International World Cup

ရော်နယ်လ်ဒိုက ဘောလုံးစကေးသစ်ကို ဖန်တီးပြခဲ့တယ်လို့ ထင်နေတဲ့ ပရိသတ်များ

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဟန်ဆောင် ခေါင်းတိုက်ပေးပို့မှု ဘောလုံးစွမ်းရည်သစ်ကို ဖန်တီးခဲ့တယ်လို့ ပရိသတ်တွေက ထင်မြင်နေကြပါတယ်။

ရော်နယ်လ်ဒိုဟာ သောကြာနေ့က တောင်ကိုရီးယားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မတိုင်ခင် လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေ ပြောစရာဖြစ်အောင် လုပ်ခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးပြုလုပ်နေချိန်အတွင်း အံ့အားသင့်ဖွယ် ဘောလုံးစွမ်းရည်ပြသခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘောလုံးကို ဒူးခေါင်းနဲ့ တော့နေခဲ့တာဖြစ်ပြီး ဘောလုံးကို အမြင့်ထိမြှောက်ပြီးနောက် ဟန်ဆောင်ခေါင်းတိုက်ချက်နဲ့အတူ ၎င်းရဲ့ ဦးခေါင်း ဆန့်ကျင်ဘက်အခြမ်းနဲ့ တိုက်ပြခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အသင်းဖော်ကို လက်ညှိုးနဲ့ ညွှန်ပြပြီးနောက် ရယ်မောပြီး နောက်ပြောင်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေဟာ ရော်နယ်လ်ဒိုရဲ့ မှော်ဆန်တဲ့ အခိုက်အတန့်ကြောင့် အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ကို ‘ဟန်ဆောင် ခေါင်းတိုက်ပေးပို့မှုက တကယ်ကို ဆန်းသစ်ပြောင်းလဲမှုပဲ’ဆိုတဲ့ စာသားနဲ့အတူ မျှဝေခဲ့ရာမှာ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေအားလုံး သဘောကျနှစ်သက်ခဲ့ကြတာ ဖြစ်ပါတယ်။

“ကျွန်တော် ဒီဗီဒီယို ပေါ်လာတဲ့အခါတိုင်း ကြည့်မိတယ်။ ခေါင်းတိုက်ချက်က ဟန်ဆောင်ခေါင်းတိုက်ချက်ဆိုတာ ကျွန်တော် သတိပြုမိတာ တစ်ကြိမ်မဟုတ်တော့ဘူး”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ဟန်ဆောင် ခေါင်းတိုက်ပေးပို့မှုကို ငါ တသက်လုံးမမြင်တွေ့ခဲ့ရဖူးဘူး ထင်တယ်။ မိုက်လိုက်တာ”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ သောကြာနေ့ညက ပေါ်တူဂီအသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တောင်ကိုရီးယားနဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းကို နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိဘဲ ဟော်တာရဲ့ ဦးဆောင်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ကင်ယောင်ဂွန်၊ ဟွမ်ဟီးချန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုနဲ့ ပေါ်တူဂီအသင်းဟာ အုပ်စု H ရဲ့ အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီးဖြစ်ပြီး ဆွစ်ဇာလန်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဟန္ေဆာင္ ေခါင္းတိုက္ေပးပို႔မႈ ေဘာလုံးစြမ္းရည္သစ္ကို ဖန္တီးခဲ့တယ္လို႔ ပရိသတ္ေတြက ထင္ျမင္ေနၾကပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေသာၾကာေန႔က ေတာင္ကိုရီးယားကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မတိုင္ခင္ လူမႈကြန္ရက္ေပၚမွာ ပရိသတ္ေတြ ေျပာစရာျဖစ္ေအာင္ လုပ္ခဲ့တာျဖစ္ၿပီး ေလ့က်င့္ေရးျပဳလုပ္ေနခ်ိန္အတြင္း အံ့အားသင့္ဖြယ္ ေဘာလုံးစြမ္းရည္ျပသခဲ့ၿပီးေနာက္ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့တာျဖစ္ပါတယ္။

ဗီဒီယိုဖိုင္ထဲမွာ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေဘာလုံးကို ဒူးေခါင္းနဲ႔ ေတာ့ေနခဲ့တာျဖစ္ၿပီး ေဘာလုံးကို အျမင့္ထိေျမႇာက္ၿပီးေနာက္ ဟန္ေဆာင္ေခါင္းတိုက္ခ်က္နဲ႔အတူ ၎ရဲ႕ ဦးေခါင္း ဆန႔္က်င္ဘက္အျခမ္းနဲ႔ တိုက္ျပခဲ့တာ ျဖစ္ပါတယ္။

ေပၚတူဂီအသင္းေခါင္းေဆာင္ဟာ အသင္းေဖာ္ကို လက္ညႇိဳးနဲ႔ ၫႊန္ျပၿပီးေနာက္ ရယ္ေမာၿပီး ေနာက္ေျပာင္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ပရိသတ္ေတြဟာ ေရာ္နယ္လ္ဒိုရဲ႕ ေမွာ္ဆန္တဲ့ အခိုက္အတန႔္ေၾကာင့္ အံ့အားသင့္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီဗီဒီယိုဖိုင္ကို ‘ဟန္ေဆာင္ ေခါင္းတိုက္ေပးပို႔မႈက တကယ္ကို ဆန္းသစ္ေျပာင္းလဲမႈပဲ’ဆိုတဲ့ စာသားနဲ႔အတူ မွ်ေဝခဲ့ရာမွာ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြအားလုံး သေဘာက်ႏွစ္သက္ခဲ့ၾကတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီဗီဒီယို ေပၚလာတဲ့အခါတိုင္း ၾကည့္မိတယ္။ ေခါင္းတိုက္ခ်က္က ဟန္ေဆာင္ေခါင္းတိုက္ခ်က္ဆိုတာ ကြၽန္ေတာ္ သတိျပဳမိတာ တစ္ႀကိမ္မဟုတ္ေတာ့ဘူး”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ဟန္ေဆာင္ ေခါင္းတိုက္ေပးပို႔မႈကို ငါ တသက္လုံးမျမင္ေတြ႕ခဲ့ရဖူးဘူး ထင္တယ္။ မိုက္လိုက္တာ”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေသာၾကာေန႔ညက ေပၚတူဂီအသင္းရဲ႕ အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ ေတာင္ကိုရီးယားနဲ႔ ကစားခဲ့တဲ့ပြဲမွာ အသင္းကို ႏိုင္ပြဲရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျခင္းမရွိဘဲ ေဟာ္တာရဲ႕ ဦးေဆာင္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ကင္ေယာင္ဂြန္၊ ဟြမ္ဟီးခ်န္းတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ေတာင္ကိုရီးယားကို ရႈံးနိမ့္ခဲ့ေပမယ့္လည္း ေရာ္နယ္လ္ဒိုနဲ႔ ေပၚတူဂီအသင္းဟာ အုပ္စု H ရဲ႕ အုပ္စုဗိုလ္အျဖစ္နဲ႔ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ဆြစ္ဇာလန္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.