International World Cup

အငြင်းပွားဖွယ်ပင်နယ်တီဆုံးဖြတ်ချက်မှာ မက်ဆီကို ယူရို ၁၀၀ အကြွေးတင်သွားတဲ့ ဆက်ဇ်နီ

ပိုလန်ဂိုးသမား ဆက်ဇ်နီဟာ လီယွန်နယ် မက်ဆီနဲ့ ယူရို ၁၀၀ အလောင်းအစား ပြုလုပ်ခဲ့ပြီးနောက် ပွဲပါဝင်ကစားခွင့် ပိတ်ပင်ခံရကောင်း ခံရနိုင်တယ်လို့ ဟာသဖောက်ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဂိုးသမားဟာ ဗုဒ္ဓဟူးနေ့ည အုပ်စု C နောက်ဆုံးပွဲစဉ်အဖြစ် ပိုလန်နဲ့ အာဂျင်တီးနားတို့ ကစားခဲ့တဲ့ ပထမပိုင်းအတွင်း လီယွန်နယ် မက်ဆီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ဂိုးသမားဟောင်းနဲ့ လီယွန်နယ် မက်ဆီတို့ဟာ သေးငယ်တဲ့ ထိတွေ့မှုသာရှိခဲ့ပေမယ့်လည်း အာဂျင်တီးနားအသင်းဟာ VAR ရဲ့ အချိန်အတော်ကြာ စစ်ဆေးမှုအပြီးမှာ ပင်နယ်တီ ကန်ခွင့်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စက္ကန့်ပိုင်းအကြာမှာ ပိုလန်ဂိုးသမား ဆက်ဇ်နီက ၁၂ ကိုက်အကွာကနေ လီယွန်နယ် မက်ဆီရဲ့ ဂိုးကန်သွင်းချက်ကို အထင်ကြီးဖွယ်လက်စွမ်းနဲ့ ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်စ် အယ်လစ္စတာနဲ့ အဲဗရက်ဇ်တို့ဟာ ဒုတိယပိုင်းမှာ လီယွန်နယ် မက်ဆီရဲ့ ပင်နယ်တီလွဲချော်မှုအတွက် သွင်းဂိုးတွေနဲ့ ဖာထေးပေးခဲ့ပြီး ပိုလန်အသင်းအတွက် စိတ်သက်သာရာရစရာအနေနဲ့ ဂိုးကွာခြားချက်နဲ့ ရှုံးထွက်အဆင့်ကို အုပ်စုဒုတိယအဖြစ်နဲ့ တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီး ဝီစီမှုတ်ပြီးနောက် အားလုံးဟာ ကောင်းမွန်တဲ့ စိတ်အခြေအနေမှာ ရှိနေခဲ့ကြပြီး ဂျူဗင်တပ်ဂိုးသမား ဆက်ဇ်နီက TV 2 Sport နဲ့ အင်တာဗျူးမှာ ပင်နယ်တီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပင်နယ်တီ မပေးခင်မှာ စကားပြောခဲ့ကြတယ်။ ကျွန်တော် သူ့ကို ဒိုင်လူကြီးက ပင်နယ်တီပေးမှာမဟုတ်ဘူးဆိုတာ ယူရို ၁၀၀ ကြေးလောင်းမယ်လို့ ပြောခဲ့တယ်။ အဲဒီတော့ ကျွန်တော် မက်ဆီနဲ့ လောင်းတာ ရှုံးသွားခဲ့တယ်”

“အဲဒါက ကမ္ဘာ့ဖလားမှာ ခွင့်ပြုထားလားတော့ ကျွန်တော်မသိဘူး။ ကျွန်တော် အဲဒီအတွက်နဲ့ ပွဲကစားခွင့် ပိတ်ခံရကောင်း ခံရနိုင်တယ်။ အခုအချိန်မှာ ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော် သူ့ကိုလည်း ယူရို ၁၀၀ ပေးမှာလည်း မဟုတ်ပါဘူး။ သူကလည်း ယူရို ၁၀၀ လောက်ကို ဂရုစိုက်နေမှာမဟုတ်ဘူးလေ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပိုလန္ဂိုးသမား ဆက္ဇ္နီဟာ လီယြန္နယ္ မက္ဆီနဲ႔ ယူ႐ို ၁၀၀ အေလာင္းအစား ျပဳလုပ္ခဲ့ၿပီးေနာက္ ပြဲပါဝင္ကစားခြင့္ ပိတ္ပင္ခံရေကာင္း ခံရႏိုင္တယ္လို႔ ဟာသေဖာက္ခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ ဂိုးသမားဟာ ဗုဒၶဟူးေန႔ည အုပ္စု C ေနာက္ဆုံးပြဲစဥ္အျဖစ္ ပိုလန္နဲ႔ အာဂ်င္တီးနားတို႔ ကစားခဲ့တဲ့ ပထမပိုင္းအတြင္း လီယြန္နယ္ မက္ဆီကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လို႔ ဆုံးျဖတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ အာဆင္နယ္ဂိုးသမားေဟာင္းနဲ႔ လီယြန္နယ္ မက္ဆီတို႔ဟာ ေသးငယ္တဲ့ ထိေတြ႕မႈသာရွိခဲ့ေပမယ့္လည္း အာဂ်င္တီးနားအသင္းဟာ VAR ရဲ႕ အခ်ိန္အေတာ္ၾကာ စစ္ေဆးမႈအၿပီးမွာ ပင္နယ္တီ ကန္ခြင့္ေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စကၠန႔္ပိုင္းအၾကာမွာ ပိုလန္ဂိုးသမား ဆက္ဇ္နီက ၁၂ ကိုက္အကြာကေန လီယြန္နယ္ မက္ဆီရဲ႕ ဂိုးကန္သြင္းခ်က္ကို အထင္ႀကီးဖြယ္လက္စြမ္းနဲ႔ ကာကြယ္သြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မက္စ္ အယ္လစၥတာနဲ႔ အဲဗရက္ဇ္တို႔ဟာ ဒုတိယပိုင္းမွာ လီယြန္နယ္ မက္ဆီရဲ႕ ပင္နယ္တီလြဲေခ်ာ္မႈအတြက္ သြင္းဂိုးေတြနဲ႔ ဖာေထးေပးခဲ့ၿပီး ပိုလန္အသင္းအတြက္ စိတ္သက္သာရာရစရာအေနနဲ႔ ဂိုးကြာျခားခ်က္နဲ႔ ရႈံးထြက္အဆင့္ကို အုပ္စုဒုတိယအျဖစ္နဲ႔ တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီး ဝီစီမႈတ္ၿပီးေနာက္ အားလုံးဟာ ေကာင္းမြန္တဲ့ စိတ္အေျခအေနမွာ ရွိေနခဲ့ၾကၿပီး ဂ်ဴဗင္တပ္ဂိုးသမား ဆက္ဇ္နီက TV 2 Sport နဲ႔ အင္တာဗ်ဴးမွာ ပင္နယ္တီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဖြင့္ဟ ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ပင္နယ္တီ မေပးခင္မွာ စကားေျပာခဲ့ၾကတယ္။ ကြၽန္ေတာ္ သူ႔ကို ဒိုင္လူႀကီးက ပင္နယ္တီေပးမွာမဟုတ္ဘူးဆိုတာ ယူ႐ို ၁၀၀ ေၾကးေလာင္းမယ္လို႔ ေျပာခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္ မက္ဆီနဲ႔ ေလာင္းတာ ရႈံးသြားခဲ့တယ္”

“အဲဒါက ကမာၻ႔ဖလားမွာ ခြင့္ျပဳထားလားေတာ့ ကြၽန္ေတာ္မသိဘူး။ ကြၽန္ေတာ္ အဲဒီအတြက္နဲ႔ ပြဲကစားခြင့္ ပိတ္ခံရေကာင္း ခံရႏိုင္တယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ္ ဂ႐ုမစိုက္ပါဘူး။ ကြၽန္ေတာ္ သူ႔ကိုလည္း ယူ႐ို ၁၀၀ ေပးမွာလည္း မဟုတ္ပါဘူး။ သူကလည္း ယူ႐ို ၁၀၀ ေလာက္ကို ဂ႐ုစိုက္ေနမွာမဟုတ္ဘူးေလ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.