International World Cup

ဂျာမနီကို အုပ်စုပြုတ်စေခဲ့တဲ့ ဂျပန်ရဲ့ဂိုးကို ဘာလို့ခွင့်ပြုခဲ့တာလဲ ရှင်းပြခဲ့တဲ့ ဒိုင်လူကြီးဟောင်း

ဂျပန်အသင်းရဲ့ စပိန်နဲ့ပွဲစဉ်က အဆုံးအဖြတ် သွင်းဂိုးဟာ ဘောလုံးရဲ့ကွေးညွတ်မှုဟာ ဂိုးစည်းလွန်သွားခဲ့ခြင်းမရှိတာကြောင့် ခွင့်ပြုပေးခြင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်အသင်းရဲ့ စပိန်ကို ၂-၁ နဲ့ နိုင်ပွဲဟာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်တက်ရောက်နိုင်စေခဲ့တာဖြစ်ပြီး ဂျာမနီအသင်းကတော့ အုပ်စုအဆင့်မှာပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဂျပန်ရဲ့ ဒုတိယမြောက်သွင်းဂိုးဟာ မီတိုမာ တာနကကို အနီးကပ်ပိတ်သွင်းယူနိုင်အောင် မချိုးမီမှာ ဂိုးစည်းကျော်သွားခဲ့ပုံပေါ်ခဲ့တယ်လို့ ကနဦး ရုပ်သံအနှေးပြကွက်တွေက ပြသခဲ့တာကြောင့် အပြင်းအန် အငြင်းပွားစရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

VAR ရဲ့ အချိန်အတော်ကြာ ပြန်လည်စစ်ဆေးမှုဟာ ဘောလုံးက ဂိုးစည်းကို လုံးဝကြီး ကျော်သွားခဲ့တာမဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့သာ အဆုံးသတ်ခဲ့တာကြောင့် အားလုံး အံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။

ဥပဒေသမှာ ဘောလုံးရဲ့ ကွေးညွတ်မှုဟာ ဂိုးစည်းပေါ်မှာ ရှိနေသေးရင် ဂိုးမလွန်သေးဘဲ ဆက်လက်ကစားနိုင်ဆဲဖြစ်တယ်လို့ ဖော်ပြထားပြီး ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ပီတာ ဝယ်လ်တန်က ဘောလုံးဟာ သာမန်မျက်စိနဲ့ကြည့်ရင် ဂိုးစည်းကို ကျော်သွားပုံပေါ်ပေမယ့်လည်း ဘောလုံးရဲ့ ကွေးညွတ်မှုဟာ ဂိုးစည်းပေါ်မှာ တစိတ်တပိုင်းရှိနေသေးတယ်ဆိုတာကို အတည်ပြုတဲ့ပုံတွေ ဖီဖာအနေနဲ့ အားလုံးမြင်တွေ့အောင် လုပ်ရမယ်လို့ ITV ကို ပြောကြားခဲ့ပါတယ်။

“ခင်ဗျားမြင်တဲ့ရှုထောင့်အတိုင်းပဲ ကျွန်တော်လည်း မြင်ပါတယ်။ ဥပဒေသမှာ အဓိပ္ပာယ်ပေါက်လွဲမှုရှိနေတယ်။ အဲဒါက မြက်ခင်းပေါ်က ဘောလုံးရဲ့ အစိတ်အပိုင်းက ဂိုးစည်းကို ကျော်သွားတဲ့အတွက်ကြောင့်ပါ။ ဒါက ဘောလုံးမျဉ်းကွေးကြောင့်မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ကျွန်တော်တို့ အဲဒါကို မကြာခဏ ထောင့်ကန်ဘောမှာ ဂိုးစည်းကျော်သွားတဲ့အခါမျိုးမှာ မြင်ရတယ်။ ဒါပေမယ့် အဲဒါက စည်းကို အရမ်းမကျော်ပါဘူး။ ဒီဥပမာမှာ VAR ရှာဖွေနေတဲ့အရာက ဒိုင်လူကြီးကို ဘောလုံးက ကွင်းထဲကနေ ရှင်းရှင်းလင်းလင်း ထွက်သွားတယ်ဆိုတဲ့ သက်သေကို ပြသနိုင်ဖို့ ဖြစ်ပြီး ကျွန်တော်တို့ မြင်တွေ့နေရတဲ့ အထောက်အထားအရတော့ သူ့ရှေ့မှာ အဲဒီလိုဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးတော့မရှိဘူး”

“ကျွန်တော် အကြံပြုချင်တာက ဂိုးစည်း နည်းပညာပါ။ အဲဒီကင်မရာတွေက ဘောလုံးက ကွင်းထဲကနေ ထွက်သွားလားဆိုတာကို သိရဖို့ VAR အတွက် သုံးဖို့ထားထားတာပါ။ အဲဒီတော့ အဲဒါကို ပြသနိုင်တဲ့ မြင်ကွင်းရှုထောင့်ရှိပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်လို့ ကစားသမားရဲ့ ဖိနပ် ဒါမှမဟုတ် ညို့သကျည်းအကာက ဘောလုံးရဲ့အပေါ်မှာ ရှိနေရင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါဘူး။ အဲဒီကျရင် VAR က ဒိုင်လူကြီးကို ‘ခင်ဗျားကို ပေးဖို့ သက်သေအထောက်အထား ကျွန်တော့်မှာ မရှိဘူး ဒိုင်လူကြီး။ ခင်ဗျားရဲ့ ကွင်းအတွင်း ဆုံးဖြတ်ချက်အတိုင်းသာ လုပ်ပါ’လို့ ပြောလိမ့်မယ်”

“ကျွန်တော်တို့ကို ဖီဖာက ပြသမယ့် ပုံတွေကို မြင်ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ဥပဒေသက တိကျတယ်။ ဘောလုံးရဲ့ ကွေးညွတ်မှုက ဂိုးစည်းကို ကျော်သွားခဲ့ပြီးတော့ ဆက်ကစားနေတုန်းပဲ။ အဲဒါကို ကျွန်တော်တို့ ပြသဖို့ သက်သေအထောက်အထားရှိလို့လား”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ပန္အသင္းရဲ႕ စပိန္နဲ႔ပြဲစဥ္က အဆုံးအျဖတ္ သြင္းဂိုးဟာ ေဘာလုံးရဲ႕ေကြးၫြတ္မႈဟာ ဂိုးစည္းလြန္သြားခဲ့ျခင္းမရွိတာေၾကာင့္ ခြင့္ျပဳေပးျခင္းခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။

ဂ်ပန္အသင္းရဲ႕ စပိန္ကို ၂-၁ နဲ႔ ႏိုင္ပြဲဟာ အုပ္စုဗိုလ္အျဖစ္ ရႈံးထြက္တက္ေရာက္ႏိုင္ေစခဲ့တာျဖစ္ၿပီး ဂ်ာမနီအသင္းကေတာ့ အုပ္စုအဆင့္မွာပဲ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ ဂ်ပန္ရဲ႕ ဒုတိယေျမာက္သြင္းဂိုးဟာ မီတိုမာ တာနကကို အနီးကပ္ပိတ္သြင္းယူႏိုင္ေအာင္ မခ်ိဳးမီမွာ ဂိုးစည္းေက်ာ္သြားခဲ့ပုံေပၚခဲ့တယ္လို႔ ကနဦး ႐ုပ္သံအေႏွးျပကြက္ေတြက ျပသခဲ့တာေၾကာင့္ အျပင္းအန္ အျငင္းပြားစရာ ျဖစ္ခဲ့တာျဖစ္ပါတယ္။

VAR ရဲ႕ အခ်ိန္အေတာ္ၾကာ ျပန္လည္စစ္ေဆးမႈဟာ ေဘာလုံးက ဂိုးစည္းကို လုံးဝႀကီး ေက်ာ္သြားခဲ့တာမဟုတ္ဘူးဆိုတဲ့ ဆုံးျဖတ္ခ်က္နဲ႔သာ အဆုံးသတ္ခဲ့တာေၾကာင့္ အားလုံး အံ့အားသင့္ခဲ့ရတာျဖစ္ပါတယ္။

ဥပေဒသမွာ ေဘာလုံးရဲ႕ ေကြးၫြတ္မႈဟာ ဂိုးစည္းေပၚမွာ ရွိေနေသးရင္ ဂိုးမလြန္ေသးဘဲ ဆက္လက္ကစားႏိုင္ဆဲျဖစ္တယ္လို႔ ေဖာ္ျပထားၿပီး ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ပီတာ ဝယ္လ္တန္က ေဘာလုံးဟာ သာမန္မ်က္စိနဲ႔ၾကည့္ရင္ ဂိုးစည္းကို ေက်ာ္သြားပုံေပၚေပမယ့္လည္း ေဘာလုံးရဲ႕ ေကြးၫြတ္မႈဟာ ဂိုးစည္းေပၚမွာ တစိတ္တပိုင္းရွိေနေသးတယ္ဆိုတာကို အတည္ျပဳတဲ့ပုံေတြ ဖီဖာအေနနဲ႔ အားလုံးျမင္ေတြ႕ေအာင္ လုပ္ရမယ္လို႔ ITV ကို ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ားျမင္တဲ့ရႈေထာင့္အတိုင္းပဲ ကြၽန္ေတာ္လည္း ျမင္ပါတယ္။ ဥပေဒသမွာ အဓိပၸာယ္ေပါက္လြဲမႈရွိေနတယ္။ အဲဒါက ျမက္ခင္းေပၚက ေဘာလုံးရဲ႕ အစိတ္အပိုင္းက ဂိုးစည္းကို ေက်ာ္သြားတဲ့အတြက္ေၾကာင့္ပါ။ ဒါက ေဘာလုံးမ်ဥ္းေကြးေၾကာင့္မဟုတ္ဘူးဆိုတာ ရွင္းပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို မၾကာခဏ ေထာင့္ကန္ေဘာမွာ ဂိုးစည္းေက်ာ္သြားတဲ့အခါမ်ိဳးမွာ ျမင္ရတယ္။ ဒါေပမယ့္ အဲဒါက စည္းကို အရမ္းမေက်ာ္ပါဘူး။ ဒီဥပမာမွာ VAR ရွာေဖြေနတဲ့အရာက ဒိုင္လူႀကီးကို ေဘာလုံးက ကြင္းထဲကေန ရွင္းရွင္းလင္းလင္း ထြက္သြားတယ္ဆိုတဲ့ သက္ေသကို ျပသႏိုင္ဖို႔ ျဖစ္ၿပီး ကြၽန္ေတာ္တို႔ ျမင္ေတြ႕ေနရတဲ့ အေထာက္အထားအရေတာ့ သူ႔ေရွ႕မွာ အဲဒီလိုျဖစ္သြားတယ္ဆိုတဲ့ဟာမ်ိဳးေတာ့မရွိဘူး”

“ကြၽန္ေတာ္ အႀကံျပဳခ်င္တာက ဂိုးစည္း နည္းပညာပါ။ အဲဒီကင္မရာေတြက ေဘာလုံးက ကြင္းထဲကေန ထြက္သြားလားဆိုတာကို သိရဖို႔ VAR အတြက္ သုံးဖို႔ထားထားတာပါ။ အဲဒီေတာ့ အဲဒါကို ျပသႏိုင္တဲ့ ျမင္ကြင္းရႈေထာင့္ရွိပါလိမ့္မယ္။ ဒါေပမယ့္လည္း တကယ္လို႔ ကစားသမားရဲ႕ ဖိနပ္ ဒါမွမဟုတ္ ညိဳ႕သက်ည္းအကာက ေဘာလုံးရဲ႕အေပၚမွာ ရွိေနရင္ ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ပါဘူး။ အဲဒီက်ရင္ VAR က ဒိုင္လူႀကီးကို ‘ခင္ဗ်ားကို ေပးဖို႔ သက္ေသအေထာက္အထား ကြၽန္ေတာ့္မွာ မရွိဘူး ဒိုင္လူႀကီး။ ခင္ဗ်ားရဲ႕ ကြင္းအတြင္း ဆုံးျဖတ္ခ်က္အတိုင္းသာ လုပ္ပါ’လို႔ ေျပာလိမ့္မယ္”

“ကြၽန္ေတာ္တို႔ကို ဖီဖာက ျပသမယ့္ ပုံေတြကို ျမင္ရပါလိမ့္မယ္။ ဒါေပမယ့္လည္း ဥပေဒသက တိက်တယ္။ ေဘာလုံးရဲ႕ ေကြးၫြတ္မႈက ဂိုးစည္းကို ေက်ာ္သြားခဲ့ၿပီးေတာ့ ဆက္ကစားေနတုန္းပဲ။ အဲဒါကို ကြၽန္ေတာ္တို႔ ျပသဖို႔ သက္ေသအေထာက္အထားရွိလို႔လား”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.