International Match Report World Cup

ဆားဘီးယားကို သေးသေးတင်မခံဘဲ အနိုင်ယူပြီး နောက်တစ်ဆင့်တက်တဲ့ ဆွစ်ဇာလန်

ဆွစ်ဇာလန်အသင်းအနေနဲ့ ဒီနေ့မှာ ဖျားနေတဲ့ ဂိုးသမား ဆွမ်းမားအစား ကိုဘယ်လ်ကို အသုံးပြုခဲ့ပြီး ခံစစ်မှာ အာကန်ဂျီ၊ ရှား၊ ဗစ်ဒ်မာနဲ့ ရိုဒရီးရက်ဇ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဖရွိုင်လာ၊ ချာကာ၊ ဂျီဘရီလ် ဆိုးတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ရှာကျီရီ၊ ဗားဂက်စ်နဲ့ အမ်ဘိုလိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဆားဘီးယားအသင်းကတော့ ဂိုးသမား ဗားညာ မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်၊ ခံစစ်မှာ ဗယ်လီကိုဗစ်ချ်၊ ပဗ္ဗလိုဗစ်ချ်၊ မီလင်ကိုဗစ်ချ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လူကစ်ချ်၊ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်၊ ကော့စ်တစ်ချ်နဲ့ ဂျိဗ်ကိုဗစ်ချ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ တာဒစ်ချ်၊ မီထရိုဗစ်ချ်နဲ့ ဗလာဟိုဗစ်ချ်တို့ကို စုဖွဲ့ကစားလာခဲ့တာပါ။

ပွဲအစ စက္ကန့်ပိုင်းမှာကတည်းက အမ်ဘိုလိုနဲ့ ချာကာတို့ရဲ့ ကန်ချက်နှစ်ကြိမ်ကို မျက်စိတစ်မှိတ်အတွင်းမှာ ဆားဘီးယားဂိုးသမား ကာကွယ်ခဲ့ရပြီး ဆွစ်တို့ရဲ့ လျင်မြန်တဲ့ အထသွက်မှုမှာ ပွဲက ကြည့်ကောင်းခဲ့သလို ဆာ့ဘ်တွေကတော့ အမြင့်ဘောတွေ သုံးပြီး ခပ်မှန်မှန်ပဲ တုံ့ပြန်နိုင်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ ညာခြမ်းကနေ အတွင်းကို ဆွဲဝင်ပြီး ကန်သွင်းတဲ့ ဂျိဗ်ကိုဗစ်ချ်ရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့လို့ ဆွစ်ဇာလန်တို့ ကံကောင်းခဲ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဆားဘီးယားတိုက်စစ်မှူးတွေဖြစ်ကြတဲ့ မီထရိုဗစ်ချ်နဲ့ ဗလာဟိုဗစ်ချ်တို့ကတော့ ဝင်ပိတ်ဖို့ ကြောင်နေခဲ့ကြတာကြောင့် ဂိုးသမား ကိုဘယ်လ်က ဖမ်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၂၀ မှာတော့ ဆွစ်ဇာလန်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ရိုဒရီးရက်ဇ်ရဲ့ ဖြတ်တင်ဘောကို ဆားဘီးယား နောက်တန်းက ရှင်းထုတ်လို့ ထွက်လာတဲ့ ဘောလုံးကို ဧရိယာထဲမှာ ရယူနိုင်ခဲ့တဲ့ ဆိုးက ညာခြမ်းကို ပြန်ချပေးရာမှာ ရှာကျီရီရဲ့ အပြင်းကန်သွင်းချက်က လူထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဂိုးသမား မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ရဲ့ ခန့်မှန်းမှုက လွဲသွားခဲ့ပြီး မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၂၆ မိနစ်မှာ ဆားဘီးယားတို့ ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ကြပြီး ဆွစ်ဇာလန်ကွင်းလယ်က ဘောလုံးပျက်ရာကနေ ဘယ်ခြမ်းက တာဒစ်ချ်က ပြန်လည်ရယူသွားနိုင်ခဲ့ပြီး ဧရိယာထိပ်ကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မီထရိုဗစ်ချ်က အဝေးတိုင် ညာဘက်ခြမ်းကို ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား ကိုဘယ်လ်ရဲ့ နေရာယူပုံ မှားယွင်းနေတာကြောင့် အလွယ်တကူ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ဆာဘီးယားတို့ပဲ ဒုတိယဂိုး ရယူသွားနိုင်ခဲ့ကြပြီး ပွဲကို ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြသလို ဆွစ်ဇာလန်ညာခြမ်းကနေ နောက်ပြန်ပေးတဲ့ ရှာကျီရီနဲ့ ဖရွိုင်လာတို့ နားလည်မှုလွဲရာကနေ တာဒစ်ချ်က ဖြတ်ယူပြီး ဧရိယာထဲကို ခင်းပေးရာမှာ တစ်ဖက်တိုက်စစ်မှူး ဘာလုပ်မယ်မှန်း မသိဘဲနဲ့ ဘယ်ဘက်တိုင်ကို ပြေးကပ်နေတဲ့ ဂိုးသမား ကိုဘယ်လ်ကြောင့် ဗလာဟိုဗစ်ချ်က လွတ်နေတဲ့ ညာဘက်ကို ချိုးကန်သွင်းသွားခဲ့တာပါ။

ဆွစ်ဇာလန်ရဲ့ မရှိသုံး ဂိုးသမား ကိုဘယ်လ်အနေနဲ့ ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးမှာ တည်ငြိမ်မှု မရှိဘဲ ညံ့ဖျင်းခဲ့တာလည်းဖြစ်ပြီး အသင်းကို နောက်က လိုက်ကစားစေခဲ့ရသလို ဘဏ်လုပ်ငန်းရှင်တွေအနေနဲ့ တိုက်စစ်ဆင်နေခဲ့ပေမယ့် ဘယ်ခြမ်းမှာ Attacking Full Back အဖြစ် ကစားပြီး ဘောလုံး မနိုင်တဲ့ ရီကာဒို ရိုဒရီးရက်ဇ်ကလည်း ဖြတ်တင်ဘောတွေမှာပါ ဆိုးရွားနေခဲ့လို့ ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ ဆွစ်ဇာလန်တို့ သရေပြန်ရစေမယ့် ချေပဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဗားဂက်စ် ဆွဲပြေးပြီး ပေးတဲ့ ဘောလုံးကို ဆိုးက ညာခြမ်းကို ခင်းပေးခဲ့ပြီး ပြေးတက်လာတဲ့ ဗစ်ဒ်မာက ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ တိုက်စစ်မှူး အမ်ဘိုလိုက နေရာယူ မှန်မှန်နဲ့ အနီးကပ် အပြင်းကန်သွင်းနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုးစီသရေဖြစ်နေခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ ဆွစ်ဇာလန်တို့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အမ်ဘိုလို နောက်ပြန်ပေးတဲ့ ဘောလုံးကို ရှာကျီရီက ဧရိယာထဲကို လှမ်းမ,ပေးခဲ့ရာမှာ ဘောလုံးရယူနိုင်ခဲ့တဲ့ ဗားဂက်စ်က နောက်ပေါက်နဲ့ ချန်ထားပေးခဲ့တာကို ပြေးဝင်လာခဲ့တဲ့ ကွင်းလယ်လူ ဖရွိုင်လာက ဘယ်ခြေနဲ့ Volley ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဆားဘီးယားတို့အနေနဲ့ နိုင်မှ နောက်တစ်ဆင့်တက်မှာဖြစ်ပေမယ့် ဆွစ်ဇာလန်တို့ကတော့ သရေဆိုရင် နောက်တစ်ဆင့် တက်နိုင်မယ့်အချိန်မှာ အနိုင်ပြန်ယူနိုင်ခဲ့တာကတော့ အတိုင်းထက် အလွန်ဖြစ်ခဲ့ပြီး ဒီနောက်မှာတော့ ပွဲရလဒ်ကို ပြန်ပြောင်းနိုင်ဖို့ ဆားဘီးယားဘက်က ဗယ်လီကိုဗစ်ချ်၊ ဗလာဟိုဗစ်ချ်၊ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်၊ တာဒစ်ချ်နဲ့ ဂျိဗ်ကိုဗစ်ချ်တို့အစား ဂူဒယ်လီ၊ ယိုဗစ်ချ်၊ မက္ကဆီမိုဗစ်ချ်၊ ဂျူရီချစ်ချ်နဲ့ ရာဒွန်ယစ်ချ်တို့ကို လူစားလဲကစားသွားခဲ့တာပါ။

ဆွစ်ဇာလန်တို့ကတော့ ဆိုး၊ ရှာကျီရီ၊ ဗားဂက်စ်နဲ့ အမ်ဘိုလိုတို့အစား ဖာနန်ဒက်စ်၊ ဇာကာရီးယား၊ ဖက်စ်နက်ချ်နဲ့ အိုကာဖော်တို့ကို ထည့်သွင်းပြီး ပွဲကို ထိန်းကစားသွားခဲ့ကြသလို ဆားဘီးယားတို့ကတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ဆွစ်ဘက်က ဖက်စ်နက်ချ်ရဲ့ ကန်ချက်ကို ဂိုးသမား မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်သာ အထွက်မစောခဲ့ရင် ဂိုးပေးရမယ့် အနေအထားမှာတောင် ရှိခဲ့ပြီး ပြန်မလာနိုင်ဘဲဖြစ်ခဲ့ရပါတယ်။


ပွဲချိန်အပြည့်မှာတော့ ဆွစ်ဇာလန်တို့က ဆားဘီးယားတို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြပြီး အုပ်စု(G)ရဲ့ ဒုတိယနေရာကနေ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြသလို ရှုံးထွက်အဆင့်မှာတော့ ပေါ်တူဂီတို့နဲ့ လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဆားဘီးယားအသင်းကတော့ ဂိုးသမား ဗားညာ မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျ၊ ခံစစ်မှာ ဗယ်လီကိုဗစ်ခ်ျ၊ ပဗ္ဗလိုဗစ်ခ်ျ၊ မီလင်ကိုဗစ်ခ်ျတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လူကစ်ခ်ျ၊ ဆာဂေး မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျ၊ ကော့စ်တစ်ခ်ျနဲ့ ဂျိဗ်ကိုဗစ်ခ်ျတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ တာဒစ်ခ်ျ၊ မီထရိုဗစ်ခ်ျနဲ့ ဗလာဟိုဗစ်ခ်ျတို့ကို စုဖွဲ့ကစားလာခဲ့တာပါ။


ပွဲချိန် ၁၁ မိနစ်မှာ ညာခြမ်းကနေ အတွင်းကို ဆွဲဝင်ပြီး ကန်သွင်းတဲ့ ဂျိဗ်ကိုဗစ်ခ်ျရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့လို့ ဆွစ်ဇာလန်တို့ ကံကောင်းခဲ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဆားဘီးယားတိုက်စစ်မှူးတွေဖြစ်ကြတဲ့ မီထရိုဗစ်ခ်ျနဲ့ ဗလာဟိုဗစ်ခ်ျတို့ကတော့ ဝင်ပိတ်ဖို့ ကြောင်နေခဲ့ကြတာကြောင့် ဂိုးသမား ကိုဘယ်လ်က ဖမ်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၂၀ မှာတော့ ဆွစ်ဇာလန်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ရိုဒရီးရက်ဇ်ရဲ့ ဖြတ်တင်ဘောကို ဆားဘီးယား နောက်တန်းက ရှင်းထုတ်လို့ ထွက်လာတဲ့ ဘောလုံးကို ဧရိယာထဲမှာ ရယူနိုင်ခဲ့တဲ့ ဆိုးက ညာခြမ်းကို ပြန်ချပေးရာမှာ ရှာကျီရီရဲ့ အပြင်းကန်သွင်းချက်က လူထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဂိုးသမား မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျရဲ့ ခန့်မှန်းမှုက လွဲသွားခဲ့ပြီး မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၂၆ မိနစ်မှာ ဆားဘီးယားတို့ ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ကြပြီး ဆွစ်ဇာလန်ကွင်းလယ်က ဘောလုံးပျက်ရာကနေ ဘယ်ခြမ်းက တာဒစ်ခ်ျက ပြန်လည်ရယူသွားနိုင်ခဲ့ပြီး ဧရိယာထိပ်ကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မီထရိုဗစ်ခ်ျက အဝေးတိုင် ညာဘက်ခြမ်းကို ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား ကိုဘယ်လ်ရဲ့ နေရာယူပုံ မှားယွင်းနေတာကြောင့် အလွယ်တကူ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ဆာဘီးယားတို့ပဲ ဒုတိယဂိုး ရယူသွားနိုင်ခဲ့ကြပြီး ပွဲကို ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြသလို ဆွစ်ဇာလန်ညာခြမ်းကနေ နောက်ပြန်ပေးတဲ့ ရှာကျီရီနဲ့ ဖရွိုင်လာတို့ နားလည်မှုလွဲရာကနေ တာဒစ်ခ်ျက ဖြတ်ယူပြီး ဧရိယာထဲကို ခင်းပေးရာမှာ တစ်ဖက်တိုက်စစ်မှူး ဘာလုပ်မယ်မှန်း မသိဘဲနဲ့ ဘယ်ဘက်တိုင်ကို ပြေးကပ်နေတဲ့ ဂိုးသမား ကိုဘယ်လ်ကြောင့် ဗလာဟိုဗစ်ခ်ျက လွတ်နေတဲ့ ညာဘက်ကို ချိုးကန်သွင်းသွားခဲ့တာပါ။




ဆားဘီးယားတို့အနေနဲ့ နိုင်မှ နောက်တစ်ဆင့်တက်မှာဖြစ်ပေမယ့် ဆွစ်ဇာလန်တို့ကတော့ သရေဆိုရင် နောက်တစ်ဆင့် တက်နိုင်မယ့်အချိန်မှာ အနိုင်ပြန်ယူနိုင်ခဲ့တာကတော့ အတိုင်းထက် အလွန်ဖြစ်ခဲ့ပြီး ဒီနောက်မှာတော့ ပွဲရလဒ်ကို ပြန်ပြောင်းနိုင်ဖို့ ဆားဘီးယားဘက်က ဗယ်လီကိုဗစ်ခ်ျ၊ ဗလာဟိုဗစ်ခ်ျ၊ ဆာဂေး မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျ၊ တာဒစ်ခ်ျနဲ့ ဂျိဗ်ကိုဗစ်ခ်ျတို့အစား ဂူဒယ်လီ၊ ယိုဗစ်ခ်ျ၊ မက္ကဆီမိုဗစ်ခ်ျ၊ ဂျူရီချစ်ခ်ျနဲ့ ရာဒွန်ယစ်ခ်ျတို့ကို လူစားလဲကစားသွားခဲ့တာပါ။

ဆွစ်ဇာလန်တို့ကတော့ ဆိုး၊ ရှာကျီရီ၊ ဗားဂက်စ်နဲ့ အမ်ဘိုလိုတို့အစား ဖာနန်ဒက်စ်၊ ဇာကာရီးယား၊ ဖက်စ်နက်ခ်ျနဲ့ အိုကာဖော်တို့ကို ထည့်သွင်းပြီး ပွဲကို ထိန်းကစားသွားခဲ့ကြသလို ဆားဘီးယားတို့ကတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ဆွစ်ဘက်က ဖက်စ်နက်ခ်ျရဲ့ ကန်ချက်ကို ဂိုးသမား မီလင်ကိုဗစ်ခ်ျ-ဆာဗစ်ခ်ျသာ အထွက်မစောခဲ့ရင် ဂိုးပေးရမယ့် အနေအထားမှာတောင် ရှိခဲ့ပြီး ပြန်မလာနိုင်ဘဲဖြစ်ခဲ့ရပါတယ်။



REF: INTERNET SOURCES
SPORTS A2Z.