International World Cup

ကလေးတယောက်လို ရှိုက်ကြီးတငင်ဖြစ်နေတဲ့ လူကာကူးကို နှစ်သိမ့်ခဲ့ရတဲ့ အွန်နရီ

ရိုမယ်လူ လူကာကူးဟာ ဘယ်လ်ဂျီယမ်အသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ကနေ စောစီးစွာ ထွက်ခွာခဲ့ရမှုကြောင့် မျက်ရည်မဆည်နိုင်ဘဲ ငိုကြွေးခဲ့ပါတယ်။

ခရိုအေးရှားအသင်းနဲ့ ကြာသပတေးနေ့ညက ဂိုးမရှိ သရေကျခဲ့တာကြောင့် ရောဘတ်တို မာတီနက်ဇ်ရဲ့အသင်းဟာ အုပ်စုအဆင့်ကနေ စောစောစီးစီး လှည့်ပြန်ခဲ့ရတာဖြစ်ပြီး မော်ရိုကိုအသင်းက အုပ်စု F ရဲ့ ပထမအဖြစ်နဲ့ နောက်တဆင့် တက်ရောက်နိုင်ခဲ့ချိန်မှာ ခရိုအေးရှားက အုပ်စုဒုတိယနဲ့ ရှုံးထွက်တက်ခဲ့တာဖြစ်ပါတယ်။

လူကာကူးဟာ ဒုတိယပိုင်းမှာ ဘယ်လ်ဂျီယမ်အသင်းက ဦးဆောင်ဂိုး ရရှိဖို့ ကြိုးပမ်းနေတာကြောင့် လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး အနိုင်ဂိုး သွင်းယူနိုင်မယ်ဆိုရင် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်တာမီလန်ကို အငှားနဲ့ သွားကစားနေတဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟာ ဘယ်လ်ဂျီယမ်အသင်း ဦးဆောင်ဂိုး ရရှိစေမယ့် ကြီးမားတဲ့ အခွင့်အရေးကြီး ၃ ကြိမ်ကို ဖြုန်းတီးပစ်ခဲ့တာဖြစ်တာကြောင့် ပွဲအပြီးမှာ ကွင်းထဲကနေ မျက်ရည်တွေနဲ့ ထွက်ခွာခဲ့ချိန်မှာ ဘယ်လ်ဂျီယမ်လက်ထောက်နည်းပြ သီယာရီ အွန်နရီက နှစ်သိမ့်ပေးခဲ့ရတာဖြစ်ပါတယ်။

လူကာကူးဟာ ဒဏ်ရာပြဿနာရှိနေတာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယမ်အတွက် တစ်ပွဲမှ ပွဲထွက်ပါဝင်ကစားပေးခဲ့ရခြင်းမရှိဘဲ သြဂုတ်လနောက်ပိုင်းကတည်းက လိဂ်ပြိုင်ပွဲမှာ ၂၂ မိနစ်သာ ကစားပေးခဲ့ရသူဖြစ်ပါတယ်။

ချဲလ်ဆီးဂန္တဝင် တိုက်စစ်မှူးဟောင်း ဒရော့ဂ်ဘာက ဘယ်လ်ဂျီယမ်အသင်း ၁၆ သင်းရှုံးထွက်အဆင့်နဲ့ လွဲချော်ပြီး အုပ်စုကနေ စောစောစီးစီး လှည့်ပြန်ခဲ့ရစေခဲ့တဲ့ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့တဲ့ တိုက်စစ်မှူး လူကာကူးဘက်ကနေ ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

“ကျွန်တော်တို့ အားလုံး လူကာကူးအတွက် စိတ်မကောင်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ လလောက် ဒဏ်ရာရနေခဲ့တဲ့ လူတစ်ယောက်ကို အပြစ်တင်လို့မရနိုင်ပါဘူး။ သူ မိနစ် ၃၀ လောက်ပဲ ဝင်ကစားခဲ့ရပြီး ခင်ဗျားက သူ့ကို နိုင်ပွဲရယူစေချင်နေတာပါ။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ သူက နည်းနည်းတော့ အဆုံးသတ်ပိုင်းပိုသေချာခဲ့သင့်ပေမယ့်လည်း သူ့ကို ဒီအတွက် ပြစ်တင်ဖို့က အရမ်းခက်ခဲပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လူကာကူးရဲ့ ပထမဆုံးလွဲချော်မှုဟာ အဆိုးရွားဆုံး လွဲချော်မှုလည်းဖြစ်ခဲ့ပြီး ဂိုးသမားက ဂိုးပေါက်မှာ နေရာမယူနိုင်ချိန် ၇ ကိုက်အကွာကနေ တိုင်ထိအောင် ကန်မိခဲ့တာ ဖြစ်ပါတယ်။

“အဲဒါက ခက်ခဲတယ်လို့ ကျွန်တော်ထင်တယ်။ ခံစစ်ကစားသမားနဲ့ ဂိုးသမားက ခင်ဗျား ရှေ့မှာရှိနေပြီး ဒါက သူ့ရဲ့ညာခြေပါ။ သူ့ခန္ဓာကိုယ်က ဂိုးပေါက်ဘက် မျက်နှာမူထားတဲ့ ပုံစံက လှည့်ပြီး ဂိုးသွင်းယူဖို့က ခက်ခဲပါတယ်။ အဲဒါက ခက်ခဲပါတယ်”လို့ ဒရော့ဂ်ဘာက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုမယ္လူ လူကာကူးဟာ ဘယ္လ္ဂ်ီယမ္အသင္းရဲ႕ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ အုပ္စုအဆင့္ကေန ေစာစီးစြာ ထြက္ခြာခဲ့ရမႈေၾကာင့္ မ်က္ရည္မဆည္ႏိုင္ဘဲ ငိုေႂကြးခဲ့ပါတယ္။

ခ႐ိုေအးရွားအသင္းနဲ႔ ၾကာသပေတးေန႔ညက ဂိုးမရွိ သေရက်ခဲ့တာေၾကာင့္ ေရာဘတ္တို မာတီနက္ဇ္ရဲ႕အသင္းဟာ အုပ္စုအဆင့္ကေန ေစာေစာစီးစီး လွည့္ျပန္ခဲ့ရတာျဖစ္ၿပီး ေမာ္႐ိုကိုအသင္းက အုပ္စု F ရဲ႕ ပထမအျဖစ္နဲ႔ ေနာက္တဆင့္ တက္ေရာက္ႏိုင္ခဲ့ခ်ိန္မွာ ခ႐ိုေအးရွားက အုပ္စုဒုတိယနဲ႔ ရႈံးထြက္တက္ခဲ့တာျဖစ္ပါတယ္။

လူကာကူးဟာ ဒုတိယပိုင္းမွာ ဘယ္လ္ဂ်ီယမ္အသင္းက ဦးေဆာင္ဂိုး ရရွိဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး အႏိုင္ဂိုး သြင္းယူႏိုင္မယ္ဆိုရင္ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္သြားႏိုင္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အင္တာမီလန္ကို အငွားနဲ႔ သြားကစားေနတဲ့ ခ်ဲလ္ဆီးတိုက္စစ္မႉးဟာ ဘယ္လ္ဂ်ီယမ္အသင္း ဦးေဆာင္ဂိုး ရရွိေစမယ့္ ႀကီးမားတဲ့ အခြင့္အေရးႀကီး ၃ ႀကိမ္ကို ျဖဳန္းတီးပစ္ခဲ့တာျဖစ္တာေၾကာင့္ ပြဲအၿပီးမွာ ကြင္းထဲကေန မ်က္ရည္ေတြနဲ႔ ထြက္ခြာခဲ့ခ်ိန္မွာ ဘယ္လ္ဂ်ီယမ္လက္ေထာက္နည္းျပ သီယာရီ အြန္နရီက ႏွစ္သိမ့္ေပးခဲ့ရတာျဖစ္ပါတယ္။

လူကာကူးဟာ ဒဏ္ရာျပႆနာရွိေနတာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယမ္အတြက္ တစ္ပြဲမွ ပြဲထြက္ပါဝင္ကစားေပးခဲ့ရျခင္းမရွိဘဲ ၾသဂုတ္လေနာက္ပိုင္းကတည္းက လိဂ္ၿပိဳင္ပြဲမွာ ၂၂ မိနစ္သာ ကစားေပးခဲ့ရသူျဖစ္ပါတယ္။

ခ်ဲလ္ဆီးဂႏၲဝင္ တိုက္စစ္မႉးေဟာင္း ဒေရာ့ဂ္ဘာက ဘယ္လ္ဂ်ီယမ္အသင္း ၁၆ သင္းရႈံးထြက္အဆင့္နဲ႔ လြဲေခ်ာ္ၿပီး အုပ္စုကေန ေစာေစာစီးစီး လွည့္ျပန္ခဲ့ရေစခဲ့တဲ့ အပိုင္အခြင့္အေရးေတြ ျဖဳန္းတီးခဲ့တဲ့ တိုက္စစ္မႉး လူကာကူးဘက္ကေန ကာကြယ္ေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ အားလုံး လူကာကူးအတြက္ စိတ္မေကာင္းျဖစ္ခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ လြန္ခဲ့တဲ့ ၂ လေလာက္ ဒဏ္ရာရေနခဲ့တဲ့ လူတစ္ေယာက္ကို အျပစ္တင္လို႔မရႏိုင္ပါဘူး။ သူ မိနစ္ ၃၀ ေလာက္ပဲ ဝင္ကစားခဲ့ရၿပီး ခင္ဗ်ားက သူ႔ကို ႏိုင္ပြဲရယူေစခ်င္ေနတာပါ။ တိုက္စစ္မႉးတစ္ေယာက္အေနနဲ႔ သူက နည္းနည္းေတာ့ အဆုံးသတ္ပိုင္းပိုေသခ်ာခဲ့သင့္ေပမယ့္လည္း သူ႔ကို ဒီအတြက္ ျပစ္တင္ဖို႔က အရမ္းခက္ခဲပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လူကာကူးရဲ႕ ပထမဆုံးလြဲေခ်ာ္မႈဟာ အဆိုး႐ြားဆုံး လြဲေခ်ာ္မႈလည္းျဖစ္ခဲ့ၿပီး ဂိုးသမားက ဂိုးေပါက္မွာ ေနရာမယူႏိုင္ခ်ိန္ ၇ ကိုက္အကြာကေန တိုင္ထိေအာင္ ကန္မိခဲ့တာ ျဖစ္ပါတယ္။

“အဲဒါက ခက္ခဲတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ခံစစ္ကစားသမားနဲ႔ ဂိုးသမားက ခင္ဗ်ား ေရွ႕မွာရွိေနၿပီး ဒါက သူ႔ရဲ႕ညာေျခပါ။ သူ႔ခႏၶာကိုယ္က ဂိုးေပါက္ဘက္ မ်က္ႏွာမူထားတဲ့ ပုံစံက လွည့္ၿပီး ဂိုးသြင္းယူဖို႔က ခက္ခဲပါတယ္။ အဲဒါက ခက္ခဲပါတယ္”လို႔ ဒေရာ့ဂ္ဘာက ထပ္ေလာင္း ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.