Premier League

ကြီးမားတဲ့ငွေကြေးသုံးစွဲမယ့်နေရာသတ်မှတ်ပြီး အမ်ဘာပေအတွက် အဖြေပေးခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းရဲ့ ပီအက်စ်ဂျီကြယ်ပွင့် ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ ဆုံြးဖတ်ချက်ဟာ အဆုံးသတ်ရတော့မယ့်ပုံပေါ်ပြီး မာဆေးဆိုဒ်အသင်းဟာ အပြောင်းအရွှေ့ကာလမှာ တခြားနေရာကို ပစ်မှတ်ထားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို ပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးနဲ့ သတင်းတွေ ဆက်လက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ နူးညက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘင်ဖီကာအသင်းကနေ အန်းဖီးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅ ဂိုး သွင်းယူထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၁၀ နှစ်အတွင်းမှာ လိဂ်ရာသီကို အဆိုးရွားဆုံး စတင်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး အများစုက ၎င်းတို့ရဲ့ ကွင်းလယ်ကို ရင်းနှီးမြှုပ်နှံမှု ကင်းမဲ့ခြင်းကို လက်ညှိုးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

The Athletic ရဲ့ သတင်းအရ လီဗာပူးလ်က ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း ၎င်းတို့ရဲ့ နောက်ဆုံးသတင်းအရ ကလော့ပ်ဟာ ကွင်းလယ်မှာပဲ ရင်းနှီးမြှုပ်နှံသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ်လမှာ ရာသီမစတင်ခင်က ကလော့ပ်က ၎င်းရဲ့ အသင်းဟာ ကွင်းလယ်ကစားသမားသစ် ခေါ်ယူဖို့ မလိုအပ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပြီး သြဂုတ်လကုန်မှာတော့ စိတ်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ရုန်းကန်ရမှုတွေ စတင်ခဲ့ပြီးကတည်းက ဒီဆွေးနွေးမှုတွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်က ကွင်းလယ်ကစားသမားမလိုဘူးလို့ ပြောခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး ခင်ဗျားတို့အားလုံး မှန်ပြီး ကျွန်တော် မှားခဲ့ပါတယ်”

“ဒါက ဖြစ်နေတဲ့ အခြေအနေပါ။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှ ထပ်ပြီး ပြောစရာမရှိပါဘူး။ ကျွန်တော်တို့ ကွင်းလယ်ကစားသမားသစ် ရှာဖွေနေပါတယ်။ သင့်တော်တဲ့ကစားသမားဆိုရင် ကျွန်တော်တို့ သူ့ကို လိုအပ်ပြီး မသင့်တော်တဲ့ကစားသမားဆိုရင်တော့ မလိုအပ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းရဲ႕ ပီအက္စ္ဂ်ီၾကယ္ပြင့္ ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔ ဆုံျးဖတ္ခ်က္ဟာ အဆုံးသတ္ရေတာ့မယ့္ပုံေပၚၿပီး မာေဆးဆိုဒ္အသင္းဟာ အေျပာင္းအေ႐ႊ႕ကာလမွာ တျခားေနရာကို ပစ္မွတ္ထားသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ဥ႐ုေဂြး တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ကို ေပါင္ ၈၅ သန္းနဲ႔ ေခၚယူခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးနဲ႔ သတင္းေတြ ဆက္လက္ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။ ႏူးညက္ဇ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘင္ဖီကာအသင္းကေန အန္းဖီးကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၅ ဂိုး သြင္းယူထားႏိုင္တဲ့ ကစားသမား ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၁၀ ႏွစ္အတြင္းမွာ လိဂ္ရာသီကို အဆိုး႐ြားဆုံး စတင္မႈ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အမ်ားစုက ၎တို႔ရဲ႕ ကြင္းလယ္ကို ရင္းႏွီးျမႇဳပ္ႏွံမႈ ကင္းမဲ့ျခင္းကို လက္ညႇိဳးထိုးခဲ့ၾကတာ ျဖစ္ပါတယ္။

The Athletic ရဲ႕ သတင္းအရ လီဗာပူးလ္က ျပင္သစ္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္လည္း ၎တို႔ရဲ႕ ေနာက္ဆုံးသတင္းအရ ကေလာ့ပ္ဟာ ကြင္းလယ္မွာပဲ ရင္းႏွီးျမႇဳပ္ႏွံသြားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

ၾသဂုတ္လမွာ ရာသီမစတင္ခင္က ကေလာ့ပ္က ၎ရဲ႕ အသင္းဟာ ကြင္းလယ္ကစားသမားသစ္ ေခၚယူဖို႔ မလိုအပ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ၾသဂုတ္လကုန္မွာေတာ့ စိတ္ေျပာင္းသြားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ႐ုန္းကန္ရမႈေတြ စတင္ခဲ့ၿပီးကတည္းက ဒီေဆြးေႏြးမႈေတြ ရွိခဲ့တယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ကြၽန္ေတာ္က ကြင္းလယ္ကစားသမားမလိုဘူးလို႔ ေျပာခဲ့တဲ့သူတစ္ေယာက္ျဖစ္ၿပီး ခင္ဗ်ားတို႔အားလုံး မွန္ၿပီး ကြၽန္ေတာ္ မွားခဲ့ပါတယ္”

“ဒါက ျဖစ္ေနတဲ့ အေျခအေနပါ။ အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ဘာမွ ထပ္ၿပီး ေျပာစရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ ကြင္းလယ္ကစားသမားသစ္ ရွာေဖြေနပါတယ္။ သင့္ေတာ္တဲ့ကစားသမားဆိုရင္ ကြၽန္ေတာ္တို႔ သူ႔ကို လိုအပ္ၿပီး မသင့္ေတာ္တဲ့ကစားသမားဆိုရင္ေတာ့ မလိုအပ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.