International World Cup

နေမာကို ရှင်းလင်းတဲ့သတင်းစကားပေးပို့ပြီးနောက် လစာမယူဖို့ သဘောတူခဲ့တဲ့ ရိုနယ်လ်ဒို

ရိုနယ်လ်ဒိုဟာ စပိန်ကလပ် ဗယ်လာဒိးလစ်အသင်းက ဘဏ္ဍာရေးအရ အရှုံးပေါ်ခဲ့တာကြောင့် ဥက္ကဌလစာကို မယူဖို့ သဘောတူညီလိုက်ပြီး ဘရာဇီးလ်ကြယ်ပွင့်နေမာကိုလည်း အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

ဗယ်လာဒိုးလစ်အသင်းဟာ ယူရို ၅ သန်းကျော် အရှုံးပေါ်ကြောင်း ကြေညာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမယ့် ဘဏ္ဍာနှစ်အတွက် ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးက လစာမယူဖို့ သဘောတူညီလိုက်တယ်လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ အတည်ပြုခဲ့ပါတယ်။

ဒီဆုံးရှုံးမှုဟာ လာလီဂါကို တန်းပြန်မတက်ခင် ၂၀၂၁-၂၀၂၂ ရာသီ စပိန်ဒုတိယတန်းမှာ ကစားနေစဉ်အတွင်း အရှုံးပေါ်ခဲ့တာဖြစ်ပြီး ဗယ်လာဒိုးလစ်အသင်းဥက္ကဌ ရိုနယ်လ်ဒိုက ဆားဘီးယားနဲ့ပွဲက ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ပွဲကို လွဲချော်ခဲ့သလို ကင်မရွန်းနဲ့ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကိုလည်း ကျိန်းသေပေါက်နီးပါးလွဲချော်မယ့် နေမာဆီကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆားဘီးယားကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် မိနစ် ၈၀ မှာ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် အနားယူရမယ့်အချိန်ကို အတည်မပြုနိုင်ခင် အရန်ခုံမှာ မျက်ရည်တွေနဲ့ စိတ်ပျက်လက်ပျက် ထိုင်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါက တောက်ပတဲ့ ကစားသမားဘဝအတွင်း ဒဏ်ရာပြဿနာတွေ ဆက်တိုက် ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးလ်ဂန္တဝင် တိုက်စစ်မှူးအတွက် စိတ်မကောင်းစရာဖြစ်ခဲ့ပြီး ရိုနယ်လ်ဒိုက နေမာကို အင်စတာဂရမ်ကနေ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

“ငါ ဒီအိတ်ဖွင့်ပေးစာကို တခြားနည်းလမ်းနဲ့ မစတင်နိုင်တော့ဘူး။ မင်းက ထူးဆန်းတယ် နေမာ။ လူ့ဘီလူးကြီးတစ်ကောင်ပဲ။ ငါ့အတိုင်းပဲ ဘရာဇီးလ်သားအများစုက မင်းကို နှစ်သက်ပြီး ချစ်ခင်ကြတယ်ဆိုတာ သေချာပါတယ်။ ဒါနဲ့ စကားမစပ် မင်းရဲ့ အရည်အချင်းတွေက မင်းကို ခုလောက်အထိ အရမ်းမြင့်မားတဲ့ဆီကို ခေါ်ဆောင်ခဲ့ပြီး မင်းအတွက် ကမ္ဘာပေါ်က နောရာတိုင်းမှာ ချစ်ခြင်းတရားတွေနဲ့ နှစ်သက်မှုတွေရှိနေပါတယ်။ ဒီအကြောင်းအရင်းတွေအတွက်လည်း မင်း ရောက်ရှိခဲ့တဲ့နေရာ၊ မင်းရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့်လည်း မနာလိုမှုတွေနဲ့ မကောင်းပြောတာတွေအများကြီး ရင်ဆိုင်ရမှာပါ။ မင်းလိုမျိုး ကြယ်ပွင့်တစ်ယောက်ရဲ့ဒဏ်ရာကို အောင်ပွဲခံတာမျိုးက ဘယ်လောက်အထိတောင် ငါတို့တွေ မသန့်စင်ခဲ့ကြပြီလဲ။ ဒီကမ္ဘာကြီးက ဘယ်လိုကမ္ဘာကြီးလဲ။ ငါတို့ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပေးနေတဲ့ သတင်းစကားက ဘာလဲ”

“အမြဲတမ်း မင်းကို ဆန့်ကျင်တဲ့ လူတွေက ရှိနေမှာဖြစ်ပေမယ့် လူ့အဖွဲ့အစည်းကို အသေးအဖွဲလေးတွေကအစ သည်းခံနိုင်စွမ်းမရှိအောင်၊ အမုန်းစကားတွေကို ပုံမှန်အခြေအနေမျိုးဖြစ်လာအောင် လုပ်ဆောင်နေတဲ့ပုံစံတွေကို မြင်တွေ့နေရတာက ဝမ်းနည်းဖို့ ကောင်းတယ်။ အဖျက်စွမ်းအားရှိတဲ့ နှုတ်အားဖြင့် ထိခိုက်ပျက်စီးအောင် လုပ်မှုတွေက ဒီနေ့ မင်းကို ငါရေးလိုက်တဲ့ စာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ပိုပြီး သန်မာတဲ့ပုံစံနဲ့ ပြန်လာခဲ့ပါ။ ပိုပြီး ပါးနပ်ပါ။ ဂိုးတွေအတွက် ဆာလောင်ပါ။ မင်း ကွင်းထဲနဲ့ ကွင်းပြင်မှာ လုပ်နိုင်တဲ့ ကောင်းမွန်မှုတွေက မင်းကို မနာလိုတာတွေထက် အများကြီးပိုပြီး ကြီးမားပါတယ်။ ကမ္ဘာ့ဘောလုံးစံပြပုဂ္ဂိုလ်တစ်ဦးဖြစ်စေခဲ့တဲ့ ခရီးလမ်းကို တစ်စက္ကန့်လေးတောင် မမေ့လိုက်ပါနဲ့။ ဘရာဇီးလ်က မင်းကို ချစ်မြတ်နိုးတယ်။ ပရိသတ်စစ်စစ်တွေက မင်းရဲ့ သွင်းဂိုးတွေ၊ အလိမ်အခေါက်တွေ၊ ရဲရင့်မှုတွေနဲ့ ပျော်ရွှင်မှုတွေကို လိုအပ်ပါတယ်”

“မင်းရဲ့နိုင်ငံက လူအများစုဆီကနေ လာတဲ့ ချစ်ခြင်းတရားနဲ့ အောင်ပွဲခံပါ။ မင်း ပြန်လာရလိမ့်မယ် နေမာ။ အမုန်းတရားတွေအားလုံးကို လောင်စာအဖြစ်နဲ့ ပြောင်းလဲနိုင်ပါစေ။ ဒီစာကို ဖတ်နေတဲ့ လူအားလုံးကို လက်ရွေးစင်အသင်း၊ နေမာ၊ ဒါနီလိုနဲ့ ကစားသမားအားလုံးအပေါ်ကို ကောင်းမွန်တဲ့အင်အားတွေ ပေးပို့ကြဖို့ ကျွန်တော် တောင်းဆိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုနယ္လ္ဒိုဟာ စပိန္ကလပ္ ဗယ္လာဒိးလစ္အသင္းက ဘ႑ာေရးအရ အရႈံးေပၚခဲ့တာေၾကာင့္ ဥကၠဌလစာကို မယူဖို႔ သေဘာတူညီလိုက္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ေနမာကိုလည္း အိတ္ဖြင့္ေပးစာေပးပို႔ခဲ့ပါတယ္။

ဗယ္လာဒိုးလစ္အသင္းဟာ ယူ႐ို ၅ သန္းေက်ာ္ အရႈံးေပၚေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ ၂၀၂၂ ခုႏွစ္ ဇြန္လ ၃၀ ရက္ေန႔မွာ ကုန္ဆုံးမယ့္ ဘ႑ာႏွစ္အတြက္ ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉးက လစာမယူဖို႔ သေဘာတူညီလိုက္တယ္လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ အတည္ျပဳခဲ့ပါတယ္။

ဒီဆုံးရႈံးမႈဟာ လာလီဂါကို တန္းျပန္မတက္ခင္ ၂၀၂၁-၂၀၂၂ ရာသီ စပိန္ဒုတိယတန္းမွာ ကစားေနစဥ္အတြင္း အရႈံးေပၚခဲ့တာျဖစ္ၿပီး ဗယ္လာဒိုးလစ္အသင္းဥကၠဌ ႐ိုနယ္လ္ဒိုက ဆားဘီးယားနဲ႔ပြဲက ရရွိခဲ့တဲ့ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ဆြစ္ဇာလန္ကို အႏိုင္ရခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့သလို ကင္မ႐ြန္းနဲ႔ ကစားရမယ့္ အုပ္စုေနာက္ဆုံးပြဲစဥ္ကိုလည္း က်ိန္းေသေပါက္နီးပါးလြဲေခ်ာ္မယ့္ ေနမာဆီကို အိတ္ဖြင့္ေပးစာေပးပို႔ခဲ့ပါတယ္။

ေနမာဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ဆားဘီးယားကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္ မိနစ္ ၈၀ မွာ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ဒဏ္ရာျပႆနာေၾကာင့္ အနားယူရမယ့္အခ်ိန္ကို အတည္မျပဳႏိုင္ခင္ အရန္ခုံမွာ မ်က္ရည္ေတြနဲ႔ စိတ္ပ်က္လက္ပ်က္ ထိုင္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲဒါက ေတာက္ပတဲ့ ကစားသမားဘဝအတြင္း ဒဏ္ရာျပႆနာေတြ ဆက္တိုက္ ရင္ဆိုင္ခဲ့ရတဲ့ ဘရာဇီးလ္ဂႏၲဝင္ တိုက္စစ္မႉးအတြက္ စိတ္မေကာင္းစရာျဖစ္ခဲ့ၿပီး ႐ိုနယ္လ္ဒိုက ေနမာကို အင္စတာဂရမ္ကေန အိတ္ဖြင့္ေပးစာ ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။

“ငါ ဒီအိတ္ဖြင့္ေပးစာကို တျခားနည္းလမ္းနဲ႔ မစတင္ႏိုင္ေတာ့ဘူး။ မင္းက ထူးဆန္းတယ္ ေနမာ။ လူ႔ဘီလူးႀကီးတစ္ေကာင္ပဲ။ ငါ့အတိုင္းပဲ ဘရာဇီးလ္သားအမ်ားစုက မင္းကို ႏွစ္သက္ၿပီး ခ်စ္ခင္ၾကတယ္ဆိုတာ ေသခ်ာပါတယ္။ ဒါနဲ႔ စကားမစပ္ မင္းရဲ႕ အရည္အခ်င္းေတြက မင္းကို ခုေလာက္အထိ အရမ္းျမင့္မားတဲ့ဆီကို ေခၚေဆာင္ခဲ့ၿပီး မင္းအတြက္ ကမာၻေပၚက ေနာရာတိုင္းမွာ ခ်စ္ျခင္းတရားေတြနဲ႔ ႏွစ္သက္မႈေတြရွိေနပါတယ္။ ဒီအေၾကာင္းအရင္းေတြအတြက္လည္း မင္း ေရာက္ရွိခဲ့တဲ့ေနရာ၊ မင္းရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြေၾကာင့္လည္း မနာလိုမႈေတြနဲ႔ မေကာင္းေျပာတာေတြအမ်ားႀကီး ရင္ဆိုင္ရမွာပါ။ မင္းလိုမ်ိဳး ၾကယ္ပြင့္တစ္ေယာက္ရဲ႕ဒဏ္ရာကို ေအာင္ပြဲခံတာမ်ိဳးက ဘယ္ေလာက္အထိေတာင္ ငါတို႔ေတြ မသန႔္စင္ခဲ့ၾကၿပီလဲ။ ဒီကမာၻႀကီးက ဘယ္လိုကမာၻႀကီးလဲ။ ငါတို႔ရဲ႕ လူငယ္မ်ိဳးဆက္သစ္ေတြကို ေပးေနတဲ့ သတင္းစကားက ဘာလဲ”

“အၿမဲတမ္း မင္းကို ဆန႔္က်င္တဲ့ လူေတြက ရွိေနမွာျဖစ္ေပမယ့္ လူ႔အဖြဲ႕အစည္းကို အေသးအဖြဲေလးေတြကအစ သည္းခံႏိုင္စြမ္းမရွိေအာင္၊ အမုန္းစကားေတြကို ပုံမွန္အေျခအေနမ်ိဳးျဖစ္လာေအာင္ လုပ္ေဆာင္ေနတဲ့ပုံစံေတြကို ျမင္ေတြ႕ေနရတာက ဝမ္းနည္းဖို႔ ေကာင္းတယ္။ အဖ်က္စြမ္းအားရွိတဲ့ ႏႈတ္အားျဖင့္ ထိခိုက္ပ်က္စီးေအာင္ လုပ္မႈေတြက ဒီေန႔ မင္းကို ငါေရးလိုက္တဲ့ စာနဲ႔ ဆန႔္က်င္ဘက္ပါပဲ။ ပိုၿပီး သန္မာတဲ့ပုံစံနဲ႔ ျပန္လာခဲ့ပါ။ ပိုၿပီး ပါးနပ္ပါ။ ဂိုးေတြအတြက္ ဆာေလာင္ပါ။ မင္း ကြင္းထဲနဲ႔ ကြင္းျပင္မွာ လုပ္ႏိုင္တဲ့ ေကာင္းမြန္မႈေတြက မင္းကို မနာလိုတာေတြထက္ အမ်ားႀကီးပိုၿပီး ႀကီးမားပါတယ္။ ကမာၻ႔ေဘာလုံးစံျပပုဂၢိဳလ္တစ္ဦးျဖစ္ေစခဲ့တဲ့ ခရီးလမ္းကို တစ္စကၠန႔္ေလးေတာင္ မေမ့လိုက္ပါနဲ႔။ ဘရာဇီးလ္က မင္းကို ခ်စ္ျမတ္ႏိုးတယ္။ ပရိသတ္စစ္စစ္ေတြက မင္းရဲ႕ သြင္းဂိုးေတြ၊ အလိမ္အေခါက္ေတြ၊ ရဲရင့္မႈေတြနဲ႔ ေပ်ာ္႐ႊင္မႈေတြကို လိုအပ္ပါတယ္”

“မင္းရဲ႕ႏိုင္ငံက လူအမ်ားစုဆီကေန လာတဲ့ ခ်စ္ျခင္းတရားနဲ႔ ေအာင္ပြဲခံပါ။ မင္း ျပန္လာရလိမ့္မယ္ ေနမာ။ အမုန္းတရားေတြအားလုံးကို ေလာင္စာအျဖစ္နဲ႔ ေျပာင္းလဲႏိုင္ပါေစ။ ဒီစာကို ဖတ္ေနတဲ့ လူအားလုံးကို လက္ေ႐ြးစင္အသင္း၊ ေနမာ၊ ဒါနီလိုနဲ႔ ကစားသမားအားလုံးအေပၚကို ေကာင္းမြန္တဲ့အင္အားေတြ ေပးပို႔ၾကဖို႔ ကြၽန္ေတာ္ ေတာင္းဆိုပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.