အေစီမီလန်ကြယ်ပွင့် ရာဖေးလ် လီအိုဟာ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဆီကနေ စိတ်ဝင်စားမှု ခံနေရချိန်မှာ အနာဂတ်နဲ့ပတ်သက်ပြီး နောက်ဆုံးသတင်းသစ်ကို ပေးသွားခဲ့ပါတယ်။
လီအိုဟာ ပြီးခဲ့တဲ့ ၄ ရာသီအတွင်း အေစီမီလန်ရဲ့ အရေးအပါဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အီတလီစီးရီးအေထိပ်သီးအသင်းကြီးအတွက် ၁၃၅ ပွဲမှာ ၃၄ ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေဖလားအောင်ပွဲမှာ အေစီမီလန်အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး စီရီးအေရဲ့ တန်ဖိုးအရှိဆုံးကစားသမားဆုနဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကို ရရှိခဲ့တာဖြစ်ပါတယ်။
ရာဖေးလ် လီအိုရဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီး ၂ သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့က ကမ္ဘာ့ဖလားအပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အင်္ဂလန်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အေစီမီလန်အသင်းက ပေါ်တူဂီကြယ်ပွင့်အတွက် အနည်းဆုံး ပြောင်းရွှေ့ကြေးကို ပေါင် ၈၇ သန်း တောင်းဆိုနေတာဖြစ်ပြီး ချဲလ်ဆီးနည်းပြ ပေါ့တားက အေစီမီလန်တိုက်စစ်မှူးကို စိတ်ဝင်စားနေကြောင်း လျှို့ဝှက်ထားခြင်းမရှိခဲ့တာဖြစ်ပါတယ်။
“ခင်ဗျား သူ့ရဲ့ အရည်အသွေးတွေနဲ့ သူ ယူဆောင်ပေးနိုင်တာတွေကို မြင်နိုင်ပါတယ်။ သူက အားကောင်းတဲ့အသင်း၊ အားကောင်းတဲ့ကလပ်၊ အားကောင်းတဲ့ စုဖွဲ့မှုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အဲဒါကို ကျွန်တော်တို့ လေးစားပါတယ်”လို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ရာဖေးလ် လီအိုကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ မကြာသေးမီက အရှိုက်ထိုးခံခဲ့ရပြီး စီးရီးအေကလပ်အသင်းကြီးဟာ ပေါ်တူဂီကြယ်ပွင့်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တာကြောင့် ဖြစ်ပါတယ်။
ရာဖေးလ် လီအိုက အဲဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး လက်ရှိမှာတော့ နောက်ဆုံးရအခြေအနေကို ပေးလိုက်ပြီဖြစ်ပြီး “ကျွန်တော် ကမ္ဘာ့ဖလားပြီးတာနဲ့ ကျွန်တော့်စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး အေစီမီလန်နဲ့ စကားပြောသွားမှာပါ။ ကျွန်တော်တို့ မာလ်ဒီးနီနဲ့ ကမ္ဘာ့ဖလားမတိုင်ခင် ကောင်းမွန်တဲ့ တွေ့ဆုံမှု ရှိခဲ့ပါတယ်။ အဲဒါက ကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ခုပါ”
“ကျွန်တော်တို့ ကမ္ဘာ့ဖလားနားရက်အပြီးမှာ အသေးစိတ် ပြောဆိုသွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အားကစားဒါရိုက်တာ ဖရက်ဒရစ် မက်ဆာရာက ပြီးခဲ့တဲ့လက ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့ကို သတိပေးခဲ့ပြီး “ကျွန်တော်တို့ ရာဖေးလ် လီအိုနဲ့ သဘောတူညီမှု ရရှိမယ်လို့ ယုံကြည်ချက်ရှိပြီး သူရဲ့ စာချုပ်ကို သက်တမ်းတိုးနိုင်မှာပါ”
“ကျွန်တော်တို့ ရာဖာနဲ့ပတ်သက်ပြီး အချိန်တော်တော်ကြာ အဖြေရှာတွေ့ဖို့အတွက် ကြိုးပမ်းသွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးက ရာဖေးလ် လီအိုကို ခေါ်ယူဖို့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး အေစီမီလန် နည်းစနစ်ဒါရိုက်တာ မာလ်ဒီးနီက “ရာဖာက အဖြေက ကျွန်တော်တို့နဲ့ ဆက်နေဖို့ဆိုတာ အရင်ကထက် ခု ပိုပီးအားကောင်းလာပြီဆိုတာကို သိပါတယ်။ ချဲလ်ဆီးက တရားဝင် ကမ်းလှမ်းချက်က ရောက်မလာခဲ့ပေမယ့်လည်း တရားဝင်အသိပေးတဲ့အဆင့်တော့ လုပ်ခဲ့ပါတယ်။ ဟုတ်တာပေ့ါ။ အဲဒါက ငြင်းပယ်ခံခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ေအစီမီလန္ၾကယ္ပြင့္ ရာေဖးလ္ လီအိုဟာ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ဆီကေန စိတ္ဝင္စားမႈ ခံေနရခ်ိန္မွာ အနာဂတ္နဲ႔ပတ္သက္ၿပီး ေနာက္ဆုံးသတင္းသစ္ကို ေပးသြားခဲ့ပါတယ္။
လီအိုဟာ ၿပီးခဲ့တဲ့ ၄ ရာသီအတြင္း ေအစီမီလန္ရဲ႕ အေရးအပါဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး အီတလီစီးရီးေအထိပ္သီးအသင္းႀကီးအတြက္ ၁၃၅ ပြဲမွာ ၃၄ ဂိုး သြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီ စီးရီးေအဖလားေအာင္ပြဲမွာ ေအစီမီလန္အတြက္ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး စီရီးေအရဲ႕ တန္ဖိုးအရွိဆုံးကစားသမားဆုနဲ႔ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုတို႔ကို ရရွိခဲ့တာျဖစ္ပါတယ္။
ရာေဖးလ္ လီအိုရဲ႕ စာခ်ဳပ္ဟာ ၂၀၂၄ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီး ၂ သင္းျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔က ကမာၻ႔ဖလားအၿပီး ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အဂၤလန္ကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေအစီမီလန္အသင္းက ေပၚတူဂီၾကယ္ပြင့္အတြက္ အနည္းဆုံး ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၈၇ သန္း ေတာင္းဆိုေနတာျဖစ္ၿပီး ခ်ဲလ္ဆီးနည္းျပ ေပါ့တားက ေအစီမီလန္တိုက္စစ္မႉးကို စိတ္ဝင္စားေနေၾကာင္း လွ်ိဳ႕ဝွက္ထားျခင္းမရွိခဲ့တာျဖစ္ပါတယ္။
“ခင္ဗ်ား သူ႔ရဲ႕ အရည္အေသြးေတြနဲ႔ သူ ယူေဆာင္ေပးႏိုင္တာေတြကို ျမင္ႏိုင္ပါတယ္။ သူက အားေကာင္းတဲ့အသင္း၊ အားေကာင္းတဲ့ကလပ္၊ အားေကာင္းတဲ့ စုဖြဲ႕မႈရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ အဲဒါကို ကြၽန္ေတာ္တို႔ ေလးစားပါတယ္”လို႔ ၿပီးခဲ့တဲ့လက ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ ရာေဖးလ္ လီအိုကို ေခၚယူမယ့္ၿပိဳင္ပြဲမွာ မၾကာေသးမီက အရႈိက္ထိုးခံခဲ့ရၿပီး စီးရီးေအကလပ္အသင္းႀကီးဟာ ေပၚတူဂီၾကယ္ပြင့္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီျဖစ္တာေၾကာင့္ ျဖစ္ပါတယ္။
ရာေဖးလ္ လီအိုက အဲဒီေျပာဆိုမႈေတြနဲ႔ပတ္သက္ၿပီး လက္ရွိမွာေတာ့ ေနာက္ဆုံးရအေျခအေနကို ေပးလိုက္ၿပီျဖစ္ၿပီး “ကြၽန္ေတာ္ ကမာၻ႔ဖလားၿပီးတာနဲ႔ ကြၽန္ေတာ့္စာခ်ဳပ္အေျခအေနနဲ႔ပတ္သက္ၿပီး ေအစီမီလန္နဲ႔ စကားေျပာသြားမွာပါ။ ကြၽန္ေတာ္တို႔ မာလ္ဒီးနီနဲ႔ ကမာၻ႔ဖလားမတိုင္ခင္ ေကာင္းမြန္တဲ့ ေတြ႕ဆုံမႈ ရွိခဲ့ပါတယ္။ အဲဒါက ေကာင္းမြန္တဲ့ ေတြ႕ဆုံမႈတစ္ခုပါ”
“ကြၽန္ေတာ္တို႔ ကမာၻ႔ဖလားနားရက္အၿပီးမွာ အေသးစိတ္ ေျပာဆိုသြားမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေအစီမီလန္အားကစားဒါ႐ိုက္တာ ဖရက္ဒရစ္ မက္ဆာရာက ၿပီးခဲ့တဲ့လက ခ်ဲလ္ဆီးနဲ႔ မန္ယူႏိုက္တက္တို႔ကို သတိေပးခဲ့ၿပီး “ကြၽန္ေတာ္တို႔ ရာေဖးလ္ လီအိုနဲ႔ သေဘာတူညီမႈ ရရွိမယ္လို႔ ယုံၾကည္ခ်က္ရွိၿပီး သူရဲ႕ စာခ်ဳပ္ကို သက္တမ္းတိုးႏိုင္မွာပါ”
“ကြၽန္ေတာ္တို႔ ရာဖာနဲ႔ပတ္သက္ၿပီး အခ်ိန္ေတာ္ေတာ္ၾကာ အေျဖရွာေတြ႕ဖို႔အတြက္ ႀကိဳးပမ္းသြားမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီမွာ ခ်ဲလ္ဆီးက ရာေဖးလ္ လီအိုကို ေခၚယူဖို႔ ႀကိဳးပမ္းမႈနဲ႔ပတ္သက္ၿပီး ေအစီမီလန္ နည္းစနစ္ဒါ႐ိုက္တာ မာလ္ဒီးနီက “ရာဖာက အေျဖက ကြၽန္ေတာ္တို႔နဲ႔ ဆက္ေနဖို႔ဆိုတာ အရင္ကထက္ ခု ပိုပီးအားေကာင္းလာၿပီဆိုတာကို သိပါတယ္။ ခ်ဲလ္ဆီးက တရားဝင္ ကမ္းလွမ္းခ်က္က ေရာက္မလာခဲ့ေပမယ့္လည္း တရားဝင္အသိေပးတဲ့အဆင့္ေတာ့ လုပ္ခဲ့ပါတယ္။ ဟုတ္တာေပ့ါ။ အဲဒါက ျငင္းပယ္ခံခဲ့ရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.