International World Cup

မက်ဆီ ပင်နယ်တီလွဲတာ မျှတကြောင်း အပြောခံနေရပြီး ကန့်ကွက်လိုက်တဲ့ ဖာဒီနန်နဲ့အဖွဲ့

ပြီးခဲ့တဲ့ အာဂျင်တီးနားနဲ့ ပိုလန်တို့ရဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီအနေနဲ့ ပွဲချိန် ၃၈ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဝင်အောင် မကန်နိုင်ခဲ့ဘဲ အခွင့်အရေးကို လွဲချော်ခဲ့တဲ့ အပေါ်မှာ ဘီဘီစီရုပ်သံတင်ဆက်မှုနဲ့အတူ ရှိနေခဲ့ကြတဲ့ အင်္ဂလန်နောက်ခံလူဟောင်း ရီယို ဖာဒီနန်က တရားမျှတမှုအရ ဖြစ်သင့်တယ်လို့ ခပ်တင်းတင်းပဲ ပြောကြားသွားခဲ့ပါတယ်။

ဘီဘီစီရဲ့ အစီအစဉ်တင်ဆက်မှုကို ဖာဒီနန်အပါအဝင် အာဂျင်တီးနားနောက်ခံလူဟောင်း ပါဘလို ဇာဘဲလီတာနဲ့ အင်္ဂလန်သားတွေဖြစ်ကြတဲ့ တိုက်စစ်မှူးဟောင်း အလန် ရှီးရားနဲ့ ကွင်းလယ်လူဟောင်း ဒန်နီ မာဖီတို့က လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ဒီနေ့ပွဲကို စောင့်ကြည့်ခဲ့ကြချိန်မှာ မက်ဆီရဲ့ ပင်နယ်တီအတွက် ကန့်ကွက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ ခေါင်းတိုက်ဂိုးသွင်းဖို့ ကြိုးစားခဲ့တဲ့ အာဂျင်တီးနားကပ္ပတိန်ရဲ့ မျက်နှာကို ပိုလန်ဂိုးသမား ဗွိုင်ချက် ရှချက်စနီရဲ့ လက်က ရိုက်မိတယ်ဆိုပြီး ပင်နယ်တီ ပေးခဲ့တဲ့ လုပ်ရပ်က ဘောလုံးစည်းမျဉ်ကို သဘောပေါက်တဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေအတွက်တော့ ဟာသဖြစ်ခဲ့ပြီး ဒီအဖြစ်မှာ မက်ဆီအနေနဲ့ ဘောလုံးကို ခေါင်းတိုက်ပြီးမှသာ ဂိုးသမားရဲ့ လက်နဲ့ ထိမိခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ အာဂျင်တီးနားအသင်းသားတွေအနေနဲ့ ဝိုင်းဝန်းကန့်ကွက်ပြီး ပင်နယ်တီ တောင်းခဲ့ကြသလို VAR အဖွဲ့နဲ့ နယ်သာလန် ကွင်းလယ်ဒိုင် ဒန်နီ မက်ခီလီတို့က အနှေးပြကွက်ကို ကွင်းဘေး မော်နီတာမှာ ပြန်ကြည့်ပြီးမှ ခွင့်ပြုခဲ့ရာမှာ မက်ဆီရဲ့ လှည့်စားမှု အားနည်းတဲ့ ကန်ချက်ကို ဂိုးသမား ရှချက်စနီက မှန်မှန်ကန်ကန် ခန့်မှန်းပြီး ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

ဘီဘီစီရဲ့ နောက်ခံတင်ဆက်သူ မာဖီကတော့ “ဒီလောက်လည်း ဆိုးရွားတဲ့ ထိခိုက်မှု မဟုတ်ပါဘူး။ မက်ဆီအနေနဲ့ လဲကျခဲ့တာ မှန်ပေမယ့် ပင်နယ်တီဖြစ်ဖို့တော့ မလုံလောက်ခဲ့ဘူး။ မျက်နှာကို လက်နဲ့ ထိခဲ့ပေမယ့်လည်း မပြင်းထန်ပါဘူး… ပင်နယ်တီပေးလိုက်တာကတော့ အမေးဇင်းပါပဲဗျာ”လို့ ဝေဖန်သွားခဲ့သလို VAR ကတော့ ခန့်မှန်းလို့ကို မရနိုင်ဘူးလို့ လှောင်ပြောင်သွားခဲ့သေးတာဖြစ်ပါတယ်။

ဖာဒီနန်ကတော့ “ကျက်သရေတုံးတဲ့ ဆုံးဖြတ်ချက်မျိုးပါပဲ။ VAR လို့ ရှိနေတာ ဒီလိုလုပ်ဖို့လား။ ဒေါသထွက်စရာကောင်းတဲ့ အဆုံးအဖြတ်မျိုးကို ဒိုင်အဖွဲ့က ချမှတ်သွားတာဖြစ်ပြီး စိတ်ပျက်ဖို့ ကောင်းခဲ့ပါတယ်”လို့ ဆိုခဲ့သလို အလန် ရှီးရားကတော့ “VAR က ဒီလိုမျိုး မကြာခဏ မှားနေပေမယ့် ဒိုင်အဖွဲ့တွေကတော့ ပွဲတွေကို အသစ်ပြန်ကစားဖို့ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလေ”လို့ ခနဲ့သွားခဲ့တာပါ။

ရှီးရားက ဒီမှာ ထိုင်နေတဲ့ ၄ ယောက်စလုံး ဒီပင်နယ်တီကို ကန့်ကွက်တယ်လို့ ပြောသွားခဲ့ပြီး ဒီအချိန်မှာတော့ ပိုလန်ဂိုးသမား ရှချက်စနီအနေနဲ့ သူ့ရှေ့က ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ တင်ရှိထားခဲ့တဲ့ ဘရက်ဒ် ဖရီဒယ်လ်(အမေရိကန်)နဲ့ ယန် တိုမာရှက်ဗ်စကီး(ပိုလန်)တို့ရဲ့ ပင်နယ်တီနှစ်ကြိမ် ကာကွယ်တဲ့ စံချိန်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ နောက်ဆုံးပင်နယ်တီ ၇ လုံးဆက်တိုက် ဝင်အောင်ကန်သွင်းယူထားနိုင်ခဲ့တဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင်အနေနဲ့ ဒီပင်နယ်တီကို မဝင်ခဲ့တာဟာ ကံကြမ္မာတရားရဲ့ ဆုံးမပေးခဲ့မှုဖြစ်ပြီး ဘက်မလိုက်တဲ့ မျှတမှု ဖြစ်တယ်လို့ ဆိုခဲ့ကြပြီး ဒီပွဲမှာတော့ ပိုလန်တို့ ရှုံးခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၁၂ ကြိမ်မှာ ၁၀ ကြိမ် ကာကွယ်နိုင်ခဲ့ပြီး နှစ်ဂိုးသာ ပေးခဲ့ရတဲ့ ဂိုးသမား ရှချက်စနီကလည်း သူရဲကောင်းလို ချီးကျူးခံခဲ့ရတာပါ။

ပွဲအပြီးမှာတော့ အာဂျင်တီးနားနဲ့ ပိုလန်တို့ နှစ်သင်းစလုံး ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြတဲ့အတွက် ဒီပင်နယ်တီကိစ္စက ပွဲသိပ်မကြီးလိုက်ဘဲ ဒီလောက်နဲ့ ရပ်တန့်သွားခဲ့ပြီး မက်ဆီကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြိုင်ဆိုင်မှုဖြစ်တဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစံချိန် ၈ ဂိုးချင်း တူညီနေမှုကိုတော့ အသာစီး မယူနိုင်ဘဲ ဖြစ်ခဲ့ရပြီး ပေါ်တူဂီသားရဲ့ လက်ကျန် တောင်ကိုရီးယားနဲ့ပွဲကို စောင့်ကြည့်ဖို့ ပိုမိုစိတ်ဝင်စားစရာလည်း ဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ အာဂ်င္တီးနားနဲ႔ ပိုလန္တို႔ရဲ႕ ပြဲစဥ္မွာ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီအေနနဲ႔ ပြဲခ်ိန္ ၃၈ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကို ဝင္ေအာင္ မကန္ႏိုင္ခဲ့ဘဲ အခြင့္အေရးကို လြဲေခ်ာ္ခဲ့တဲ့ အေပၚမွာ ဘီဘီစီ႐ုပ္သံတင္ဆက္မႈနဲ႔အတူ ရွိေနခဲ့ၾကတဲ့ အဂၤလန္ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က တရားမွ်တမႈအရ ျဖစ္သင့္တယ္လို႔ ခပ္တင္းတင္းပဲ ေျပာၾကားသြားခဲ့ပါတယ္။

ဘီဘီစီရဲ႕ အစီအစဥ္တင္ဆက္မႈကို ဖာဒီနန္အပါအဝင္ အာဂ်င္တီးနားေနာက္ခံလူေဟာင္း ပါဘလို ဇာဘဲလီတာနဲ႔ အဂၤလန္သားေတြျဖစ္ၾကတဲ့ တိုက္စစ္မႉးေဟာင္း အလန္ ရွီးရားနဲ႔ ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီတို႔က လုပ္ေဆာင္ခဲ့ၾကတာျဖစ္ၿပီး ဒီေန႔ပြဲကို ေစာင့္ၾကည့္ခဲ့ၾကခ်ိန္မွာ မက္ဆီရဲ႕ ပင္နယ္တီအတြက္ ကန႔္ကြက္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာ ေခါင္းတိုက္ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့တဲ့ အာဂ်င္တီးနားကပၸတိန္ရဲ႕ မ်က္ႏွာကို ပိုလန္ဂိုးသမား ဗြိဳင္ခ်က္ ရွခ်က္စနီရဲ႕ လက္က ႐ိုက္မိတယ္ဆိုၿပီး ပင္နယ္တီ ေပးခဲ့တဲ့ လုပ္ရပ္က ေဘာလုံးစည္းမ်ဥ္ကို သေဘာေပါက္တဲ့ တစ္ကမာၻလုံးက ပရိသတ္ေတြအတြက္ေတာ့ ဟာသျဖစ္ခဲ့ၿပီး ဒီအျဖစ္မွာ မက္ဆီအေနနဲ႔ ေဘာလုံးကို ေခါင္းတိုက္ၿပီးမွသာ ဂိုးသမားရဲ႕ လက္နဲ႔ ထိမိခဲ့တာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ အာဂ်င္တီးနားအသင္းသားေတြအေနနဲ႔ ဝိုင္းဝန္းကန႔္ကြက္ၿပီး ပင္နယ္တီ ေတာင္းခဲ့ၾကသလို VAR အဖြဲ႕နဲ႔ နယ္သာလန္ ကြင္းလယ္ဒိုင္ ဒန္နီ မက္ခီလီတို႔က အေႏွးျပကြက္ကို ကြင္းေဘး ေမာ္နီတာမွာ ျပန္ၾကည့္ၿပီးမွ ခြင့္ျပဳခဲ့ရာမွာ မက္ဆီရဲ႕ လွည့္စားမႈ အားနည္းတဲ့ ကန္ခ်က္ကို ဂိုးသမား ရွခ်က္စနီက မွန္မွန္ကန္ကန္ ခန႔္မွန္းၿပီး ပုတ္ထုတ္သြားႏိုင္ခဲ့တာပါ။

ဘီဘီစီရဲ႕ ေနာက္ခံတင္ဆက္သူ မာဖီကေတာ့ “ဒီေလာက္လည္း ဆိုး႐ြားတဲ့ ထိခိုက္မႈ မဟုတ္ပါဘူး။ မက္ဆီအေနနဲ႔ လဲက်ခဲ့တာ မွန္ေပမယ့္ ပင္နယ္တီျဖစ္ဖို႔ေတာ့ မလုံေလာက္ခဲ့ဘူး။ မ်က္ႏွာကို လက္နဲ႔ ထိခဲ့ေပမယ့္လည္း မျပင္းထန္ပါဘူး… ပင္နယ္တီေပးလိုက္တာကေတာ့ အေမးဇင္းပါပဲဗ်ာ”လို႔ ေဝဖန္သြားခဲ့သလို VAR ကေတာ့ ခန႔္မွန္းလို႔ကို မရႏိုင္ဘူးလို႔ ေလွာင္ေျပာင္သြားခဲ့ေသးတာျဖစ္ပါတယ္။

ဖာဒီနန္ကေတာ့ “က်က္သေရတုံးတဲ့ ဆုံးျဖတ္ခ်က္မ်ိဳးပါပဲ။ VAR လို႔ ရွိေနတာ ဒီလိုလုပ္ဖို႔လား။ ေဒါသထြက္စရာေကာင္းတဲ့ အဆုံးအျဖတ္မ်ိဳးကို ဒိုင္အဖြဲ႕က ခ်မွတ္သြားတာျဖစ္ၿပီး စိတ္ပ်က္ဖို႔ ေကာင္းခဲ့ပါတယ္”လို႔ ဆိုခဲ့သလို အလန္ ရွီးရားကေတာ့ “VAR က ဒီလိုမ်ိဳး မၾကာခဏ မွားေနေပမယ့္ ဒိုင္အဖြဲ႕ေတြကေတာ့ ပြဲေတြကို အသစ္ျပန္ကစားဖို႔ ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ဘူးေလ”လို႔ ခနဲ႔သြားခဲ့တာပါ။

ရွီးရားက ဒီမွာ ထိုင္ေနတဲ့ ၄ ေယာက္စလုံး ဒီပင္နယ္တီကို ကန႔္ကြက္တယ္လို႔ ေျပာသြားခဲ့ၿပီး ဒီအခ်ိန္မွာေတာ့ ပိုလန္ဂိုးသမား ရွခ်က္စနီအေနနဲ႔ သူ႔ေရွ႕က ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ တင္ရွိထားခဲ့တဲ့ ဘရက္ဒ္ ဖရီဒယ္လ္(အေမရိကန္)နဲ႔ ယန္ တိုမာရွက္ဗ္စကီး(ပိုလန္)တို႔ရဲ႕ ပင္နယ္တီႏွစ္ႀကိမ္ ကာကြယ္တဲ့ စံခ်ိန္ကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ ေနာက္ဆုံးပင္နယ္တီ ၇ လုံးဆက္တိုက္ ဝင္ေအာင္ကန္သြင္းယူထားႏိုင္ခဲ့တဲ့ အာဂ်င္တီးနားအသင္းေခါင္းေဆာင္အေနနဲ႔ ဒီပင္နယ္တီကို မဝင္ခဲ့တာဟာ ကံၾကမၼာတရားရဲ႕ ဆုံးမေပးခဲ့မႈျဖစ္ၿပီး ဘက္မလိုက္တဲ့ မွ်တမႈ ျဖစ္တယ္လို႔ ဆိုခဲ့ၾကၿပီး ဒီပြဲမွာေတာ့ ပိုလန္တို႔ ရႈံးခဲ့ေပမယ့္ ဂိုးေပါက္တည့္မႈ ၁၂ ႀကိမ္မွာ ၁၀ ႀကိမ္ ကာကြယ္ႏိုင္ခဲ့ၿပီး ႏွစ္ဂိုးသာ ေပးခဲ့ရတဲ့ ဂိုးသမား ရွခ်က္စနီကလည္း သူရဲေကာင္းလို ခ်ီးက်ဴးခံခဲ့ရတာပါ။

ပြဲအၿပီးမွာေတာ့ အာဂ်င္တီးနားနဲ႔ ပိုလန္တို႔ ႏွစ္သင္းစလုံး ရႈံးထြက္ ၁၆ သင္းအဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၾကတဲ့အတြက္ ဒီပင္နယ္တီကိစၥက ပြဲသိပ္မႀကီးလိုက္ဘဲ ဒီေလာက္နဲ႔ ရပ္တန႔္သြားခဲ့ၿပီး မက္ဆီကေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ၿပိဳင္ဆိုင္မႈျဖစ္တဲ့ ကမာၻ႔ဖလားသြင္းဂိုးစံခ်ိန္ ၈ ဂိုးခ်င္း တူညီေနမႈကိုေတာ့ အသာစီး မယူႏိုင္ဘဲ ျဖစ္ခဲ့ရၿပီး ေပၚတူဂီသားရဲ႕ လက္က်န္ ေတာင္ကိုရီးယားနဲ႔ပြဲကို ေစာင့္ၾကည့္ဖို႔ ပိုမိုစိတ္ဝင္စားစရာလည္း ျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.