International World Cup

ဥရုဂွေးအုပ်စုကထွက်ခဲ့ရပြီးနောက် VAR ကို တိုက်ခိုက်ခဲ့တဲ့ ကာဗာနီ

ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ ဥရုဂွေးရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စိတ်ပျက်ဖွယ် ထွက်ခွာခဲ့ရပြီးနောက် VAR မော်နီတာကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

ဥရုဂွေးဟာ တောင်ကိုရီးယားအသင်းက ပေါ်တူဂီအသင်းကို ၂-၁ နဲ့ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ဟွမ်ဟီးချန်းက ၉၁ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ တောင်အမေရိကအသင်းဟာ ဂါနာအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး တောင်ကိုရီးယားအသင်းဟာ ဥရုဂွေးနဲ့ ရမှတ်တူ သွင်းဂိုး ၂ ဂိုး အသာနဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဥရုဂွေးအသင်းဟာ နာကျင်အချိန်ပိုမှာ ကာဗာနီ ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရတဲ့အချိန်မှာ ပင်နယ်တီကနေ ဂိုးသွင်းယူဖို့ အခွင့်အရေး ရှိခဲ့တယ်လို့ ထင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဥရုဂွေးအသင်းသာ တတိယမြောက် ဦးဆောင်ဂိုး ရရှိခဲ့မယ်ဆိုရင် တောင်ကိုရီးယားအသင်းကို ဂိုးကွာခြားချက်အသာနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့မှာဖြစ်ပေမယ့် ဒိုင်လူကြီး ဒန်နီရယ် ဆီးဘတ်က ပင်နယ်တီကို ငြင်းပယ်ခဲ့တာကြောင့် ဥရုဂွေးအသင်းဟာ ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

ကစားသမားအများစုဟာ ပွဲပြီး ဝီစီမှုတ်ချိန်မှာ စိတ်မထိန်းနိုင်အောင် ဒေါသတွေထွက်ခဲ့ကြပြီး ပွဲတာဝန်ရှိသူတွေကို ဒေါသတကြီး စောဒကတက်ခဲ့ကြတဲ့ အံ့အားသင့်ဖွယ် မြင်ကွင်းတွေကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်အသစ်ထဲမှာ မြင်တွေ့ရချက်အရ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ကာဗာနီဟာ ဥရုဂွေးအသင်းရဲ့ ပင်နယ်တီကို ခွင့်ပြုခဲ့ခြင်းမရှိတဲ့ VAR ကို ဒေါသတကြီးနဲ့ ဥမင်လျှောက်လမ်းထဲ ဆင်းချိန်မှာ လက်သီးနဲ့ ထိုးခဲ့တာကို မြင်တွေ့ခဲ့ရပြီး VAR မော်နီတာဟာ ကြမ်းပြင်ပေါ် လဲကျသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာတော့ ကာဗာနီဟာ ဥမင်လျှောက်လမ်းအတိုင်း ဆက်ဆင်းသွားခဲ့ပြီး VAR မော်နီတာကတော့ ပွဲတာဝန်ရှိသူဘေးနားက ကြမ်းပြင်ပေါ်မှာ လဲကျကျန်နေခဲ့တာဖြစ်ပြီး ဥရုဂွေးရဲ့ ကမ္ဘာ့ဖလားအုပ်စုကနေ လှည့်ပြန်ခဲ့ရမှုက လူးဝစ္စ ဆွာရက်ဇ်ကိုလည်း မျက်ရည်မဆည်နိုင်အောင် ဖြစ်စေခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူးဟောင်းဟာ တောင်ကိုရီးယားအသင်းက အနိုင်ဂိုးကို သွင်းယူသွားပြီဆိုတာကို သိရှိခဲ့ပြီးနောက် အရန်ခုံတန်းမှာ မျက်ရည်တွေ ကျခဲ့ပြီး နောက်ဆုံးပါဝင်ကစားပေးတာဖြစ်နိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အဆုံးသတ်ခဲ့ပြီဆိုတာ သိသွားခဲ့တဲ့အတွက် ရှပ်အင်္ကျီကို ခေါင်းအပေါ်ထိ ဆွဲတင်ရင်း ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီနဲ့ တောင်ကိုရီးယာအသင်းတို့ဟာ အုပ်စု H ကနေ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်တဲ့ အသင်းတွေ ဖြစ်ခဲ့ပြီး ရော်နယ်လ်ဒိုရဲ့အသင်းက အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉး ကာဗာနီဟာ ဥ႐ုေဂြးရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲကေန စိတ္ပ်က္ဖြယ္ ထြက္ခြာခဲ့ရၿပီးေနာက္ VAR ေမာ္နီတာကို ကိုယ္ထိလက္ေရာက္ တိုက္ခိုက္ခဲ့ပါတယ္။

ဥ႐ုေဂြးဟာ ေတာင္ကိုရီးယားအသင္းက ေပၚတူဂီအသင္းကို ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ၿပီး ဟြမ္ဟီးခ်န္းက ၉၁ မိနစ္မွာ အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ေတာင္အေမရိကအသင္းဟာ ဂါနာအသင္းကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္လည္း ကမာၻ႔ဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ၿပီး ေတာင္ကိုရီးယားအသင္းဟာ ဥ႐ုေဂြးနဲ႔ ရမွတ္တူ သြင္းဂိုး ၂ ဂိုး အသာနဲ႔ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဥ႐ုေဂြးအသင္းဟာ နာက်င္အခ်ိန္ပိုမွာ ကာဗာနီ ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ပင္နယ္တီကေန ဂိုးသြင္းယူဖို႔ အခြင့္အေရး ရွိခဲ့တယ္လို႔ ထင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ ဥ႐ုေဂြးအသင္းသာ တတိယေျမာက္ ဦးေဆာင္ဂိုး ရရွိခဲ့မယ္ဆိုရင္ ေတာင္ကိုရီးယားအသင္းကို ဂိုးကြာျခားခ်က္အသာနဲ႔ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့မွာျဖစ္ေပမယ့္ ဒိုင္လူႀကီး ဒန္နီရယ္ ဆီးဘတ္က ပင္နယ္တီကို ျငင္းပယ္ခဲ့တာေၾကာင့္ ဥ႐ုေဂြးအသင္းဟာ ေဒါသထြက္ခဲ့ၾကတာျဖစ္ပါတယ္။

ကစားသမားအမ်ားစုဟာ ပြဲၿပီး ဝီစီမႈတ္ခ်ိန္မွာ စိတ္မထိန္းႏိုင္ေအာင္ ေဒါသေတြထြက္ခဲ့ၾကၿပီး ပြဲတာဝန္ရွိသူေတြကို ေဒါသတႀကီး ေစာဒကတက္ခဲ့ၾကတဲ့ အံ့အားသင့္ဖြယ္ ျမင္ကြင္းေတြကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ဗီဒီယိုဖိုင္အသစ္ထဲမွာ ျမင္ေတြ႕ရခ်က္အရ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ကာဗာနီဟာ ဥ႐ုေဂြးအသင္းရဲ႕ ပင္နယ္တီကို ခြင့္ျပဳခဲ့ျခင္းမရွိတဲ့ VAR ကို ေဒါသတႀကီးနဲ႔ ဥမင္ေလွ်ာက္လမ္းထဲ ဆင္းခ်ိန္မွာ လက္သီးနဲ႔ ထိုးခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး VAR ေမာ္နီတာဟာ ၾကမ္းျပင္ေပၚ လဲက်သြားခဲ့တာ ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာေတာ့ ကာဗာနီဟာ ဥမင္ေလွ်ာက္လမ္းအတိုင္း ဆက္ဆင္းသြားခဲ့ၿပီး VAR ေမာ္နီတာကေတာ့ ပြဲတာဝန္ရွိသူေဘးနားက ၾကမ္းျပင္ေပၚမွာ လဲက်က်န္ေနခဲ့တာျဖစ္ၿပီး ဥ႐ုေဂြးရဲ႕ ကမာၻ႔ဖလားအုပ္စုကေန လွည့္ျပန္ခဲ့ရမႈက လူးဝစၥ ဆြာရက္ဇ္ကိုလည္း မ်က္ရည္မဆည္ႏိုင္ေအာင္ ျဖစ္ေစခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဂႏၲဝင္တိုက္စစ္မႉးေဟာင္းဟာ ေတာင္ကိုရီးယားအသင္းက အႏိုင္ဂိုးကို သြင္းယူသြားၿပီဆိုတာကို သိရွိခဲ့ၿပီးေနာက္ အရန္ခုံတန္းမွာ မ်က္ရည္ေတြ က်ခဲ့ၿပီး ေနာက္ဆုံးပါဝင္ကစားေပးတာျဖစ္ႏိုင္တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ အဆုံးသတ္ခဲ့ၿပီဆိုတာ သိသြားခဲ့တဲ့အတြက္ ရွပ္အက်ႌကို ေခါင္းအေပၚထိ ဆြဲတင္ရင္း ငိုေႂကြးေနခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီနဲ႔ ေတာင္ကိုရီးယာအသင္းတို႔ဟာ အုပ္စု H ကေန ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္တဲ့ အသင္းေတြ ျဖစ္ခဲ့ၿပီး ေရာ္နယ္လ္ဒိုရဲ႕အသင္းက အုပ္စုဗိုလ္အျဖစ္နဲ႔ ေနာက္တဆင့္ တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.