International Match Report World Cup

ဆော်ဒီတို့ရဲ့ ဆေးပြန်ထိုးမှုကြောင့် အနိုင်ရခဲ့ပေမယ့် ကြေကွဲခဲ့ရတဲ့ မက္ကဆီကို

မက္ကဆီကိုအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုချိုအာ၊ ခံစစ်မှာ ဟက်တာ မိုရီနို၊ မွန်တက်စ်၊ ဆန်ချက်ဇ်နဲ့ ဟယ်ယာဒိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အက်ဒ်ဆင် အယ်လ်ဗာရက်ဇ်၊ ရှာဗက်ဇ်နဲ့ ပင်နီဒါတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လိုဇာနို၊ ဗီဂါနဲ့ မာတင်တို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဘီးယားအသင်းကတော့ ဂိုးသမား အယ်လ်အိုဝေးစ်၊ ခံစစ်မှာ အယ်လ် တမ်ဘက်တီ၊ အယ်လ်အမ်ရီ၊ အယ်လ်ဂမ်နမ်နဲ့ အယ်လ်ဘူလိုင်ဟီတို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ အက်ဘ်ဒူလ်ဟာမစ်၊ အယ်လ်ဟက်ဆန်၊ အယ်လ်ဘရီကန်နဲ့ အယ်လ်ဒေါ်ဆာရီတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကန်နိုနဲ့ အယ်လ်ရှာဟရီတို့ကို တင်ကစားလာခဲ့တာပါ။

အသင်းကြီးဆိုတဲ့ မာနနဲ့ မက္ကဆီကိုတို့ နောက်တစ်ဆင့် တက်နိုင်ဖို့အတွက် ပွဲစကတည်းက ဖိကစားနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်း အထိ ရယူသွားခဲ့သလို ဆော်ဒီဂိုးသမား အယ်လ်အိုဝေးစ် လက်စွမ်းပြနေခဲ့တာကြောင့်သာ ဂိုးမပေးခဲ့ရတာဖြစ်ပြီး မာတင် ဦးဆောင်တဲ့ တိုက်စစ်ကလည်း အတော်လေး ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ အဝါထိခဲ့တဲ့ အယ်လ်ဗာရက်ဇ်ကြောင့် ပိုလန်ထက် အဝါများသွားတဲ့ မက္ကဆီကိုတို့ ဂိုးပိုရမှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ လောခဲ့သလို ကွင်းလယ်က ပင်နီဒါနဲ့ ရှာဗက်ဇ်တို့အနေနဲ့ အဝေးကနေ ကန်သွင်းဖို့ ကြိုးစားနေပြီး တိုက်စစ်ကို အေးအေးဆေးဆေး ပုံမဖော်နိုင်ဘဲဖြစ်နေခဲ့သလို ဒုတိယပိုင်းမှာ ရှုံးနေလို့ ဂိုးလိုနေတဲ့ ပုံစံမျိုးနဲ့ ဖြတ်တင်ဘောတွေချည်း ကစားနေခဲ့ကြတာကို ဆော်ဒီခံစစ်က ရှင်းထုတ်သွားနိုင်ခဲ့ကြတာပါ။

မက္ကဆီကိုတို့ရဲ့ အလောတကြီးနိုင်လွန်းတဲ့ တိုက်စစ်ကို ဆော်ဒီတို့ ပထမပိုင်းမှာ ခံစစ်ထိုင်ကစားပြီး ထိန်းချုပ်သွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ မက္ကဆီကိုဘက်က ဗီဂါအစား အန်တူနာ ဝင်လာခဲ့သလို ဆော်ဒီဘက်ကတော့ အယ်လ်ဟက်ဆန်အစား မာဒူကို လူစားလဲသွားခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၄၇ မိနစ်မှာတော့ တဒိုင်းဒိုင်း ကန်သွင်းနေခဲ့ကြတဲ့ မက္ကဆီကိုတို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ရတဲ့ ထောင့်ကန်ဘောကနေ ရှာဗက်ဇ် ကန်တင်ပေးတာကို နောက်ခံလူ မွန်တက်စ်က ဧရိယာထဲမှာ နောက်ပေါက်နဲ့ ချပေးခဲ့ရာမှာ တိုက်စစ်မှူး မာတင်က ဂိုးသမား အယ်လ်အိုဝေးစ်နဲ့ အနီးကပ်ပိတ်သွင်းပြီး ရယူသွားခဲ့တာပါ။

ငါးမိနစ်အကြာ ပွဲချိန် ၅၂ မိနစ်မှာ မက္ကဆီကိုတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ဆင်လာတဲ့ မာတင်ကို ဆော်ဒီနောက်ခံလူ အယ်လ်တမ်ဘက်တီက နောက်ကနေ ဆွဲထားခဲ့လို့ ရတဲ့ ပြစ်ဒဏ်ဘောကို ဧရိယာထိပ်နဲ့ အတော်ဝေးဝေးကနေ ကွင်းလယ်လူ ရှာဗက်ဇ်က တိုက်ရိုက်ကန်သွင်းခဲ့ရာမှာ ညာဘက်ထောင့်ထဲကို ဝင်သွားခဲ့လို့ ဂိုးသမား ဘာမှ မတတ်နိုင်ခဲ့ဘဲ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ပိုလန်တို့နဲ့ နိုင်ပွဲ၊ ရှုံးပွဲ၊ ဂိုးကွာခြားချက်ရလဒ်ချင်း တူညီနေခဲ့သလို အဝါကတ်ပိုထိပြီး စည်းကမ်းပိုင်းမှာ အမှတ်လျော့နေခဲ့တဲ့ မက္ကဆီကိုတို့ ဂိုးကွာခြားချက်မှာ အသာပြန်ရဖို့ ပိုဖိကစားလာခဲ့ပေမယ့် သွေးမအေးဘဲ လောကြီးနေပြန်ခဲ့လို့ ပွဲချိန် ၅၆ မိနစ်မှာ လိုဇာနိုက ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေတဲ့ မာတင်ကို ပေးပြီးမှ ပြန်ရခဲ့တာဖြစ်လို့ ပယ်ဖျက်ခံခဲ့ရတာပါ။

နှစ်ဂိုးနဲ့ နိုင်နေတာတောင် ရှုံးသလိုဖြစ်နေခဲ့တဲ့ မက္ကဆီကိုတို့ရဲ့ ဘဝနဲ့ ကံကြမ္မာကတော့ ဒီနေ့မှာ တော်တော်လေး ဆိုးခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး စိတ်အေးအေးထား မကစားနိုင်ခဲ့သလို နည်းပြ ဟယ်ရာဒို မာတီနိုအနေနဲ့လည်း စောစောစီးစီး အပြောင်းအလဲလုပ်ဖို့ ပျက်ကွက်နေခဲ့တဲ့အတွက် ကစားသမားကောင်းတချို့ စိတ်ပင်ပန်းပြီး ဖိအားဝင်ကုန်ခဲ့ကြတယ်လို့ ယူဆမိပါတယ်။

ပွဲချိန် ၇၇ မိနစ်ကျမှ မာတီနိုအနေနဲ့ စတင်အပြောင်းအလဲလုပ်ခဲ့ပြီး ပင်နီဒါ၊ မာတင်၊ အက်ဒ်ဆင် အယ်လ်ဗာရက်ဇ်နဲ့ ဆန်ချက်ဇ်တို့အစား ကားလို့စ် ရိုဒရီးရက်ဇ်၊ ရာအူးလ် ဟီမီနက်ဇ်၊ ဖူးနက်စ် မိုရီနဲ့ ကီဗင် အယ်လ်ဗာရက်ဇ်တို့ကို ထည့်သွင်းခဲ့ပေမယ့် သူတို့ရဲ့ တိုက်စစ်တွေကို ဒီပွဲနိုင်မှ နောက်တစ်ဆင့်တက်မယ့် ဆော်ဒီတို့ ကြံ့ကြံ့ခံ ကစားနေခဲ့ကြသလို ရှာဗက်ဇ်ရဲ့ ဖရီးကစ်တစ်ကြိမ်ကိုလည်း ဂိုးသမား အယ်လ်အိုဝေးစ် ပုတ်ထုတ်ခဲ့ရတာပါ။

ပွဲချိန် ၈၇ မိနစ်မှာ တောင်ပံကစားသမား အန်တူနာက ဆော်ဒီခံစစ်ကြားက ပြေးထွက်ပြီး ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် အနည်းငယ် လူကျွံနေပြန်လို့ မက္ကဆီကိုတို့ အောင်ပွဲခံပြီးက စိတ်ပျက်ခဲ့ရပြီး ပုံမှန်ပွဲချိန်အပြည့်မှာတော့ နာကျင်အချိန်ပို ၈ မိနစ်အထိ ပေးခဲ့တာကြောင့် ဆက်လက်ရုန်းကန်ခဲ့ကြရပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်မှာ ဆော်ဒီတို့ တစ်ဂိုးပြန်ချေသွားခဲ့ပြီး သူတို့ပဲ ဂိုးသွင်းဖို့ ကြိုးစားနေချိန်မှာ တစ်ဖက်က ပြန်မသွင်းနိုင်လောက်ဘူးလို့ ထင်နေပုံရတဲ့ မက္ကဆီကိုတို့ကို အထိနာသွားခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘောလုံးရလာပြီး တစ်ဖက်ခံစစ်ကို ကျော်ဖြတ်ဖို့ အသင်းဖော် ဘာဘရီနဲ့ ဝမ်းတူးရိုက်ထွက်ခဲ့တဲ့ အယ်လ်ဒေါ်ဆာရီက ဂိုးသမား အိုချိုအာကို တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘောကန်ပြီး အနိုင်ယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ မက္ကဆီကိုတို့ ဖိကစားခဲ့ပေမယ့် သုံးဂိုးရရင်တောင် ပိုလန်ကို သွင်းဂိုးအသာနဲ့ နောက်တစ်ဆင့် တက်နိုင်ဦးမယ့် အချိန်မှာ နောက်တစ်ဂိုး ထပ်ရဖို့တော့ မလုပ်နိုင်ခဲ့တာကြောင့် ပွဲချိန်အပြည့်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အုပ်စုတတိယအဖြစ်ကနေ ဆော်ဒီတို့နဲ့အတူ အိမ်ပြန်စောခဲ့ရတာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မကၠဆီကိုအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုခ်ိဳအာ၊ ခံစစ္မွာ ဟက္တာ မိုရီႏို၊ မြန္တက္စ္၊ ဆန္ခ်က္ဇ္နဲ႔ ဟယ္ယာဒိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အက္ဒ္ဆင္ အယ္လ္ဗာရက္ဇ္၊ ရွာဗက္ဇ္နဲ႔ ပင္နီဒါတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ လိုဇာႏို၊ ဗီဂါနဲ႔ မာတင္တို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

ေဆာ္ဒီအာေရးဘီးယားအသင္းကေတာ့ ဂိုးသမား အယ္လ္အိုေဝးစ္၊ ခံစစ္မွာ အယ္လ္ တမ္ဘက္တီ၊ အယ္လ္အမ္ရီ၊ အယ္လ္ဂမ္နမ္နဲ႔ အယ္လ္ဘူလိုင္ဟီတို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ အက္ဘ္ဒူလ္ဟာမစ္၊ အယ္လ္ဟက္ဆန္၊ အယ္လ္ဘရီကန္နဲ႔ အယ္လ္ေဒၚဆာရီတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ကန္ႏိုနဲ႔ အယ္လ္ရွာဟရီတို႔ကို တင္ကစားလာခဲ့တာပါ။

အသင္းႀကီးဆိုတဲ့ မာနနဲ႔ မကၠဆီကိုတို႔ ေနာက္တစ္ဆင့္ တက္ႏိုင္ဖို႔အတြက္ ပြဲစကတည္းက ဖိကစားေနခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၆၁ ရာခိုင္ႏႈန္း အထိ ရယူသြားခဲ့သလို ေဆာ္ဒီဂိုးသမား အယ္လ္အိုေဝးစ္ လက္စြမ္းျပေနခဲ့တာေၾကာင့္သာ ဂိုးမေပးခဲ့ရတာျဖစ္ၿပီး မာတင္ ဦးေဆာင္တဲ့ တိုက္စစ္ကလည္း အေတာ္ေလး ဖိအားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာ အဝါထိခဲ့တဲ့ အယ္လ္ဗာရက္ဇ္ေၾကာင့္ ပိုလန္ထက္ အဝါမ်ားသြားတဲ့ မကၠဆီကိုတို႔ ဂိုးပိုရမွျဖစ္မယ္ဆိုတဲ့ စိတ္နဲ႔ ေလာခဲ့သလို ကြင္းလယ္က ပင္နီဒါနဲ႔ ရွာဗက္ဇ္တို႔အေနနဲ႔ အေဝးကေန ကန္သြင္းဖို႔ ႀကိဳးစားေနၿပီး တိုက္စစ္ကို ေအးေအးေဆးေဆး ပုံမေဖာ္ႏိုင္ဘဲျဖစ္ေနခဲ့သလို ဒုတိယပိုင္းမွာ ရႈံးေနလို႔ ဂိုးလိုေနတဲ့ ပုံစံမ်ိဳးနဲ႔ ျဖတ္တင္ေဘာေတြခ်ည္း ကစားေနခဲ့ၾကတာကို ေဆာ္ဒီခံစစ္က ရွင္းထုတ္သြားႏိုင္ခဲ့ၾကတာပါ။

မကၠဆီကိုတို႔ရဲ႕ အေလာတႀကီးႏိုင္လြန္းတဲ့ တိုက္စစ္ကို ေဆာ္ဒီတို႔ ပထမပိုင္းမွာ ခံစစ္ထိုင္ကစားၿပီး ထိန္းခ်ဳပ္သြားႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ မကၠဆီကိုဘက္က ဗီဂါအစား အန္တူနာ ဝင္လာခဲ့သလို ေဆာ္ဒီဘက္ကေတာ့ အယ္လ္ဟက္ဆန္အစား မာဒူကို လူစားလဲသြားခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ တဒိုင္းဒိုင္း ကန္သြင္းေနခဲ့ၾကတဲ့ မကၠဆီကိုတို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ရတဲ့ ေထာင့္ကန္ေဘာကေန ရွာဗက္ဇ္ ကန္တင္ေပးတာကို ေနာက္ခံလူ မြန္တက္စ္က ဧရိယာထဲမွာ ေနာက္ေပါက္နဲ႔ ခ်ေပးခဲ့ရာမွာ တိုက္စစ္မႉး မာတင္က ဂိုးသမား အယ္လ္အိုေဝးစ္နဲ႔ အနီးကပ္ပိတ္သြင္းၿပီး ရယူသြားခဲ့တာပါ။

ငါးမိနစ္အၾကာ ပြဲခ်ိန္ ၅၂ မိနစ္မွာ မကၠဆီကိုတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ဆင္လာတဲ့ မာတင္ကို ေဆာ္ဒီေနာက္ခံလူ အယ္လ္တမ္ဘက္တီက ေနာက္ကေန ဆြဲထားခဲ့လို႔ ရတဲ့ ျပစ္ဒဏ္ေဘာကို ဧရိယာထိပ္နဲ႔ အေတာ္ေဝးေဝးကေန ကြင္းလယ္လူ ရွာဗက္ဇ္က တိုက္႐ိုက္ကန္သြင္းခဲ့ရာမွာ ညာဘက္ေထာင့္ထဲကို ဝင္သြားခဲ့လို႔ ဂိုးသမား ဘာမွ မတတ္ႏိုင္ခဲ့ဘဲ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ပိုလန္တို႔နဲ႔ ႏိုင္ပြဲ၊ ရႈံးပြဲ၊ ဂိုးကြာျခားခ်က္ရလဒ္ခ်င္း တူညီေနခဲ့သလို အဝါကတ္ပိုထိၿပီး စည္းကမ္းပိုင္းမွာ အမွတ္ေလ်ာ့ေနခဲ့တဲ့ မကၠဆီကိုတို႔ ဂိုးကြာျခားခ်က္မွာ အသာျပန္ရဖို႔ ပိုဖိကစားလာခဲ့ေပမယ့္ ေသြးမေအးဘဲ ေလာႀကီးေနျပန္ခဲ့လို႔ ပြဲခ်ိန္ ၅၆ မိနစ္မွာ လိုဇာႏိုက ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနတဲ့ မာတင္ကို ေပးၿပီးမွ ျပန္ရခဲ့တာျဖစ္လို႔ ပယ္ဖ်က္ခံခဲ့ရတာပါ။

ႏွစ္ဂိုးနဲ႔ ႏိုင္ေနတာေတာင္ ရႈံးသလိုျဖစ္ေနခဲ့တဲ့ မကၠဆီကိုတို႔ရဲ႕ ဘဝနဲ႔ ကံၾကမၼာကေတာ့ ဒီေန႔မွာ ေတာ္ေတာ္ေလး ဆိုးခဲ့တယ္လို႔ ဆိုရမွာျဖစ္ၿပီး စိတ္ေအးေအးထား မကစားႏိုင္ခဲ့သလို နည္းျပ ဟယ္ရာဒို မာတီႏိုအေနနဲ႔လည္း ေစာေစာစီးစီး အေျပာင္းအလဲလုပ္ဖို႔ ပ်က္ကြက္ေနခဲ့တဲ့အတြက္ ကစားသမားေကာင္းတခ်ိဳ႕ စိတ္ပင္ပန္းၿပီး ဖိအားဝင္ကုန္ခဲ့ၾကတယ္လို႔ ယူဆမိပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္က်မွ မာတီႏိုအေနနဲ႔ စတင္အေျပာင္းအလဲလုပ္ခဲ့ၿပီး ပင္နီဒါ၊ မာတင္၊ အက္ဒ္ဆင္ အယ္လ္ဗာရက္ဇ္နဲ႔ ဆန္ခ်က္ဇ္တို႔အစား ကားလို႔စ္ ႐ိုဒရီးရက္ဇ္၊ ရာအူးလ္ ဟီမီနက္ဇ္၊ ဖူးနက္စ္ မိုရီနဲ႔ ကီဗင္ အယ္လ္ဗာရက္ဇ္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ သူတို႔ရဲ႕ တိုက္စစ္ေတြကို ဒီပြဲႏိုင္မွ ေနာက္တစ္ဆင့္တက္မယ့္ ေဆာ္ဒီတို႔ ႀကံ့ႀကံ့ခံ ကစားေနခဲ့ၾကသလို ရွာဗက္ဇ္ရဲ႕ ဖရီးကစ္တစ္ႀကိမ္ကိုလည္း ဂိုးသမား အယ္လ္အိုေဝးစ္ ပုတ္ထုတ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၇ မိနစ္မွာ ေတာင္ပံကစားသမား အန္တူနာက ေဆာ္ဒီခံစစ္ၾကားက ေျပးထြက္ၿပီး ဂိုးသမားနဲ႔တစ္ဦးခ်င္းအေတြ႕မွာ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ အနည္းငယ္ လူကြၽံေနျပန္လို႔ မကၠဆီကိုတို႔ ေအာင္ပြဲခံၿပီးက စိတ္ပ်က္ခဲ့ရၿပီး ပုံမွန္ပြဲခ်ိန္အျပည့္မွာေတာ့ နာက်င္အခ်ိန္ပို ၈ မိနစ္အထိ ေပးခဲ့တာေၾကာင့္ ဆက္လက္႐ုန္းကန္ခဲ့ၾကရပါတယ္။

နာက်င္အခ်ိန္ပို ၅ မိနစ္မွာ ေဆာ္ဒီတို႔ တစ္ဂိုးျပန္ေခ်သြားခဲ့ၿပီး သူတို႔ပဲ ဂိုးသြင္းဖို႔ ႀကိဳးစားေနခ်ိန္မွာ တစ္ဖက္က ျပန္မသြင္းႏိုင္ေလာက္ဘူးလို႔ ထင္ေနပုံရတဲ့ မကၠဆီကိုတို႔ကို အထိနာသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ေဘာလုံးရလာၿပီး တစ္ဖက္ခံစစ္ကို ေက်ာ္ျဖတ္ဖို႔ အသင္းေဖာ္ ဘာဘရီနဲ႔ ဝမ္းတူး႐ိုက္ထြက္ခဲ့တဲ့ အယ္လ္ေဒၚဆာရီက ဂိုးသမား အိုခ်ိဳအာကို တစ္ဦးခ်င္းအေတြ႕မွာ အနိမ့္ေဘာကန္ၿပီး အႏိုင္ယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ မကၠဆီကိုတို႔ ဖိကစားခဲ့ေပမယ့္ သုံးဂိုးရရင္ေတာင္ ပိုလန္ကို သြင္းဂိုးအသာနဲ႔ ေနာက္တစ္ဆင့္ တက္ႏိုင္ဦးမယ့္ အခ်ိန္မွာ ေနာက္တစ္ဂိုး ထပ္ရဖို႔ေတာ့ မလုပ္ႏိုင္ခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲမွာ အုပ္စုတတိယအျဖစ္ကေန ေဆာ္ဒီတို႔နဲ႔အတူ အိမ္ျပန္ေစာခဲ့ရတာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.