International World Cup

ပင်နယ်တီလွဲချော်ခဲ့မှုကို တုံ့ပြန်ခဲ့ပြီး သြစတြေးလျကို သတင်းစကားပေးပို့လိုက်တဲ့ မက်ဆိ

လီယွန်နယ် မက်ဆီဟာ ပိုလန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ ဂိုးသွင်းယူရာမှာ လွဲချော်ခဲ့ပြီးနောက် ဒေါသထွက်ခဲ့ပေမယ့်လည်း အာဂျင်တီးနားအသင်းဖော်တွေရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို သေချာပေါက် တက်ရောက်နိုင်စေခဲ့တဲ့ တုံ့ပြန်မှုကို ချီးကျူးခဲ့ပါတယ်။

အာဂျင်တီးနားဟာ ဗုဒ္ဓဟူးနေ့ညက အုပ်စုအဆင့်မှာ အံ့အားသင့်ဖွယ် အလှည့်အပြောင်းကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီ အာရေဗျကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ မက်ဆီရဲ့ အာဂျင်တီးနားဟာ ပိုလန်ကို ၂-၀ နဲ့ အနိုင်ရလဒ်နဲ့အတူ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ စနေနေ့က မက္ကဆီကိုအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညကပွဲစဉ်မှာ ပိုလန်ဂိုးသမား ဆက်ဇ်နီက အာဂျင်တီးနားအသင်းခေါင်းဆောင်ကို ဆန့်ထုတ်ထားတဲ့လက်နဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ VAR က ဆုံးဖြတ်ခဲ့ပြီးနောက် အာဂျင်တီးနားအသင်းက ပင်နယ်တီရရှိခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက အာဂျင်တီးနားအသင်းအတွက် ပင်နယ်တီကို ကန်သွင်းခဲ့ရာမှာ အာဆင်နယ်ဂိုးသမားဟောင်းက အံ့အားသင့်ဖွယ် ကာကွယ်မှု ပြုလုပ်ပြခဲ့တာဖြစ်ပြီး အဲဒီ ပင်နယ်တီ မဝင်ခဲ့တာကြောင့် ပထမပိုင်းပြီးဆုံးတဲ့အထိ ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဘရိုက်တန်ကွင်းလယ်ကစားသမား မက်စ် အယ်လစ္စတာနဲ့ မန်စီးတီး တိုက်စစ်မှူး ယူလီယန် အဲဗရက်ဇ်တို့ဟာ ဒုတိယပိုင်းမှာ သွင်းဂိုးတွေသွင်းယူပေးခဲ့ကြပြီး လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့အသင်းတုံ့ပြန်ခဲ့တဲ့ အပြုအမူနဲ့ပတ်သက်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပင်နယ်တီလွဲချော်ခဲ့လို့ ဒေါသထွက်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းက ကျွန်တော့်ရဲ့အမှားအပြီးမှာ ပိုပြီးအားကောင်းတဲ့ပုံစံနဲ့ ကစားနိုင်ခဲ့တယ်။ ပထမဆုံးဂိုးဝင်သွားခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ ပွဲကို ပြောင်းလဲတော့မယ်ဆိုတာကို သိနေခဲ့ပါတယ်။ ကျွန်တော်တို့ စိတ်အေးအေးထားရမှာဖြစ်ပြီး အခုအချိန်မှာ တစ်ပွဲချင်းစီပဲ ကစားသွားရမှာပါ။ အခု နောက်ထပ် ကမ္ဘာ့ဖလားက စတင်ပြီဖြစ်ပြီး ကျွန်တော်တို့ ဒီနေ့လုပ်နိုင်ခဲ့တဲ့အတိုင်း ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ပြီးခဲ့တဲ့ပွဲက ကျွန်တော်တို့ကို စိတ်ငြိမ်းချမ်းမှုအများကြီးပေးခဲ့ပြီး ကျွန်တော်တို့ ဒီနေ့ကွင်းထဲကို အနိုင်ရမှဖြစ်မယ်ဆိုတဲ့အတွေးနဲ့ ဝင်လာခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ လက်ရှိမှာတော့ ၁၆ သင်းရှုံးထွက်အဆင့်မှာ သြစတြေးလျအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ်ဆိုရင် နယ်သာလန် သို့မဟုတ် ယူအက်စ်အေနဲ့ တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။ သြစတြေးလျအသင်းဟာ ဗုဒ္ဓဟူးနေ့လယ်ပိုင်းမှာ ဒိန်းမတ်ကို အလွန်ကောင်းမွန်တဲ့ နိုင်ပွဲနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီက သြဇီကို လျှော့တွက်ထားခြင်းမရှိတာ ဖြစ်ပါတယ်။

“သြစတြေးလျနဲ့ပွဲက အရမ်းကို ခက်ခဲလာတော့မှာပါ။ အသင်းတိုင်းက အသင်းတိုင်းကို အနိုင်ယူနိုင်ပါတယ်။ အရမ်းကို မျှတတဲ့ ပွဲစဉ်တွေပါပဲ။ ကျွန်တော်တို့ အမြဲတမ်းလုပ်ခဲ့သလိုမျိုးပဲ ဒီပွဲအတွက် ကြိုတင်ပြင်ဆင်သွားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ ပိုလန္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ပင္နယ္တီကေန ဂိုးသြင္းယူရာမွာ လြဲေခ်ာ္ခဲ့ၿပီးေနာက္ ေဒါသထြက္ခဲ့ေပမယ့္လည္း အာဂ်င္တီးနားအသင္းေဖာ္ေတြရဲ႕ ၁၆ သင္းရႈံးထြက္အဆင့္ကို ေသခ်ာေပါက္ တက္ေရာက္ႏိုင္ေစခဲ့တဲ့ တုံ႔ျပန္မႈကို ခ်ီးက်ဴးခဲ့ပါတယ္။

အာဂ်င္တီးနားဟာ ဗုဒၶဟူးေန႔ညက အုပ္စုအဆင့္မွာ အံ့အားသင့္ဖြယ္ အလွည့္အေျပာင္းကို ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး အုပ္စုအဖြင့္ပြဲမွာ ေဆာ္ဒီ အာေရဗ်ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ မက္ဆီရဲ႕ အာဂ်င္တီးနားဟာ ပိုလန္ကို ၂-၀ နဲ႔ အႏိုင္ရလဒ္နဲ႔အတူ အုပ္စုဗိုလ္အျဖစ္နဲ႔ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ စေနေန႔က မကၠဆီကိုအသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အလြန္ေကာင္းမြန္တဲ့ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး ဗုဒၶဟူးေန႔ညကပြဲစဥ္မွာ ပိုလန္ဂိုးသမား ဆက္ဇ္နီက အာဂ်င္တီးနားအသင္းေခါင္းေဆာင္ကို ဆန႔္ထုတ္ထားတဲ့လက္နဲ႔ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လို႔ VAR က ဆုံးျဖတ္ခဲ့ၿပီးေနာက္ အာဂ်င္တီးနားအသင္းက ပင္နယ္တီရရွိခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက အာဂ်င္တီးနားအသင္းအတြက္ ပင္နယ္တီကို ကန္သြင္းခဲ့ရာမွာ အာဆင္နယ္ဂိုးသမားေဟာင္းက အံ့အားသင့္ဖြယ္ ကာကြယ္မႈ ျပဳလုပ္ျပခဲ့တာျဖစ္ၿပီး အဲဒီ ပင္နယ္တီ မဝင္ခဲ့တာေၾကာင့္ ပထမပိုင္းၿပီးဆုံးတဲ့အထိ ဂိုးမရွိသေရနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ရတာ ျဖစ္ပါတယ္။ ဘ႐ိုက္တန္ကြင္းလယ္ကစားသမား မက္စ္ အယ္လစၥတာနဲ႔ မန္စီးတီး တိုက္စစ္မႉး ယူလီယန္ အဲဗရက္ဇ္တို႔ဟာ ဒုတိယပိုင္းမွာ သြင္းဂိုးေတြသြင္းယူေပးခဲ့ၾကၿပီး လီယြန္နယ္ မက္ဆီဟာ ၎ရဲ႕အသင္းတုံ႔ျပန္ခဲ့တဲ့ အျပဳအမူနဲ႔ပတ္သက္ၿပီး ဂုဏ္ျပဳစကား ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ပင္နယ္တီလြဲေခ်ာ္ခဲ့လို႔ ေဒါသထြက္ခဲ့ပါတယ္။ ဒါေပမယ့္ အသင္းက ကြၽန္ေတာ့္ရဲ႕အမွားအၿပီးမွာ ပိုၿပီးအားေကာင္းတဲ့ပုံစံနဲ႔ ကစားႏိုင္ခဲ့တယ္။ ပထမဆုံးဂိုးဝင္သြားခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ပြဲကို ေျပာင္းလဲေတာ့မယ္ဆိုတာကို သိေနခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ စိတ္ေအးေအးထားရမွာျဖစ္ၿပီး အခုအခ်ိန္မွာ တစ္ပြဲခ်င္းစီပဲ ကစားသြားရမွာပါ။ အခု ေနာက္ထပ္ ကမာၻ႔ဖလားက စတင္ၿပီျဖစ္ၿပီး ကြၽန္ေတာ္တို႔ ဒီေန႔လုပ္ႏိုင္ခဲ့တဲ့အတိုင္း ဆက္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ၿပီးခဲ့တဲ့ပြဲက ကြၽန္ေတာ္တို႔ကို စိတ္ၿငိမ္းခ်မ္းမႈအမ်ားႀကီးေပးခဲ့ၿပီး ကြၽန္ေတာ္တို႔ ဒီေန႔ကြင္းထဲကို အႏိုင္ရမွျဖစ္မယ္ဆိုတဲ့အေတြးနဲ႔ ဝင္လာခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာ လက္ရွိမွာေတာ့ ၁၆ သင္းရႈံးထြက္အဆင့္မွာ ၾသစေၾတးလ်အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္မယ္ဆိုရင္ နယ္သာလန္ သို႔မဟုတ္ ယူအက္စ္ေအနဲ႔ ေတြ႕ဆုံသြားရမွာ ျဖစ္ပါတယ္။ ၾသစေၾတးလ်အသင္းဟာ ဗုဒၶဟူးေန႔လယ္ပိုင္းမွာ ဒိန္းမတ္ကို အလြန္ေကာင္းမြန္တဲ့ ႏိုင္ပြဲနဲ႔ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီက ၾသဇီကို ေလွ်ာ့တြက္ထားျခင္းမရွိတာ ျဖစ္ပါတယ္။

“ၾသစေၾတးလ်နဲ႔ပြဲက အရမ္းကို ခက္ခဲလာေတာ့မွာပါ။ အသင္းတိုင္းက အသင္းတိုင္းကို အႏိုင္ယူႏိုင္ပါတယ္။ အရမ္းကို မွ်တတဲ့ ပြဲစဥ္ေတြပါပဲ။ ကြၽန္ေတာ္တို႔ အၿမဲတမ္းလုပ္ခဲ့သလိုမ်ိဳးပဲ ဒီပြဲအတြက္ ႀကိဳတင္ျပင္ဆင္သြားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.