International Match Report World Cup

အလာကောင်းက အခါနှောင်းပြီး ကော့စတာရီကာကို နိုင်ပေမယ့် အိမ်ပြန်ခဲ့ရတဲ့ ဂျာမနီ

ရှေ့နှစ်ပွဲမှာ တစ်မှတ်သာ ရထားခဲ့ပြီး အုပ်စုတက်ရေးအတွက် မျှော်လင့်ချက်နည်းနေခဲ့တဲ့ ဂျာမနီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နွိုင်ယာ၊ ခံစစ်မှာ ဆူးလား၊ ရူဒီဂါ၊ ကင်းမစ်ချ်နဲ့ ရောင်းမ်တို့ကို ပွဲထုတ်လာခဲ့သလို ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ဂေါ်ရက်ဇ်ကာနဲ့ မူစီယာလာတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာနေး၊ ဂနာဘရီနဲ့ မူလာတို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။

ကော့စတာရီကာအသင်းကတော့ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ ဝပ်ဆန်၊ ဗားဂက်စ်၊ ဒူယာတေး၊ ဖူးလားနဲ့ အိုဗီယေးဒိုတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဘော့ဂျက်စ်၊ တီဂျီဒါ၊ အာဂွီလယ်ရာနဲ့ ကမ်းဘဲလ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဗီနီဂက်စ် တစ်ဦးတည်းကို တင်ကစားလာခဲ့ပါတယ်။

ဒီနေ့ပွဲကတော့ ကမ္ဘာ့ဖလားသမိုင်းမှာ စံချိန်သစ်တင်တဲ့‌ နေ့တစ်နေ့လည်းဖြစ်ပြီး အမျိုးသမီးဒိုင်တွေက ကိုင်တွယ်ခဲ့ကြတာဖြစ်သလို ကွင်းလယ်မှာ ပြင်သစ်ဒိုင် စတက်ဖ်နီ ဖရက်ပတ်နဲ့ စည်းကြပ်ဒိုင်တွေအဖြစ် ဘရာဇီးလ်က နူဇာ အီနက်စ် ဘက်ခ်၊ မက္ကဆီကိုရဲ့ ကာရင် ဒီယက်ဇ်တို့က ဆောင်ရွက်ခဲ့ကြသလို စတုတ္ထဒိုင်ကပဲ ဟွန်ဒူရပ်စ်နိုင်ငံက အမျိုးသားဒိုင် ဟက်တာ မာတီနက်ဇ် ဖြစ်ခဲ့တာပါ။

ပွဲစကတည်းက ဂျာမနီတို့ ဖိကစားခဲ့သလို ပိတ်ကစားနေတဲ့ ကော်စတာရီကာတို့ရဲ့ ဧရိယာထဲမှာ တိုက်စစ်က ဂနာဘရီ၊ မူစီယာလာ၊ ဆာနေးတို့လို ကစားသမားတွေ ခြေချင်းလိမ်နေခဲ့ကြပြီး ဘောလုံးအဆင့်အတန်းချင်း ကွာဟမှုကို ပြသနေခဲ့သလို ဘောလုံးပိုင်ဆိုင်မှု အများစုကိုလည်း ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ ဂျာမနီတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးရလာတဲ့ မူစီယာလာက ဘယ်ခြမ်းကို မျှောထိုးပေးခဲ့ရာမှာ နောက်ခံလူ ရောင်းမ်က ဧရိယာထဲကို ဖြတ်ပို့ပေးတာကို ဂနာဘရီက ဂိုးသမား နာဗက်စ်နဲ့ အနီးကပ် ခေါင်းတိုက်ပြီး အဆုံးသတ်သွားနိုင်ခဲ့တာပါ။

တစ်ဂိုးရအပြီးမှာ ဂျာမနီတို့ပဲ ဆက်ပြီးဖိကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းကတော့ ဆိုးဆိုးရွားရွားဖြစ်နေခဲ့သလို ကော်စတာရီကာတို့ကလည်း မစွံခဲ့တာကြောင့် ဂျာမနီတို့ပဲ ဘောလုံးကိုင်လိုက် ချော်ကန်လိုက်နဲ့ ဖြစ်နေခဲ့သလို နည်းပြ ဟန်ဆီ ဖလစ်ခ်အတွက်တော့ သူ့အသင်းကို အကွက်ကျကျ တည်ဆောက်မထားနိုင်ခဲ့ဘူးဆိုတာလည်း သိသာခဲ့ပါတယ်။

ပထမပိုင်းကို ဂျာမနီတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ ဂေါ်ရက်ဇ်ကာအစား ကလိုစတာမန်းကို ထည့်သွင်းခဲ့သလို ကင်းမစ်ချ်ကိုတော့ ကွင်းလယ်ကို တက်ကစားခိုင်းခဲ့ပြီး ကော်စတာရီကာတို့ကတော့ အဂွီလယ်ရာအစား ဆာလတ်စ်ကို အပြောင်းအလဲလုပ်သွားခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ ကွင်းလယ်လူ ဂွန်ဒိုးဝမ်အစား တိုက်စစ်မှူး ဖူးလ်ကရပ်ခ်ကို ထပ်မံထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ ကော်စတာရီကာတို့ ချေပဂိုး ပြန်သွင်းယူသွားခဲ့ကြပြီး ကောင်တာကနေ ကမ်းဘဲလ်က ညာခြမ်းကို ချပေးတာကို ဖူးလားက ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ ခံစစ်ကနေ လိုက်လာခဲ့တဲ့ ဝပ်ဆန်က ခေါင်းတိုက်သွင်းခဲ့တာကို ဂျာမနီဂိုးသမား နွိုင်ယာ ကာကွယ်နိုင်ခဲ့ပေမယ့် နောက်က ပါလာတဲ့ တီဂျီဒါက ဝင်ဖျက်တဲ့ နောက်ခံလူတွေထက်ဦးအောင် ပိတ်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာ ဂျာမနီတို့ဘက်က ရောင်းမ်နဲ့ မူလာအစား ဂေါ့ဇားနဲ့ ဟာဗတ်ဇ်တို့ကို လဲကစားခဲ့ပြီး မိနစ် ၇၀ မှာတော့ ကော်စတာရီကာတို့ ဦးဆောင်ဂိုး ပြန်ယူသွားနိုင်ခဲ့ကြသလို ဖရီးကစ်ကနေ ဖြတ်တင်ပေးတဲ့ ဘောလုံးကို အမြင့်ဆုံးခုန်နိုင်ခဲ့တဲ့ နောက်ခံလူ ဝပ်ဆန်က ခေါင်းတိုက်ချပေးတာကို ခုန်ဝင်ပြီး ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ ဂိုးသမား နွိုင်ယာက တိုင်မင်လွဲပြီး ခြေထောက်နဲ့ပဲ ထိခဲ့သလို ဘောလုံးက ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ ဂျာမနီတို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကင်းမစ်ချ် ခေါင်းတိုက်ချပေးတာကို ကော်စတာရီကာ ခံစစ်ရှေ့ကနေ ခြေဦးခဲ့တဲ့ ဖူးလ်ကရပ်ခ်ရဲ့ အားထုတ်မှုကနေ ထွက်လာတဲ့ ဘောလုံးကို အလိုက်သင့် ပြေးဝင်သွားခဲ့တဲ့ ဟာဗတ်ဇ်က ဂိုးသမားပေါ်က ကျော်သွင်းနိုင်ခဲ့တာ ဖြစ်ပြီး တစ်ဖက်က ဂျပန်ကို ရှုံးနေတဲ့ စပိန်တို့ကြောင့် ဂျာမန်သားတွေ အခြေအနေ မကောင်းပေမယ့် ဆက်လက်ကြိုးစားခဲ့ကြတာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ ဂျာမနီတို့ ဦးဆောင်ဂိုး ပြန်လည်သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဂေါ့ဇား ပေးတာကို ဂနာဘရီက ညာခြမ်းကနေ ဖြတ်တင်ပေးခဲ့ရာမှာ ဟာဗတ်ဇ်ကပဲ ကော်စတာရီကာခံစစ်ကြားကနေ ပြေးပိတ်ပြီး ဂိုးသမား နာဗက်စ်ကို အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာ ဂျာမနီတို့ အနိုင်သေချာစေမယ့်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖိကစားနေခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကနေ ကင်းမစ်ချ်က ဧရိယာဘယ်ခြမ်းကို ဖြတ်တင်ပေးခဲ့ရာမှာ ပြေးဝင်သွားခဲ့တဲ့ ဆာနေးက ရင်ဘတ်နဲ့ တိုက်ချပေးတာကို တိုက်စစ်မှူး ဖူးလ်ကရပ်ခ်က အနီးကပ် ပိတ်သွင်းယူသွားခဲ့ပြီး VAR ပြန်ကြည့်ခဲ့ရပေမယ့် ဂိုးအဖြစ် အတည်ပြုခံခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ဂျာမနီတို့အနေနဲ့ ကော်စတာရီကာကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ကြပေမယ့် ရှေ့နှစ်ပွဲမှာ တစ်မှတ်သာ ရယူထားနိုင်တဲ့ ဆိုးရွားမှုကြောင့် ဒီနေ့ရမှတ် သုံးမှတ်က မလုံလောက်ဘဲဖြစ်ခဲ့ရသလို အုပ်စုတွင်း အမှတ်ပေးဇယား ရပ်တည်မှုမှာ စပိန်ကို ဂိုးကွာခြားချက်နဲ့ ရှုံးနိမ့်ပြီး အိမ်ပြန်စောခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေရွ႕ႏွစ္ပြဲမွာ တစ္မွတ္သာ ရထားခဲ့ၿပီး အုပ္စုတက္ေရးအတြက္ ေမွ်ာ္လင့္ခ်က္နည္းေနခဲ့တဲ့ ဂ်ာမနီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ႏြိဳင္ယာ၊ ခံစစ္မွာ ဆူးလား၊ ႐ူဒီဂါ၊ ကင္းမစ္ခ်္နဲ႔ ေရာင္းမ္တို႔ကို ပြဲထုတ္လာခဲ့သလို ကြင္းလယ္မွာေတာ့ ဂြန္ဒိုးဝမ္၊ ေဂၚရက္ဇ္ကာနဲ႔ မူစီယာလာတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာေနး၊ ဂနာဘရီနဲ႔ မူလာတို႔ကို ကစားေစခဲ့တာျဖစ္ပါတယ္။

ေကာ့စတာရီကာအသင္းကေတာ့ ဂိုးသမား ကီေလာ္ နာဗက္စ္၊ ခံစစ္မွာ ဝပ္ဆန္၊ ဗားဂက္စ္၊ ဒူယာေတး၊ ဖူးလားနဲ႔ အိုဗီေယးဒိုတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ေဘာ့ဂ်က္စ္၊ တီဂ်ီဒါ၊ အာဂြီလယ္ရာနဲ႔ ကမ္းဘဲလ္တို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဗီနီဂက္စ္ တစ္ဦးတည္းကို တင္ကစားလာခဲ့ပါတယ္။

ဒီေန႔ပြဲကေတာ့ ကမာၻ႔ဖလားသမိုင္းမွာ စံခ်ိန္သစ္တင္တဲ့‌ ေန႔တစ္ေန႔လည္းျဖစ္ၿပီး အမ်ိဳးသမီးဒိုင္ေတြက ကိုင္တြယ္ခဲ့ၾကတာျဖစ္သလို ကြင္းလယ္မွာ ျပင္သစ္ဒိုင္ စတက္ဖ္နီ ဖရက္ပတ္နဲ႔ စည္းၾကပ္ဒိုင္ေတြအျဖစ္ ဘရာဇီးလ္က ႏူဇာ အီနက္စ္ ဘက္ခ္၊ မကၠဆီကိုရဲ႕ ကာရင္ ဒီယက္ဇ္တို႔က ေဆာင္႐ြက္ခဲ့ၾကသလို စတုတၳဒိုင္ကပဲ ဟြန္ဒူရပ္စ္ႏိုင္ငံက အမ်ိဳးသားဒိုင္ ဟက္တာ မာတီနက္ဇ္ ျဖစ္ခဲ့တာပါ။

ပြဲစကတည္းက ဂ်ာမနီတို႔ ဖိကစားခဲ့သလို ပိတ္ကစားေနတဲ့ ေကာ္စတာရီကာတို႔ရဲ႕ ဧရိယာထဲမွာ တိုက္စစ္က ဂနာဘရီ၊ မူစီယာလာ၊ ဆာေနးတို႔လို ကစားသမားေတြ ေျခခ်င္းလိမ္ေနခဲ့ၾကၿပီး ေဘာလုံးအဆင့္အတန္းခ်င္း ကြာဟမႈကို ျပသေနခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကိုလည္း ရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာ ဂ်ာမနီတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးရလာတဲ့ မူစီယာလာက ဘယ္ျခမ္းကို ေမွ်ာထိုးေပးခဲ့ရာမွာ ေနာက္ခံလူ ေရာင္းမ္က ဧရိယာထဲကို ျဖတ္ပို႔ေပးတာကို ဂနာဘရီက ဂိုးသမား နာဗက္စ္နဲ႔ အနီးကပ္ ေခါင္းတိုက္ၿပီး အဆုံးသတ္သြားႏိုင္ခဲ့တာပါ။

တစ္ဂိုးရအၿပီးမွာ ဂ်ာမနီတို႔ပဲ ဆက္ၿပီးဖိကစားခဲ့ေပမယ့္ အဆုံးသတ္ပိုင္းကေတာ့ ဆိုးဆိုး႐ြား႐ြားျဖစ္ေနခဲ့သလို ေကာ္စတာရီကာတို႔ကလည္း မစြံခဲ့တာေၾကာင့္ ဂ်ာမနီတို႔ပဲ ေဘာလုံးကိုင္လိုက္ ေခ်ာ္ကန္လိုက္နဲ႔ ျဖစ္ေနခဲ့သလို နည္းျပ ဟန္ဆီ ဖလစ္ခ္အတြက္ေတာ့ သူ႔အသင္းကို အကြက္က်က် တည္ေဆာက္မထားႏိုင္ခဲ့ဘူးဆိုတာလည္း သိသာခဲ့ပါတယ္။

ပထမပိုင္းကို ဂ်ာမနီတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ ေဂၚရက္ဇ္ကာအစား ကလိုစတာမန္းကို ထည့္သြင္းခဲ့သလို ကင္းမစ္ခ်္ကိုေတာ့ ကြင္းလယ္ကို တက္ကစားခိုင္းခဲ့ၿပီး ေကာ္စတာရီကာတို႔ကေတာ့ အဂြီလယ္ရာအစား ဆာလတ္စ္ကို အေျပာင္းအလဲလုပ္သြားခဲ့ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ကြင္းလယ္လူ ဂြန္ဒိုးဝမ္အစား တိုက္စစ္မႉး ဖူးလ္ကရပ္ခ္ကို ထပ္မံထည့္သြင္းခဲ့တာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ေကာ္စတာရီကာတို႔ ေခ်ပဂိုး ျပန္သြင္းယူသြားခဲ့ၾကၿပီး ေကာင္တာကေန ကမ္းဘဲလ္က ညာျခမ္းကို ခ်ေပးတာကို ဖူးလားက ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ ခံစစ္ကေန လိုက္လာခဲ့တဲ့ ဝပ္ဆန္က ေခါင္းတိုက္သြင္းခဲ့တာကို ဂ်ာမနီဂိုးသမား ႏြိဳင္ယာ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ တီဂ်ီဒါက ဝင္ဖ်က္တဲ့ ေနာက္ခံလူေတြထက္ဦးေအာင္ ပိတ္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာ ဂ်ာမနီတို႔ဘက္က ေရာင္းမ္နဲ႔ မူလာအစား ေဂါ့ဇားနဲ႔ ဟာဗတ္ဇ္တို႔ကို လဲကစားခဲ့ၿပီး မိနစ္ ၇၀ မွာေတာ့ ေကာ္စတာရီကာတို႔ ဦးေဆာင္ဂိုး ျပန္ယူသြားႏိုင္ခဲ့ၾကသလို ဖရီးကစ္ကေန ျဖတ္တင္ေပးတဲ့ ေဘာလုံးကို အျမင့္ဆုံးခုန္ႏိုင္ခဲ့တဲ့ ေနာက္ခံလူ ဝပ္ဆန္က ေခါင္းတိုက္ခ်ေပးတာကို ခုန္ဝင္ၿပီး ကာကြယ္ဖို႔ ႀကိဳးစားခဲ့တဲ့ ဂိုးသမား ႏြိဳင္ယာက တိုင္မင္လြဲၿပီး ေျခေထာက္နဲ႔ပဲ ထိခဲ့သလို ေဘာလုံးက ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာ ဂ်ာမနီတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ကင္းမစ္ခ်္ ေခါင္းတိုက္ခ်ေပးတာကို ေကာ္စတာရီကာ ခံစစ္ေရွ႕ကေန ေျခဦးခဲ့တဲ့ ဖူးလ္ကရပ္ခ္ရဲ႕ အားထုတ္မႈကေန ထြက္လာတဲ့ ေဘာလုံးကို အလိုက္သင့္ ေျပးဝင္သြားခဲ့တဲ့ ဟာဗတ္ဇ္က ဂိုးသမားေပၚက ေက်ာ္သြင္းႏိုင္ခဲ့တာ ျဖစ္ၿပီး တစ္ဖက္က ဂ်ပန္ကို ရႈံးေနတဲ့ စပိန္တို႔ေၾကာင့္ ဂ်ာမန္သားေတြ အေျခအေန မေကာင္းေပမယ့္ ဆက္လက္ႀကိဳးစားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဂ်ာမနီတို႔ ဦးေဆာင္ဂိုး ျပန္လည္သြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ေဂါ့ဇား ေပးတာကို ဂနာဘရီက ညာျခမ္းကေန ျဖတ္တင္ေပးခဲ့ရာမွာ ဟာဗတ္ဇ္ကပဲ ေကာ္စတာရီကာခံစစ္ၾကားကေန ေျပးပိတ္ၿပီး ဂိုးသမား နာဗက္စ္ကို အႏိုင္ယူသြားခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာ ဂ်ာမနီတို႔ အႏိုင္ေသခ်ာေစမယ့္ဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဖိကစားေနခဲ့တဲ့ ကြင္းလယ္တိုက္စစ္ကေန ကင္းမစ္ခ်္က ဧရိယာဘယ္ျခမ္းကို ျဖတ္တင္ေပးခဲ့ရာမွာ ေျပးဝင္သြားခဲ့တဲ့ ဆာေနးက ရင္ဘတ္နဲ႔ တိုက္ခ်ေပးတာကို တိုက္စစ္မႉး ဖူးလ္ကရပ္ခ္က အနီးကပ္ ပိတ္သြင္းယူသြားခဲ့ၿပီး VAR ျပန္ၾကည့္ခဲ့ရေပမယ့္ ဂိုးအျဖစ္ အတည္ျပဳခံခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဂ်ာမနီတို႔အေနနဲ႔ ေကာ္စတာရီကာကို ေလးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ယူႏိုင္ခဲ့ၾကေပမယ့္ ေရွ႕ႏွစ္ပြဲမွာ တစ္မွတ္သာ ရယူထားႏိုင္တဲ့ ဆိုး႐ြားမႈေၾကာင့္ ဒီေန႔ရမွတ္ သုံးမွတ္က မလုံေလာက္ဘဲျဖစ္ခဲ့ရသလို အုပ္စုတြင္း အမွတ္ေပးဇယား ရပ္တည္မႈမွာ စပိန္ကို ဂိုးကြာျခားခ်က္နဲ႔ ရႈံးနိမ့္ၿပီး အိမ္ျပန္ေစာခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.