Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏိုက္တက္သတင္းမ်ား စုစည္းမွဳ – ၁၄.၉.၂၀၂၀

– ပရီးမီးယားလိဂ္ၿပဳိင္ဘက္ လက္ရွိခ်န္ပီယံ လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္တစ္ခုျဖစ္တဲ့ ဘုိင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ပုဂၢဳိလ္ေရး သေဘာတူညီမွဳ ရယူႏုိင္ခဲ့ၿပီလို႔ သတင္းေတြ ေဖာ္ျပ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ တျခားဗဟိုခံစစ္ ပစ္မွတ္ေတြကို ေခၚယူႏုိင္ဖို႔ မလြယ္ကူေတာ့တာေၾကာင့္ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားရဲ႕ တြဲဖက္သစ္အျဖစ္ မိုနာကို လူငယ္ေနာက္ခံလူ ဘီႏြား ဘာဒီယာရွီးလ္ကို ေပါင္ ၂၃ သန္းနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းက စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ ေဒးဗစ္ ဘရြတ္ခ္အတြက္ ဘုန္းေမာက္အသင္းဘက္က ေပါင္သန္း ၅၀ သတ္မွတ္ခဲ့တာေၾကာင့္ အက္စတန္ဗီလာရဲ႕ ဂ်က္ခ္ ဂရီးလစ္ရွ္ကိုပဲ ေခၚယူဖို႔ နည္းျပ ဆုိးလ္ရွား ဆုံးျဖတ္ဖြယ္ရွိေန။

– ၿပီးခဲ့တဲ့ ေႏြရာသီအေစာပုိင္းက ခ်ဲလ္ဆီးအသင္းနဲ႔ အသံထြက္ခဲ့ဖူးတဲ့ အဲလက္စ္ တဲလက္စ္အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ကို ေျပာင္းေရႊ႕လိုစိတ္ ႀကီးမားေနတာေၾကာင့္ ေပၚတိုအသင္းဘက္က သူ႕အတြက္ ယူ႐ိုသန္း ၂၀ ရရင္ ေရာင္းခ်သြားမယ္လို႔ ေပၚတူဂီ သတင္းေတြ ေဖာ္ျပ။

– ေဘးလ္ရဲ႕ လက္က်န္စာခ်ဳပ္ႏွစ္ႏွစ္မွာ တစ္ပတ္လုပ္ခ ေပါင္ေျခာက္သိန္း ေပးေခ်သြားရမွာျဖစ္ၿပီး ဒါကို ေရာင္းခ်လိုေနတဲ့ ရီးရဲလ္မက္ဒရစ္ဘက္က ပထမတစ္ႏွစ္စာရဲ႕ လုပ္ခတဝက္ကို က်ခံေပးမယ္လုိ႔ ဆုိထားေပမယ့္ အသက္အရြယ္နဲ႔ မလုိက္ဖက္ေအာင္ မ်ားျပားေနဆဲ ျဖစ္လို႔ ေပါင္သန္း ၂၀ တည္းနဲ႔ ေခၚယူႏုိင္မယ့္ ေတာင္ပံကစားသမားအတြက္ ယူႏုိက္တက္တုိ႔ အခ်ိန္ယူ စဥ္းစားသြားဖြယ္ရွိေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အရန္ကစားသမားအျဖစ္ ေနရတာကို မေပ်ာ္ရႊင္ေတာ့တဲ့ ေပၚတူဂီေနာက္ခံလူ ဒီယိုဂို ဒါေလာ့အေနနဲ႔ လက္ရွိအေျပာင္းအေရႊ႕ကာလ မပိတ္သိမ္းခင္မွာ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာဖြယ္ရွိေနတယ္လို႔ အေျပာင္းအေရႊ႕ ကၽြမ္းက်င္သူ ဒန္ကန္ ကတ္ဆယ္လ္ဆုိ။

– စီးရီးေအကလပ္ ဗီ႐ိုနာအသင္းရဲ႕ အသက္ ၂၀ အရြယ္ အယ္လ္ေဘးနီးယားလက္ေရြးစင္ေနာက္ခံလူ မာရက္ရွ္ ကမ္ဘူလာကို ေခၚယူဖို႔ ခ်ဲလ္ဆီး၊ စပါးစ္တုိ႔နဲ႔ အၿပဳိင္ မန္ခ်က္စတာယူႏုိက္တက္အသင္း စိတ္ဝင္စားလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပရီးမီးယားလိဂ်ပြိုင်ဘက် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအတွက် မန်ချက်စတာယူနိုက်တက်အသင်းက ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သတင်းတွေ ဖော်ပြ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ တခြားဗဟိုခံစစ် ပစ်မှတ်တွေကို ခေါ်ယူနိုင်ဖို့ မလွယ်ကူတော့တာကြောင့် အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားရဲ့ တွဲဖက်သစ်အဖြစ် မိုနာကို လူငယ်နောက်ခံလူ ဘီနွား ဘာဒီယာရှီးလ်ကို ပေါင် ၂၃ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဒေးဗစ် ဘရွတ်ခ်အတွက် ဘုန်းမောက်အသင်းဘက်က ပေါင်သန်း ၅၀ သတ်မှတ်ခဲ့တာကြောင့် အက်စတန်ဗီလာရဲ့ ဂျက်ခ် ဂရီးလစ်ရှ်ကိုပဲ ခေါ်ယူဖို့ နည်းပြ ဆိုးလ်ရှား ဆုံးဖြတ်ဖွယ်ရှိနေ။

– ပြီးခဲ့တဲ့ နွေရာသီအစောပိုင်းက ချဲလ်ဆီးအသင်းနဲ့ အသံထွက်ခဲ့ဖူးတဲ့ အဲလက်စ် တဲလက်စ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လိုစိတ် ကြီးမားနေတာကြောင့် ပေါ်တိုအသင်းဘက်က သူ့အတွက် ယူရိုသန်း ၂၀ ရရင် ရောင်းချသွားမယ်လို့ ပေါ်တူဂီ သတင်းတွေ ဖော်ပြ။

– ဘေးလ်ရဲ့ လက်ကျန်စာချုပ်နှစ်နှစ်မှာ တစ်ပတ်လုပ်ခ ပေါင်ခြောက်သိန်း ပေးချေသွားရမှာဖြစ်ပြီး ဒါကို ရောင်းချလိုနေတဲ့ ရီးရဲလ်မက်ဒရစ်ဘက်က ပထမတစ်နှစ်စာရဲ့ လုပ်ခတဝက်ကို ကျခံပေးမယ်လို့ ဆိုထားပေမယ့် အသက်အရွယ်နဲ့ မလိုက်ဖက်အောင် များပြားနေဆဲ ဖြစ်လို့ ပေါင်သန်း ၂၀ တည်းနဲ့ ခေါ်ယူနိုင်မယ့် တောင်ပံကစားသမားအတွက် ယူနိုက်တက်တို့ အချိန်ယူ စဉ်းစားသွားဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အရန်ကစားသမားအဖြစ် နေရတာကို မပျော်ရွှင်တော့တဲ့ ပေါ်တူဂီနောက်ခံလူ ဒီယိုဂို ဒါလော့အနေနဲ့ လက်ရှိအပြောင်းအရွှေ့ကာလ မပိတ်သိမ်းခင်မှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဒန်ကန် ကတ်ဆယ်လ်ဆို။

– စီးရီးအေကလပ် ဗီရိုနာအသင်းရဲ့ အသက် ၂၀ အရွယ် အယ်လ်ဘေးနီးယားလက်ရွေးစင်နောက်ခံလူ မာရက်ရှ် ကမ်ဘူလာကို ခေါ်ယူဖို့ ချဲလ်ဆီး၊ စပါးစ်တို့နဲ့ အပြိုင် မန်ချက်စတာယူနိုက်တက်အသင်း စိတ်ဝင်စားလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.