Premier League Transfer News

အာတီတာနှစ်အတော်ကြာလိုက်နေခဲ့တဲ့ ပစ်မှတ်ကို ခေါ်ယူပေးမယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ အာတီတာ နှစ်အတော်ကြာ ခေါ်ယူဖို ကြိုးပမ်းချင်ခဲ့တဲ့ ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် ကားလို့စ် ဆိုလာကို ခေါ်ယူသွားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဂန်းနားတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပရီးမီးယားလိဂ်ရာသီ ရပ်နားထားချိန်မှာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံ မန်ချက်စတာစီးတီးထက် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာအနေနဲ့ ကမ္ဘာ့ဖလားအပြီးမှာ အမှတ်ပေးဖလားကို အမှန်တကယ်စိန်ခေါ်နိုင်ဖို့အတွက်ဆိုရင် အင်အားနည်းပါးနေတဲ့ လူစာရင်းကို အရည်အသွေးမြင့်ကစားသမားတွေ ထပ်မံဖြည့်တင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပီအက်စ်ဂျီအသင်းဟာ FFP ကြောင့် ကစားသမားတွေကို ရောင်းထုတ်ဖို့ လိုအပ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဒီအခြေအနေကြောင့် ကားလို့စ် ဆိုလာဟာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့အတွက် လမ်းကြောင်းပေါ်လာတော့မှာဖြစ်ပါတယ်။ France Blue 100% PSG Podcast ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ပီအက်စ်ဂျီကွင်းလယ်ကစားသမားအနေနဲ့ ခေါ်ယူလို့ရနိုင်တဲ့အခြေအနေရှိတယ်ဆိုရင် ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဆိုလာဟာ ပြီးခဲ့တဲ့နွေရာသီကမှ ပီအက်စ်ဂျီကို ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပေမယ့်လည်း လိဂန်းထိပ်သီးအသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာ ရရှိခြင်းမရှိသေးတာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဗလင်စီယာကနေ ပြောင်းရွှေ့လာပြီးကတည်းက လိဂန်းမှာ ၄ ကြိမ်သာ ပွဲထွက်ပါဝင်ကစားပေးထားရသေးတာဖြစ်ပြီး ချန်ပီယံလိဂ်မှာ တစ်ပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန်ကွင်းလယ်ကစားသမားဟာ ပီအက်စ်ဂျီအတွက် ၁၂ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ထားနိုင်ဆဲဖြစ်ပြီး ဂန်းနားတွေဟာ ကွင်းလယ်တိုက်စစ်အဖြစ်ရော တောင်ပံမှာပါ ကစားပေးနိုင်တဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ကာလရှည် သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

၂၀၂၀ မတ်လတုန်းက Sky Sports က အာတီတာဟာ ကားလို့စ် ဆိုလာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ ဖော်ပြခဲ့ပြီး စပိန်သတင်းဌာန El Demarque က ၂၀၂၁ ဇန်နဝါရီလမှာ အာဆင်နယ်က စပိန်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ အာတီတာ ႏွစ္အေတာ္ၾကာ ေခၚယူဖို ႀကိဳးပမ္းခ်င္ခဲ့တဲ့ ပီအက္စ္ဂ်ီကြင္းလယ္ၾကယ္ပြင့္ ကားလို႔စ္ ဆိုလာကို ေခၚယူသြားခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဂန္းနားေတြဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ပရီးမီးယားလိဂ္ရာသီ ရပ္နားထားခ်ိန္မွာ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံ မန္ခ်က္စတာစီးတီးထက္ ၅ မွတ္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာတီတာအေနနဲ႔ ကမာၻ႔ဖလားအၿပီးမွာ အမွတ္ေပးဖလားကို အမွန္တကယ္စိန္ေခၚႏိုင္ဖို႔အတြက္ဆိုရင္ အင္အားနည္းပါးေနတဲ့ လူစာရင္းကို အရည္အေသြးျမင့္ကစားသမားေတြ ထပ္မံျဖည့္တင္းဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ပီအက္စ္ဂ်ီအသင္းဟာ FFP ေၾကာင့္ ကစားသမားေတြကို ေရာင္းထုတ္ဖို႔ လိုအပ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ဒီအေျခအေနေၾကာင့္ ကားလို႔စ္ ဆိုလာဟာ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ လမ္းေၾကာင္းေပၚလာေတာ့မွာျဖစ္ပါတယ္။ France Blue 100% PSG Podcast ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ ပီအက္စ္ဂ်ီကြင္းလယ္ကစားသမားအေနနဲ႔ ေခၚယူလို႔ရႏိုင္တဲ့အေျခအေနရွိတယ္ဆိုရင္ ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ဆိုလာဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ပီအက္စ္ဂ်ီကို ေပါင္ ၁၈ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ေပမယ့္လည္း လိဂန္းထိပ္သီးအသင္းႀကီးမွာ ပုံမွန္ပြဲထြက္ခြင့္တစ္ေနရာ ရရွိျခင္းမရွိေသးတာ ျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ဗလင္စီယာကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက လိဂန္းမွာ ၄ ႀကိမ္သာ ပြဲထြက္ပါဝင္ကစားေပးထားရေသးတာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ တစ္ပြဲသာ ပြဲထြက္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စပိန္ကြင္းလယ္ကစားသမားဟာ ပီအက္စ္ဂ်ီအတြက္ ၁၂ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ဆဲျဖစ္ၿပီး ဂန္းနားေတြဟာ ကြင္းလယ္တိုက္စစ္အျဖစ္ေရာ ေတာင္ပံမွာပါ ကစားေပးႏိုင္တဲ့ ကြင္းလယ္ကစားသမားကို ေခၚယူဖို႔ ကာလရွည္ သတင္းေတြထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

၂၀၂၀ မတ္လတုန္းက Sky Sports က အာတီတာဟာ ကားလို႔စ္ ဆိုလာကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့တယ္လို႔ ေဖာ္ျပခဲ့ၿပီး စပိန္သတင္းဌာန El Demarque က ၂၀၂၁ ဇန္နဝါရီလမွာ အာဆင္နယ္က စပိန္ကစားသမားကို ေခၚယူဖို႔ ႀကိဳးပမ္းေနဆဲျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.