ့ဂိုး၊ ဆော်ဒီအာရေဗျဘက်ကို သွင်းခဲ့တဲ့ လူးဝစ္စ ချားဗက်ဇ်ရဲ့ဂိုး၊ အာဂျင်တီးနားဘက်ကို သွင်းခဲ့တဲ့ အယ်လ်ဒေါ်စာရီရဲ့ ဂိုးတို့ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္ရွိမွာေတာ့ ၂၀၂၂ ကမာၻ႔ဖလား အုပ္စုအဆင့္ပြဲစဥ္ေတြအားလုံး ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး ပြဲစဥ္တိုင္းက မထင္မွတ္ထားတဲ့ ရလဒ္ေတြ ထြက္ေပၚခဲ့သလို မထင္မွတ္ထားတဲ့အသင္းေတြက ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေၾကာင့္ ထူးျခားတဲ့ ၂၀၂၂ ကမာၻ႔ဖလားအုပ္စုအဆင့္ရဲ႕ အေကာင္းဆုံးဆုေတြအတြက္ 90min က ေ႐ြးခ်ယ္ေပးထားတာကို ေဖာ္ျပေပးလိုက္ပါတယ္။

အေကာင္းဆုံးအသင္း(ကိန္းဂဏန္းအခ်က္အလက္အရ)

အုပ္စုအဆင့္ ရမွတ္၊ ဂိုးကြာျခားခ်က္ စတဲ့ ကိန္းဂဏန္းေတြအရေတာ့ အုပ္စုအဖြင့္ ၃ ပြဲအတြင္း အေကာင္းဆုံးအသင္းက အဂၤလန္ပါ။ မွတ္မွတ္ရရ ဂုဏ္ျပဳသင့္တဲ့အသင္းေတြကေတာ့ နယ္သာလန္နဲ႔ ေမာ္႐ိုကိုပါ။

အေကာင္းဆုံးအသင္း(အမွန္တကယ္ အေကာင္းဆုံး)

ဒီအုပ္စုအဆင့္မွာရွိတဲ့ ျပႆနာက ဘယ္အသင္းကမွ ရႏိုင္တဲ့ ၉ မွတ္စလုံးမယူႏိုင္ခဲ့တာျဖစ္ၿပီး ခ်န္ပီယံျဖစ္ႏိုင္မယ္လို႔ ထင္ေၾကးေပးခံထားရတဲ့အသင္းက အသင္းငယ္ေတြကို ရႈံးနိမ့္ခဲ့တာေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းခဲ့ပါတယ္။ တကယ္လို႔ ၃ ပြဲကေန ၂ ပြဲအေပၚမွာ အေကာင္းဆုံးအသင္းကို ဆုံးျဖတ္မယ္ဆိုရင္ လက္ရွိ ကမာၻ႔ခ်န္ပီယံ ျပင္သစ္ပဲ ျဖစ္ပါလိမ့္မယ္။ ျပင္သစ္အသင္းဟာ ယခုႏွစ္မွာ ၃ ႀကိမ္ႀကိဳးပမ္းမႈမွာ ပထမဆုံးအႀကိမ္အျဖစ္ ၾသစေၾတးလ်နဲ႔ ဒိန္းမတ္တို႔ကို ေနာက္ကေန အႏိုင္လိုက္ကစားခဲ့တာျဖစ္ပါတယ္။ မွတ္မွတ္ရရ ဂုဏ္ျပဳရမယ့္အသင္းေတြကေတာ့ ဘရာဇီးလ္၊ ေပၚတူဂီ၊ အာဂ်င္တီးနားတို႔ ျဖစ္ပါတယ္။

အေကာင္းဆုံးကစားသမား

ယခုကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မွာ အလႊမ္းမိုးႏိုင္ဆုံးကစားသမားကို စဥ္းစားၾကည့္ရင္ ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပကိုပဲ ျမင္မိပါတယ္။ ဒီေနာက္ဆုံး ဆု ၂ ခုက ျပင္သစ္ကို အသင္းတိုင္းအႏိုင္ယူႏိုင္တဲ့ သားရဲတစ္ေကာင္ျဖစ္ခဲ့သလို ပုံေပါက္ေစေပမယ့္လည္း အဲဒီအတိုင္း မဟုတ္ခဲ့ဘဲ ေတာ္ေတာ္ေလးကို ေျခညီတဲ့ၿပိဳင္ပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။ မွတ္မွတ္ရရ ဂုဏ္ျပဳသင့္တဲ့သူေတြကေတာ့ ကိုဒီ ဂက္ခ္ပို၊ မိုရာတာ၊ ကက္စမီ႐ိုနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ ျဖစ္ပါတယ္။

အႀကီးမားဆုံး အံ့အားသင့္စရာ

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မျဖစ္ႏိုင္ဆုံး ႏိုင္ပြဲေတြထဲက တစ္ပြဲလို႔ သတ္မွတ္ရမွာက ေဆာ္ဒီ အာေရဗ်က ကမာၻ႔ဖလားၿပိဳင္ပြဲကို ၃၅ ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္နဲ႔ လာေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံး အာဂ်င္တီးနားကို ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တဲ့ပြဲျဖစ္ပါတယ္။ အယ္ေဗး ဟြန္းနာ့ဒ္ဟာ အာဂ်င္တီးနားက အျပတ္အသတ္ အႏိုင္ယူသြားမယ္လို႔ ထင္မွတ္ျခင္းခံထားရခ်ိန္မွာ မျဖစ္ႏိုင္ဘူးလို႔ ထင္ထားတာေတြပဲ လုပ္ျပသြားခဲ့တာျဖစ္ပါတယ္။ အျခား အံ့အားသင့္စရာ ပြဲေတြကေတာ့ ဂ်ာမန္နဲ႔ ဂ်ပန္၊ ဂ်ပန္နဲ႔ စပိန္၊ ဘယ္လ္ဂ်ီယမ္နဲ႔ ေမာ္႐ိုကိုတို႔ ပြဲစဥ္ေတြျဖစ္ပါတယ္။

အႀကီးမားဆုံး က်ရႈံးသူမ်ား

အခ်ိန္အမ်ားစုမွာ အင္အားအေကာင္းဆုံးအသင္းဟာ အုပ္စုအဆင့္မွာ က်န္တဲ့အသင္းငယ္ေတြကို သက္ေတာင့္သက္သာအႏိုင္ယူၿပီး အုပ္စုတက္မွာျဖစ္ေပမယ့္လည္း ဂ်ာမနီကေတာ့ အဲဒီလိုမဟုတ္ခဲ့တာျဖစ္ပါတယ္။ အုပ္စုအဖြင့္ပြဲမွာ ဂ်ပန္ကို ရႈံးၿပီးေနာက္ စပိန္နဲ႔ သေရကစားႏိုင္ခဲ့ၿပီး ေကာ္စတာရီကာကို အႏိုင္ရရွိခဲ့ေပမယ့္လည္း ဂိုးကြာျခားခ်က္နဲ႔ အုပ္စုအဆင့္ကေန ကမာၻ႔ဖလား ၂ ႀကိမ္ဆက္တိုက္ ထြက္ခဲ့ရတာျဖစ္ပါတယ္။ အျခား အႀကီးမားဆုံး က်ရႈံးသူေတြကေတာ့ ဘယ္လ္ဂ်ီယမ္နဲ႔ ဒိန္းမတ္တို႔ ျဖစ္ပါတယ္။

ေမွ်ာ္မွန္းထားတာထက္ ေအာင္ျမင္ခဲ့သူမ်ား

ဒီဆုကို ရသင့္တာက ၾသစေၾတးလ်လို႔ ျငင္းႏိုင္ေပမယ့္လည္း ေမာ္႐ိုကိုအသင္းဟာ ခ႐ိုေအးရွား၊ ဘယ္လ္ဂ်ီယမ္နဲ႔ ကေနဒါတို႔လိုအသင္းနဲ႔ က်ေရာက္ေနတဲ့ အုပ္စုမွာ အုပ္စုဗိုလ္အျဖစ္ ရႈံးထြက္တက္ႏိုင္ခဲ့တာက ေတာ္ေတာ္ေလးကို အထင္ႀကီးစရာေကာင္းပါတယ္။ ေမာ္႐ိုကိုအသင္းကို အုပ္စုပြဲေတြမစတင္ခင္က အားလုံးရဲ႕စိတ္ထဲမွာ အေစာဆုံး အုပ္စုျပဳတ္မယ့္အသင္းလို႔ ေလွ်ာ့တြက္ခဲ့ၾကတာျဖစ္ပါတယ္။ ေမွ်ာ္မွန္းထားတာထက္ ေအာင္ျမင္ခဲ့တဲ့ အျခားအသင္းေတြကေတာ့ ၾသစေၾတးလ်နဲ႔ ဂ်ပန္တို႔ျဖစ္ပါတယ္။

အေကာင္းဆုံးဂိုး

၂၀၂၂ ကမာၻ႔ဖလားအုပ္စုအဆင့္ရဲ႕ အေကာင္းဆုံးသြင္းဂိုးကို စဥ္းစားလိုက္ရင္ ဆားဘီးယားနဲ႔ပြဲက ရစ္ခ်ာလီဆန္ရဲ႕ ကက္ေၾကးပုံစံ ကန္ခ်က္ကိုပဲ တန္းျမင္မိပါတယ္။ ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ အနိမ့္ေဘာ ျဖတ္တင္ေပးပို႔မႈကို ရယူၿပီးေနာက္ ေဘာလုံးကို အေပၚေျမႇာက္ၿပီး အလြန္ေကာင္းမြန္တဲ့ ကန္သြင္းခ်က္ကို ျပဳလုပ္ျပခဲ့တာျဖစ္ပါတယ္။ အျခား အေကာင္းဆုံးသြင္းဂိုးေတြကေတာ့ ဆားဘီးယားဘက္ကို သြင္းခဲ့တဲ အဘူဘာကာရဲ႕ဂိုး၊ ေဆာ္ဒီအာေရဗ်ဘက္ကို သြင္းခဲ့တဲ့ လူးဝစၥ ခ်ားဗက္ဇ္ရဲ႕ဂိုး၊ အာဂ်င္တီးနားဘက္ကို သြင္းခဲ့တဲ့ အယ္လ္ေဒၚစာရီရဲ႕ ဂိုးတို႔ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.