International World Cup

စပိန်နိုင်ငံရဲ့မင်းသမီးလေး Crush တာ ခံရတဲ့ထိ ဇာတာတွေ တက်နေတဲ့ ဂါဗီ

ဘာစီလိုနာလူငယ်ကြယ်ပွင့် ဂါဗီဟာ လာလီဂါနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးနောက် စပိန်မှာ ထင်ပေါ်ကျော်ကြားသူ ဖြစ်နေခဲ့ပါတယ်။

ဂါဗီဟာ ကမ္ဘာတလွှားက ဘောလုံးပရိသတ်အများအပြားရဲ့ နှစ်သက်ခြင်းကို ခံနေရတဲ့အပြင် စပိန်ဘုရင့်သမီးတော်လေးရဲ့ နှလုံးသားကို ညှို့ငင်ဖမ်းစားနိုင်ခဲ့တယ်လို့ Diario AS က ဖော်ပြခဲ့ပါတယ်။

စပိန်သတင်းဌာနက မင်းသမီးလေး လီယိုနာဟာ ဂါဗီအပေါ် တော်တော်လေး သဘောကျနှစ်သက်နေပြီး သူမရဲ့ ကျောင်းစာအုပ်တွေမှာပါ အသက် ၁၈ နှစ်အရွယ် ကစားသမားရဲ့ ရုပ်ပုံတွေကို ကပ်ထားတယ်လို့ ဖော်ပြခဲ့ပြီး သရဖူဆောင်း မင်းသမီးလေးဟာ ဝေးလ်စ်က တော်ဝင်မိသားစုတွေကြား ထင်ရှားတဲ့ အတ္တလန်းတစ်ကျောင်းမှာ တက်ရောက်နေတာဖြစ်ပါတယ်။

လီယိုနာရဲ့ဖခင် စပိန်ဘုရင် ဖိလစ် Vl ဟာ ကော်စတာရီကာအသင်းကို စပိန်က အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၂၃ ရက်နေ့က စပိန်အသင်းအဝတ်လဲခန်းထဲမှာ ဂါဗီရဲ့ လက်မှတ်ထိုးထားတဲ့ ရှပ်ကို တောင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီရှပ်ဟာ ဘုရင်ကြီးရဲ့ ကိုယ်ခန္ဒာအရွယ်အစားနဲ့ယှဉ်ရင် အနည်းငယ် သေးငယ်နေတာကြောင့် ဂါဗီထက် တစ်နှစ်သာငယ်တဲ့ မင်းသမီးလေး လီယိုနာအတွက် တောင်းခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဂါဗီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခုလို အလွန်ကောင်းမွန်တဲ့ ခြေစွမ်း ဆက်လက်ပြသနေမှုကြောင့် ဥရောပမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး ကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံနေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂါဗီသာ သရဖူဆောင်း မင်းသမီးလေးနဲ့ ဆက်ဆံရေးကို စတင်ခဲ့မယ်ဆိုရင် ကွင်းပြင်ပက ၎င်းရဲ့ လူနေမှုဘဝက သတင်းခေါင်းစည်းတွေမှာ ဟိုးလေးတကျော်ကျော် ဖြစ်လာတော့မှာဖြစ်ပြီး ဘာစီလိုနာကြယ်ပွင့်ကို လီယိုနာက မဆွတ်ခင်ကတည်းက ညွတ်နေပြီးသားဖြစ်တာကြောင့် သိပ်တော့ အခက်အခဲရှိနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာလူငယ္ၾကယ္ပြင့္ ဂါဗီဟာ လာလီဂါနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲမွာပါ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့ၿပီးေနာက္ စပိန္မွာ ထင္ေပၚေက်ာ္ၾကားသူ ျဖစ္ေနခဲ့ပါတယ္။

ဂါဗီဟာ ကမာၻတလႊားက ေဘာလုံးပရိသတ္အမ်ားအျပားရဲ႕ ႏွစ္သက္ျခင္းကို ခံေနရတဲ့အျပင္ စပိန္ဘုရင့္သမီးေတာ္ေလးရဲ႕ ႏွလုံးသားကို ညႇိဳ႕ငင္ဖမ္းစားႏိုင္ခဲ့တယ္လို႔ Diario AS က ေဖာ္ျပခဲ့ပါတယ္။

စပိန္သတင္းဌာနက မင္းသမီးေလး လီယိုနာဟာ ဂါဗီအေပၚ ေတာ္ေတာ္ေလး သေဘာက်ႏွစ္သက္ေနၿပီး သူမရဲ႕ ေက်ာင္းစာအုပ္ေတြမွာပါ အသက္ ၁၈ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ ႐ုပ္ပုံေတြကို ကပ္ထားတယ္လို႔ ေဖာ္ျပခဲ့ၿပီး သရဖူေဆာင္း မင္းသမီးေလးဟာ ေဝးလ္စ္က ေတာ္ဝင္မိသားစုေတြၾကား ထင္ရွားတဲ့ အတၱလန္းတစ္ေက်ာင္းမွာ တက္ေရာက္ေနတာျဖစ္ပါတယ္။

လီယိုနာရဲ႕ဖခင္ စပိန္ဘုရင္ ဖိလစ္ Vl ဟာ ေကာ္စတာရီကာအသင္းကို စပိန္က အႏိုင္ရရွိခဲ့ၿပီးေနာက္ပိုင္း ႏိုဝင္ဘာ ၂၃ ရက္ေန႔က စပိန္အသင္းအဝတ္လဲခန္းထဲမွာ ဂါဗီရဲ႕ လက္မွတ္ထိုးထားတဲ့ ရွပ္ကို ေတာင္းခဲ့ပါတယ္။

ဒါေပမယ့္လည္း အဲဒီရွပ္ဟာ ဘုရင္ႀကီးရဲ႕ ကိုယ္ခႏၵာအ႐ြယ္အစားနဲ႔ယွဥ္ရင္ အနည္းငယ္ ေသးငယ္ေနတာေၾကာင့္ ဂါဗီထက္ တစ္ႏွစ္သာငယ္တဲ့ မင္းသမီးေလး လီယိုနာအတြက္ ေတာင္းခဲ့တာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဂါဗီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အခုလို အလြန္ေကာင္းမြန္တဲ့ ေျခစြမ္း ဆက္လက္ျပသေနမႈေၾကာင့္ ဥေရာပမွာ စိတ္လႈပ္ရွားစရာအေကာင္းဆုံး ၾကယ္ပြင့္ကစားသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံေနရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂါဗီသာ သရဖူေဆာင္း မင္းသမီးေလးနဲ႔ ဆက္ဆံေရးကို စတင္ခဲ့မယ္ဆိုရင္ ကြင္းျပင္ပက ၎ရဲ႕ လူေနမႈဘဝက သတင္းေခါင္းစည္းေတြမွာ ဟိုးေလးတေက်ာ္ေက်ာ္ ျဖစ္လာေတာ့မွာျဖစ္ၿပီး ဘာစီလိုနာၾကယ္ပြင့္ကို လီယိုနာက မဆြတ္ခင္ကတည္းက ၫြတ္ေနၿပီးသားျဖစ္တာေၾကာင့္ သိပ္ေတာ့ အခက္အခဲရွိႏိုင္မွာမဟုတ္ဘူးလို႔ ယုံၾကည္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.