Premier League

အမှန်တရားအတွက် မကြောက်ရွံ့ဘဲ ဆက်လက်တိုက်ပွဲဝင်တဲ့ ဖောရက်စ်နဲ့ ပိုင်ပြီဆိုပြီး ဝင်အာချောင်မိလို့ တရားစွဲခံရဖွယ်ရှိနေတဲ့ ဂယ်ရီ နဗီး

နော်တင်ဟမ်ဖောရက်စ်အသင်းက အဲဗာတန်နဲ့ပွဲအပြီးမှာ ရသင့်ပေမယ့်မရခဲ့တဲ့ ပယ်နယ်တီ ၃လုံး အမှန်တရားကို ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ သူတို့ရဲ့ တရားဝင် X လူမှုကွန်ရက်အကောင့်မှာ “အလွန်ညံ့ဖျင်းသော ဆုံးဖြတ်ချက် သုံးခု။ ပယ်နယ်တီ မပေးသော ပြစ်ဒဏ် သုံးခုကို ကျွန်တော်တို့ လုံးဝ လက်မခံနိုင်ပါ”

‘VAR ဒိုင်လူကြီးသည် လူတန်တောင်း ပရိသတ်ဖြစ်ကြောင်း ပွဲမစမီက PGMOL အား သတိပေးခဲ့သော်လည်း ၎င်းတို့က သူ့ကို မပြောင်းလဲခဲ့ပါ။ ကျွန်တော်တို့၏ စိတ်ရှည်မှုကို အကြိမ်များစွာ အကဲစမ်းခဲ့ကြပါတယ်။ “နော်တင်ဟမ်ဖောရက်စ်အနေနဲ့ ရွေးချယ်ပြုလု်ပရမယ့် နည်းလမ်းများကို ထည့်သွင်းစဉ်းစားမည်” ဆိုပြီး ခုလိုရေးတင်ခဲ့ပါတယ်။

FA က ဖောရက်စ်အသင်းရဲ့ ဒီလုပ်ရက်ဟာ ပြိုင်ပွဲတာဝန်ရှိသူများ၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်သည့် ထုတ်ပြန်ချက်တစ်ခုဖြစ်သည်ဆိုပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်မည်ဟု တုံ့ပြန်ထားပါတယ်။

ဒီလုပ်ရက်ကို စကိုင်းစပို့စ်မှ အစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ ဂယ်ရီ နဗီးနဲ့ ကာရေဂါတို့က မတရားခံခဲ့ရသည့် ဖောရက်စ်အသင်းဘက်က ခုလို စာထုတ်ပြန်သည့်ကိစ္စကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

နဗီးက “ရိုးရိုးသားသားပြောရရင် မာဖီးယားဂိုဏ်းရဲ့ ထုတ်ပြန်ချက်တစ်ခုလိုပါပဲ။”

“ရွေးချယ်စရာတွေ အများကြီးထဲကမှ ဘာလို့ ဒီလိုနည်းလမ်းကို ရွေးချယ်ရလဲ တကယ်မသိဘူး” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဖောရက်စ်အသင်းအနေနဲ့ FA က စုံစမ်းစစ်ဆေးမည့် တုံ့ပြန်မှုကိုလည်း ကြောက်ရွှံမနေပဲ မနေ့ညက စာတစ်စောင်ကို သူတို့ရဲ့ တရားဝင် X လူမှုကွန်ရက်မှာ ထပ်တင်ပြီး အမှန်တရားအတွက်ကြောက်ရွံ့မှုမရှိပဲ FA ကို တရားဝင်တောင်းဆိုမှုပြုခဲ့တယ်လို့ အသိပေးခဲ့သလို သူတို့အသင်းကို မာဖီးယားဂိုဏ်းလို့ ပြောခဲ့တဲ့ ဂယ်ရီ နဗီးကိုလည်း ဥပဒေကြောင်းအရတရားစွဲဖို့ စီစဉ်နေတယ်လို့ သတင်းများအရ သိရှိရပါတယ်။

“နော်တင်စမ်ဖောရက်စ်သည် အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲအတွက် တာဝန်ရှိသူများကြားတွင် အသံသွင်းထားသည့် အသံဖိုင်များကို အများပြည်သူသို့ ဖြန့်ချိရန် PGMOL သို့ တရားဝင်တောင်းဆိုမှုတစ်ရပ်ကို ယနေ့တွင် တင်သွင်းခဲ့သည်”

“ဖောရက်စ်အသင်းကို နစ်နာမှုဖြစ်စေခဲ့ပြီး ပယ်နယ်တီအဖြစ်ငြင်းပယ်ခဲ့တဲ့ အက်ရှလေယန်းက ဂျိုဗာနီ ရေနာ၏ ခြေထောက်ကို ကန်ခဲ့တဲ့ 24 မိနစ်က ပြစ်ဒဏ်ကျူးလွန်မှု၊ အက်ရှလေယန်း၏ ထင်ရှားသော လက်ထိဘော 44 မိနစ်နှင့် ဟော့ဒ်ဆန်-အိုဒွိုင်းကို ပွဲချိန်(56 မိနစ်) တွင် အက်ရှလေယန်းက နောက်မှ ကန်ကျောက်မှုစတဲ့ဖြစ်ရပ်များအတွက် အချက်အလက်များကိုတောင်းဆိုထားပါတယ်”

“ပိုမိုကျယ်ပြန့်သော ဘောလုံးအသိုက်အဝန်းနှင့် အားပေးထောက်ခံသူများကို အပြည့်အဝပွင့်လင်းမြင်သာမှုရှိစေရန် အသံဖိုင်နှင့် မှတ်တမ်းများကို ဝင်ရောက်ကြည့်ရှုနိုင်စေရန် ကျွန်တော်တို့ အခိုင်အမာ ထောက်ခံထားပြီး၊ ကျွန်တော်တို့ဟာ အားကစားရဲ့ ဂုဏ်သိက္ခာကို ခိုင်ခံ့စေရန်ရည်ရွယ်ပါတယ်” လို့ ဖောရက်စ်အသင်းက ထပ်မံပြီး သူတို့ရဲ့ တရားဝင် X အကောင့်မှာ တင်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေနာ္တင္ဟမ္ေဖာရက္စ္အသင္းက အဲဗာတန္နဲ႔ပြဲအၿပီးမွာ ရသင့္ေပမယ့္မရခဲ့တဲ့ ပယ္နယ္တီ ၃လုံး အမွန္တရားကို ဆႏၵထုတ္ေဖာ္တဲ့အေနနဲ႔ သူတို႔ရဲ႕ တရားဝင္ X လူမႈကြန္ရက္အေကာင့္မွာ “အလြန္ညံ့ဖ်င္းေသာ ဆုံးျဖတ္ခ်က္ သုံးခု။ ပယ္နယ္တီ မေပးေသာ ျပစ္ဒဏ္ သုံးခုကို ကြၽန္ေတာ္တို႔ လုံးဝ လက္မခံႏိုင္ပါ”

‘VAR ဒိုင္လူႀကီးသည္ လူတန္ေတာင္း ပရိသတ္ျဖစ္ေၾကာင္း ပြဲမစမီက PGMOL အား သတိေပးခဲ့ေသာ္လည္း ၎တို႔က သူ႔ကို မေျပာင္းလဲခဲ့ပါ။ ကြၽန္ေတာ္တို႔၏ စိတ္ရွည္မႈကို အႀကိမ္မ်ားစြာ အကဲစမ္းခဲ့ၾကပါတယ္။ “ေနာ္တင္ဟမ္ေဖာရက္စ္အေနနဲ႔ ေ႐ြးခ်ယ္ျပဳလု္ပရမယ့္ နည္းလမ္းမ်ားကို ထည့္သြင္းစဥ္းစားမည္” ဆိုၿပီး ခုလိုေရးတင္ခဲ့ပါတယ္။

FA က ေဖာရက္စ္အသင္းရဲ႕ ဒီလုပ္ရက္ဟာ ၿပိဳင္ပြဲတာဝန္ရွိသူမ်ား၏ ဂုဏ္သိကၡာကို ေမးခြန္းထုတ္သည့္ ထုတ္ျပန္ခ်က္တစ္ခုျဖစ္သည္ဆိုၿပီး စုံစမ္း စစ္ေဆးမႈမ်ား ျပဳလုပ္မည္ဟု တုံ႔ျပန္ထားပါတယ္။

ဒီလုပ္ရက္ကို စကိုင္းစပို႔စ္မွ အစီအစဥ္တင္ဆက္သူေတြျဖစ္တဲ့ ဂယ္ရီ နဗီးနဲ႔ ကာေရဂါတို႔က မတရားခံခဲ့ရသည့္ ေဖာရက္စ္အသင္းဘက္က ခုလို စာထုတ္ျပန္သည့္ကိစၥကို ျပစ္တင္ေဝဖန္ခဲ့ၾကပါတယ္။

နဗီးက “႐ိုး႐ိုးသားသားေျပာရရင္ မာဖီးယားဂိုဏ္းရဲ႕ ထုတ္ျပန္ခ်က္တစ္ခုလိုပါပဲ။”

“ေ႐ြးခ်ယ္စရာေတြ အမ်ားႀကီးထဲကမွ ဘာလို႔ ဒီလိုနည္းလမ္းကို ေ႐ြးခ်ယ္ရလဲ တကယ္မသိဘူး” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ေဖာရက္စ္အသင္းအေနနဲ႔ FA က စုံစမ္းစစ္ေဆးမည့္ တုံ႔ျပန္မႈကိုလည္း ေၾကာက္႐ႊံမေနပဲ မေန႔ညက စာတစ္ေစာင္ကို သူတို႔ရဲ႕ တရားဝင္ X လူမႈကြန္ရက္မွာ ထပ္တင္ၿပီး အမွန္တရားအတြက္ေၾကာက္႐ြံ႕မႈမရွိပဲ FA ကို တရားဝင္ေတာင္းဆိုမႈျပဳခဲ့တယ္လို႔ အသိေပးခဲ့သလို သူတို႔အသင္းကို မာဖီးယားဂိုဏ္းလို႔ ေျပာခဲ့တဲ့ ဂယ္ရီ နဗီးကိုလည္း ဥပေဒေၾကာင္းအရတရားစြဲဖို႔ စီစဥ္ေနတယ္လို႔ သတင္းမ်ားအရ သိရွိရပါတယ္။

“ေနာ္တင္စမ္ေဖာရက္စ္သည္ အဲဗာတန္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့သည့္ပြဲအတြက္ တာဝန္ရွိသူမ်ားၾကားတြင္ အသံသြင္းထားသည့္ အသံဖိုင္မ်ားကို အမ်ားျပည္သူသို႔ ျဖန႔္ခ်ိရန္ PGMOL သို႔ တရားဝင္ေတာင္းဆိုမႈတစ္ရပ္ကို ယေန႔တြင္ တင္သြင္းခဲ့သည္”

“ေဖာရက္စ္အသင္းကို နစ္နာမႈျဖစ္ေစခဲ့ၿပီး ပယ္နယ္တီအျဖစ္ျငင္းပယ္ခဲ့တဲ့ အက္ရွေလယန္းက ဂ်ိဳဗာနီ ေရနာ၏ ေျခေထာက္ကို ကန္ခဲ့တဲ့ 24 မိနစ္က ျပစ္ဒဏ္က်ဴးလြန္မႈ၊ အက္ရွေလယန္း၏ ထင္ရွားေသာ လက္ထိေဘာ 44 မိနစ္ႏွင့္ ေဟာ့ဒ္ဆန္-အိုဒြိဳင္းကို ပြဲခ်ိန္(56 မိနစ္) တြင္ အက္ရွေလယန္းက ေနာက္မွ ကန္ေက်ာက္မႈစတဲ့ျဖစ္ရပ္မ်ားအတြက္ အခ်က္အလက္မ်ားကိုေတာင္းဆိုထားပါတယ္”

“ပိုမိုက်ယ္ျပန႔္ေသာ ေဘာလုံးအသိုက္အဝန္းႏွင့္ အားေပးေထာက္ခံသူမ်ားကို အျပည့္အဝပြင့္လင္းျမင္သာမႈရွိေစရန္ အသံဖိုင္ႏွင့္ မွတ္တမ္းမ်ားကို ဝင္ေရာက္ၾကည့္ရႈႏိုင္ေစရန္ ကြၽန္ေတာ္တို႔ အခိုင္အမာ ေထာက္ခံထားၿပီး၊ ကြၽန္ေတာ္တို႔ဟာ အားကစားရဲ႕ ဂုဏ္သိကၡာကို ခိုင္ခံ့ေစရန္ရည္႐ြယ္ပါတယ္” လို႔ ေဖာရက္စ္အသင္းက ထပ္မံၿပီး သူတို႔ရဲ႕ တရားဝင္ X အေကာင့္မွာ တင္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.