International World Cup

မက်ဆီနဲ့အာဂျင်တီးနားတို့ ဒီနေ့ညမှာ ဘယ်လိုရလဒ်ထွက်ရင် အုပ်စုကနေ လှည့်ပြန်ရနိုင်လဲ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားအတွက်တော့ အကောင်းအဆိုး ရောထွေးနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲလို့ ပြောရင် မှန်မယ် ထင်ပါတယ်။

ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ဆော်ဒီ အာရေဗျကို ၂-၁ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် အာဂျင်တီးနားအသင်းဟာ မက္ကဆီကိုအသင်းကို ပြီးခဲ့တဲ့အပတ်မှာ ၂-၀ နဲ့ နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် အာဂျင်တီးနားအသင်းဟာ အုပ်စု C ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အုပ်စုဗိုလ်ဖြစ်တဲ့ ပိုလန်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ယနေ့ညပွဲမတိုင်ခင်မှာ ကံတရားက မသေချာမရေရာဖြစ်နေဆဲ ဖြစ်ပါတယ်။

ဒိုဟာမြို့မှာ မက်ဆီရဲ့အသင်း နိုင်ပွဲရရှိခဲ့မယ်ဆိုရင် ပိုလန်အသင်းကို ကျော်ဖြတ်ပြီး ၁၆ သင်းရှုံးထွက်အဆင့် တက်ရောက်နိုင်မှာဖြစ်ပေမယ့်လည်း ဒီနိုင်ပွဲက အုပ်စု C ပထမနေရာမှာ ရပ်တည်နိုင်စေဖို့ မလုံလောက်သေးတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ဆော်ဒီ အာရေဗျအသင်းကလည်း အုပ်စုဗိုလ်အဖြစ်နဲ့ နောက်ထပ်တစ်ဆင့် တက်ရောက်နိုင်ဖို့ အခွင့်အရေး ရှိနေသေးတာကြောင့်ဖြစ်ပြီး အယ်လ်ဗေး ဟွန်နာ့ဒ်ရဲ့အသင်းကလည်း နိုင်ပွဲရခဲ့ရင် ၆ မှတ်အထိ ရရှိသွားမှာဖြစ်တဲ့အတွက် ဂိုးကွာခြားချက်က အုပ်စု C ကနေ အုပ်စုဗိုလ်အဖြစ် တက်မလဲဆိုတာကို အဆုံးအဖြတ်ဖြစ်လာမှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းအတွက်ကတော့ နိုင်ပွဲမဖြစ်မနေ ရရှိဖို့ လိုအပ်မှာဖြစ်ပြီး ပိုလန်နဲ့သရေသာကျခဲ့ရင်တော့ ဆော်ဒီနဲ့ မက္ကဆီကိုရဲ့ ပွဲကိုပဲ စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။ ဆော်ဒီ အာရေဗျအသင်းသာ နိုင်ပွဲရရှိသွားမယ်ဆိုရင် အာဂျင်တီးနားအသင်း အုပ်စုကနေ ထွက်ရမှာဖြစ်ပြီး သရေကျခဲ့ရင်တော့ ရှုံးထွက်တက်နိုင်မှာ ဖြစ်ပြီး မက္ကဆီကိုက အနိုင်ရရှိသွားရင်လည်း နောက်ထပ်တစ်ကြိမ် ဂိုးကွာခြားချက်က အရေးပါလာဦးမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းသာ လီဗန်ဒေါ့ဗ်စကီးရဲ့ ပိုလန်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂၀၀၂ တောင်ကိုရီးယား-ဂျပန် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထဆုံးအကြိမ် အုပ်စုအဆင့်ကနေ ထွက်ခွာရမှု ဖြစ်လာမှာဖြစ်ပြီး လီယွန်နယ် မက်ဆီရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ဖလားကိုင်မြှောက်ချင်တဲ့အိပ်မက်ကလည်း အဆုံးသတ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ လီယြန္နယ္ မက္ဆီနဲ႔ အာဂ်င္တီးနားအတြက္ေတာ့ အေကာင္းအဆိုး ေရာေထြးေနတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲလို႔ ေျပာရင္ မွန္မယ္ ထင္ပါတယ္။

ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာ ေဆာ္ဒီ အာေရဗ်ကို ၂-၁ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အာဂ်င္တီးနားအသင္းဟာ မကၠဆီကိုအသင္းကို ၿပီးခဲ့တဲ့အပတ္မွာ ၂-၀ နဲ႔ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ အာဂ်င္တီးနားအသင္းဟာ အုပ္စု C ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး အုပ္စုဗိုလ္ျဖစ္တဲ့ ပိုလန္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ယေန႔ညပြဲမတိုင္ခင္မွာ ကံတရားက မေသခ်ာမေရရာျဖစ္ေနဆဲ ျဖစ္ပါတယ္။

ဒိုဟာၿမိဳ႕မွာ မက္ဆီရဲ႕အသင္း ႏိုင္ပြဲရရွိခဲ့မယ္ဆိုရင္ ပိုလန္အသင္းကို ေက်ာ္ျဖတ္ၿပီး ၁၆ သင္းရႈံးထြက္အဆင့္ တက္ေရာက္ႏိုင္မွာျဖစ္ေပမယ့္လည္း ဒီႏိုင္ပြဲက အုပ္စု C ပထမေနရာမွာ ရပ္တည္ႏိုင္ေစဖို႔ မလုံေလာက္ေသးတာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ဘာေၾကာင့္လဲဆိုရင္ ေဆာ္ဒီ အာေရဗ်အသင္းကလည္း အုပ္စုဗိုလ္အျဖစ္နဲ႔ ေနာက္ထပ္တစ္ဆင့္ တက္ေရာက္ႏိုင္ဖို႔ အခြင့္အေရး ရွိေနေသးတာေၾကာင့္ျဖစ္ၿပီး အယ္လ္ေဗး ဟြန္နာ့ဒ္ရဲ႕အသင္းကလည္း ႏိုင္ပြဲရခဲ့ရင္ ၆ မွတ္အထိ ရရွိသြားမွာျဖစ္တဲ့အတြက္ ဂိုးကြာျခားခ်က္က အုပ္စု C ကေန အုပ္စုဗိုလ္အျဖစ္ တက္မလဲဆိုတာကို အဆုံးအျဖတ္ျဖစ္လာမွာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းအတြက္ကေတာ့ ႏိုင္ပြဲမျဖစ္မေန ရရွိဖို႔ လိုအပ္မွာျဖစ္ၿပီး ပိုလန္နဲ႔သေရသာက်ခဲ့ရင္ေတာ့ ေဆာ္ဒီနဲ႔ မကၠဆီကိုရဲ႕ ပြဲကိုပဲ ေစာင့္ၾကည့္သြားရေတာ့မွာ ျဖစ္ပါတယ္။ ေဆာ္ဒီ အာေရဗ်အသင္းသာ ႏိုင္ပြဲရရွိသြားမယ္ဆိုရင္ အာဂ်င္တီးနားအသင္း အုပ္စုကေန ထြက္ရမွာျဖစ္ၿပီး သေရက်ခဲ့ရင္ေတာ့ ရႈံးထြက္တက္ႏိုင္မွာ ျဖစ္ၿပီး မကၠဆီကိုက အႏိုင္ရရွိသြားရင္လည္း ေနာက္ထပ္တစ္ႀကိမ္ ဂိုးကြာျခားခ်က္က အေရးပါလာဦးမွာ ျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းသာ လီဗန္ေဒါ့ဗ္စကီးရဲ႕ ပိုလန္ကို ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ၂၀၀၂ ေတာင္ကိုရီးယား-ဂ်ပန္ ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္း ပထဆုံးအႀကိမ္ အုပ္စုအဆင့္ကေန ထြက္ခြာရမႈ ျဖစ္လာမွာျဖစ္ၿပီး လီယြန္နယ္ မက္ဆီရဲ႕ ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကမာၻ႔ဖလားကိုင္ေျမႇာက္ခ်င္တဲ့အိပ္မက္ကလည္း အဆုံးသတ္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.