Premier League Transfer News

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု – ၁၄.၉.၂၀၂၀



– သီယာဂိုအနေနဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာဖို့ မလွယ်တော့တာကြောင့် နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အသင်းကနေ ရောင်းချဖို့ ပြင်ဆင်ထားတဲ့ ဆားဘီးယားကွင်းလယ်လူ မာကို ဂရူယစ်ခ်ျကို ပြန်လည်ခေါ်ယူပြီး အသင်းမှာ အနည်းဆုံး ဆောင်းရာသီ အပြောင်းအရွှေ့ကာလအထိ အသုံးပြုသွားမယ်လို့ အေးဂျင့်ဆို။


– ဘာစီလိုနာနည်းပြ ရော်နယ်လ် ကိုးမန်းရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးက လီဗာပူးလ်အသင်းတိုက်စစ်မှူး မိုဟာမက် ဆာလားကို ဒတ်ခ်ျနည်းပြက နူးကမ့်ကို ခေါ်ဆောင်ဖို့ အလိုရှိနေကြောင်းနဲ့ ကစားသမားကလည်း စိတ်ဝင်စားနေကြောင်း ထုတ်ဖော်။



REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ပရီးမီးယားလိဂ်မှာ ဒီ ၂၀၂၀-၂၁ ရာသီမှာမှ စတင်အသုံးပြုခဲ့တဲ့ နီကေ ဖလိုက် ဘောလုံးကို ဟက်ထရစ်သွင်းယူပြီး ပထမဆုံးပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘောလုံးသမားအဖြစ် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားက မှတ်တမ်းဝင်နိုင်ခဲ့။

– ပရီးမီးယားလိဂ်ရဲ့ အသင်းလိုက် ဟက်ထရစ်ရရှိမှုစာရင်းမှာ အားလုံးရဲ့ ထိပ်ဆုံးကနေ ၃၉ ကြိမ်စီနဲ့ ဦးဆောင်နေခဲ့တဲ့ တွဲဖက်စံချိန်ရှင် အာဆင်နယ်အသင်းကို မနေ့ညက သွင်းယူခဲ့တဲ့ ဆာလားရဲ့ ဟက်ထရစ်နဲ့ တစ်ကြိမ်ပိုပြီး ဦးဆောင်နိုင်ပြီဖြစ်တယ်လို့ Opta Joe က ဖော်ပြ။

– သီယာဂိုအနေနဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာဖို့ မလွယ်တော့တာကြောင့် နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အသင်းကနေ ရောင်းချဖို့ ပြင်ဆင်ထားတဲ့ ဆားဘီးယားကွင်းလယ်လူ မာကို ဂရူယစ်ချ်ကို ပြန်လည်ခေါ်ယူပြီး အသင်းမှာ အနည်းဆုံး ဆောင်းရာသီ အပြောင်းအရွှေ့ကာလအထိ အသုံးပြုသွားမယ်လို့ အေးဂျင့်ဆို။

– လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမား ဂျက် ဟာရီဆန်ရဲ့ ဘယ်တောင်ပံ တောက်လျှောက်ဆွဲပြေးပြီး အတွင်းကို ဆွဲဝင်ကန်သွင်းခဲ့တဲ့ ဂိုးကို မတားဆီးနိုင်ခဲ့တဲ့ နောက်ခံလူ ဂျိုးဂိုမက်ဇ်ကို ပရိသတ်တွေ စိတ်ပျက်နေကြပြီး လာမယ့်ပွဲမှာ ဂျိုယယ်လ် မာတစ်ပ်နဲ့ အစားထိုးဖို့ တိုက်တွန်းနေကြ။

– ဘာစီလိုနာနည်းပြ ရော်နယ်လ် ကိုးမန်းရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးက လီဗာပူးလ်အသင်းတိုက်စစ်မှူး မိုဟာမက် ဆာလားကို ဒတ်ချ်နည်းပြက နူးကမ့်ကို ခေါ်ဆောင်ဖို့ အလိုရှိနေကြောင်းနဲ့ ကစားသမားကလည်း စိတ်ဝင်စားနေကြောင်း ထုတ်ဖော်။

– အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့နဲ့ လက်ရှိ MSF တိုက်စစ်အတွဲကို ကူညီနိုင်ဖို့ အစ္စမိုင်လာ ဆားရ်ကို ခေါ်ယူသင့်ကြောင်း ကစားသမားဟောင်းတွေက တိုက်တွန်းနေကြချိန်မှာပဲ သူ့ကို ခေါ်ယူဖို့ လက်စတာစီးတီးအသင်း ကြားဝင်လာခဲ့။

– လီဗာပူးလ်အသင်းက အလိုရှိနေခဲ့တဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအတွက် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းက ပုဂ္ဂိုလ်ရေး သဘောတူညီနိုင်ခဲ့ပြီဖြစ်ကြောင်း အင်ဒီပန်းဒန့် ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.