International Match Report World Cup

ကဏန်းတွေလို တစ်ကောင်နဲ့တစ်ကောင် ဆွဲချမိပြီး အိမ်ပြန်စောခဲ့ကြတဲ့ ဂါနာနဲ့ ဥရုဂွေး

ဂါနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အတီ-ဇီဂီ၊ ခံစစ်မှာ ဆာလီဆူး၊ အမာတေ၊ ဆိုင်ဒူးနဲ့ ဘာဘာ ရာမန်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာ ပါတေး၊ အက်ဘ်ဒူ ဆာမက်နဲ့ အွန်ဒရေး အာယူးတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော ဂျော်ဒန် အာယူး၊ အီညာကီ ဝီလီယမ်စ်နဲ့ ကူဒူးစ်တို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဥရုဂွေးအသင်းကတော့ ဂိုးသမား ရိုရှက်၊ ခံစစ်မှာ ဟီမီနက်ဇ်၊ ကိုအာတက်စ်၊ ဗာရီးလားနဲ့ အိုလီဗီယေးရားတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဘင်တန်ကာ၊ ဗယ်လ်ဗာဒီ၊ ပယ်လစ္စထရီနဲ့ ဒီအာရာစ်ကေတာတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဒါဝင် နူးညက်ဇ်နဲ့ လူးဝစ် ဆွာရက်ဇ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၁၆ မိနစ်မှာ ဂိုးသမားရှေ့က မြင်ကွင်းကို အွန်ဒရေ အာယူး ပိတ်ထားခဲ့လျက်သားနဲ့ လူကျွံဘော မပေးဘဲ ဒီကနေ ထွက်လာတဲ့ ဘောလုံးကို ကူဒူးစ် ရယူရမှာ ခြေထောက်ကို အဆွဲခံရတာကြောင့် စိတ်ပျက်စရာကောင်းတဲ့ VAR အယူအဆတွေနဲ့ ပင်နယ်တီကို တွေ့မြင်ခဲ့ရပြီး အွန်ဒရေ အာယူးကပဲ ကန်သွင်းရာမှာတော့ ကံကြမ္မာရဲ့ အပြစ်ပေးမှုကြောင့် ဂိုးသမားက အလွယ်တကူပဲ ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ကန္တာရထဲမှာ ငွေလမ်းခင်းပြီး ဘောလုံးပွဲ ခေါ်ကျင်းပတဲ့ နိုင်ငံက ပြိုင်ပွဲကို ကိုင်တွယ်တဲ့ ဒိုင်လူကြီးတွေနဲ့ နည်းပညာတွေရဲ့ အံ့မခန်း အသုံးမကျမှုက တစ်ပွဲထက်တစ်ပွဲ သိသိသာသာ ပိုဆိုးလာခဲ့သလို သားရေကွင်းလို ဥပဒေတွေကို ရှုံ့ချည်နှပ်ချည် ကိုင်တွယ်နေခဲ့ကြတာက ဘောလုံးပွဲရဲ့ ရသကို ပျက်စီးစေသလို ဖီဖာအတွင်းမှာ ဘယ်လောက်တောင် ဖရိုဖရဲ ခြစားနေခဲ့ပြီလဲဆိုတာကိုပါ မြင်သာထင်သာရှိခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာ ဒီအာရာစ်ကေတာ ဖန်တီးပေးတာကို ဒါဝင် နူးညက်ဇ်က ဧရိယာအတွင်းကနေ တစ်ယောက်ချင်း တွေ့ခွင့်ရတဲ့ ဂိုးသမား အတီ-ဇီဂီကို ကျော်ပြီး ကန်သွင်းနိုင်ခဲ့ပေမယ့် ဂါနာနောက်ခံလူ ဆာလီဆူးက ဂိုးစည်းရှေ့ကနေ ရှင်းထုတ်သွားနိုင်ခဲ့တာကြောင့် ဥရုဂွေးတို့ အဖွင့်ဂိုးရဖို့ ထပ်ပြီး စောင့်ဆိုင်းခဲ့ရပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဥရုဂွေးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂျော်ဒန် အာယူး ဘောလုံးပျက်ရာကနေ ညာခြမ်းက ရသွားခဲ့တဲ့ ဒါဝင် နူးညက်ဇ်ရဲ့ ဖြတ်တင်ဘောကို ဧရိယာထဲမှာ လွတ်နေတဲ့ လူးဝစ် ဆွာရက်ဇ်က ကန်သွင်းဖို့ ကြိုးစားခဲ့ရာမှာ ဂိုးသမား အီတီ-ဇီဂီ ကာကွယ်နိုင်ခဲ့ပေမယ့် နောက်က ပါလာတဲ့ ဒီအာရာစ်ကေတာက ထပ်ဆင့်ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၂ မိနစ်မှာ ဥရုဂွေးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရရှိသွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ပယ်လစ္စထရီ ပေးတာကို ဒါဝင် နူးညက်ဇ်က ခေါင်းတိုက်ချပေးရာမှာ လူးဝစ် ဆွာရက်ဇ်က ဘယ်ခြမ်းကို ထပ်ဆင့်ကျော်တင်ပေးခဲ့ရာကနေ ဘောလုံးရသွားတဲ့ ဒီအာရာစ်ကေတာက အနိမ့်ဘော အပြင်းကန်သွင်းခဲ့ပြီး ဂိုးသမား အတီ-ဇီဂီက ခြေထောက်နားကို လာတဲ့ ဘောလုံးကို မဖမ်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ကြပါတယ်။

ပထမပိုင်းမှာတော့ ဥရုဂွေးတို့ အခွင့်အရေးတချို့ကို ထပ်မံလွဲချော်ခဲ့ကြလို့ နှစ်ဂိုး-ဂိုးမရှိ ရလဒ်ပဲ ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဂါနာတို့ဘက်က အာယူးညီအစ်ကိုနှစ်ယောက်အစား ဘူကာရီနဲ့ ဆူလေမာနာတို့ကို ထည့်သွင်းပြီး တိုက်စစ်ဆင်ခဲ့သလို ပွဲချိန် ၅၇ မိနစ်မှာ ဒါဝင် နူးညက်ဇ်ကို ဘောလုံးမထိဘဲ ခြေချိတ်လှဲတဲ့ အမာတေရဲ့ ဖျက်ထုတ်မှုကို ဒိုင်လူကြီးနဲ့ VAR က ပင်နယ်တီ မပေးဘဲ မျက်နှာပြောင်တိုက်ခဲ့ပြန်တာပါ။

ပွဲချိန် ၆၅ မိနစ်မှာ ဧရိယာထဲက အကောင်းဆုံး အခွင့်အရေးကို ပယ်လစ္စထရီက ဖြုန်းတီးပစ်ခဲ့ပြီးတဲ့နောက်မှာတော့ သူနဲ့ ဆွာရက်ဇ်တို့အစား ဒီလာခရုဇ်နဲ့ ကာဗာနီတို့ကို ဥရုဂွေးတို့ အပြောင်းအလဲလုပ်သွားခဲ့ကြပြီး ရှေ့က နှစ်ပွဲမှာ တစ်ဂိုးမှ ရမထားခဲ့တဲ့ တောင်အမေရိကသားတွေအနေနဲ့ ဒီနေ့မှာ သူတို့ထက် သိသိသာသာ ညံ့ဖျင်းနေတဲ့ ဂါနာကို ဂိုးများများသွင်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ပွဲပြီးခါနီးမှာတော့ နှစ်ဖက်စလုံး တိုက်စစ်မြှင့်ကစားပြီး ထိုးဖောက်ခဲ့ကြသလို အစတုန်းက စင်ပေါ်ရောက်နေခဲ့ပြီး တောင်ကိုရီးယားတို့ရဲ့ နာကျင် အချိန်ပိုမှာ အနိုင်ရသွားခဲ့မှုကြောင့် ဂိုးသွင်းယူနိုင်မှုအရ နောက်ရောက်သွားခဲ့တဲ့ ဥရုဂွေးတို့ အနိုင်ရဖို့ ပိုမိုကြိုးစားခဲ့ကြပေမယ့် ဂိုးထပ်မရခဲ့ကြသလို ဂျာမန်ဒိုင် ဆီးဘတ်ရဲ့ ကိုင်တွယ်မှုကလည်း ဒေါသထွက်စရာဖြစ်ခဲ့လို့ ပွဲသိမ်းခရာ အမှုတ်မှာ ကာဗာနီတို့အုပ်စုရဲ့ ရန်ရှာခြင်းကိုပါ တွေ့မြင်ခဲ့ရတာပါ။

တစ်ဂိုးလောက် ပိုသွင်းနိုင်ရင် ဥရုဂွေးတို့ နောက်တစ်ဆင့်တက်နိုင်ဦးမယ့်အချိန်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးသွားခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် သူတို့တွေ အိမ်ပြန်စောခဲ့ရသလို လူးဝစ် ဆွာရက်ဇ်ကတော့ အရန်ခုံမှာ ထိုင်ပြီး ငိုကြွေးခဲ့ရချိန်မှာ တခြားနိုင်ငံရောက် နိုင်ငံသားတွေကို လိုက်ခေါ်ပြီး ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်ခဲ့တဲ့ ဂါနာကလည်း အုပ်စုအောက်ဆုံးကနေ ထွက်ခွာခဲ့ရတာဖြစ်လို့ နှစ်သင်းစလုံးအနေနဲ့ တစ်ဦးကို တစ်ဦး ဆွဲချတတ်လို့ ဘယ်သူမှ အပေါ်မတက်နိုင်တဲ့ ကဏန်းကောင်တွေလိုပဲ ဖြစ်သွားခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂါနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အတီ-ဇီဂီ၊ ခံစစ္မွာ ဆာလီဆူး၊ အမာေတ၊ ဆိုင္ဒူးနဲ႔ ဘာဘာ ရာမန္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာ ပါေတး၊ အက္ဘ္ဒူ ဆာမက္နဲ႔ အြန္ဒေရး အာယူးတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ ေဂ်ာ္ဒန္ အာယူး၊ အီညာကီ ဝီလီယမ္စ္နဲ႔ ကူဒူးစ္တို႔ကို ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

ဥ႐ုေဂြးအသင္းကေတာ့ ဂိုးသမား ႐ိုရွက္၊ ခံစစ္မွာ ဟီမီနက္ဇ္၊ ကိုအာတက္စ္၊ ဗာရီးလားနဲ႔ အိုလီဗီေယးရားတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဘင္တန္ကာ၊ ဗယ္လ္ဗာဒီ၊ ပယ္လစၥထရီနဲ႔ ဒီအာရာစ္ေကတာတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဒါဝင္ ႏူးညက္ဇ္နဲ႔ လူးဝစ္ ဆြာရက္ဇ္တို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ပြဲခ်ိန္ ၁၆ မိနစ္မွာ ဂိုးသမားေရွ႕က ျမင္ကြင္းကို အြန္ဒေရ အာယူး ပိတ္ထားခဲ့လ်က္သားနဲ႔ လူကြၽံေဘာ မေပးဘဲ ဒီကေန ထြက္လာတဲ့ ေဘာလုံးကို ကူဒူးစ္ ရယူရမွာ ေျခေထာက္ကို အဆြဲခံရတာေၾကာင့္ စိတ္ပ်က္စရာေကာင္းတဲ့ VAR အယူအဆေတြနဲ႔ ပင္နယ္တီကို ေတြ႕ျမင္ခဲ့ရၿပီး အြန္ဒေရ အာယူးကပဲ ကန္သြင္းရာမွာေတာ့ ကံၾကမၼာရဲ႕ အျပစ္ေပးမႈေၾကာင့္ ဂိုးသမားက အလြယ္တကူပဲ ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ကႏၲာရထဲမွာ ေငြလမ္းခင္းၿပီး ေဘာလုံးပြဲ ေခၚက်င္းပတဲ့ ႏိုင္ငံက ၿပိဳင္ပြဲကို ကိုင္တြယ္တဲ့ ဒိုင္လူႀကီးေတြနဲ႔ နည္းပညာေတြရဲ႕ အံ့မခန္း အသုံးမက်မႈက တစ္ပြဲထက္တစ္ပြဲ သိသိသာသာ ပိုဆိုးလာခဲ့သလို သားေရကြင္းလို ဥပေဒေတြကို ရႈံ႕ခ်ည္ႏွပ္ခ်ည္ ကိုင္တြယ္ေနခဲ့ၾကတာက ေဘာလုံးပြဲရဲ႕ ရသကို ပ်က္စီးေစသလို ဖီဖာအတြင္းမွာ ဘယ္ေလာက္ေတာင္ ဖ႐ိုဖရဲ ျခစားေနခဲ့ၿပီလဲဆိုတာကိုပါ ျမင္သာထင္သာရွိခဲ့တာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာ ဒီအာရာစ္ေကတာ ဖန္တီးေပးတာကို ဒါဝင္ ႏူးညက္ဇ္က ဧရိယာအတြင္းကေန တစ္ေယာက္ခ်င္း ေတြ႕ခြင့္ရတဲ့ ဂိုးသမား အတီ-ဇီဂီကို ေက်ာ္ၿပီး ကန္သြင္းႏိုင္ခဲ့ေပမယ့္ ဂါနာေနာက္ခံလူ ဆာလီဆူးက ဂိုးစည္းေရွ႕ကေန ရွင္းထုတ္သြားႏိုင္ခဲ့တာေၾကာင့္ ဥ႐ုေဂြးတို႔ အဖြင့္ဂိုးရဖို႔ ထပ္ၿပီး ေစာင့္ဆိုင္းခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ဥ႐ုေဂြးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဂ်ာ္ဒန္ အာယူး ေဘာလုံးပ်က္ရာကေန ညာျခမ္းက ရသြားခဲ့တဲ့ ဒါဝင္ ႏူးညက္ဇ္ရဲ႕ ျဖတ္တင္ေဘာကို ဧရိယာထဲမွာ လြတ္ေနတဲ့ လူးဝစ္ ဆြာရက္ဇ္က ကန္သြင္းဖို႔ ႀကိဳးစားခဲ့ရာမွာ ဂိုးသမား အီတီ-ဇီဂီ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ ဒီအာရာစ္ေကတာက ထပ္ဆင့္ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၂ မိနစ္မွာ ဥ႐ုေဂြးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ပယ္လစၥထရီ ေပးတာကို ဒါဝင္ ႏူးညက္ဇ္က ေခါင္းတိုက္ခ်ေပးရာမွာ လူးဝစ္ ဆြာရက္ဇ္က ဘယ္ျခမ္းကို ထပ္ဆင့္ေက်ာ္တင္ေပးခဲ့ရာကေန ေဘာလုံးရသြားတဲ့ ဒီအာရာစ္ေကတာက အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့ၿပီး ဂိုးသမား အတီ-ဇီဂီက ေျခေထာက္နားကို လာတဲ့ ေဘာလုံးကို မဖမ္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ၾကပါတယ္။

ပထမပိုင္းမွာေတာ့ ဥ႐ုေဂြးတို႔ အခြင့္အေရးတခ်ိဳ႕ကို ထပ္မံလြဲေခ်ာ္ခဲ့ၾကလို႔ ႏွစ္ဂိုး-ဂိုးမရွိ ရလဒ္ပဲ ထြက္ေပၚေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ဂါနာတို႔ဘက္က အာယူးညီအစ္ကိုႏွစ္ေယာက္အစား ဘူကာရီနဲ႔ ဆူေလမာနာတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ဆင္ခဲ့သလို ပြဲခ်ိန္ ၅၇ မိနစ္မွာ ဒါဝင္ ႏူးညက္ဇ္ကို ေဘာလုံးမထိဘဲ ေျခခ်ိတ္လွဲတဲ့ အမာေတရဲ႕ ဖ်က္ထုတ္မႈကို ဒိုင္လူႀကီးနဲ႔ VAR က ပင္နယ္တီ မေပးဘဲ မ်က္ႏွာေျပာင္တိုက္ခဲ့ျပန္တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာ ဧရိယာထဲက အေကာင္းဆုံး အခြင့္အေရးကို ပယ္လစၥထရီက ျဖဳန္းတီးပစ္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ သူနဲ႔ ဆြာရက္ဇ္တို႔အစား ဒီလာခ႐ုဇ္နဲ႔ ကာဗာနီတို႔ကို ဥ႐ုေဂြးတို႔ အေျပာင္းအလဲလုပ္သြားခဲ့ၾကၿပီး ေရွ႕က ႏွစ္ပြဲမွာ တစ္ဂိုးမွ ရမထားခဲ့တဲ့ ေတာင္အေမရိကသားေတြအေနနဲ႔ ဒီေန႔မွာ သူတို႔ထက္ သိသိသာသာ ညံ့ဖ်င္းေနတဲ့ ဂါနာကို ဂိုးမ်ားမ်ားသြင္းႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။

ပြဲၿပီးခါနီးမွာေတာ့ ႏွစ္ဖက္စလုံး တိုက္စစ္ျမႇင့္ကစားၿပီး ထိုးေဖာက္ခဲ့ၾကသလို အစတုန္းက စင္ေပၚေရာက္ေနခဲ့ၿပီး ေတာင္ကိုရီးယားတို႔ရဲ႕ နာက်င္ အခ်ိန္ပိုမွာ အႏိုင္ရသြားခဲ့မႈေၾကာင့္ ဂိုးသြင္းယူႏိုင္မႈအရ ေနာက္ေရာက္သြားခဲ့တဲ့ ဥ႐ုေဂြးတို႔ အႏိုင္ရဖို႔ ပိုမိုႀကိဳးစားခဲ့ၾကေပမယ့္ ဂိုးထပ္မရခဲ့ၾကသလို ဂ်ာမန္ဒိုင္ ဆီးဘတ္ရဲ႕ ကိုင္တြယ္မႈကလည္း ေဒါသထြက္စရာျဖစ္ခဲ့လို႔ ပြဲသိမ္းခရာ အမႈတ္မွာ ကာဗာနီတို႔အုပ္စုရဲ႕ ရန္ရွာျခင္းကိုပါ ေတြ႕ျမင္ခဲ့ရတာပါ။

တစ္ဂိုးေလာက္ ပိုသြင္းႏိုင္ရင္ ဥ႐ုေဂြးတို႔ ေနာက္တစ္ဆင့္တက္ႏိုင္ဦးမယ့္အခ်ိန္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးသြားခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ သူတို႔ေတြ အိမ္ျပန္ေစာခဲ့ရသလို လူးဝစ္ ဆြာရက္ဇ္ကေတာ့ အရန္ခုံမွာ ထိုင္ၿပီး ငိုေႂကြးခဲ့ရခ်ိန္မွာ တျခားႏိုင္ငံေရာက္ ႏိုင္ငံသားေတြကို လိုက္ေခၚၿပီး ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ လုပ္ခဲ့တဲ့ ဂါနာကလည္း အုပ္စုေအာက္ဆုံးကေန ထြက္ခြာခဲ့ရတာျဖစ္လို႔ ႏွစ္သင္းစလုံးအေနနဲ႔ တစ္ဦးကို တစ္ဦး ဆြဲခ်တတ္လို႔ ဘယ္သူမွ အေပၚမတက္ႏိုင္တဲ့ ကဏန္းေကာင္ေတြလိုပဲ ျဖစ္သြားခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.