International World Cup

ကာတာက ဘောလုံးကွင်းတွေမှာ ဖြစ်နေတဲ့ အကြီးမားဆုံးပြဿနာကို ပြောလိုက်တဲ့ အန်တိုနီ

ဘရာဇီးလ်တောင်ပံကြယ်ပွင့် အန်တိုနီက ဘရာဇီးလ်အသင်းသားတွေဟာ ကာတာက ကမ္ဘာ့ဖလားဘောလုံးကွင်းထဲမှာ ပွဲကစားပြီးနောက် နာမကျန်းဖြစ်လာနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကြယ်ပွင့်တိုက်စစ်မှူး နေမာကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဆုံးရှုံးထားရပြီးဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်ရလောက်တဲ့အထိတော့ ဒဏ်ရာမပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်နည်းပြ တီတီဟာ ဆွစ်ဇာလန်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ တနင်္လာနေ့နိုင်ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေမှာ အန်တိုနီ၊ ပါကယ်တာ၊ အယ်လစ်ဆန်တို့အားလုံးဟာ လေ့ကျင့်ရေးကွင်းမှာ တစ်ယောက်တစ်နေရာစီ ထိုင်ပြီး တုပ်ကွေးလိုမျိုး လက္ခဏာတွေ ဖြစ်နေတယ်လို့ စောဒကတက်မှုကြောင့် လေ့ကျင့်ရေးလုပ်ရာမှာ နှောင့်နှေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီကစားသမား ၃ ဦးစလုံးဟာ ၉၇၄ ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး အန်တိုနီက အရန်ခုံကနေ ဝင်ကစားနိုင်ခဲ့ပေမယ့်လည်း ပါကယ်တာကတော့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ အယ်လစ်ဆန်တစ်ဦးတည်းသာ ပွဲချိန် မိနစ် ၉၀ အပြည့်ကစားနိုင်ခဲ့ပြီး ဘရာဇီးလ်ဟာ နောက်ဆုံးမှာတော့ အုပ်စု G ပြိုင်ဘက်တွေကို ကက်စမီရိုရဲ့ နောက်ကျ သွင်းဂိုးနဲ့အတူ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အန်တိုနီက ပူပြင်းတဲ့ ရာသီဥတုအောက်မှာ ၎င်းနဲ့ အသင်းဖော်တွေကို နေထိုင်မကောင်းဖြစ်စေခဲ့တဲ့ အိမ်ရှင်ကာတာရဲ့ ကွင်းတွေကို ပြစ်တင်ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ “အဲဒါက နည်းနည်း ခက်ခဲခဲ့ပါတယ်။ ကျွန်တော်ဆို ရက်အနည်းငယ်လောက် နေထိုင်မကောင်းဖြစ်သွားခဲ့ပြီး အဲဒါက နည်းနည်းတော့ ကျွန်တော့်ကို စိတ်ရှုပ်ထွေးစေခဲ့တယ်”လို့ အသက် ၂၂ နှစ်အရွယ် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်က ESPN Brazil ကို ပြောကြားခဲ့ပြီး ဘယ်အရာက ၎င်းကို နာမကျန်းဖြစ်စေခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးလည်း သံသယလုံးဝမရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ကောင်းကောင်း ပြန်သက်သာလာနေပြီဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း နေကောင်းနေပါပြီ။ နာမကျန်းဖြစ်တာ၊ လည်ချောင်းနာတာထက်ကို ပိုခဲ့ပါတယ်။ အဲဒါက ကွင်းထဲက လေအေးပေးစက်ကြောင့်ပါ။ ကျွန်တော်ပဲမဟုတ်ဘူး။ တခြားကစားသမားတွေလည်း ချောင်းဆိုးပြီး လည်ချောင်းနာခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ နာမကျန်းဖြစ်တာက အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော် အသင်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းဖြစ်ရလို့ ပျော်ရွှင်နေပါတယ်။ ခင်ဗျား အန်တိုနီကို လိုအပ်တဲ့ ဘယ်အချိန်မဆို ကျွန်တော်က အဆင်သင့်ဖြစ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့် ရရှိခဲ့တဲ့အချိန်မှာ ကစားသမားတွေအနေနဲ့ ပင်လယ်ကွေ့ပြည်နယ်ရဲ့ လွန်ကဲတဲ့အပူရှိန်ကနေ အကာအကွယ်ဖြစ်စေဖို့ ဘောလုံးကွင်းတွေမှာ အဆင့်မြင့် အအေးပေးစနစ်တွေကို တပ်ဆင်ဖို့အတွက် သန်းပေါင်းများစွာ သုံးစွဲသွားဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ ကြီးမားတဲ့ လေအေးပေးစက်ကြီးတွေကို နေ့ခင်းဘက်မှာ အပူရှိန် ၅၀ ဒီဂရီ ဆဲလ်စီးယပ်စ်လောက် ရောက်ရှိနိုင်တဲ့ ဒေသက ဘောလုံးကွင်းအတွင်း ပွဲကစားတဲ့နေရာတွေမှာ အေးမြနေအောင် ကွင်းထိပ်ဆုံးမှာ တပ်ဆင်ထားခဲ့တာဖြစ်ပါတယ်။

ပြဿနာကတော့ ပွဲစီစဉ်သူတွေဟာ လေအေးပေးစနစ်နဲ့ပတ်သက်ပြီး အလွန်အကျွံလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း ပွဲကြည့်ရှုနေချိန်အတွင်း အအေးမိသလို ခံစားရတဲ့အကြောင်း စောဒကတက်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့ထိပ်တန်းကစားသမားတွေထဲက အချို့ကလည်း ကာတာက ဘောလုံးကွင်းထဲက လေအေးပေးစနစ်နဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေကို ထုတ်ဖော်ပြောဆိုလာခဲ့ပြီဖြစ်ပြီး ကမ္ဘာဖလားပြိုင်ပွဲအသင်းနည်းပြတွေဟာ သဲကန္တရာထဲမှာ ကစားသမားတွေ အအေးမိပြီး အလားတူ နာမကျန်းဖြစ်မှုတွေကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ေတာင္ပံၾကယ္ပြင့္ အန္တိုနီက ဘရာဇီးလ္အသင္းသားေတြဟာ ကာတာက ကမာၻ႔ဖလားေဘာလုံးကြင္းထဲမွာ ပြဲကစားၿပီးေနာက္ နာမက်န္းျဖစ္လာေနၾကတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘရာဇီးလ္အသင္းဟာ ၾကယ္ပြင့္တိုက္စစ္မႉး ေနမာကို ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ဆုံးရႈံးထားရၿပီးျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ လြဲေခ်ာ္ရေလာက္တဲ့အထိေတာ့ ဒဏ္ရာမျပင္းထန္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္နည္းျပ တီတီဟာ ဆြစ္ဇာလန္ကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ့ တနလၤာေန႔ႏိုင္ပြဲမတိုင္ခင္ ႀကိဳတင္ျပင္ဆင္မႈေတြမွာ အန္တိုနီ၊ ပါကယ္တာ၊ အယ္လစ္ဆန္တို႔အားလုံးဟာ ေလ့က်င့္ေရးကြင္းမွာ တစ္ေယာက္တစ္ေနရာစီ ထိုင္ၿပီး တုပ္ေကြးလိုမ်ိဳး လကၡဏာေတြ ျဖစ္ေနတယ္လို႔ ေစာဒကတက္မႈေၾကာင့္ ေလ့က်င့္ေရးလုပ္ရာမွာ ေႏွာင့္ေႏွးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီကစားသမား ၃ ဦးစလုံးဟာ ၉၇၄ ကြင္းမွာ ကစားခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားေပးႏိုင္ခဲ့ၿပီး အန္တိုနီက အရန္ခုံကေန ဝင္ကစားႏိုင္ခဲ့ေပမယ့္လည္း ပါကယ္တာကေတာ့ ပထမပိုင္းအၿပီးမွာ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။ အယ္လစ္ဆန္တစ္ဦးတည္းသာ ပြဲခ်ိန္ မိနစ္ ၉၀ အျပည့္ကစားႏိုင္ခဲ့ၿပီး ဘရာဇီးလ္ဟာ ေနာက္ဆုံးမွာေတာ့ အုပ္စု G ၿပိဳင္ဘက္ေတြကို ကက္စမီ႐ိုရဲ႕ ေနာက္က် သြင္းဂိုးနဲ႔အတူ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အန္တိုနီက ပူျပင္းတဲ့ ရာသီဥတုေအာက္မွာ ၎နဲ႔ အသင္းေဖာ္ေတြကို ေနထိုင္မေကာင္းျဖစ္ေစခဲ့တဲ့ အိမ္ရွင္ကာတာရဲ႕ ကြင္းေတြကို ျပစ္တင္ေဝဖန္လိုက္တာ ျဖစ္ပါတယ္။ “အဲဒါက နည္းနည္း ခက္ခဲခဲ့ပါတယ္။ ကြၽန္ေတာ္ဆို ရက္အနည္းငယ္ေလာက္ ေနထိုင္မေကာင္းျဖစ္သြားခဲ့ၿပီး အဲဒါက နည္းနည္းေတာ့ ကြၽန္ေတာ့္ကို စိတ္ရႈပ္ေထြးေစခဲ့တယ္”လို႔ အသက္ ၂၂ ႏွစ္အ႐ြယ္ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္က ESPN Brazil ကို ေျပာၾကားခဲ့ၿပီး ဘယ္အရာက ၎ကို နာမက်န္းျဖစ္ေစခဲ့လဲဆိုတာနဲ႔ပတ္သက္ၿပီးလည္း သံသယလုံးဝမရွိခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေကာင္းေကာင္း ျပန္သက္သာလာေနၿပီျဖစ္ၿပီး ၁၀၀ ရာခိုင္ႏႈန္း ေနေကာင္းေနပါၿပီ။ နာမက်န္းျဖစ္တာ၊ လည္ေခ်ာင္းနာတာထက္ကို ပိုခဲ့ပါတယ္။ အဲဒါက ကြင္းထဲက ေလေအးေပးစက္ေၾကာင့္ပါ။ ကြၽန္ေတာ္ပဲမဟုတ္ဘူး။ တျခားကစားသမားေတြလည္း ေခ်ာင္းဆိုးၿပီး လည္ေခ်ာင္းနာခဲ့ၾကတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ နာမက်န္းျဖစ္တာက အရမ္းခက္ခဲပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အသင္းရဲ႕ အေရးပါတဲ့အစိတ္အပိုင္းျဖစ္ရလို႔ ေပ်ာ္႐ႊင္ေနပါတယ္။ ခင္ဗ်ား အန္တိုနီကို လိုအပ္တဲ့ ဘယ္အခ်ိန္မဆို ကြၽန္ေတာ္က အဆင္သင့္ျဖစ္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၁၂ ႏွစ္တုန္းက ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲကို က်င္းပခြင့္ ရရွိခဲ့တဲ့အခ်ိန္မွာ ကစားသမားေတြအေနနဲ႔ ပင္လယ္ေကြ႕ျပည္နယ္ရဲ႕ လြန္ကဲတဲ့အပူရွိန္ကေန အကာအကြယ္ျဖစ္ေစဖို႔ ေဘာလုံးကြင္းေတြမွာ အဆင့္ျမင့္ အေအးေပးစနစ္ေတြကို တပ္ဆင္ဖို႔အတြက္ သန္းေပါင္းမ်ားစြာ သုံးစြဲသြားဖို႔ သေဘာတူညီခဲ့တာျဖစ္ပါတယ္။ ႀကီးမားတဲ့ ေလေအးေပးစက္ႀကီးေတြကို ေန႔ခင္းဘက္မွာ အပူရွိန္ ၅၀ ဒီဂရီ ဆဲလ္စီးယပ္စ္ေလာက္ ေရာက္ရွိႏိုင္တဲ့ ေဒသက ေဘာလုံးကြင္းအတြင္း ပြဲကစားတဲ့ေနရာေတြမွာ ေအးျမေနေအာင္ ကြင္းထိပ္ဆုံးမွာ တပ္ဆင္ထားခဲ့တာျဖစ္ပါတယ္။

ျပႆနာကေတာ့ ပြဲစီစဥ္သူေတြဟာ ေလေအးေပးစနစ္နဲ႔ပတ္သက္ၿပီး အလြန္အကြၽံလုပ္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကလည္း ပြဲၾကည့္ရႈေနခ်ိန္အတြင္း အေအးမိသလို ခံစားရတဲ့အေၾကာင္း ေစာဒကတက္ခဲ့ၾကတာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ကမာၻ႔ထိပ္တန္းကစားသမားေတြထဲက အခ်ိဳ႕ကလည္း ကာတာက ေဘာလုံးကြင္းထဲက ေလေအးေပးစနစ္နဲ႔ပတ္သက္ၿပီး အဆင္မေျပမႈေတြကို ထုတ္ေဖာ္ေျပာဆိုလာခဲ့ၿပီျဖစ္ၿပီး ကမာၻဖလားၿပိဳင္ပြဲအသင္းနည္းျပေတြဟာ သဲကႏၲရာထဲမွာ ကစားသမားေတြ အေအးမိၿပီး အလားတူ နာမက်န္းျဖစ္မႈေတြကို ျမင္ေတြ႕ေနရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.