Premier League

မက်ဆီရဲ့ရှပ်ရလို့ အလွန်ပျော်ရွှင်ခဲ့ရတဲ့ အက်စတန် ဗီလာကြယ်ပွင့်

အက်စတန် ဗီလာနောက်ခံကစားသမား မက်တီ ကက်ရှ်ဟာ အသင်းဖော် အီမီလီယာနိုရဲ့ လီယွန်နယ် မက်ဆီရှပ် လက်ဆောင်ပေးခြင်းခံခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားဟာ ပိုလန်ကြယ်ပွင့်ကို ဖီဖာကမ္ဘာ့ဖလားပွဲစဉ်အပြီးမှာ လီယွန်နယ် မက်ဆီရဲ့ ဂျာစီကို ပေးအပ်ခဲ့တာဖြစ်ပြီး ပိုလန်အသင်းဟာ ယခုအပတ်အစောပိုင်းမှာ အာဂျင်တီးနားကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပိုလန်ဂိုးသမား ဆက်ဇ်နီက လီယွန်နယ် မက်ဆီရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပေမယ့်လည်း မက် အယ်လစ္စတာနဲ့ အဲဗရက်ဇ်တို့ရဲ့ သွင်းဂိုးတွေကိုတော့ မတားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ပိုလန်နောက်ခံကစားသမား မတ်တီ ကက်ရှ်က အက်စတန် ဗီလာအသင်းဖော် မာတီနက်ဇ်ဆီကနေ အလွန်ကောင်းမွန်တဲ့အပြုအမူအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လီယွန်နယ် မက်ဆီရဲ့ ရှပ်ကို ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်ပျော်ရွှင်မှုကို ဖွင့်ဟသွားခဲ့ပါတယ်။

“အကောင်းဆုံးအရာက ပွဲအပြီးမှာ ဖြစ်ခဲ့တာပါ။ အီမီ မာတီနက်ဇ်က ကျွန်တော့်ဆီ ရောက်လာပြီး ကက်ရှီရေ ငါ မင်းအတွက် လက်ဆောင်ပါတယ်တဲ့။ ကျွန်တော်က ‘လက်ဆောင်က ဘာများလဲ’ဆိုပြီး ဖြစ်သွားတာပေါ့။ သူက ဥမင်လျှောက်လမ်းထဲမှာ ငါ့နောက်ကလိုက်ခဲ့လို့ ပြောတယ်”

“သူက အဝတ်လဲခန်းထဲ ဝင်သွားခဲ့ပြီး ဒီမှာ ခဏစောင့်တဲ့။ သူ ကျွန်တော့်အတွက် မက်ဆီရဲ့ ရှပ်နဲ့အတူ ပြန်ထွက်လာခဲ့တယ်။ အရမ်းမိုက်တယ်။ အဲဒီထက် ပိုပြီးတော့ ကောင်းတာမရှိတော့ဘူး။ သူ့ကို တကယ့်ဘဝမှာ အနီးကပ်မြင်နေရတယ်။ သူက ပထမပိုင်းအပြီးမှာ ကျွန်တော့်ရှေ့ကနေ ဖြတ်လျှောက်သွားခဲ့တယ်လို့ ထင်တယ်။ ကျွန်တော်က သူ့ကိုကြည့်ပြီး ဒါ မက်ဆီပဲဆိုပြီး ဖြစ်သွားခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

“တကယ်ကို အံ့အားသင့်စရာပါပဲ။ အားလုံးအတွက်လည်း သမိုင်းရေးထိုးနိုင်ခဲ့တာက အံ့အားသင့်စရာ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ကမ္ဘာ့ဖလားမှာ ရှုံးထွက်အဆင့် တက်ခွင့်ရခဲ့တာ နှစ်ပေါင်း ၃၀ လောက် ရှိခဲ့ပါပြီ။ အဲဒီတော့ အဲဒါက အားလုံးအတွက် အံ့အားသင့်စရာ နေ့ဖြစ်ခဲ့ပြီး ကျွန်တော် အမ်ဘာပေနဲ့ ရင်ဆိုင်ကစားဖို့ တကယ်ကို စောင့်မျှော်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စတန္ ဗီလာေနာက္ခံကစားသမား မက္တီ ကက္ရွ္ဟာ အသင္းေဖာ္ အီမီလီယာႏိုရဲ႕ လီယြန္နယ္ မက္ဆီရွပ္ လက္ေဆာင္ေပးျခင္းခံခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမားဟာ ပိုလန္ၾကယ္ပြင့္ကို ဖီဖာကမာၻ႔ဖလားပြဲစဥ္အၿပီးမွာ လီယြန္နယ္ မက္ဆီရဲ႕ ဂ်ာစီကို ေပးအပ္ခဲ့တာျဖစ္ၿပီး ပိုလန္အသင္းဟာ ယခုအပတ္အေစာပိုင္းမွာ အာဂ်င္တီးနားကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ႏွစ္သင္းစလုံးဟာ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ပိုလန္ဂိုးသမား ဆက္ဇ္နီက လီယြန္နယ္ မက္ဆီရဲ႕ ပင္နယ္တီကို ကာကြယ္ႏိုင္ခဲ့ေပမယ့္လည္း မက္ အယ္လစၥတာနဲ႔ အဲဗရက္ဇ္တို႔ရဲ႕ သြင္းဂိုးေတြကိုေတာ့ မတားဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပိုလန္ေနာက္ခံကစားသမား မတ္တီ ကက္ရွ္က အက္စတန္ ဗီလာအသင္းေဖာ္ မာတီနက္ဇ္ဆီကေန အလြန္ေကာင္းမြန္တဲ့အျပဳအမူအေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး လီယြန္နယ္ မက္ဆီရဲ႕ ရွပ္ကို ရရွိခဲ့တဲ့အတြက္ ဝမ္းေျမာက္ေပ်ာ္႐ႊင္မႈကို ဖြင့္ဟသြားခဲ့ပါတယ္။

“အေကာင္းဆုံးအရာက ပြဲအၿပီးမွာ ျဖစ္ခဲ့တာပါ။ အီမီ မာတီနက္ဇ္က ကြၽန္ေတာ့္ဆီ ေရာက္လာၿပီး ကက္ရွီေရ ငါ မင္းအတြက္ လက္ေဆာင္ပါတယ္တဲ့။ ကြၽန္ေတာ္က ‘လက္ေဆာင္က ဘာမ်ားလဲ’ဆိုၿပီး ျဖစ္သြားတာေပါ့။ သူက ဥမင္ေလွ်ာက္လမ္းထဲမွာ ငါ့ေနာက္ကလိုက္ခဲ့လို႔ ေျပာတယ္”

“သူက အဝတ္လဲခန္းထဲ ဝင္သြားခဲ့ၿပီး ဒီမွာ ခဏေစာင့္တဲ့။ သူ ကြၽန္ေတာ့္အတြက္ မက္ဆီရဲ႕ ရွပ္နဲ႔အတူ ျပန္ထြက္လာခဲ့တယ္။ အရမ္းမိုက္တယ္။ အဲဒီထက္ ပိုၿပီးေတာ့ ေကာင္းတာမရွိေတာ့ဘူး။ သူ႔ကို တကယ့္ဘဝမွာ အနီးကပ္ျမင္ေနရတယ္။ သူက ပထမပိုင္းအၿပီးမွာ ကြၽန္ေတာ့္ေရွ႕ကေန ျဖတ္ေလွ်ာက္သြားခဲ့တယ္လို႔ ထင္တယ္။ ကြၽန္ေတာ္က သူ႔ကိုၾကည့္ၿပီး ဒါ မက္ဆီပဲဆိုၿပီး ျဖစ္သြားခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

“တကယ္ကို အံ့အားသင့္စရာပါပဲ။ အားလုံးအတြက္လည္း သမိုင္းေရးထိုးႏိုင္ခဲ့တာက အံ့အားသင့္စရာ အခိုက္အတန႔္ျဖစ္ခဲ့ပါတယ္။ ေနာက္ဆုံး ကမာၻ႔ဖလားမွာ ရႈံးထြက္အဆင့္ တက္ခြင့္ရခဲ့တာ ႏွစ္ေပါင္း ၃၀ ေလာက္ ရွိခဲ့ပါၿပီ။ အဲဒီေတာ့ အဲဒါက အားလုံးအတြက္ အံ့အားသင့္စရာ ေန႔ျဖစ္ခဲ့ၿပီး ကြၽန္ေတာ္ အမ္ဘာေပနဲ႔ ရင္ဆိုင္ကစားဖို႔ တကယ္ကို ေစာင့္ေမွ်ာ္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.