Premier League Transfer News

နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု – ၁၄.၉.၂၀၂၀

– ရင်းနေးအသင်းရဲ့ ဂိုးသမား အေဒူယာ မန်ဒီဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျကို မပြောင်းရွှေ့ခင် လုပ်ထုံးလုပ်နည်းတွေအရ ပြင်သစ်မှာပဲ အရင် ကြိုတင်ဆေးစစ်ခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ အင်္ဂလန်နိုင်ငံရဲ့ စီစဉ်မှုတွေအတိုင်း အပြောင်းအရွှေ့ကို အပြီးသတ်လုပ်ဆောင်မယ်လို့ သိရ။







REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ရင်းနေးအသင်းရဲ့ ဂိုးသမား အေဒူယာ မန်ဒီဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကို မပြောင်းရွှေ့ခင် လုပ်ထုံးလုပ်နည်းတွေအရ ပြင်သစ်မှာပဲ အရင် ကြိုတင်ဆေးစစ်ခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ အင်္ဂလန်နိုင်ငံရဲ့ စီစဉ်မှုတွေအတိုင်း အပြောင်းအရွှေ့ကို အပြီးသတ်လုပ်ဆောင်မယ်လို့ သိရ။

– ပြင်သစ်လီဂူးဝမ်းကလပ် လီယွန်အသင်းကနေ အက်စတန်ဗီလာအသင်းကို ပြောင်းရွှေ့ဖို့ ယူရို ၁၉ သန်းနဲ့ သဘောတူညီခဲ့တဲ့ တောင်ပံကစားသမား ဘာထရန် ထရာအိုရေးအတွက် ချဲလ်ဆီးတို့ အကျိုးခံစားခွင့် ၁၅ ရာခိုင်နှုန်း ငွေကြေးပမာဏကို ရရှိမည်။

– ဒက်ကလန် ရိုက်စ်ကို ကမ်းလှမ်းဖို့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ ကြိုးစားလုပ်ဆောင်နေပြီး ပြောင်းရွှေ့ကြေး အသုံးပြုနိုင်ဖို့အတွက် ဘာကာယိုကို၊ ဂျော်ဂျင်ညို၊ ခရစ္စတင်ဆန်နဲ့ ဒရင့်ခ်ဝါးတားတို့ကို ရောင်းချသွားမယ်လို့ သတင်းထွက်ပေါ်လာ။

– ချဲလ်ဆီးအသင်းရဲ့ တတိယဦးစားပေး ဘယ်နောက်ခံလူအဖြစ် အရေးပါမှု လျော့ကျသွားခဲ့ပြီး ပွဲထွက်ခွင့် နောက်ဆုံးကို ရောက်သွားခဲ့တဲ့ အီမာဆန် ပယ်လ်မီယာရီကို ခေါ်ယူနိုင်ဖို့ အင်တာမီလန်အသင်းကြိုးစားနေပြီး နာပိုလီနဲ့အပြိုင် ခေါ်ယူသွားဖွယ်ရှိနေ။

– အသင်းရဲ့ ကွင်းလယ်မှာ ကောင်းကောင်းကစားရခြင်း မရှိဘဲ အကျိုးမပြုနိုင်ခဲ့တဲ့ ဒန်နီ ဒရင့်ခ်ဝါးတားအတွက် ချဲလ်ဆီးအသင်းအနေနဲ့ ပြောင်းရွှေ့ကြေးအပြင် လစာနဲ့ ဆုကြေးငွေ ပေါင် ၁၅.၆ သန်း ကုန်ကျထားပြီး အဆိုးရွားဆုံး ခေါ်ယူမှုတစ်ခုဖြစ်လာခဲ့။

– ဘရိုက်တန်နဲ့ ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အတွက် နောက်ခံလူ ချေးလ်ဝဲလ်နဲ့ သီယာဂို ဆေးလ်ဗား၊ ကွင်းလယ်လူ ဂီးလ်မိုးနဲ့ တောင်ပံကစားသမား ဇီးယက်ရှ်တို့ လွဲချော်မှာဖြစ်ကြောင်း နည်းပြ ဖရန့် လမ်းပတ် အတည်ပြု။

– ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက် ဟက်ဆယ်ဘိန့်ခ်က အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အားဖြည့်ခေါ်ယူမှုတွေ ဖြစ်ကြတဲ့ တီမို ဗာနာ၊ ဟာဗတ်ဇ်နဲ့ ဇီယက်ရှ်တို့အပြင် အသင်းမှာ လက်ရှိရှိနေတဲ့ ဂျီရူးနဲ့ အေဘရာဟမ်တိုရဲ့ အင်အားအတွက် စိတ်လှုပ်ရှားနေကြောင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.