International Match Report World Cup

မက်ဆီ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ပိုလန်ကို အနိုင်ယူပြီး ရှုံးထွက်တက်တဲ့ အာဂျင်တီးနား

တစ်ပွဲထက်တစ်ပွဲ ပိုခြေမှန်လာနေတဲ့ အာဂျင်တီးနားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်၊ ခံစစ်မှာ ရိုမဲရိုး၊ အော့တာမန်ဒီ၊ မိုလီနာနဲ့ အကူညာတို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ဒီပေါလ်၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ မက္ကယ်လစ္စတာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်ဆီ၊ ဒီမာရီယာနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပိုလန်အသင်းကတော့ ဂိုးသမား ရှချက်စနီ၊ ခံစစ်မှာ ဂလစ်ခ်၊ ကီဗီယော်၊ ဘီရီရှင်စကီး၊ မက်တီ ကတ်ရှ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ခရာဟိုဗီယက်ခ်၊ ဘီလစ်ခ်၊ ဇီလင်စကီး၊ ဖရန်ကော့ဗ်စကီးတို့နဲ့ ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ လီဗန်ဒေါ့ဗ်စကီးနဲ့ ဆဗီဒါစကီးတို့ကို အသုံးပြုခဲ့တာပါ။

အာဂျင်တီးနားတို့အနေနဲ့ ကွင်းလယ်အဖျက်ကစားသမားစစ်စစ်ကို မသုံးခဲ့ဘဲ ခံစစ်အားပြုလွန်းတဲ့ ပိုလန်တို့အပေါ် စွန့်စားပြီး တစ်ကွက်ကောင်း အသာရဖို့ နည်းပြ စကာလိုနီက ကြိုးစားလာခဲ့သလို ဒီပေါလ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို ကွင်းလယ်မှာ Ball Carrier တွေအဖြစ် အသုံးတော်ခံခဲ့ချိန်မှာ မက္ကယ်လစ္စတာကတော့ ကွင်းလယ်ထက် ဘယ်ခြမ်းကို ပိုမိုအားပြုသွားခဲ့တာဖြစ်ပါတယ်။

ပိုလန်တို့ကတော့ ခံစစ်မှာ အချိန်ကုန်နေခဲ့တာများပြီး တစ်ပွဲလုံးမှာ တစ်ကြိမ်မှ ဂိုးပေါက်မတည့်ခဲ့သလို အာဂျင်တီးနားတို့ကို ဘောလုံး ၇၄ ရာခိုင်နှုန်းအထိ ပေးကိုင်ထားခဲ့ချိန်မှာ ဂိုးသမား ရှချက်စနီကတော့ ပိတ်ကစားတဲ့ သူ့ရဲ့ နောက်တန်းတွေကြားမှာ တော်တော်လေး အမှားအယွင်းကင်းကင်း လက်စွမ်းပြနိုင်ခဲ့တာပါ။

ပွဲကြာလာတာနဲ့ ဘောလုံးပေးကိုင်ထားတဲ့ ဒဏ်ကို ပိုလန်တို့ ခံနေခဲ့ရပြီး ညာခြမ်းက ဒီမာရီယာနဲ့ ဒီပေါလ်တို့ ဒီနှစ်ကောင်သာ တိုင်ပတ်မနေရင် အာဂျင်တီးနားတို့က ပိုပြီး အလုပ်ဖြစ်နိုင်ခဲ့သလို ပွဲချိန် ၃၂ မိနစ်မှာ ထောင့်ကန်ဘောကို တိုက်ရိုက်ကန်ထည့်တဲ့ ဒီမာရီယာရဲ့ ကြိုးစားမှုကိုလည်း သူ့ရဲ့ ဂျူဗင်တပ်စ်အသင်းဖော် ဂိုးသမား ရှချက်စနီက ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ မက်ဆီရဲ့ မျက်နှာကို လက်နဲ့ ရိုက်မိတဲ့ ဂိုးသမား ရှချက်စနီကြောင့် VAR နဲ့ နယ်သာလန်ဒိုင်လူကြီး မက်ခီလီတို့က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပေမယ့် မက်ဆီရဲ့ လှည့်စားမှု မအောင်မြင်ချိန်မှာ ရှချက်စနီက ပုတ်ထုတ်သွားနိုင်ခဲ့လို့ ပိုလန်တို့ ဂိုးမပေးခဲ့ရဘဲ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ကြတာပါ။

ဒုတိယပိုင်းအစမှာတော့ ပိုလန်တို့ဘက်က ဆဗီဒါစကီးနဲ့ ဖရန်ကော့ဗ်စကီးတို့အစား ဆကိုရာ့စ်နဲ့ ကာမင်စကီးတို့ကို လဲကစားခဲ့ပြီး ပွဲချိန် ၄၆ မိနစ်မှာတော့ အာဂျင်တီးနားတို့ ဂိုးသွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဒီမာရီယာ ပေးတဲ့ ဘောလုံးကို မိုလီနာက ဧရိယာထဲ ချိုးပေးရာမှာ အလယ်ကို ဝင်လာတဲ့ မက္ကယ်လစ္စတာက ဘယ်ဘက်တိုင်ထောင့်ကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မက်ဆီက အခွင့်အရေးတချို့ကို လွဲချော်ခဲ့အပြီးမှာ အာဂျင်တီးနားတို့ဘက်က အလုပ်သိပ်မဖြစ်တဲ့ ဒီမာရီယာနဲ့ အဝါကတ် ထိထားတဲ့ အကူညာတို့အစား ပါရေးဒက်စ်နဲ့ တာဂလီယာဖီကိုတို့ကို ထည့်ပြီး ကစားကွက်ကိုတော့ ၄-၄-၂ နဲ့ ၄-၃-၃ ကြား အရှင်ပြောင်းကစားသွားခဲ့သလို ပိုလန်တို့ဘက်ကတော့ ဘီလစ်ခ်အစား ရှီမန်စကီးကို ထပ်ပြောင်းလဲသွားခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ အာဂျင်တီးနားတို့ ဒုတိယ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ စိတ်ရှည်လက်ရှည် လူပေးပြီး လွတ်ကွက်ကို စောင့်နေခဲ့ပြီးမှ ဘောလုံးရသွားတဲ့ အန်ဇို ဖာနန်ဒက်ဇ်က ဧရိယာထဲ ထိုးပေးတာကို တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က တစ်ချက်ထိန်းပြီး ပိုလန်နောက်ခံလူနှစ်ယောက်ကြားကနေ ညာဘက်အပေါ်ထောင့်ကို လှမ်းကန်သွင်းခဲ့လို့ လက်စွမ်းပြနေတဲ့ ဂိုးသမား ရှချက်စနီ ခံလိုက်ရတာဖြစ်ပါတယ်။

နှစ်ဂိုးပေးအပြီးမှာတော့ တစ်ဖက်က မက္ကဆီကိုရဲ့ ရလဒ်ကို ထောက်လှမ်းနေခဲ့တဲ့ ပိုလန်တို့အနေနဲ့ နှစ်ဂိုးထက် ပိုမပြတ်ရင် နောက်တစ်ဆင့်ကို Fair Play နဲ့ တက်နိုင်သေးတာကို သဘောပေါက်ထားတဲ့အတွက် တိုက်စစ်ထက် ခံစစ်ကို ပိတ်ကစားဖို့ လုပ်သွားခဲ့ပြီး ဘယ်နောက်ခံလူ ဘီရီရှင်စကီးအစား ဗဟိုခံစစ်မှူး ယန့်ဒ်ဇေးဂျစ်ခ်ကို ထည့်သွင်းသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အာဂျင်တီးနားတို့ဘက်က အယ်လ်ဗာရက်ဇ်၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ မက္ကယ်လစ္စတာတို့အစား လော်တာရို မာတီနက်ဇ်၊ ပက်ဇယ်လာနဲ့ အယ်လ်မာဒါတို့ကို ထည့်ပြီး ပွဲကို ထိန်းကစားသွားခဲ့သလို ပိုလန်ဘက်ကတော့ ဂိုးများရနိုင်မလားဆိုပြီး ကွင်းလယ်က ခရာဟိုဗီယက်ခ်အစား ပီယွန်တက်ခ်ကို လူစားသွင်းသွားခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ အာဂျင်တီးနားတို့က နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

ဒီပွဲရလဒ်ကြောင့် အာဂျင်တီးနားတို့ နောက်ဆုံးနှစ်ပွဲမှာ ရယူနိုင်ခဲ့တဲ့ ရမှတ် ၆ မှတ်နဲ့ အုပ်စု(C)ရဲ့ ပထမနေရာက နောက်တစ်ဆင့်တက်ခဲ့သလို ရှုံးထွက်အဆင့်မှာ ဩစတေးလျနဲ့ ကစားရမှာဖြစ်ပြီး တစ်ဖက်မှာတော့ နာကျင်အချိန်ပိုမှာ အသည်းခွဲတဲ့ ဆော်ဒီတို့ရဲ့ ချေပဂိုးကြောင့် ပိုလန်တို့ ဂိုးကွာခြားချက်အရ နောက်တစ်ဆင့်တက်နိုင်ခဲ့ကြပြီး ပြင်သစ်နဲ့ ကစားရဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တစ္ပြဲထက္တစ္ပြဲ ပိုေျခမွန္လာေနတဲ့ အာဂ်င္တီးနားအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ေအာ့တာမန္ဒီ၊ မိုလီနာနဲ႔ အကူညာတို႔ကို သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒီေပါလ္၊ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ မကၠယ္လစၥတာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီ၊ ဒီမာရီယာနဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ပိုလန္အသင္းကေတာ့ ဂိုးသမား ရွခ်က္စနီ၊ ခံစစ္မွာ ဂလစ္ခ္၊ ကီဗီေယာ္၊ ဘီရီရွင္စကီး၊ မက္တီ ကတ္ရွ္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ခရာဟိုဗီယက္ခ္၊ ဘီလစ္ခ္၊ ဇီလင္စကီး၊ ဖရန္ေကာ့ဗ္စကီးတို႔နဲ႔ ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီးနဲ႔ ဆဗီဒါစကီးတို႔ကို အသုံးျပဳခဲ့တာပါ။

အာဂ်င္တီးနားတို႔အေနနဲ႔ ကြင္းလယ္အဖ်က္ကစားသမားစစ္စစ္ကို မသုံးခဲ့ဘဲ ခံစစ္အားျပဳလြန္းတဲ့ ပိုလန္တို႔အေပၚ စြန႔္စားၿပီး တစ္ကြက္ေကာင္း အသာရဖို႔ နည္းျပ စကာလိုနီက ႀကိဳးစားလာခဲ့သလို ဒီေပါလ္နဲ႔ အန္ဇို ဖာနန္ဒက္ဇ္ကို ကြင္းလယ္မွာ Ball Carrier ေတြအျဖစ္ အသုံးေတာ္ခံခဲ့ခ်ိန္မွာ မကၠယ္လစၥတာကေတာ့ ကြင္းလယ္ထက္ ဘယ္ျခမ္းကို ပိုမိုအားျပဳသြားခဲ့တာျဖစ္ပါတယ္။

ပိုလန္တို႔ကေတာ့ ခံစစ္မွာ အခ်ိန္ကုန္ေနခဲ့တာမ်ားၿပီး တစ္ပြဲလုံးမွာ တစ္ႀကိမ္မွ ဂိုးေပါက္မတည့္ခဲ့သလို အာဂ်င္တီးနားတို႔ကို ေဘာလုံး ၇၄ ရာခိုင္ႏႈန္းအထိ ေပးကိုင္ထားခဲ့ခ်ိန္မွာ ဂိုးသမား ရွခ်က္စနီကေတာ့ ပိတ္ကစားတဲ့ သူ႔ရဲ႕ ေနာက္တန္းေတြၾကားမွာ ေတာ္ေတာ္ေလး အမွားအယြင္းကင္းကင္း လက္စြမ္းျပႏိုင္ခဲ့တာပါ။

ပြဲၾကာလာတာနဲ႔ ေဘာလုံးေပးကိုင္ထားတဲ့ ဒဏ္ကို ပိုလန္တို႔ ခံေနခဲ့ရၿပီး ညာျခမ္းက ဒီမာရီယာနဲ႔ ဒီေပါလ္တို႔ ဒီႏွစ္ေကာင္သာ တိုင္ပတ္မေနရင္ အာဂ်င္တီးနားတို႔က ပိုၿပီး အလုပ္ျဖစ္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၃၂ မိနစ္မွာ ေထာင့္ကန္ေဘာကို တိုက္႐ိုက္ကန္ထည့္တဲ့ ဒီမာရီယာရဲ႕ ႀကိဳးစားမႈကိုလည္း သူ႔ရဲ႕ ဂ်ဴဗင္တပ္စ္အသင္းေဖာ္ ဂိုးသမား ရွခ်က္စနီက ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာ ျဖတ္တင္ေဘာကေန ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ မက္ဆီရဲ႕ မ်က္ႏွာကို လက္နဲ႔ ႐ိုက္မိတဲ့ ဂိုးသမား ရွခ်က္စနီေၾကာင့္ VAR နဲ႔ နယ္သာလန္ဒိုင္လူႀကီး မက္ခီလီတို႔က ပင္နယ္တီ သတ္မွတ္ေပးခဲ့ေပမယ့္ မက္ဆီရဲ႕ လွည့္စားမႈ မေအာင္ျမင္ခ်ိန္မွာ ရွခ်က္စနီက ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ ပိုလန္တို႔ ဂိုးမေပးခဲ့ရဘဲ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ၾကတာပါ။

ဒုတိယပိုင္းအစမွာေတာ့ ပိုလန္တို႔ဘက္က ဆဗီဒါစကီးနဲ႔ ဖရန္ေကာ့ဗ္စကီးတို႔အစား ဆကိုရာ့စ္နဲ႔ ကာမင္စကီးတို႔ကို လဲကစားခဲ့ၿပီး ပြဲခ်ိန္ ၄၆ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ ဂိုးသြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဒီမာရီယာ ေပးတဲ့ ေဘာလုံးကို မိုလီနာက ဧရိယာထဲ ခ်ိဳးေပးရာမွာ အလယ္ကို ဝင္လာတဲ့ မကၠယ္လစၥတာက ဘယ္ဘက္တိုင္ေထာင့္ကို အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ မက္ဆီက အခြင့္အေရးတခ်ိဳ႕ကို လြဲေခ်ာ္ခဲ့အၿပီးမွာ အာဂ်င္တီးနားတို႔ဘက္က အလုပ္သိပ္မျဖစ္တဲ့ ဒီမာရီယာနဲ႔ အဝါကတ္ ထိထားတဲ့ အကူညာတို႔အစား ပါေရးဒက္စ္နဲ႔ တာဂလီယာဖီကိုတို႔ကို ထည့္ၿပီး ကစားကြက္ကိုေတာ့ ၄-၄-၂ နဲ႔ ၄-၃-၃ ၾကား အရွင္ေျပာင္းကစားသြားခဲ့သလို ပိုလန္တို႔ဘက္ကေတာ့ ဘီလစ္ခ္အစား ရွီမန္စကီးကို ထပ္ေျပာင္းလဲသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ ဒုတိယ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ စိတ္ရွည္လက္ရွည္ လူေပးၿပီး လြတ္ကြက္ကို ေစာင့္ေနခဲ့ၿပီးမွ ေဘာလုံးရသြားတဲ့ အန္ဇို ဖာနန္ဒက္ဇ္က ဧရိယာထဲ ထိုးေပးတာကို တိုက္စစ္မႉး အယ္လ္ဗာရက္ဇ္က တစ္ခ်က္ထိန္းၿပီး ပိုလန္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ညာဘက္အေပၚေထာင့္ကို လွမ္းကန္သြင္းခဲ့လို႔ လက္စြမ္းျပေနတဲ့ ဂိုးသမား ရွခ်က္စနီ ခံလိုက္ရတာျဖစ္ပါတယ္။

ႏွစ္ဂိုးေပးအၿပီးမွာေတာ့ တစ္ဖက္က မကၠဆီကိုရဲ႕ ရလဒ္ကို ေထာက္လွမ္းေနခဲ့တဲ့ ပိုလန္တို႔အေနနဲ႔ ႏွစ္ဂိုးထက္ ပိုမျပတ္ရင္ ေနာက္တစ္ဆင့္ကို Fair Play နဲ႔ တက္ႏိုင္ေသးတာကို သေဘာေပါက္ထားတဲ့အတြက္ တိုက္စစ္ထက္ ခံစစ္ကို ပိတ္ကစားဖို႔ လုပ္သြားခဲ့ၿပီး ဘယ္ေနာက္ခံလူ ဘီရီရွင္စကီးအစား ဗဟိုခံစစ္မႉး ယန႔္ဒ္ေဇးဂ်စ္ခ္ကို ထည့္သြင္းသြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အာဂ်င္တီးနားတို႔ဘက္က အယ္လ္ဗာရက္ဇ္၊ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ မကၠယ္လစၥတာတို႔အစား ေလာ္တာ႐ို မာတီနက္ဇ္၊ ပက္ဇယ္လာနဲ႔ အယ္လ္မာဒါတို႔ကို ထည့္ၿပီး ပြဲကို ထိန္းကစားသြားခဲ့သလို ပိုလန္ဘက္ကေတာ့ ဂိုးမ်ားရႏိုင္မလားဆိုၿပီး ကြင္းလယ္က ခရာဟိုဗီယက္ခ္အစား ပီယြန္တက္ခ္ကို လူစားသြင္းသြားခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ အာဂ်င္တီးနားတို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၾကပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ အာဂ်င္တီးနားတို႔ ေနာက္ဆုံးႏွစ္ပြဲမွာ ရယူႏိုင္ခဲ့တဲ့ ရမွတ္ ၆ မွတ္နဲ႔ အုပ္စု(C)ရဲ႕ ပထမေနရာက ေနာက္တစ္ဆင့္တက္ခဲ့သလို ရႈံးထြက္အဆင့္မွာ ဩစေတးလ်နဲ႔ ကစားရမွာျဖစ္ၿပီး တစ္ဖက္မွာေတာ့ နာက်င္အခ်ိန္ပိုမွာ အသည္းခြဲတဲ့ ေဆာ္ဒီတို႔ရဲ႕ ေခ်ပဂိုးေၾကာင့္ ပိုလန္တို႔ ဂိုးကြာျခားခ်က္အရ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ၾကၿပီး ျပင္သစ္နဲ႔ ကစားရဖို႔ ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.