Premier League

၁၇.၂.၂၀၂၀ တစ္ေန႔တာ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ားစုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ခ်ဲလ္ဆီးအသင္းနဲ႔ အေဝးကြင္းမွာ သြားေရာက္ကစားရမယ့္ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ အငွားနဲ႔ ေခၚယူထားတဲ့ တုိက္စစ္မွဴးသစ္ အိုဒီယြန္ အီဂါလို ပါဝင္ကစားႏုိင္ဖို႔ ရွိေနတယ္လို႔ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက ေျပာၾကားလုိက္ၿပီး အၿပီးသတ္ေခၚယူႏုိင္ေျခလည္း ရွိေၾကာင္းဆို။

– ေပၚတူဂီဂႏၴဝင္ကစားသမားေဟာင္း လူးဝစ္ ဖီဂိုက ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ေပၚတူဂီမွာ အေကာင္းဆုံးကြင္းလယ္ဖန္တီးရွင္ေတြထဲက တစ္ဦးျဖစ္ၿပီး ဂိုးသြင္းယူႏုိင္တဲ့ အစြမ္းအစလည္းရွိလို႔ မန္ခ်က္စတာယူႏုိက္တက္မွာ ေအာင္ျမင္ႏိုင္မယ့္သူျဖစ္တယ္လုိ႔ ေထာက္ခံေျပာၾကား။

– စတမ္းဖုိ႔ဘရစ္ခ်္ကို သြားေရာက္ရမယ့္ မန္ခ်က္စတာယူႏုိက္တက္အသင္းလူစာရင္းမွာ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာနဲ႔ စေကာ့ မက္ေတာ္မီေနး၊ ေနာက္ခံလူေတြျဖစ္ၾကတဲ့ အိတ္ဇယ္လ္ တြမ္ဇီဘီနဲ႔ တီမိုသီ ဖိုဆူမန္ဆာတုိ႔ လြဲေခ်ာ္မယ္လုိ႔ နည္းျပ ဆုိးလ္ရွားဆုိ။

– အသင္းႀကီးေတြျဖစ္တဲ့ ပီအက္စ္ဂ်ီနဲ႔ ခ်ဲလ္ဆီးတုိ႔က စိတ္ဝင္စားေနခဲ့ၾကတဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ကို ရွက္ဖီးလ္ဒ္ယူႏုိက္တက္ကိုပဲ ေရာင္းခ်ဖို႔ ေဆြးေႏြးသြားမယ္လို႔ တာဝန္ရွိသူေတြက ဆုိခဲ့ၿပီး ျပန္လည္ေခၚယူခြင့္ကိုပါ ထည့္သြင္းညႇိႏွဳိင္ဖို႔ ရွိေန။

– မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို မရရွိခဲ့ရင္ေတာင္မွ ေႏြရာသီအေျပာင္းအေရႊ႕မွာ သုံးစြဲဖို႔အတြက္ ေငြေၾကးအလုံအေလာက္ ရရွိထားၿပီး နည္းျပသစ္ (သို႔မဟုတ္) ဆုိးလ္ရွားအေနနဲ႔ ေပါင္ ၂၇၄ သန္းအထိ ကမာၻ႕အဆင့္ကစားသမားေတြကို ေခၚဖို႔ သုံးစြဲႏိုင္မွာျဖစ္တယ္လုိ႔ သည္ဆန္းေဖာ္ျပ။

– စေမာလင္းကို ႐ိုးမားက ေခၚယူႏုိင္မယ့္ အခြင့္အေရးနည္းပါးလာခဲ့ၿပီး ေရာမသားေတြရဲ႕ ခ်န္ပီယံလိဂ္နဲ႔ လြဲေခ်ာ္ႏုိင္ေျခေၾကာင့္ ေငြေၾကးက်ပ္တည္းလာႏိုင္မွဳေၾကာင့္ျဖစ္၊ အဲဗာတန္နဲ႔ စပါးစ္တို႔မွ အဆိုပါအသက္ ၃၀ အရြယ္ေနာက္ခံလူအား စိတ္ဝင္စားေနၿပီး ေပါင္ ၁၆.၅ သန္း ရလွ်င္ ေရာင္းခ်ဖြယ္ရွိ။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ချဲလ်ဆီးအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းမှာ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် အိုဒီယွန် အီဂါလို ပါဝင်ကစားနိုင်ဖို့ ရှိနေတယ်လို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ပြောကြားလိုက်ပြီး အပြီးသတ်ခေါ်ယူနိုင်ခြေလည်း ရှိကြောင်းဆို။

– ပေါ်တူဂီဂန္ထဝင်ကစားသမားဟောင်း လူးဝစ် ဖီဂိုက ဘရူနို ဖာနန်ဒက်စ်ဟာ ပေါ်တူဂီမှာ အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တွေထဲက တစ်ဦးဖြစ်ပြီး ဂိုးသွင်းယူနိုင်တဲ့ အစွမ်းအစလည်းရှိလို့ မန်ချက်စတာယူနိုက်တက်မှာ အောင်မြင်နိုင်မယ့်သူဖြစ်တယ်လို့ ထောက်ခံပြောကြား။

– စတမ်းဖို့ဘရစ်ချ်ကို သွားရောက်ရမယ့် မန်ချက်စတာယူနိုက်တက်အသင်းလူစာရင်းမှာ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ စကော့ မက်တော်မီနေး၊ နောက်ခံလူတွေဖြစ်ကြတဲ့ အိတ်ဇယ်လ် တွမ်ဇီဘီနဲ့ တီမိုသီ ဖိုဆူမန်ဆာတို့ လွဲချော်မယ်လို့ နည်းပြ ဆိုးလ်ရှားဆို။

– အသင်းကြီးတွေဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့က စိတ်ဝင်စားနေခဲ့ကြတဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ကို ရှက်ဖီးလ်ဒ်ယူနိုက်တက်ကိုပဲ ရောင်းချဖို့ ဆွေးနွေးသွားမယ်လို့ တာဝန်ရှိသူတွေက ဆိုခဲ့ပြီး ပြန်လည်ခေါ်ယူခွင့်ကိုပါ ထည့်သွင်းညှိနှိုင်ဖို့ ရှိနေ။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မရရှိခဲ့ရင်တောင်မှ နွေရာသီအပြောင်းအရွှေ့မှာ သုံးစွဲဖို့အတွက် ငွေကြေးအလုံအလောက် ရရှိထားပြီး နည်းပြသစ် (သို့မဟုတ်) ဆိုးလ်ရှားအနေနဲ့ ပေါင် ၂၇၄ သန်းအထိ ကမ္ဘာ့အဆင့်ကစားသမားတွေကို ခေါ်ဖို့ သုံးစွဲနိုင်မှာဖြစ်တယ်လို့ သည်ဆန်းဖော်ပြ။

– စမောလင်းကို ရိုးမားက ခေါ်ယူနိုင်မယ့် အခွင့်အရေးနည်းပါးလာခဲ့ပြီး ရောမသားတွေရဲ့ ချန်ပီယံလိဂ်နဲ့ လွဲချော်နိုင်ခြေကြောင့် ငွေကြေးကျပ်တည်းလာနိုင်မှုကြောင့်ဖြစ်၊ အဲဗာတန်နဲ့ စပါးစ်တို့မှ အဆိုပါအသက် ၃၀ အရွယ်နောက်ခံလူအား စိတ်ဝင်စားနေပြီး ပေါင် ၁၆.၅ သန်း ရလျှင် ရောင်းချဖွယ်ရှိ။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.