International World Cup

ပွဲအပြီးမှာ ကွင်းထဲက မထွက်နိုင်ဘဲ ရင်တမမနဲ့ ထိုင်စောင့်ခဲ့ကြတဲ့ ပိုလန်အသင်း

ပြီးခဲ့တဲ့ အာဂျင်တီးနားနဲ့ ပိုလန်တို့ရဲ့ ကမ္ဘာ့ဖလားအုပ်စု (C)က နောက်ဆုံးပွဲစဉ်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲသိမ်းခရာ မှုတ်ခဲ့ပြီးတဲ့နောက်မှာ အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ အာဂျင်တီးနားတို့ အောင်ပွဲခံခဲ့ကြပြီး ကွင်းဘေးကို တဖြည်းဖြည်း ထွက်ခွာသွားခဲ့ကြပေမယ့် ပိုလန်အသင်းသားတွေနဲ့ တာဝန်ရှိသူတွေကတော့ ကွင်းထဲက မထွက်ခွာနိုင်ဘဲ ဖြစ်နေခဲ့ကြပါတယ်။

အကြောင်းကတော့ သူတို့တွေအနေနဲ့ အသင်းရဲ့ လက်ရှိမှာ ထွက်ပေါ်ထားတဲ့ အထက်မရောက် အောက်မရောက် ရလဒ်ကြောင့် တစ်ဖက်က ကစားနေတဲ့ မက္ကဆီကိုနဲ့ ဆော်ဒီ အာရေးဘီးယားတို့ ပွဲစဉ်ရဲ့ ရလဒ်ကို တိတိကျကျ သိရှိဖို့ လိုအပ်နေခဲ့လို့ဖြစ်ပြီး နာကျင်အချိန်ပိုမိနစ်တွေ ပိုများခဲ့တဲ့ တစ်ဖက်ပွဲကို ပြီးဆုံးတဲ့အထိ အသင်းခေါင်းဆောင် ရောဘတ် လီဗန်ဒေါ့ဗ်စကီး အပါအဝင် ပိုလန်တို့တွေ စောင့်ဆိုင်းနေခဲ့ကြတာပါ။

အာဂျင်တီးနားကို ပွဲချိန် ၆၈ မိနစ်ကတည်းက နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တဲ့ ပိုလန်အသင်းအနေနဲ့ ပွဲချိန် ၅၂ မိနစ်ကတည်းက ဆော်ဒီတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့တဲ့ မက္ကဆီကိုအသင်းနဲ့ ရလဒ်ချင်းရော ဂိုးကွာခြားချက်ပါ အတိအကျ တူညီနေခဲ့တာဖြစ်ပြီး ဒီလို တူညီနေခဲ့ရင် အဝါကတ်၊ အနီကတ်တွေကို ထည့်တွက်မယ့် Fair Play နဲ့ ဆုံးဖြတ်မယ့်အချိန်မှာတော့ အသာစီးရနေခဲ့တာဖြစ်ပါတယ်။

မက္ကဆီကိုတို့အနေနဲ့ ဆော်ဒီနဲ့ ကစားနေစဉ် အချိန်အတွင်း ၆ ဝါထိထားခဲ့ချိန်မှာ ပိုလန်တို့ကတော့ ၅ ဝါနဲ့ ပိုမိုသန့်ရှင်းတဲ့ အသင်းဖြစ် ရပ်တည်နိုင်ခဲ့ပြီး တကီလာအရက်နဲ့ ကျော်ကြားတဲ့ အလယ်အမေရိကသားတွေသာ ဂိုးထပ်မသွင်းဘူးဆိုရင် သူတို့တွေအနေနဲ့ နှာတစ်ဖျားအသာနဲ့ အောင်ပွဲခံနိုင်မှာဖြစ်လို့ နှစ်ဂိုးပေးပြီးတာနဲ့ ခံစစ်ပိတ်ကစားနေခဲ့တာကိုလည်း တွေ့ခဲ့ရတာပါ။

အာဂျင်တီးနားနဲ့ ပိုလန်တို့ရဲ့ ပွဲက အရင်ပြီးခဲ့ပြီး တစ်ဖက်မှာတော့ ပထမပိုင်းမှာကတည်းက နာကျင်အချိန်ပို ၇ မိနစ် ပေးခဲ့တာကြောင့် ပြန်လည်စတင်ချိန် အနည်းငယ် ကွာဟခဲ့သလို ဒုတိယပိုင်းမှာလည် ထပ်ဆောင်းချိန် ၉ မိနစ်အထိ ပေးခဲ့တဲ့ မက္ကဆီကိုနဲ့ ဆော်ဒီတို့ရဲ့ နှစ်ဂိုး-ဂိုးမရှိရလဒ် ထွက်ပေါ်နေခဲ့တဲ့ပွဲကို လီဗန်ဒေါ့ဗ်စကီးတို့အုပ်စုက ရင်တမမနဲ့ စောင့်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် သူတို့စောင့်နေတဲ့ Fair Play စည်းမျဉ်းနဲ့ နောက်တစ်ဆင့် တက်နိုင်မယ့် အနေအထားထက် ပိုမိုကောင်းမွန်တဲ့ အနေအထားကို ရရှိသွားခဲ့ကြပြီး နာကျင်အချိန်ပို ၅ မိနစ်မှာ ဘာမှ လုပ်နိုင်စွမ်း မရှိတော့ဘဲ နိုင်မှ နောက်တစ်ဆင့်တက်မယ့် ဆော်ဒီတို့အတွက် တိုက်စစ်မှူး ဆာလမ်း အယ်လ်ဒေါ်ဆာရီက ချေပဂိုးတစ်ဂိုး သွင်းယူသွားခဲ့တာပါ။

ဒီဂိုးကြောင့် မက္ကဆီကိုတို့နဲ့ အခြေအနေချင်း တူညီမှု ပျက်ပြယ်သွားခဲ့သလို ဂိုးကွာခြားအချက်အရ တစ်ဂိုးသာသွားခဲ့တဲ့ ပိုလန်တို့အနေနဲ့ တစ်ဖက်ပွဲအပြီးမှာတော့ စောင့်ဆိုင်းနေကြတဲ့ Stadium 974 ကွင်းထဲကနေ ပျော်ရွှင်နိုင်ခဲ့ကြတာဖြစ်ပြီး အုပ်စု(C)ရဲ့ ဒုတိယနေရာက နောက်တစ်ဆင့်တက်ဖို့ ဖြစ်လာခဲ့ကြသလို လာမယ့် တစ်ဆင့်မှာတော့ အုပ်စု(D)ရဲ့ ပထမရခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ရှုံးထွက်အဆင့်မှာ အပြိုင်နွှဲခွင့်ကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ အာဂ်င္တီးနားနဲ႔ ပိုလန္တို႔ရဲ႕ ကမာၻ႔ဖလားအုပ္စု (C)က ေနာက္ဆုံးပြဲစဥ္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲသိမ္းခရာ မႈတ္ခဲ့ၿပီးတဲ့ေနာက္မွာ အုပ္စုဗိုလ္ျဖစ္ခဲ့တဲ့ အာဂ်င္တီးနားတို႔ ေအာင္ပြဲခံခဲ့ၾကၿပီး ကြင္းေဘးကို တျဖည္းျဖည္း ထြက္ခြာသြားခဲ့ၾကေပမယ့္ ပိုလန္အသင္းသားေတြနဲ႔ တာဝန္ရွိသူေတြကေတာ့ ကြင္းထဲက မထြက္ခြာႏိုင္ဘဲ ျဖစ္ေနခဲ့ၾကပါတယ္။

အေၾကာင္းကေတာ့ သူတို႔ေတြအေနနဲ႔ အသင္းရဲ႕ လက္ရွိမွာ ထြက္ေပၚထားတဲ့ အထက္မေရာက္ ေအာက္မေရာက္ ရလဒ္ေၾကာင့္ တစ္ဖက္က ကစားေနတဲ့ မကၠဆီကိုနဲ႔ ေဆာ္ဒီ အာေရးဘီးယားတို႔ ပြဲစဥ္ရဲ႕ ရလဒ္ကို တိတိက်က် သိရွိဖို႔ လိုအပ္ေနခဲ့လို႔ျဖစ္ၿပီး နာက်င္အခ်ိန္ပိုမိနစ္ေတြ ပိုမ်ားခဲ့တဲ့ တစ္ဖက္ပြဲကို ၿပီးဆုံးတဲ့အထိ အသင္းေခါင္းေဆာင္ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး အပါအဝင္ ပိုလန္တို႔ေတြ ေစာင့္ဆိုင္းေနခဲ့ၾကတာပါ။

အာဂ်င္တီးနားကို ပြဲခ်ိန္ ၆၈ မိနစ္ကတည္းက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့တဲ့ ပိုလန္အသင္းအေနနဲ႔ ပြဲခ်ိန္ ၅၂ မိနစ္ကတည္းက ေဆာ္ဒီတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့တဲ့ မကၠဆီကိုအသင္းနဲ႔ ရလဒ္ခ်င္းေရာ ဂိုးကြာျခားခ်က္ပါ အတိအက် တူညီေနခဲ့တာျဖစ္ၿပီး ဒီလို တူညီေနခဲ့ရင္ အဝါကတ္၊ အနီကတ္ေတြကို ထည့္တြက္မယ့္ Fair Play နဲ႔ ဆုံးျဖတ္မယ့္အခ်ိန္မွာေတာ့ အသာစီးရေနခဲ့တာျဖစ္ပါတယ္။

မကၠဆီကိုတို႔အေနနဲ႔ ေဆာ္ဒီနဲ႔ ကစားေနစဥ္ အခ်ိန္အတြင္း ၆ ဝါထိထားခဲ့ခ်ိန္မွာ ပိုလန္တို႔ကေတာ့ ၅ ဝါနဲ႔ ပိုမိုသန႔္ရွင္းတဲ့ အသင္းျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီး တကီလာအရက္နဲ႔ ေက်ာ္ၾကားတဲ့ အလယ္အေမရိကသားေတြသာ ဂိုးထပ္မသြင္းဘူးဆိုရင္ သူတို႔ေတြအေနနဲ႔ ႏွာတစ္ဖ်ားအသာနဲ႔ ေအာင္ပြဲခံႏိုင္မွာျဖစ္လို႔ ႏွစ္ဂိုးေပးၿပီးတာနဲ႔ ခံစစ္ပိတ္ကစားေနခဲ့တာကိုလည္း ေတြ႕ခဲ့ရတာပါ။

အာဂ်င္တီးနားနဲ႔ ပိုလန္တို႔ရဲ႕ ပြဲက အရင္ၿပီးခဲ့ၿပီး တစ္ဖက္မွာေတာ့ ပထမပိုင္းမွာကတည္းက နာက်င္အခ်ိန္ပို ၇ မိနစ္ ေပးခဲ့တာေၾကာင့္ ျပန္လည္စတင္ခ်ိန္ အနည္းငယ္ ကြာဟခဲ့သလို ဒုတိယပိုင္းမွာလည္ ထပ္ေဆာင္းခ်ိန္ ၉ မိနစ္အထိ ေပးခဲ့တဲ့ မကၠဆီကိုနဲ႔ ေဆာ္ဒီတို႔ရဲ႕ ႏွစ္ဂိုး-ဂိုးမရွိရလဒ္ ထြက္ေပၚေနခဲ့တဲ့ပြဲကို လီဗန္ေဒါ့ဗ္စကီးတို႔အုပ္စုက ရင္တမမနဲ႔ ေစာင့္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ သူတို႔ေစာင့္ေနတဲ့ Fair Play စည္းမ်ဥ္းနဲ႔ ေနာက္တစ္ဆင့္ တက္ႏိုင္မယ့္ အေနအထားထက္ ပိုမိုေကာင္းမြန္တဲ့ အေနအထားကို ရရွိသြားခဲ့ၾကၿပီး နာက်င္အခ်ိန္ပို ၅ မိနစ္မွာ ဘာမွ လုပ္ႏိုင္စြမ္း မရွိေတာ့ဘဲ ႏိုင္မွ ေနာက္တစ္ဆင့္တက္မယ့္ ေဆာ္ဒီတို႔အတြက္ တိုက္စစ္မႉး ဆာလမ္း အယ္လ္ေဒၚဆာရီက ေခ်ပဂိုးတစ္ဂိုး သြင္းယူသြားခဲ့တာပါ။

ဒီဂိုးေၾကာင့္ မကၠဆီကိုတို႔နဲ႔ အေျခအေနခ်င္း တူညီမႈ ပ်က္ျပယ္သြားခဲ့သလို ဂိုးကြာျခားအခ်က္အရ တစ္ဂိုးသာသြားခဲ့တဲ့ ပိုလန္တို႔အေနနဲ႔ တစ္ဖက္ပြဲအၿပီးမွာေတာ့ ေစာင့္ဆိုင္းေနၾကတဲ့ Stadium 974 ကြင္းထဲကေန ေပ်ာ္႐ႊင္ႏိုင္ခဲ့ၾကတာျဖစ္ၿပီး အုပ္စု(C)ရဲ႕ ဒုတိယေနရာက ေနာက္တစ္ဆင့္တက္ဖို႔ ျဖစ္လာခဲ့ၾကသလို လာမယ့္ တစ္ဆင့္မွာေတာ့ အုပ္စု(D)ရဲ႕ ပထမရခဲ့တဲ့ ျပင္သစ္အသင္းနဲ႔ ရႈံးထြက္အဆင့္မွာ အၿပိဳင္ႏႊဲခြင့္ကို ဆက္လက္ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.