Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၄.၉.၂၀၂၀

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္ပစ္မွတ္ေတြျဖစ္ၾကတဲ့ ဟူဆင္းမ္ ေအာဝါနဲ႔ ေသာမတ္စ္ ပါေတးတုိ႔ ႏွစ္ဦးအနက္က တစ္ဦးသာ ေရြးခ်ယ္သြားဖို႔ ရွိေနတယ္လို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကၿပီး အသင္းမွာ ေျခစြမ္းျပေနတဲ့ မိုဟာမက္ အယ္လ္နန္နီေၾကာင့္ တုိက္စစ္မွာ ဖန္တီးမွဳ ေကာင္းတဲ့ ေအာဝါကိုပဲ ေရြးခ်ယ္ဖြယ္ရွိတယ္လို႔ ဆုိေနၾက။

– ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို နည္းျပ မာကို ဂ်မ္ေပၚလိုနဲ႔အတူ အမွန္တကယ္ အလိုရွိေနတဲ့ တုိရီႏိုအသင္းရဲ႕ အငွားေခၚယူမွဳကို အရစ္က် ေခၚယူမွဳအျဖစ္ ေျပာင္းလဲဖို႔ အာဆင္နယ္အသင္းက ေဆြးေႏြးေနၿပီး ေပါင္ ၂၂ သန္းပမာဏနဲ႔ ခြဲေဝေပးေခ်မွဳကို လက္ခံသြားဖြယ္ရွိေန။

– အူဘာမီယန္းရဲ႕ မိသားစုမွာ ၾသဇာအာဏာအရွိဆုံးက ဖခင္ျဖစ္သူ ပ်ယ္-ဖရန္ဆြာ(ယာယာ) အူဘာမီယန္းျဖစ္လုိ႔ အာဆင္နယ္ အသင္းေခါင္းေဆာင္ကို သက္တမ္းတုိးႏုိင္ဖို႔အတြက္ သူ႕အေဖဆီ ေျပာဖို႔လိုရင္လည္း တုိက္႐ိုက္သြားေျပာမယ္လို႔ အသင္းဂႏၴဝင္ တုိက္စစ္မွဴးေဟာင္းႀကီး အီယန္႐ိုက္ဆုိ။

– အာဆင္နယ္အသင္းအေနနဲ႔ ဂိုးနည္းျပ အီညာကီ ကာညာ လမ္းညႊန္ထားတဲ့ ပစ္မွတ္ႏွစ္ခုကို တစ္ၿပဳိင္တည္း ႀကဳိးစားေနၿပီး ဘရန္႔ဖို႔ဒ္ ဂိုးသမား ေဒးဗစ္ ရာယာကို မရရင္ ျပင္သစ္ကလပ္ ဒီယြန္ရဲ႕ အုိက္စလန္လက္ေရြးစင္ဂိုးသမား ႐ူနာ အဲလက္စ္ ႐ူနာဆန္ကို ေခၚယူသြားဖို႔ ရွိေန။

– ေသာမတ္စ္ ပါေတးကိုပဲ ေခၚေခၚ၊ ဟူဆင္းမ္ ေအာဝါကိုပဲ ေခၚေခၚ အာဆင္နယ္အသင္းအေနနဲ႔ အေရးတႀကီးလုပ္စရာျဖစ္တဲ့ အူဘာမီယန္းကို စာခ်ဳပ္သက္တမ္းတုိးၿပီးရင္ ဒုတိယဦးစားေပးအလုပ္က ကစားသမားေတြ ေရာင္းခ်ၿပီး ေငြရွာၿပီးမွ ျဖစ္ႏုိင္မယ္လို႔ အေျပာင္းအေရႊ႕ ကၽြမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏုိ အႀကံေပး။

– ဂီလင္ဟမ္နဲ႔ ဟားလ္စီးတီးတုိ႔ရဲ႕ ပြဲစဥ္မွာ ခံစစ္ကေန ရွင္းထုတ္မွဳ ၁၃ ႀကိမ္အထိ ျပဳလုပ္ႏုိင္ခဲ့ေပမယ့္ ဂိုးေပးရမယ့္ ဖရီးကစ္ကေန ေခါင္းတုိက္ရွင္းထုတ္ႏုိင္ဖို႔ ပ်က္ကြက္ခဲ့တဲ့ အာဆင္နယ္အငွားကစားသမား ဇက္ခ်္ မက္ဒ္လီကို နည္းျပ စတိဗ္ အီဗန္စ္ ရွဳတ္ခ်။

– အာတီတာအေနနဲ႔ ကစားသမားေတြကို အလိုလုိက္ၿပီး သူတတ္ႏုိင္တုိင္း ဘာသာစကား ေလးငါးမ်ဳိးနဲ႔ ေျပာေနတာ မျဖစ္သင့္ေၾကာင္းနဲ႔ အဂၤလန္ႏုိင္ငံမွာ အဂၤလိပ္စကားနဲ႔ပဲ ဆက္သြယ္ၾကဖို႔ အာဆင္ဝင္းဂါးခုိင္းခဲ့တာကို အမွတ္ရေနၿပီး ရွဳပ္ေထြးမွဳ မရွိေအာင္နဲ႔ ညႊန္ၾကားမွဳေတြကို သဲသဲကြဲကြဲျဖစ္ဖို႔ ဂ႐ုစိုက္သင့္ေၾကာင္း မာတင္ ကီးယြန္းတုိက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ပစ်မှတ်တွေဖြစ်ကြတဲ့ ဟူဆင်းမ် အောဝါနဲ့ သောမတ်စ် ပါတေးတို့ နှစ်ဦးအနက်က တစ်ဦးသာ ရွေးချယ်သွားဖို့ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပြီး အသင်းမှာ ခြေစွမ်းပြနေတဲ့ မိုဟာမက် အယ်လ်နန်နီကြောင့် တိုက်စစ်မှာ ဖန်တီးမှု ကောင်းတဲ့ အောဝါကိုပဲ ရွေးချယ်ဖွယ်ရှိတယ်လို့ ဆိုနေကြ။

– ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို နည်းပြ မာကို ဂျမ်ပေါ်လိုနဲ့အတူ အမှန်တကယ် အလိုရှိနေတဲ့ တိုရီနိုအသင်းရဲ့ အငှားခေါ်ယူမှုကို အရစ်ကျ ခေါ်ယူမှုအဖြစ် ပြောင်းလဲဖို့ အာဆင်နယ်အသင်းက ဆွေးနွေးနေပြီး ပေါင် ၂၂ သန်းပမာဏနဲ့ ခွဲဝေပေးချေမှုကို လက်ခံသွားဖွယ်ရှိနေ။

– အူဘာမီယန်းရဲ့ မိသားစုမှာ သြဇာအာဏာအရှိဆုံးက ဖခင်ဖြစ်သူ ပျယ်-ဖရန်ဆွာ(ယာယာ) အူဘာမီယန်းဖြစ်လို့ အာဆင်နယ် အသင်းခေါင်းဆောင်ကို သက်တမ်းတိုးနိုင်ဖို့အတွက် သူ့အဖေဆီ ပြောဖို့လိုရင်လည်း တိုက်ရိုက်သွားပြောမယ်လို့ အသင်းဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်ဆို။

– အာဆင်နယ်အသင်းအနေနဲ့ ဂိုးနည်းပြ အီညာကီ ကာညာ လမ်းညွှန်ထားတဲ့ ပစ်မှတ်နှစ်ခုကို တစ်ပြိုင်တည်း ကြိုးစားနေပြီး ဘရန့်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာကို မရရင် ပြင်သစ်ကလပ် ဒီယွန်ရဲ့ အိုက်စလန်လက်ရွေးစင်ဂိုးသမား ရူနာ အဲလက်စ် ရူနာဆန်ကို ခေါ်ယူသွားဖို့ ရှိနေ။

– သောမတ်စ် ပါတေးကိုပဲ ခေါ်ခေါ်၊ ဟူဆင်းမ် အောဝါကိုပဲ ခေါ်ခေါ် အာဆင်နယ်အသင်းအနေနဲ့ အရေးတကြီးလုပ်စရာဖြစ်တဲ့ အူဘာမီယန်းကို စာချုပ်သက်တမ်းတိုးပြီးရင် ဒုတိယဦးစားပေးအလုပ်က ကစားသမားတွေ ရောင်းချပြီး ငွေရှာပြီးမှ ဖြစ်နိုင်မယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနို အကြံပေး။

– ဂီလင်ဟမ်နဲ့ ဟားလ်စီးတီးတို့ရဲ့ ပွဲစဉ်မှာ ခံစစ်ကနေ ရှင်းထုတ်မှု ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးပေးရမယ့် ဖရီးကစ်ကနေ ခေါင်းတိုက်ရှင်းထုတ်နိုင်ဖို့ ပျက်ကွက်ခဲ့တဲ့ အာဆင်နယ်အငှားကစားသမား ဇက်ချ် မက်ဒ်လီကို နည်းပြ စတိဗ် အီဗန်စ် ရှုတ်ချ။

– အာတီတာအနေနဲ့ ကစားသမားတွေကို အလိုလိုက်ပြီး သူတတ်နိုင်တိုင်း ဘာသာစကား လေးငါးမျိုးနဲ့ ပြောနေတာ မဖြစ်သင့်ကြောင်းနဲ့ အင်္ဂလန်နိုင်ငံမှာ အင်္ဂလိပ်စကားနဲ့ပဲ ဆက်သွယ်ကြဖို့ အာဆင်ဝင်းဂါးခိုင်းခဲ့တာကို အမှတ်ရနေပြီး ရှုပ်ထွေးမှု မရှိအောင်နဲ့ ညွှန်ကြားမှုတွေကို သဲသဲကွဲကွဲဖြစ်ဖို့ ဂရုစိုက်သင့်ကြောင်း မာတင် ကီးယွန်းတိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.