International Match Report World Cup

ဆရာကြီး ဒိန်းမတ်ရဲ့ ပျင်းစရာ ကစားပုံကို အပြစ်ပေးပြီး ရှုံးထွက်ရောက်တဲ့ အော်ဆီ

ဒိန်းမတ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရှမိုက်ကယ်၊ ခံစစ်မှာ အန်ဒရီးယက်စ် ခရစ္စတင်ဆန်၊ အန်ဒါဆန်၊ ရက်စ်မတ် ခရစ္စတင်ဆန်နဲ့ မေလာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ အဲရစ်ဆန်နဲ့ ယန်ဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လင်းဒ်စထရွမ်၊ အော်လ်ဆန်နဲ့ ဘရိတ်သ်ဝိတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဩစတေးလျအသင်းကတော့ ဂိုးသမား ရိုင်ယန်၊ ခံစစ်မှာ ဆူတာ၊ ရိုးလ်စ်၊ ဒီဂျင်နက်ခ်နဲ့ ဘီဟစ်ချ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အာရွန် မွိုင်း၊ အာဗင်း၊ လက်ကီးနဲ့ ဂွတ်ဒွင်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျုခ်နဲ့ မက်ဂရီးတို့နှစ်ဦးကို တွဲဖက်အသုံးပြုခဲ့တာပါ။

ပွဲစတာနဲ့ ဒိန်းမတ်တို့ ဘောလုံးကိုင်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ကွင်းလယ်မှာ ပတ်ပေးလိုက်၊ တောင်ပံပို့လိုက်နဲ့ လုပ်ပြီးရင် ဂိုးရှေ့ရောက်တာနဲ့ ပျက်တဲ့ ထုံးစံကို သိနေတဲ့ ဩစတေးလျတို့က ဘောလုံးပြန်ရတာနဲ့ တိုက်စစ်ကို အမြန်ဆုံးသွားပြီး ကန်သွင်းဖို့ လုပ်ဆောင်မှုတွေနဲ့ ဂိုးသမား ရှမိုက်ကယ်ကို ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပြီး အခွင့်အရေး ဖန်တီးမှုတွေမှာတော့ မစွံတဲ့ ဒိန်းမတ်တို့အနေနဲ့ ဂိုးဝင်ဖို့ အခွင့်အရေးနည်းတဲ့ နေရာတွေကနေပဲ ကန်သွင်းနေခဲ့ရသလို ဩစတေးလျ ဂိုးသမား ရိုင်ယန်နဲ့ ခံစစ်ကလည်း အကွက်ကျကျ ပိတ်ဆို့ကာကွယ်ထားနိုင်ခဲ့တာကြောင့် ဂိုးကို မြင်သာမြင် မကြင်ရဖြစ်နေခဲ့တာပါ။

ပထမပိုင်းမှာ နှစ်သင်းစလုံးရဲ့ ထိုးဖောက်မှုတွေက အားရစရာ မရှိခဲ့တာကြောင့် ဂိုးမရှိသရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဩစတေးလျတို့ဘက်က ဂွတ်ဒွင်အစား ဘက်ကပ်စ်ကို ထည့်ခဲ့သလို ဒိန်းမတ်တို့ကတော့ ရက်စ်မတ်စ် ခရစ္စတင်ဆန်အစား ဘားကို ထည့်ခဲ့ပေမယ့် အဲရစ်ဆန်တို့ ဆရာကြီးအဖွဲ့ရဲ့ ဖန်တီးသမျှတွေက အလကားပဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာ ဒိန်းမတ်ဘက်က ဂိုးရဖို့ ဘရိတ်သ်ဝိတ်နဲ့ ယန်ဆန်အစား ဒိုးလ်ဘာ့ဂ်နဲ့ ဒမ်းစ်ဂါ့ဒ်တို့ကို ထည့်ခဲ့ပေမယ့် တစ်မိနစ်အကြာမှာ ဂိုးရသွားတာကတော့ ဩစတေးလျတို့ပဲဖြစ်ခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက ရသွားတဲ့ မက်ဂရီးက ခင်းပေးတာကို လက်ကီးက ပြေးထွက်ရယူပြီး ခရစ္စတင်ဆန်ကို အရူးလုပ်ပြီးမှ ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရှမိုက်ကယ်ပါ တိုင်ပတ်ပြီး မကာကွယ်နိုင်ခဲ့လို့ ဂိုးပေးခဲ့ရတာပါ။

ပွဲချိန် ၆၉ မိနစ်မှာ ဒိန်းမတ်ဘက်က အော်လ်ဆန်နဲ့ မေလာတို့အစား စကော့ဗ်နဲ့ ကော်နယ်လီးယပ်စ်တို့ကို ထည့်ပြီး တိုက်စစ်ထပ်မြှင့်ခဲ့ပေမယ့် ဩစတေးလျတို့ကတော့ မက်ဂရီး၊ ဂျုခ်နဲ့ လက်ကီးတို့အစား ရိုက်၊ မက္ကလာရင်နဲ့ ဟရူးစတစ်ချ်တို့ကို လဲပြီး ထိန်းကစားသွားခဲ့လို့ ကွင်းလယ်မှာ ဘောလုံးကိုင်တတ်ရင် အဟုတ်မှတ်နေတဲ့သူတွေအနေနဲ့ ပင်နယ်တီရခွင့်က လူကျွံနေခဲ့ချိန်မှာ အရှက်ကွဲခဲ့ရတာဖြစ်ပါတယ်။

ဒိန်းမတ်တို့အနေနဲ့ ပွဲတိုင်းမှာ ကွင်းလယ်မှာ အိုင်နေတဲ့ ကစားပုံနဲ့ အလုပ်မဖြစ်ခဲ့ဘဲ အုပ်စုတွင်းမှာလည်း နိုင်ပွဲတစ်ပွဲမှ မရဘဲဖြစ်ခဲ့ရပြီး ဥရောပနဲ့ နေးရှင်းလိဂ်မှာ ဘာဆိုလားဖြစ်ခဲ့သမျှ ကာတာ ကမ္ဘာ့ဖလားရောက်မှ မျက်နှာပျက်ခဲ့ရပြီး တစ်ချိန်လုံး ၃-၅-၂ ကစားလာသမျှ ၄-၃-၃ ပြန်ပြောင်းချိန်မှာပါ အဆင်မပြေခဲ့လို့ ပြင်သစ်ပြီးရင် သူသာ အကောင်ဖြစ်နေတဲ့ အုပ်စုမှာ ကျဆုံးခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ဩစတေးလျတို့က လက်ကီးရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ဒိန်းမတ်တို့ကို အနိုင်ယူ အောင်ပွဲခံသွားခဲ့သလို တစ်ဖက်က အမှတ်လှူတဲ့ ပြင်သစ်ကို အနိုင်ရခဲ့လို့ ၄ မှတ် စုဆောင်းနိုင်ခဲ့တဲ့ တူနီးရှားတို့ကိုပါ အသည်းခွဲသွားခဲ့ပြီး နှစ်ပွဲဆက်တိုက် အနိုင် ၆ မှတ်နဲ့ အုပ်စု(D)ရဲ့ ဒုတိယ နေရာကနေ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒိန္းမတ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရွမိုက္ကယ္၊ ခံစစ္မွာ အန္ဒရီးယက္စ္ ခရစၥတင္ဆန္၊ အန္ဒါဆန္၊ ရက္စ္မတ္ ခရစၥတင္ဆန္နဲ႔ ေမလာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟြိဳင္ဘယာ့ဂ္၊ အဲရစ္ဆန္နဲ႔ ယန္ဆန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ လင္းဒ္စထ႐ြမ္၊ ေအာ္လ္ဆန္နဲ႔ ဘရိတ္သ္ဝိတ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဩစေတးလ်အသင္းကေတာ့ ဂိုးသမား ႐ိုင္ယန္၊ ခံစစ္မွာ ဆူတာ၊ ႐ိုးလ္စ္၊ ဒီဂ်င္နက္ခ္နဲ႔ ဘီဟစ္ခ်္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အာ႐ြန္ မြိဳင္း၊ အာဗင္း၊ လက္ကီးနဲ႔ ဂြတ္ဒြင္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ဳခ္နဲ႔ မက္ဂရီးတို႔ႏွစ္ဦးကို တြဲဖက္အသုံးျပဳခဲ့တာပါ။

ပြဲစတာနဲ႔ ဒိန္းမတ္တို႔ ေဘာလုံးကိုင္ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကြင္းလယ္မွာ ပတ္ေပးလိုက္၊ ေတာင္ပံပို႔လိုက္နဲ႔ လုပ္ၿပီးရင္ ဂိုးေရွ႕ေရာက္တာနဲ႔ ပ်က္တဲ့ ထုံးစံကို သိေနတဲ့ ဩစေတးလ်တို႔က ေဘာလုံးျပန္ရတာနဲ႔ တိုက္စစ္ကို အျမန္ဆုံးသြားၿပီး ကန္သြင္းဖို႔ လုပ္ေဆာင္မႈေတြနဲ႔ ဂိုးသမား ရွမိုက္ကယ္ကို ၿခိမ္းေျခာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဘာလုံးပိုင္ဆိုင္မႈ ၆၉ ရာခိုင္ႏႈန္းအထိ ရယူႏိုင္ခဲ့ၿပီး အခြင့္အေရး ဖန္တီးမႈေတြမွာေတာ့ မစြံတဲ့ ဒိန္းမတ္တို႔အေနနဲ႔ ဂိုးဝင္ဖို႔ အခြင့္အေရးနည္းတဲ့ ေနရာေတြကေနပဲ ကန္သြင္းေနခဲ့ရသလို ဩစေတးလ် ဂိုးသမား ႐ိုင္ယန္နဲ႔ ခံစစ္ကလည္း အကြက္က်က် ပိတ္ဆို႔ကာကြယ္ထားႏိုင္ခဲ့တာေၾကာင့္ ဂိုးကို ျမင္သာျမင္ မၾကင္ရျဖစ္ေနခဲ့တာပါ။

ပထမပိုင္းမွာ ႏွစ္သင္းစလုံးရဲ႕ ထိုးေဖာက္မႈေတြက အားရစရာ မရွိခဲ့တာေၾကာင့္ ဂိုးမရွိသေရရလဒ္နဲ႔ပဲ ၿပီးဆုံးခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ဩစေတးလ်တို႔ဘက္က ဂြတ္ဒြင္အစား ဘက္ကပ္စ္ကို ထည့္ခဲ့သလို ဒိန္းမတ္တို႔ကေတာ့ ရက္စ္မတ္စ္ ခရစၥတင္ဆန္အစား ဘားကို ထည့္ခဲ့ေပမယ့္ အဲရစ္ဆန္တို႔ ဆရာႀကီးအဖြဲ႕ရဲ႕ ဖန္တီးသမွ်ေတြက အလကားပဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာ ဒိန္းမတ္ဘက္က ဂိုးရဖို႔ ဘရိတ္သ္ဝိတ္နဲ႔ ယန္ဆန္အစား ဒိုးလ္ဘာ့ဂ္နဲ႔ ဒမ္းစ္ဂါ့ဒ္တို႔ကို ထည့္ခဲ့ေပမယ့္ တစ္မိနစ္အၾကာမွာ ဂိုးရသြားတာကေတာ့ ဩစေတးလ်တို႔ပဲျဖစ္ခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက ရသြားတဲ့ မက္ဂရီးက ခင္းေပးတာကို လက္ကီးက ေျပးထြက္ရယူၿပီး ခရစၥတင္ဆန္ကို အ႐ူးလုပ္ၿပီးမွ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရွမိုက္ကယ္ပါ တိုင္ပတ္ၿပီး မကာကြယ္ႏိုင္ခဲ့လို႔ ဂိုးေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာ ဒိန္းမတ္ဘက္က ေအာ္လ္ဆန္နဲ႔ ေမလာတို႔အစား စေကာ့ဗ္နဲ႔ ေကာ္နယ္လီးယပ္စ္တို႔ကို ထည့္ၿပီး တိုက္စစ္ထပ္ျမႇင့္ခဲ့ေပမယ့္ ဩစေတးလ်တို႔ကေတာ့ မက္ဂရီး၊ ဂ်ဳခ္နဲ႔ လက္ကီးတို႔အစား ႐ိုက္၊ မကၠလာရင္နဲ႔ ဟ႐ူးစတစ္ခ်္တို႔ကို လဲၿပီး ထိန္းကစားသြားခဲ့လို႔ ကြင္းလယ္မွာ ေဘာလုံးကိုင္တတ္ရင္ အဟုတ္မွတ္ေနတဲ့သူေတြအေနနဲ႔ ပင္နယ္တီရခြင့္က လူကြၽံေနခဲ့ခ်ိန္မွာ အရွက္ကြဲခဲ့ရတာျဖစ္ပါတယ္။

ဒိန္းမတ္တို႔အေနနဲ႔ ပြဲတိုင္းမွာ ကြင္းလယ္မွာ အိုင္ေနတဲ့ ကစားပုံနဲ႔ အလုပ္မျဖစ္ခဲ့ဘဲ အုပ္စုတြင္းမွာလည္း ႏိုင္ပြဲတစ္ပြဲမွ မရဘဲျဖစ္ခဲ့ရၿပီး ဥေရာပနဲ႔ ေနးရွင္းလိဂ္မွာ ဘာဆိုလားျဖစ္ခဲ့သမွ် ကာတာ ကမာၻ႔ဖလားေရာက္မွ မ်က္ႏွာပ်က္ခဲ့ရၿပီး တစ္ခ်ိန္လုံး ၃-၅-၂ ကစားလာသမွ် ၄-၃-၃ ျပန္ေျပာင္းခ်ိန္မွာပါ အဆင္မေျပခဲ့လို႔ ျပင္သစ္ၿပီးရင္ သူသာ အေကာင္ျဖစ္ေနတဲ့ အုပ္စုမွာ က်ဆုံးခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဩစေတးလ်တို႔က လက္ကီးရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ ဒိန္းမတ္တို႔ကို အႏိုင္ယူ ေအာင္ပြဲခံသြားခဲ့သလို တစ္ဖက္က အမွတ္လႉတဲ့ ျပင္သစ္ကို အႏိုင္ရခဲ့လို႔ ၄ မွတ္ စုေဆာင္းႏိုင္ခဲ့တဲ့ တူနီးရွားတို႔ကိုပါ အသည္းခြဲသြားခဲ့ၿပီး ႏွစ္ပြဲဆက္တိုက္ အႏိုင္ ၆ မွတ္နဲ႔ အုပ္စု(D)ရဲ႕ ဒုတိယ ေနရာကေန ရႈံးထြက္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.