International Match Report World Cup

ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အကြောင်းသိ ဝေးလ်စ်ကို အနိုင်ယူခဲ့တဲ့ အုပ်စုဗိုလ် အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ ဂျွန်စတုန်းစ်၊ မက်ဂွိုင်းယား၊ ဝေါ်လ်ကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဟန်ဒါဆန်နဲ့ ဘယ်လင်ဂမ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ ဟာရီကိန်းနဲ့ ဖိုဒန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဝေးလ်စ်အသင်းကတော့ ဂိုးသမား ဒန်နီ ဝါ့ဒ်၊ ခံစစ်မှာ မက်ဖမ်၊ ရိုဒန်၊ ဘန် ဒေးဗီးစ်နဲ့ နီကို ဝီလီယမ်စ်တို့ကို ကစားစေခဲ့လို ကွင်းလယ်မှာတော့ အမ်ပါဒူး၊ ဂျိုးအယ်လန်၊ ဒန်ဂျိမ်းစ်၊ ရမ်ဆေးနဲ့ ဘေးလ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကီဖာမိုးရ်တစ်ဦးတည်းကို အထောင်တင်ကစားပြီး ပွဲထွက်လာခဲ့ကြတာပါ။

ပွဲချိန် ၁၀ မိနစ်မှာ ဟာရီကိန်းရဲ့ အကွက်မြင်တဲ့ ဖန်တီးမှုကနေ ရက်ရှ်ဖို့ဒ် လွတ်ထွက်သွားပြီး ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား ဝါ့ဒ်က ပိတ်ဆို့သွားခဲ့သလို ပရီးမီးယားလိဂ်မှာ ယှဉ်ကစားနေကျ အကြောင်းသိတွေဖြစ်တဲ့ ဝေးလ်စ်ကစားသမားတွေကို အင်္ဂလန်တို့ ထိုးဖောက်ကျော်ဖြတ်ဖို့ ခက်နေခဲ့ပြီး အရည်အသွေးချင်း ကွာဟချက်တချို့ ရှိပေမယ့် ဂိုးရဖို့တော့ ခက်နေခဲ့တာဖြစ်ပါတယ်။

ဝေးလ်စ်တို့အနေနဲ့ ခံစစ်မှာချည်း စုပြုံပိတ်ဆို့ထားခဲ့ကြတာကြောင့် မက်ဂွိုင်းယားကတောင် မကြာခဏ ဧရိယာအစပ်အထိ လာပြီး ထိုးဖောက်နေခဲ့ရသလို ဘယ်လင်ဂမ်နဲ့ တွဲလုံးကနေ ဖိုဒန် ကန်ခွင့်ရခဲ့ပေမယ့် မိုးပေါ်ထောင်သွားခဲ့ပြီး အင်္ဂလန်တိုက်စစ်ရဲ့ အခွင့်အရေးအရဆုံး ကစားသမား ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ကလည်း လွဲချော်နေခဲ့ချိန်မှာ ဂျွန်စတုန်းစ်ရဲ့ နာကျင်အချိန်ပို ခေါင်းတိုက်ချက်ကိုတော့ ဂိုးသမား ဝါ့ဒ်က ခက်ခက်ခဲခဲ ဖမ်းပြသွားခဲ့တာပါ။

ဒုတိယပိုင်းပြန်အစမှာတော့ ဝေးလ်စ်တို့ဘက်က ဒဏ်ရာရထားတဲ့ အသင်းခေါင်းဆောင် ဘေးလ်အစား ဘရင်နန် ဂျွန်ဆန်ကို ထည့်သွင်းလာခဲ့ပြီး အင်္ဂလန်တို့ကတော့ ပထမပိုင်းက အတိုင်းပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပိုမိုထိုးဖောက်လာနိုင်ခဲ့သလို ဖိုဒန်ရဲ့ အတိုးအလှုပ်တွေမှာ တစ်ဖက်ခံစစ်တွေ ဗျာများလာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ အင်္ဂလန်တို့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ကြပြီး ဘောလုံးဆွဲပြေးတဲ့ ဖိုဒန်ကို ပြစ်ဒဏ်ကျူးလွန်တဲ့ ဝေးလ်စ်နောက်ခံလူ ရိုဒန်ကြောင့် ရတဲ့ ဖရီးကစ်ကို ရက်ရှ်ဖို့ဒ်က ဂိုးနဲ့ ကိုက် ၂၀ အကွာ ဧရိယာထိပ်ကနေ တိုက်ရိုက်ကန်သွင်းယူခဲ့ရာမှာ လူတံတိုင်းပေါ် ကျော်လာတဲ့ ဘောလုံးကို ဂိုးသမား ဝါ့ဒ် အငိုက်မိသွားခဲ့လို့ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ ပထမဆုံး ဖရီးကစ်ဂိုးလည်း ဖြစ်လာခဲ့တာပါ။


တစ်မိနစ်အကြာမှာတော့ အင်္ဂလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဝေးလ်စ်ခံစစ်က ဘန်ဒေးဗီးစ် ဘောလုံးပျက်တာကို ဟာရီကိန်းက ရသွားခဲ့ပြီး ညာခြမ်းကနေ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ အဝေးတိုင်ဘက်ကနေ ပြေးဝင်လာခဲ့တဲ့ ဖိုဒန်က ထောင့်ကျဉ်းထဲကို အနိမ့်ဘော ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ အင်္ဂလန်တို့ဘက်က ဟာရီကိန်း၊ ဝေါ်လ်ကာ၊ ရိုက်စ်နဲ့ လုခ်ရှောတို့အစား ကယ်လ်မ် ဝီလ်ဆန်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ကယ်လ်ဗင် ဖိလစ်နဲ့ ထရစ်ပီယာတို့ကို လဲကစားသွားခဲ့ပြီး ဝေးလ်စ်တို့ရဲ့ ထိုးဖောက်မှုတွေကိုတော့ ဂျွန်စတုန်းစ်၊ မက်ဂွိုင်းယားနဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်တို့က အမှားအယွင်းမရှိ တားဆီးသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ အင်္ဂလန်တို့ပဲ တတိယ အနိုင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ပိုင်းကနေ ကွင်းလယ်လူ ဖိလစ်က ညာခြမ်းကို ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်ကပဲ လိုက်လံရယူခဲ့နိုင်သလို ဝေးလ်စ်နောက်ခံလူ ရောဘတ်စ်ကို ကျော်ဖြတ်ပြီး ဧရိယာထဲကို အရောက်မှာ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဝါ့ဒ်ရဲ့ ပေါင်ကြားကနေ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ ဟက်ထရစ် ရနိုင်မယ့် အခွင့်အရေးကို ဝေးလ်စ်ဂိုးသမား ဝါ့ဒ်က ခြေထောက်ဆန့်ထုတ်ပြီး ကာကွယ်သွားခဲ့သလို လက်ကျန်ပွဲချိန်တွေမှာတော့ ရက်ရှ်ဖို့ဒ်အစား ဂရီးလစ်ရှ်ကို အင်္ဂလန်တို့ လူစားသွင်းသွားခဲ့ကြပြီး ဒီနောက်ပိုင်းမှာတော့ အင်္ဂလန်တို့ အခွင့်အရေးတွေကို ထပ်ပြီး အသုံးမချနိုင်တော့တာကြောင့် သုံးဂိုးနဲ့ပဲ ကျေနပ်ခဲ့ကြရတာပါ။

ပွဲချိန်အပြည့်မှာတော့ အင်္ဂလန်တို့က ဝေးလ်စ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရယူပြီး နှစ်ပွဲနိုင် တစ်ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ အုပ်စု(B)ရဲ့ ဗိုလ်အဖြစ် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို နောက်တစ်ဆင့်မှာတော့ အုပ်စု(A)မှာ ဒုတိယရခဲ့တဲ့ ဆီနီဂေါအသင်းနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ ဂြၽန္စတုန္းစ္၊ မက္ဂြိဳင္းယား၊ ေဝၚလ္ကာနဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဟန္ဒါဆန္နဲ႔ ဘယ္လင္ဂမ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္၊ ဟာရီကိန္းနဲ႔ ဖိုဒန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ေဝးလ္စ္အသင္းကေတာ့ ဂိုးသမား ဒန္နီ ဝါ့ဒ္၊ ခံစစ္မွာ မက္ဖမ္၊ ႐ိုဒန္၊ ဘန္ ေဒးဗီးစ္နဲ႔ နီကို ဝီလီယမ္စ္တို႔ကို ကစားေစခဲ့လို ကြင္းလယ္မွာေတာ့ အမ္ပါဒူး၊ ဂ်ိဳးအယ္လန္၊ ဒန္ဂ်ိမ္းစ္၊ ရမ္ေဆးနဲ႔ ေဘးလ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ကီဖာမိုးရ္တစ္ဦးတည္းကို အေထာင္တင္ကစားၿပီး ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာ ဟာရီကိန္းရဲ႕ အကြက္ျမင္တဲ့ ဖန္တီးမႈကေန ရက္ရွ္ဖို႔ဒ္ လြတ္ထြက္သြားၿပီး ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးသမား ဝါ့ဒ္က ပိတ္ဆို႔သြားခဲ့သလို ပရီးမီးယားလိဂ္မွာ ယွဥ္ကစားေနက် အေၾကာင္းသိေတြျဖစ္တဲ့ ေဝးလ္စ္ကစားသမားေတြကို အဂၤလန္တို႔ ထိုးေဖာက္ေက်ာ္ျဖတ္ဖို႔ ခက္ေနခဲ့ၿပီး အရည္အေသြးခ်င္း ကြာဟခ်က္တခ်ိဳ႕ ရွိေပမယ့္ ဂိုးရဖို႔ေတာ့ ခက္ေနခဲ့တာျဖစ္ပါတယ္။

ေဝးလ္စ္တို႔အေနနဲ႔ ခံစစ္မွာခ်ည္း စုၿပဳံပိတ္ဆို႔ထားခဲ့ၾကတာေၾကာင့္ မက္ဂြိဳင္းယားကေတာင္ မၾကာခဏ ဧရိယာအစပ္အထိ လာၿပီး ထိုးေဖာက္ေနခဲ့ရသလို ဘယ္လင္ဂမ္နဲ႔ တြဲလုံးကေန ဖိုဒန္ ကန္ခြင့္ရခဲ့ေပမယ့္ မိုးေပၚေထာင္သြားခဲ့ၿပီး အဂၤလန္တိုက္စစ္ရဲ႕ အခြင့္အေရးအရဆုံး ကစားသမား ျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ကလည္း လြဲေခ်ာ္ေနခဲ့ခ်ိန္မွာ ဂြၽန္စတုန္းစ္ရဲ႕ နာက်င္အခ်ိန္ပို ေခါင္းတိုက္ခ်က္ကိုေတာ့ ဂိုးသမား ဝါ့ဒ္က ခက္ခက္ခဲခဲ ဖမ္းျပသြားခဲ့တာပါ။

ဒုတိယပိုင္းျပန္အစမွာေတာ့ ေဝးလ္စ္တို႔ဘက္က ဒဏ္ရာရထားတဲ့ အသင္းေခါင္းေဆာင္ ေဘးလ္အစား ဘရင္နန္ ဂြၽန္ဆန္ကို ထည့္သြင္းလာခဲ့ၿပီး အဂၤလန္တို႔ကေတာ့ ပထမပိုင္းက အတိုင္းပဲ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ပိုမိုထိုးေဖာက္လာႏိုင္ခဲ့သလို ဖိုဒန္ရဲ႕ အတိုးအလႈပ္ေတြမွာ တစ္ဖက္ခံစစ္ေတြ ဗ်ာမ်ားလာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ အဂၤလန္တို႔ အဖြင့္ဂိုး စတင္ရရွိသြားခဲ့ၾကၿပီး ေဘာလုံးဆြဲေျပးတဲ့ ဖိုဒန္ကို ျပစ္ဒဏ္က်ဴးလြန္တဲ့ ေဝးလ္စ္ေနာက္ခံလူ ႐ိုဒန္ေၾကာင့္ ရတဲ့ ဖရီးကစ္ကို ရက္ရွ္ဖို႔ဒ္က ဂိုးနဲ႔ ကိုက္ ၂၀ အကြာ ဧရိယာထိပ္ကေန တိုက္႐ိုက္ကန္သြင္းယူခဲ့ရာမွာ လူတံတိုင္းေပၚ ေက်ာ္လာတဲ့ ေဘာလုံးကို ဂိုးသမား ဝါ့ဒ္ အငိုက္မိသြားခဲ့လို႔ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရၿပီး ၂၀၂၂ ကမာၻ႔ဖလားရဲ႕ ပထမဆုံး ဖရီးကစ္ဂိုးလည္း ျဖစ္လာခဲ့တာပါ။


တစ္မိနစ္အၾကာမွာေတာ့ အဂၤလန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကသလို ေဝးလ္စ္ခံစစ္က ဘန္ေဒးဗီးစ္ ေဘာလုံးပ်က္တာကို ဟာရီကိန္းက ရသြားခဲ့ၿပီး ညာျခမ္းကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ အေဝးတိုင္ဘက္ကေန ေျပးဝင္လာခဲ့တဲ့ ဖိုဒန္က ေထာင့္က်ဥ္းထဲကို အနိမ့္ေဘာ ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ အဂၤလန္တို႔ဘက္က ဟာရီကိန္း၊ ေဝၚလ္ကာ၊ ႐ိုက္စ္နဲ႔ လုခ္ေရွာတို႔အစား ကယ္လ္မ္ ဝီလ္ဆန္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ကယ္လ္ဗင္ ဖိလစ္နဲ႔ ထရစ္ပီယာတို႔ကို လဲကစားသြားခဲ့ၿပီး ေဝးလ္စ္တို႔ရဲ႕ ထိုးေဖာက္မႈေတြကိုေတာ့ ဂြၽန္စတုန္းစ္၊ မက္ဂြိဳင္းယားနဲ႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္တို႔က အမွားအယြင္းမရွိ တားဆီးသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ အဂၤလန္တို႔ပဲ တတိယ အႏိုင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ပိုင္းကေန ကြင္းလယ္လူ ဖိလစ္က ညာျခမ္းကို ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္ကပဲ လိုက္လံရယူခဲ့ႏိုင္သလို ေဝးလ္စ္ေနာက္ခံလူ ေရာဘတ္စ္ကို ေက်ာ္ျဖတ္ၿပီး ဧရိယာထဲကို အေရာက္မွာ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဝါ့ဒ္ရဲ႕ ေပါင္ၾကားကေန ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕ ဟက္ထရစ္ ရႏိုင္မယ့္ အခြင့္အေရးကို ေဝးလ္စ္ဂိုးသမား ဝါ့ဒ္က ေျခေထာက္ဆန႔္ထုတ္ၿပီး ကာကြယ္သြားခဲ့သလို လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ရက္ရွ္ဖို႔ဒ္အစား ဂရီးလစ္ရွ္ကို အဂၤလန္တို႔ လူစားသြင္းသြားခဲ့ၾကၿပီး ဒီေနာက္ပိုင္းမွာေတာ့ အဂၤလန္တို႔ အခြင့္အေရးေတြကို ထပ္ၿပီး အသုံးမခ်ႏိုင္ေတာ့တာေၾကာင့္ သုံးဂိုးနဲ႔ပဲ ေက်နပ္ခဲ့ၾကရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အဂၤလန္တို႔က ေဝးလ္စ္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရယူၿပီး ႏွစ္ပြဲႏိုင္ တစ္ပြဲသေရ၊ ရမွတ္ ၇ မွတ္နဲ႔ အုပ္စု(B)ရဲ႕ ဗိုလ္အျဖစ္ ရႈံးထြက္ ၁၆ သင္းအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကသလို ေနာက္တစ္ဆင့္မွာေတာ့ အုပ္စု(A)မွာ ဒုတိယရခဲ့တဲ့ ဆီနီေဂါအသင္းနဲ႔ ဒီဇင္ဘာလ ၄ ရက္ေန႔မွာ ယွဥ္ၿပိဳင္ရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.