International World Cup

အဖွင့်ဂိုးအတွက် အောင်ပွဲခံပုံနောက်ကွယ်က ကြေကွဲဖွယ်အဖြစ်မှန်ကို ပြောပြခဲ့တဲ့ ရက်ရှ်ဖို့ဒ်

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ဝေးလ်စ်နဲ့ပွဲက အဖွင့်ဂိုးသွင်းယူပြီးနောက်ပိုင်း ကောင်းကင်ကို ဘာကြောင့် ညွှန်ပြခဲ့တာလဲဆိုတဲ့အကြောင်းကို ထုတ်ဖော် ပြောကြားခဲ့ပါတ်ယ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်အထိ ရက်ရှ်ဖို့ဒ်ဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ အရန်ခုံကနေ လူစားဝင်ကစားပြီး ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက်ပိုင်းကတည်းက အင်္ဂလန်ရှပ်နဲ့ မမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အောက်တိုဘာလတုန်းက နေးရှင်းလိဂ်ပွဲစဉ်အတွက် အင်္ဂလန်လူစာရင်းထဲမှာ ခေါ်ယူခြင်းခံခဲ့ရပေမယ့်လည်း ပြိုင်ပွဲမစတင်ခင်မှာပဲ ဒဏ်ရာပြဿနာကြောင့် လူစာရင်းကနေ ပြန်လည်ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟာ ယခုရာသီမှာ ကလပ်အသင်းနဲ့အတူ အထင်ကြီးဖွယ် စတင်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်လူစာရင်းထဲမှာ တစ်နေရာရရှိခဲ့တာဖြစ်ပြီး ဆောက်ဂိတ်ရဲ့အသင်းအတွက် အထင်ကြီးဖွယ်ခြေစွမ်း ဆက်လက်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အီရန်နဲ့ ပွဲစဉ်မှာ အင်္ဂလန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးဖို့ စက္ကန့်အနည်းငယ်သာ ကြာခဲ့တာဖြစ်ပြီး ၆-၂ နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ၅ ဂိုးမြောက်သွင်းဂိုးကို လူစားဝင်ပြီးနောက် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ယူအက်စ်အေနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာလည်း အရန်ခုံကနေ ဝင်ကစားပြီး အတန်အသင့် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း အင်္ဂလန်အတွက်တော့ ဆိုးရွားတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ဝေးလ်စ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးကို ပွဲထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ရက်ရှ်ဖို့ဒ်က အဲဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း သွင်းဂိုး ၂ ဂိုးနဲ့ သက်သေပြသခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ပထမဆုံးသွင်းဂိုးဟာ မိနစ် ၅၀ မှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကနေ အလွန်ကောင်းမွန်တဲ့ တိုက်ရိုက်ကန်သွင်းမှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဂိုးသွင်းယူပြီးနောက်မှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ ဒူးထောက်ပြီး ကောင်းကင်ကို လက်ညွှန်ပြတဲ့ပုံစံ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ရက်ရှ်ဖို့ဒ်က ၎င်းရဲ့ အောင်ပွဲခံဟန်ဟာ ဝေးလ်စ်နဲ့ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ ကွယ်လွန်သွားတဲ့ သူငယ်ချင်းအတွက် ရည်စူးတဲ့ သွင်းဂိုးဖြစ်ကြောင်း စိတ်နှလုံးကြေကွဲစရာအကြောင်းအရင်းကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျွန်တော့်သူငယ်ချင်းတွေထဲက တစ်ဦးကို ဆုံးရှုံးခဲ့ရတယ်။ သူက ကင်ဆာရောဂါနဲ့ တိုက်ပွဲဝင်နေခဲ့ရတာ တော်တော်လေး ကြာခဲ့ပါပြီ။ သူ့အတွက် ကျွန်တော် ဂိုးသွင်းယူနိုင်ခဲ့တာ စိတ်ကျေနပ်မိပါတယ်။ သူက ကျွန်တော့်ရဲ့ အမာခံ ပရိသတ်ဖြစ်ပြီး သူငယ်ချင်းကောင်းတစ်ယောက်ပါ။ သူက ကျွန်တော့်ဘဝထဲကို ဝင်လာခဲ့တဲ့ သူတစ်ယောက်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ေဝးလ္စ္နဲ႔ပြဲက အဖြင့္ဂိုးသြင္းယူၿပီးေနာက္ပိုင္း ေကာင္းကင္ကို ဘာေၾကာင့္ ၫႊန္ျပခဲ့တာလဲဆိုတဲ့အေၾကာင္းကို ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတ္ယ။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္အထိ ရက္ရွ္ဖို႔ဒ္ဟာ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲမွာ အရန္ခုံကေန လူစားဝင္ကစားၿပီး ပင္နယ္တီ လြဲေခ်ာ္ခဲ့ၿပီးေနာက္ပိုင္းကတည္းက အဂၤလန္ရွပ္နဲ႔ မျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ေအာက္တိုဘာလတုန္းက ေနးရွင္းလိဂ္ပြဲစဥ္အတြက္ အဂၤလန္လူစာရင္းထဲမွာ ေခၚယူျခင္းခံခဲ့ရေပမယ့္လည္း ၿပိဳင္ပြဲမစတင္ခင္မွာပဲ ဒဏ္ရာျပႆနာေၾကာင့္ လူစာရင္းကေန ျပန္လည္ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ဟာ ယခုရာသီမွာ ကလပ္အသင္းနဲ႔အတူ အထင္ႀကီးဖြယ္ စတင္မႈ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အဂၤလန္လူစာရင္းထဲမွာ တစ္ေနရာရရွိခဲ့တာျဖစ္ၿပီး ေဆာက္ဂိတ္ရဲ႕အသင္းအတြက္ အထင္ႀကီးဖြယ္ေျခစြမ္း ဆက္လက္ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ အီရန္နဲ႔ ပြဲစဥ္မွာ အဂၤလန္အတြက္ အဖြင့္ဂိုးကို သြင္းယူေပးဖို႔ စကၠန႔္အနည္းငယ္သာ ၾကာခဲ့တာျဖစ္ၿပီး ၆-၂ နဲ႔ အျပတ္အသတ္အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္က ၅ ဂိုးေျမာက္သြင္းဂိုးကို လူစားဝင္ၿပီးေနာက္ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယူအက္စ္ေအနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္မွာလည္း အရန္ခုံကေန ဝင္ကစားၿပီး အတန္အသင့္ ေျခစြမ္းျပသႏိုင္ခဲ့ေပမယ့္လည္း အဂၤလန္အတြက္ေတာ့ ဆိုး႐ြားတဲ့ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့တာ ျဖစ္ပါတယ္။ အဂၤလန္နည္းျပ ေဆာက္ဂိတ္ဟာ ေဝးလ္စ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးကို ပြဲထြက္ခြင့္ေပးဖို႔ ဆုံးျဖတ္ခဲ့ၿပီး ရက္ရွ္ဖို႔ဒ္က အဲဒီဆုံးျဖတ္ခ်က္ဟာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း သြင္းဂိုး ၂ ဂိုးနဲ႔ သက္ေသျပသခဲ့တာ ျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ ပထမဆုံးသြင္းဂိုးဟာ မိနစ္ ၅၀ မွာ ရရွိခဲ့တဲ့ အလြတ္တည္ကန္ေဘာကေန အလြန္ေကာင္းမြန္တဲ့ တိုက္႐ိုက္ကန္သြင္းမႈ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဂိုးသြင္းယူၿပီးေနာက္မွာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးဟာ ဒူးေထာက္ၿပီး ေကာင္းကင္ကို လက္ၫႊန္ျပတဲ့ပုံစံ ေအာင္ပြဲခံခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ ရက္ရွ္ဖို႔ဒ္က ၎ရဲ႕ ေအာင္ပြဲခံဟန္ဟာ ေဝးလ္စ္နဲ႔ပြဲမတိုင္ခင္ ရက္ပိုင္းအလိုမွာ ကြယ္လြန္သြားတဲ့ သူငယ္ခ်င္းအတြက္ ရည္စူးတဲ့ သြင္းဂိုးျဖစ္ေၾကာင္း စိတ္ႏွလုံးေၾကကြဲစရာအေၾကာင္းအရင္းကို ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ကြၽန္ေတာ့္သူငယ္ခ်င္းေတြထဲက တစ္ဦးကို ဆုံးရႈံးခဲ့ရတယ္။ သူက ကင္ဆာေရာဂါနဲ႔ တိုက္ပြဲဝင္ေနခဲ့ရတာ ေတာ္ေတာ္ေလး ၾကာခဲ့ပါၿပီ။ သူ႔အတြက္ ကြၽန္ေတာ္ ဂိုးသြင္းယူႏိုင္ခဲ့တာ စိတ္ေက်နပ္မိပါတယ္။ သူက ကြၽန္ေတာ့္ရဲ႕ အမာခံ ပရိသတ္ျဖစ္ၿပီး သူငယ္ခ်င္းေကာင္းတစ္ေယာက္ပါ။ သူက ကြၽန္ေတာ့္ဘဝထဲကို ဝင္လာခဲ့တဲ့ သူတစ္ေယာက္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.