International Match Report World Cup

ဘရာဇီးလ်ကို အနိုင်ယူပြီး ဂုဏ်ခံနိုင်ခဲ့ပေမယ့် ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ ကင်းမရွန်း

ဘရာဇီးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အီဒါ မီလီတို၊ ဘရီးမား၊ ဒါနီ အဲလ်ဗက်စ်နဲ့ အဲလက်စ် တဲလက်စ်တို့လို အရန် ကစားသမားအများစုကို ထုတ်သုံးခဲ့ပြီး ကွင်းလယ်မှာတော့ ဖရက်ဒ်နဲ့ ဖာဘင်ညိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရိုဒရီဂို၊ မာတီနယ်လီ၊ အန်တိုနီနဲ့ ဂျေဆူးစ်တို့ကို အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။

ကင်းမရွန်းအသင်းကတော့ ဂိုးသမား အီပတ်ဆီ၊ ခံစစ်မှာ အီဘော့ဆီ၊ ဝိုး၊ တိုလိုနဲ့ ဖာအီတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ကွန်ဒီ၊ ဇွမ်ဘွန်ဂီးဆာ၊ အန်ဂါမီလူးနဲ့ အမ်ဘူးမိုတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အဘူဘေကာရဲ့ နောက်ကနေ ချူပို-မိုတင်းက လိုက်ကစားပေးခဲ့တာပါ။

ဘရာဇီးလ်တိုက်စစ်က ကစားနေကျသူတွေ မဟုတ်လို့ အချိတ်အဆက်မိဖို့ အနည်းငယ်တော့ ရုန်းကန်ခဲ့ရသလို ပွဲချိန် ၁၄ မိနစ်မှာ မာတီနယ်လီ အနီးကပ် ခေါင်းတိုက်တာကို ကင်းမရွန်းဂိုးသမား အီပတ်ဆီက ကာကွယ်ခဲ့ရပြီး ဧရိယာထိပ်က ဖရီးကစ်တွေကိုလည်း အဲလ်ဗက်စ်တို့အဖွဲ့ အသုံးမချနိုင်ခဲ့ဘဲ ဖြုန်းတီးနေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ အန်တိုနီရဲ့ ကန်ချက်ပျော့ပျော့ကို ဂိုးသမား ဖမ်းယူနိုင်ခဲ့ပြီး မာတီနယ်လီရဲ့ ကန်ချက်ပြင်းပြင်းကိုတော့ ဂိုးသမား ပုတ်ထုတ်သွားခဲ့သလို ကင်းမရွန်းဘက်က အမ်ဘူးမိုရဲ့ အနီးကပ် မြေထောက်ခေါင်းတိုက်ချက်ကိုတော့ အီဒါဆန် ကာကွယ်သွားနိုင်ခဲ့လို့ ဘရာဇီးလ်တို့ ဘဲဥမကွဲဘဲ ကင်းမရွန်းနဲ့ သရေကျနေခဲ့ကြတာပါ။

ဒုတိယပိုင်းမှာတော့ ကင်းမရွန်းတို့ တိုက်စစ်ပိုကစားလာခဲ့ပြီး အဘူဘေကာရဲ့ ကန်ချက် တိုင်ဘေးက ကပ်ထွက်သွားခဲ့သလို ဘရာဇီးလ်ဘက်က မာတီနယ်လီကတော့ ဘယ်တောင်ပံတောက်လျှောက် ခြေစွမ်းပြပြီး ထိုးဖောက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ကင်းမရွန်းဂိုးသမားကလည်း သတိကြီးကြီးနဲ့ ကာကွယ်သွားနိုင်ခဲ့လို့ ဂိုးမရဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာ ဘရာဇီးလ်တို့ဘက်က အဲလက်စ် တဲလက်စ်၊ ရိုဒရီဂိုနဲ့ ဖရက်ဒ်တို့အစား မားကင်ညို့စ်၊ အဲဗာတန် ရီဘေရိုနဲ့ ဘရူနို ဂီမာရိုင်းစ်တို့ကို လူစားလဲခဲ့ပြီး တစ်မိနစ်အကြာမှာတော့ ထောင့်ကန်ဘောကနေ အယ်ဒါ မီလီတိုရဲ့ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ခဲ့ရသလို ကင်းမရွန်းခံစစ်ကတော့ အတော်လေး ဗျာများနေခဲ့ရတာပါ။

ပွဲချိန် ၆၄ မိနစ်မှာ ကင်းမရွန်းဘက်က အမ်ဘူးမိုအစား တိုကို အီကမ်ဘီကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို ဘရာဇီးလ်ဘက်ကတော့ ဂျေဆူးစ်အစား ပက်ဒရို ဝင်ကစားခဲ့အပြီးမှာတော့ တိုက်စစ်က ငှက်ပစ်တဲ့အဖွဲ့အသွင်ကို ပြောင်းလဲသွားခဲ့ပြီး ပွဲချိန် ၇၉ မိနစ်မှာ အန်တိုနီအစား ရာဖင်ညာကို လူစားလဲခဲ့ပြီး နှစ်သင်းအပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပေမယ့် ပက်ဒရိုကတော့ တော်တော်လေး ချူချာခဲ့တာဖြစ်ပါတယ်။

ပွဲချိန်ပြည့်လို့ နာကျင်အချိန်ပိုထပ်ဆောင်းပေးပြီး ၂ မိနစ်မှာတော့ ကင်းမရွန်းတို့က ဒီပွဲအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ဆွဲပြေးလာတဲ့ အမ်ဘီကီလီက ဖြတ်တင်ပေးတာကို ဘရာဇီးလ်ခံစစ်ကြားကနေ တိုက်စစ်မှူး အဘူဘေကာက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်သလို အဝါထိထားလျက်နဲ့ အင်္ကျီချွတ် အောင်ပွဲခံမိတဲ့အတွက်တော့ အထုတ်ခံခဲ့ရတာပါ။

ကင်းမရွန်းတို့အနေနဲ့ ဒီနေ့ပွဲမှာ ဘာရလဒ်ထွက်ထွက် ပြိုင်ပွဲက ပြုတ်ဖို့ သေချာနေချိန်မှာ ဘရာဇီးလ်လို အသင်းကြီးမျိုးကို ဂုဏ်သိက္ခာမြင့်မားတဲ့ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ အသင်းကပ္ပတိန် တိုက်စစ်မှူး အဘူဘေကာအနေနဲ့ နောက်တစ်ကြိမ် ကမ္ဘာ့ဖလားကိုလည်း ကစားဖို့ မရေရာတော့ချိန်မှာ အမှတ်တရတွေကို ချန်ထားချင်ခဲ့တာလည်းဖြစ်နိုင်ပြီး အင်္ကျီချွတ်အောင်ပွဲခံမှုနဲ့ အနီကတ်ကို ရွေးချယ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အရန်ကစားသမားတွေကို စမ်းသပ်သုံးစွဲခဲ့တဲ့ ဘရာဇီးလ်အသင်းအနေနဲ့ မာတီနယ်လီကို ဘယ်ခြမ်းကို ယုံယုံကြည်ကြည် အပ်နှံလို့ရကြောင်းနဲ့ အမြတ်ထွက်ခဲ့သလို အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပြီး ကင်းမရွန်းတို့ကတော့ နိုင်ပွဲရခဲ့ပေမယ့် မလုံလောက်ခဲ့လို့ ဆားဘီးဘားတို့နဲ့အတူ အိမ်ပြန်ခဲ့ရပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အီဒါ မီလီတို၊ ဘရီးမား၊ ဒါနီ အဲလ္ဗက္စ္နဲ႔ အဲလက္စ္ တဲလက္စ္တို႔လို အရန္ ကစားသမားအမ်ားစုကို ထုတ္သုံးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖရက္ဒ္နဲ႔ ဖာဘင္ညိဳတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ႐ိုဒရီဂို၊ မာတီနယ္လီ၊ အန္တိုနီနဲ႔ ေဂ်ဆူးစ္တို႔ကို အခြင့္အေရးေပးခဲ့တာျဖစ္ပါတယ္။

ကင္းမ႐ြန္းအသင္းကေတာ့ ဂိုးသမား အီပတ္ဆီ၊ ခံစစ္မွာ အီေဘာ့ဆီ၊ ဝိုး၊ တိုလိုနဲ႔ ဖာအီတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ကြန္ဒီ၊ ဇြမ္ဘြန္ဂီးဆာ၊ အန္ဂါမီလူးနဲ႔ အမ္ဘူးမိုတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အဘူေဘကာရဲ႕ ေနာက္ကေန ခ်ဴပို-မိုတင္းက လိုက္ကစားေပးခဲ့တာပါ။

ဘရာဇီးလ္တိုက္စစ္က ကစားေနက်သူေတြ မဟုတ္လို႔ အခ်ိတ္အဆက္မိဖို႔ အနည္းငယ္ေတာ့ ႐ုန္းကန္ခဲ့ရသလို ပြဲခ်ိန္ ၁၄ မိနစ္မွာ မာတီနယ္လီ အနီးကပ္ ေခါင္းတိုက္တာကို ကင္းမ႐ြန္းဂိုးသမား အီပတ္ဆီက ကာကြယ္ခဲ့ရၿပီး ဧရိယာထိပ္က ဖရီးကစ္ေတြကိုလည္း အဲလ္ဗက္စ္တို႔အဖြဲ႕ အသုံးမခ်ႏိုင္ခဲ့ဘဲ ျဖဳန္းတီးေနခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ အန္တိုနီရဲ႕ ကန္ခ်က္ေပ်ာ့ေပ်ာ့ကို ဂိုးသမား ဖမ္းယူႏိုင္ခဲ့ၿပီး မာတီနယ္လီရဲ႕ ကန္ခ်က္ျပင္းျပင္းကိုေတာ့ ဂိုးသမား ပုတ္ထုတ္သြားခဲ့သလို ကင္းမ႐ြန္းဘက္က အမ္ဘူးမိုရဲ႕ အနီးကပ္ ေျမေထာက္ေခါင္းတိုက္ခ်က္ကိုေတာ့ အီဒါဆန္ ကာကြယ္သြားႏိုင္ခဲ့လို႔ ဘရာဇီးလ္တို႔ ဘဲဥမကြဲဘဲ ကင္းမ႐ြန္းနဲ႔ သေရက်ေနခဲ့ၾကတာပါ။

ဒုတိယပိုင္းမွာေတာ့ ကင္းမ႐ြန္းတို႔ တိုက္စစ္ပိုကစားလာခဲ့ၿပီး အဘူေဘကာရဲ႕ ကန္ခ်က္ တိုင္ေဘးက ကပ္ထြက္သြားခဲ့သလို ဘရာဇီးလ္ဘက္က မာတီနယ္လီကေတာ့ ဘယ္ေတာင္ပံေတာက္ေလွ်ာက္ ေျခစြမ္းျပၿပီး ထိုးေဖာက္ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ကင္းမ႐ြန္းဂိုးသမားကလည္း သတိႀကီးႀကီးနဲ႔ ကာကြယ္သြားႏိုင္ခဲ့လို႔ ဂိုးမရဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာ ဘရာဇီးလ္တို႔ဘက္က အဲလက္စ္ တဲလက္စ္၊ ႐ိုဒရီဂိုနဲ႔ ဖရက္ဒ္တို႔အစား မားကင္ညိဳ႕စ္၊ အဲဗာတန္ ရီေဘ႐ိုနဲ႔ ဘ႐ူႏို ဂီမာ႐ိုင္းစ္တို႔ကို လူစားလဲခဲ့ၿပီး တစ္မိနစ္အၾကာမွာေတာ့ ေထာင့္ကန္ေဘာကေန အယ္ဒါ မီလီတိုရဲ႕ ကန္ခ်က္ကို ဂိုးသမား ပုတ္ထုတ္ခဲ့ရသလို ကင္းမ႐ြန္းခံစစ္ကေတာ့ အေတာ္ေလး ဗ်ာမ်ားေနခဲ့ရတာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာ ကင္းမ႐ြန္းဘက္က အမ္ဘူးမိုအစား တိုကို အီကမ္ဘီကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့သလို ဘရာဇီးလ္ဘက္ကေတာ့ ေဂ်ဆူးစ္အစား ပက္ဒ႐ို ဝင္ကစားခဲ့အၿပီးမွာေတာ့ တိုက္စစ္က ငွက္ပစ္တဲ့အဖြဲ႕အသြင္ကို ေျပာင္းလဲသြားခဲ့ၿပီး ပြဲခ်ိန္ ၇၉ မိနစ္မွာ အန္တိုနီအစား ရာဖင္ညာကို လူစားလဲခဲ့ၿပီး ႏွစ္သင္းအျပန္အလွန္ ထိုးေဖာက္ကစားခဲ့ၾကေပမယ့္ ပက္ဒ႐ိုကေတာ့ ေတာ္ေတာ္ေလး ခ်ဴခ်ာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပိုထပ္ေဆာင္းေပးၿပီး ၂ မိနစ္မွာေတာ့ ကင္းမ႐ြန္းတို႔က ဒီပြဲအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းက ဆြဲေျပးလာတဲ့ အမ္ဘီကီလီက ျဖတ္တင္ေပးတာကို ဘရာဇီးလ္ခံစစ္ၾကားကေန တိုက္စစ္မႉး အဘူေဘကာက ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္သလို အဝါထိထားလ်က္နဲ႔ အက်ႌခြၽတ္ ေအာင္ပြဲခံမိတဲ့အတြက္ေတာ့ အထုတ္ခံခဲ့ရတာပါ။

ကင္းမ႐ြန္းတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဘာရလဒ္ထြက္ထြက္ ၿပိဳင္ပြဲက ျပဳတ္ဖို႔ ေသခ်ာေနခ်ိန္မွာ ဘရာဇီးလ္လို အသင္းႀကီးမ်ိဳးကို ဂုဏ္သိကၡာျမင့္မားတဲ့ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ အသင္းကပၸတိန္ တိုက္စစ္မႉး အဘူေဘကာအေနနဲ႔ ေနာက္တစ္ႀကိမ္ ကမာၻ႔ဖလားကိုလည္း ကစားဖို႔ မေရရာေတာ့ခ်ိန္မွာ အမွတ္တရေတြကို ခ်န္ထားခ်င္ခဲ့တာလည္းျဖစ္ႏိုင္ၿပီး အက်ႌခြၽတ္ေအာင္ပြဲခံမႈနဲ႔ အနီကတ္ကို ေ႐ြးခ်ယ္ခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အရန္ကစားသမားေတြကို စမ္းသပ္သုံးစြဲခဲ့တဲ့ ဘရာဇီးလ္အသင္းအေနနဲ႔ မာတီနယ္လီကို ဘယ္ျခမ္းကို ယုံယုံၾကည္ၾကည္ အပ္ႏွံလို႔ရေၾကာင္းနဲ႔ အျမတ္ထြက္ခဲ့သလို အုပ္စုဗိုလ္အျဖစ္ ေနာက္တစ္ဆင့္ကို တက္လွမ္းသြားခဲ့ၿပီး ကင္းမ႐ြန္းတို႔ကေတာ့ ႏိုင္ပြဲရခဲ့ေပမယ့္ မလုံေလာက္ခဲ့လို႔ ဆားဘီးဘားတို႔နဲ႔အတူ အိမ္ျပန္ခဲ့ရၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.