International Match Report World Cup

နောက်ဆုံးမိနစ်မှာ ပေါ်တူဂီကို အနိုင်ယူပြီး အာရှဂုဏ်ဆောင်တဲ့ ကိုရီးယား

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော့စတာ၊ ခံစစ်မှာ ပေပေ၊ အန်တိုနီယို ဆေးလ်ဗား၊ ဒါလော့နဲ့ ဂျာအို ကန်ဆယ်လိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရူဘင် နာဗက်စ်၊ ဗီတင်ညာနဲ့ မက်သီယူး နူးနက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ရီကာဒို ဟော်တာနဲ့ ဂျာအို မာရီယိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းကတော့ ဂိုးသမား ဂင်ဆောင်းဂျူ၊ ခံစစ်မှာ ဂွမ်ဂျောင်ဝန်း၊ ဂင်ယောင်ဂဝန်း၊ ဂင်မွန်းဟွမ်နဲ့ ဂင်ဂျင်ဆုတို့ကို ကစားစေခဲ့ပြီး ဆက်လက်သုံးစွဲခဲ့သလို ကွင်းလယ်မှာတော့ ဂျောင်ဦးယောင်း၊ ဟွမ်းအင်ဘွမ်နဲ့ လီဂန်းအင်းတို့ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ လီဂျယ်ဆောင်းနဲ့ ဂျိုဂယူးဆောင်းတို့ကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာကတည်းက ပေါ်တူဂီတို့ ဦးဆောင်ဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ တင်ပေးလိုက်တဲ့ အဝေးဘောကို ညာတောင်ပံကနေ လိုက်လံရယူခဲ့တဲ့ ဒါလော့က ဧရိယာထဲအထိ ပြေးဝင်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးတာကို ရီကာဒို ဟော်တာက အနီးကပ် ပိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီတို့ ဘောလုံးပိုင်ဆိုင်မှု အများစုကို ရယူပြီး ခြေထဲထားကစားသွားခဲ့ကြပေမယ့် ကိုရီးယားတို့ကတော့ အလစ်မပေးဘဲ ကောင်တာကနေ ဂိုးပြန်ရနိုင်ဖို့ ကြိုးစားနေခဲ့ကြပြီး ပွဲချိန် ၁၇ မိနစ်မှာ ထောင့်ကန်ဘောကတစ်ဆင့် ဂိုးသမား ဒီယိုဂို ကော့စတာ ပုတ်ထုတ်တာကို ဂင်ဂျင်ဆုက အနီးကပ် ပိတ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေလို့ ရင်ခံခဲ့ရသေးတာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ ကိုရီးယားတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရတဲ့ ထောင့်ကန်ဘောကနေ ပေါ်တူဂီ ခံစစ်သမားတွေ ရှင်းထုတ်ပုံ မပီပြင်လို့ ပြန်ကျလာတဲ့ ဘောလုံးကို အနီးဆုံးမှာ ရှိနေတဲ့ နောက်ခံလူ ဂင်ယောင်ဂဝန်းက အပိုင်ကန်သွင်းပြီး တစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့ပါတယ်။

အုပ်စုက တက်သွားပြီမို့ လူစုံမထုတ်ခဲ့တဲ့ ပေါ်တူဂီတို့ရဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ မပါတဲ့ ကွင်းလယ်က ထင်သလောက် ဖန်တီးမှုတွေကို မလုပ်နိုင်ခဲ့သလို အတွေ့အကြုံနည်းတဲ့ ကစားသမားတချို့ရဲ့ ပွဲကို ထိန်းချုပ်ကစားနိုင်စွမ်းနည်းတဲ့ ပြဿနာတွေအတွက် အဘတွေဖြစ်တဲ့ ရော်နယ်လ်ဒိုနဲ့ ပီပီတို့ပါ ခေါင်းချင်းရိုက်သွားခဲ့ကြရပြီး အဆုံးသတ်ပိုင်းတွေမှာလည်း တစ်ဖက်ဂိုးသမားကို ထရိန်နင်ဆင်းပေးသလိုပဲ ဖြစ်နေခဲ့တာပါ။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း ပေါ်တူဂီတို့ပဲ ဖိကစားနေခဲ့သလို အနာဂတ်အတွက် အာရုံများနေပုံရတဲ့ ရော်နယ်လ်ဒိုကလည်း အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲဖြစ်နေခဲ့ပြီး ကိုရီးယားတို့ကတော့ တည်ကန်ဘောတွေကနေပဲ အလစ်အငိုက် ထိုးနှက်နိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။

တစ်ဖက်မှာ ဥရုဂွေးက ဂါနာကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေတာကြောင့် ကိုရီးယားတို့အနေနဲ့ ဒီပွဲက နိုင်မှ နောက်တစ်ဆင့်တက်နိုင်မှာဖြစ်လို့ လီဂျယ်ဆောင်းအစား ဟွမ်းဟီးချန်းကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့သလို ပေါ်တူဂီတို့ကတော့ ရော်နယ်လ်ဒို၊ နူးနက်စ်နဲ့ နာဗက်စ်တို့ကို အနားပေးပြီး အန်ဒရေး ဆေးလ်ဗား၊ ပယ်လင်ညာနဲ့ ရာဖေးလ် လီယာအိုတို့ကို ထည့်သွင်းသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ကိုရီးယားတို့ဘက်က ဂင်ယောင်ဂဝန်းနဲ့ လီဂန်းအင်းတို့အစား ဆွန်ဂျွန်ဟိုနဲ့ ဟွမ်းအွီဂျိုတို့ကို ထည့်သွင်းပြီး အနိုင်ဂိုးရဖို့ ကြိုးစားလာခဲ့သလို ပေါ်တူဂီတို့ကတော့ ဗီတင်ညာနဲ့ ဂျာအို မာရီယိုတို့အစား ဘာနာဒို ဆေးလ်ဗားနဲ့ ဝီလီယမ် ကာဗာလ်ယိုတို့ကို ထည့်ပြီး ကွင်းလယ်ကို အားပြုသွားခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ကိုရီးယားတို့ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပေါ်တူဂီတို့ရဲ့ ထောင့်ကန်ဘောကို ကိုရီးယား ခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ညာခြမ်းကနေ တောက်လျှောက်ဆွဲပြေးခဲ့ပြီး သူ့ကို တားဆီးဖို့ ကြိုးစားတဲ့ နောက်ခံလူတွေရဲ့ ကြားကနေ ဧရိယာထဲကို ခင်းပေးခဲ့တာကို ဟွမ်းဟီးချန်းက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဘယ်ဘက်ကို ချိုးကန်ပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ တောင်ကိုရီးယားတို့က ပေါ်တူဂီတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး အဖိုးတန်သုံးမှတ်ကို ရယူနိုင်ခဲ့အပြီးမှာ သွင်းဂိုး ပိုများတဲ့ အားသာချက်ကြောင့် ဂါနာကို အနိုင်ရခဲ့ပြီး အမှတ်တူ လေးမှတ်စီ ရရှိနေတဲ့ ဥရုဂွေးထက် သာလွန်မှုနဲ့အတူ ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ် ပေါ်တူဂီတို့နောက် ဒုတိယအဖြစ် တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီယိုဂို ေကာ့စတာ၊ ခံစစ္မွာ ေပေပ၊ အန္တိုနီယို ေဆးလ္ဗား၊ ဒါေလာ့နဲ႔ ဂ်ာအို ကန္ဆယ္လိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ူဘင္ နာဗက္စ္၊ ဗီတင္ညာနဲ႔ မက္သီယူး ႏူးနက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ရီကာဒို ေဟာ္တာနဲ႔ ဂ်ာအို မာရီယိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ေတာင္ကိုရီးယားအသင္းကေတာ့ ဂိုးသမား ဂင္ေဆာင္းဂ်ဴ၊ ခံစစ္မွာ ဂြမ္ေဂ်ာင္ဝန္း၊ ဂင္ေယာင္ဂဝန္း၊ ဂင္မြန္းဟြမ္နဲ႔ ဂင္ဂ်င္ဆုတို႔ကို ကစားေစခဲ့ၿပီး ဆက္လက္သုံးစြဲခဲ့သလို ကြင္းလယ္မွာေတာ့ ေဂ်ာင္ဦးေယာင္း၊ ဟြမ္းအင္ဘြမ္နဲ႔ လီဂန္းအင္းတို႔ကို ခင္းက်င္းခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆြန္ေဟာင္မင္၊ လီဂ်ယ္ေဆာင္းနဲ႔ ဂ်ိဳဂယူးေဆာင္းတို႔ကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာကတည္းက ေပၚတူဂီတို႔ ဦးေဆာင္ဂိုးသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန တင္ေပးလိုက္တဲ့ အေဝးေဘာကို ညာေတာင္ပံကေန လိုက္လံရယူခဲ့တဲ့ ဒါေလာ့က ဧရိယာထဲအထိ ေျပးဝင္ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးတာကို ရီကာဒို ေဟာ္တာက အနီးကပ္ ပိတ္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီတို႔ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ရယူၿပီး ေျခထဲထားကစားသြားခဲ့ၾကေပမယ့္ ကိုရီးယားတို႔ကေတာ့ အလစ္မေပးဘဲ ေကာင္တာကေန ဂိုးျပန္ရႏိုင္ဖို႔ ႀကိဳးစားေနခဲ့ၾကၿပီး ပြဲခ်ိန္ ၁၇ မိနစ္မွာ ေထာင့္ကန္ေဘာကတစ္ဆင့္ ဂိုးသမား ဒီယိုဂို ေကာ့စတာ ပုတ္ထုတ္တာကို ဂင္ဂ်င္ဆုက အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနလို႔ ရင္ခံခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ကိုရီးယားတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းမွာ ရတဲ့ ေထာင့္ကန္ေဘာကေန ေပၚတူဂီ ခံစစ္သမားေတြ ရွင္းထုတ္ပုံ မပီျပင္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို အနီးဆုံးမွာ ရွိေနတဲ့ ေနာက္ခံလူ ဂင္ေယာင္ဂဝန္းက အပိုင္ကန္သြင္းၿပီး တစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့ပါတယ္။

အုပ္စုက တက္သြားၿပီမို႔ လူစုံမထုတ္ခဲ့တဲ့ ေပၚတူဂီတို႔ရဲ႕ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ မပါတဲ့ ကြင္းလယ္က ထင္သေလာက္ ဖန္တီးမႈေတြကို မလုပ္ႏိုင္ခဲ့သလို အေတြ႕အႀကဳံနည္းတဲ့ ကစားသမားတခ်ိဳ႕ရဲ႕ ပြဲကို ထိန္းခ်ဳပ္ကစားႏိုင္စြမ္းနည္းတဲ့ ျပႆနာေတြအတြက္ အဘေတြျဖစ္တဲ့ ေရာ္နယ္လ္ဒိုနဲ႔ ပီပီတို႔ပါ ေခါင္းခ်င္း႐ိုက္သြားခဲ့ၾကရၿပီး အဆုံးသတ္ပိုင္းေတြမွာလည္း တစ္ဖက္ဂိုးသမားကို ထရိန္နင္ဆင္းေပးသလိုပဲ ျဖစ္ေနခဲ့တာပါ။

ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း ေပၚတူဂီတို႔ပဲ ဖိကစားေနခဲ့သလို အနာဂတ္အတြက္ အာ႐ုံမ်ားေနပုံရတဲ့ ေရာ္နယ္လ္ဒိုကလည္း အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ဘဲျဖစ္ေနခဲ့ၿပီး ကိုရီးယားတို႔ကေတာ့ တည္ကန္ေဘာေတြကေနပဲ အလစ္အငိုက္ ထိုးႏွက္ႏိုင္ဖို႔ ႀကိဳးစားေနခဲ့ပါတယ္။

တစ္ဖက္မွာ ဥ႐ုေဂြးက ဂါနာကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနတာေၾကာင့္ ကိုရီးယားတို႔အေနနဲ႔ ဒီပြဲက ႏိုင္မွ ေနာက္တစ္ဆင့္တက္ႏိုင္မွာျဖစ္လို႔ လီဂ်ယ္ေဆာင္းအစား ဟြမ္းဟီးခ်န္းကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္ခဲ့သလို ေပၚတူဂီတို႔ကေတာ့ ေရာ္နယ္လ္ဒို၊ ႏူးနက္စ္နဲ႔ နာဗက္စ္တို႔ကို အနားေပးၿပီး အန္ဒေရး ေဆးလ္ဗား၊ ပယ္လင္ညာနဲ႔ ရာေဖးလ္ လီယာအိုတို႔ကို ထည့္သြင္းသြားခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ကိုရီးယားတို႔ဘက္က ဂင္ေယာင္ဂဝန္းနဲ႔ လီဂန္းအင္းတို႔အစား ဆြန္ဂြၽန္ဟိုနဲ႔ ဟြမ္းအြီဂ်ိဳတို႔ကို ထည့္သြင္းၿပီး အႏိုင္ဂိုးရဖို႔ ႀကိဳးစားလာခဲ့သလို ေပၚတူဂီတို႔ကေတာ့ ဗီတင္ညာနဲ႔ ဂ်ာအို မာရီယိုတို႔အစား ဘာနာဒို ေဆးလ္ဗားနဲ႔ ဝီလီယမ္ ကာဗာလ္ယိုတို႔ကို ထည့္ၿပီး ကြင္းလယ္ကို အားျပဳသြားခဲ့တာပါ။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ကိုရီးယားတို႔ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေပၚတူဂီတို႔ရဲ႕ ေထာင့္ကန္ေဘာကို ကိုရီးယား ခံစစ္က ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္က ညာျခမ္းကေန ေတာက္ေလွ်ာက္ဆြဲေျပးခဲ့ၿပီး သူ႔ကို တားဆီးဖို႔ ႀကိဳးစားတဲ့ ေနာက္ခံလူေတြရဲ႕ ၾကားကေန ဧရိယာထဲကို ခင္းေပးခဲ့တာကို ဟြမ္းဟီးခ်န္းက ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ဘယ္ဘက္ကို ခ်ိဳးကန္ၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေတာင္ကိုရီးယားတို႔က ေပၚတူဂီတို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၾကၿပီး အဖိုးတန္သုံးမွတ္ကို ရယူႏိုင္ခဲ့အၿပီးမွာ သြင္းဂိုး ပိုမ်ားတဲ့ အားသာခ်က္ေၾကာင့္ ဂါနာကို အႏိုင္ရခဲ့ၿပီး အမွတ္တူ ေလးမွတ္စီ ရရွိေနတဲ့ ဥ႐ုေဂြးထက္ သာလြန္မႈနဲ႔အတူ ရႈံးထြက္အဆင့္ကို အုပ္စုဗိုလ္ ေပၚတူဂီတို႔ေနာက္ ဒုတိယအျဖစ္ တက္ေရာက္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.